Premier League

ေရာဘတ္တို ဖာမီႏိုဟာ လူး၀စ္ ဆြာရက္ဇ္လို ကမာၻ႔အေကာင္းဆုံးတိုက္စစ္မွဴးလို႔ ေျပာလိုက္တဲ့ ကာကာ

လီဗာပူးလ္အသင္းရဲ႕ ဘရာဇီးလ္တုိက္စစ္မွဴး ေရာဘတ္တို ဖာမီႏိုဟာ အသင္းကေန ထြက္ခြာသြားခဲ့တဲ့ ဥ႐ုေဂြးတုိက္စစ္မွဴး လူးဝစ္ ဆြာရက္ဇ္ရဲ႕ ကြက္လပ္ကို တူညီတဲ့ အရည္အေသြးနဲ႔ အေကာင္းဆုံးျဖည့္ဆည္းေပးခဲ့ၿပီး ကမာၻ႕အေကာင္းဆုံးတိုက္စစ္မွဴးတစ္ဦးပါ ျဖစ္ေနခဲ့ၿပီလို႔ ဘရာဇီးလ္ကြင္းလယ္လူေဟာင္း ကာကာက ေျပာၾကားလုိက္ပါတယ္။

အသက္ ၂၈ ႏွစ္ရွိၿပီျဖစ္တဲ့ ဘရားဇီးလ္ကစားသမား ဖာမီႏိုဟာ လီဗာပူးလ္အသင္းရဲ႕ ကစားကြက္မွာ အဓိက ပါ၀င္ခဲ့တဲ့ အသက္ေသြးေၾကာသဖြယ္ ရွိေနခဲ့သူတစ္ဦး ျဖစ္ပါၿပီး သူဟာ ဒီႏွစ္ရာသီမွာ အသင္းအတြက္ ၈ ဂိုးသြင္းၿပီး ၇ ဂိုး ဖန္တီးေပးထားပါတယ္။

“အယ္လီဆန္က အခုခ်ိန္မွာ ကမာၻ႔အေကာင္းဆုံး ဂိုးသမားျဖစ္ေနၿပီ။ ဖာဘင္ဟိုကလည္း ကမာၻ႔အေကာင္းဆုံးကြင္းလယ္ေတြထဲက တစ္ေယာက္ပဲ။ ဖာမီႏိုကေတာ့ လူး၀စ္ဆြာရက္လို ကမာၻ႔အေကာင္းဆုံးတိုက္စစ္မွဴးတစ္ေယာက္ ျဖစ္ေနၿပီ”ဆိုၿပီး ေျပာဆိုသြားခဲ့ပါတယ္။

ဖာမီႏိုနဲ႔ပတ္သတ္ၿပီး ကာကာက “ဖာမီႏိုဟာ ကြင္းထဲမွာ သူဘယ္လိုကစားရမယ္ဆိုတာ ေကာင္းေကာင္းသိတဲ့သူဗ်။ သူဟာ ဂိုးဧရိယာနားပဲ တစ္ခ်ိန္လုံး မေနဘူး။ ေဘာလုံးကို လိုက္လုတယ္။ ကစားကြက္ေဖာ္ေပးႏိုင္ေသးတယ္”ဆိုၿပီး ေျပာဆိုသြားခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ လက္ရွိအခ်ိန္မွာ ပြဲေပါင္း ၂၅ ပြဲ ကစားထားရာ ၂၄ ပြဲႏိုင္ ၁ ပြဲ သေရက်ထားကာ ပရီးမီးယားလိဂ္သမိုင္းမွာ အေကာင္းဆုံးရာသီတစ္ခုကို ျဖတ္သန္းေနၿပီး အဓိကတုိက္စစ္မွဴး ဖာမီႏိုအတြက္ ပထမဆုံးအမွတ္ေပးဆုဖလားကို ရယူႏုိင္ဖို႔ အေျခအေနေကာင္းေနခဲ့ၿပီလည္းျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
ECKO
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းရဲ့ ဘရာဇီးလ်တိုက်စစ်မှူး ရောဘတ်တို ဖာမီနိုဟာ အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ ဥရုဂွေးတိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်ရဲ့ ကွက်လပ်ကို တူညီတဲ့ အရည်အသွေးနဲ့ အကောင်းဆုံးဖြည့်ဆည်းပေးခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးပါ ဖြစ်နေခဲ့ပြီလို့ ဘရာဇီးလ်ကွင်းလယ်လူဟောင်း ကာကာက ပြောကြားလိုက်ပါတယ်။

အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ဘရားဇီးလ်ကစားသမား ဖာမီနိုဟာ လီဗာပူးလ်အသင်းရဲ့ ကစားကွက်မှာ အဓိက ပါဝင်ခဲ့တဲ့ အသက်သွေးကြောသဖွယ် ရှိနေခဲ့သူတစ်ဦး ဖြစ်ပါပြီး သူဟာ ဒီနှစ်ရာသီမှာ အသင်းအတွက် ၈ ဂိုးသွင်းပြီး ၇ ဂိုး ဖန်တီးပေးထားပါတယ်။

“အယ်လီဆန်က အခုချိန်မှာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဖြစ်နေပြီ။ ဖာဘင်ဟိုကလည်း ကမ္ဘာ့အကောင်းဆုံးကွင်းလယ်တွေထဲက တစ်ယောက်ပဲ။ ဖာမီနိုကတော့ လူးဝစ်ဆွာရက်လို ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတစ်ယောက် ဖြစ်နေပြီ”ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

ဖာမီနိုနဲ့ပတ်သတ်ပြီး ကာကာက “ဖာမီနိုဟာ ကွင်းထဲမှာ သူဘယ်လိုကစားရမယ်ဆိုတာ ကောင်းကောင်းသိတဲ့သူဗျ။ သူဟာ ဂိုးဧရိယာနားပဲ တစ်ချိန်လုံး မနေဘူး။ ဘောလုံးကို လိုက်လုတယ်။ ကစားကွက်ဖော်ပေးနိုင်သေးတယ်”ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ လက်ရှိအချိန်မှာ ပွဲပေါင်း ၂၅ ပွဲ ကစားထားရာ ၂၄ ပွဲနိုင် ၁ ပွဲ သရေကျထားကာ ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံးရာသီတစ်ခုကို ဖြတ်သန်းနေပြီး အဓိကတိုက်စစ်မှူး ဖာမီနိုအတွက် ပထမဆုံးအမှတ်ပေးဆုဖလားကို ရယူနိုင်ဖို့ အခြေအနေကောင်းနေခဲ့ပြီလည်းဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
ECKO
SPORTS A2Z.