Premier League

မန္ခ်က္စတာယူႏုိက္တက္မွာ ဖာနန္ဒက္စ္ ပိုေကာင္းလာမယ္လို႔ ေျပာလိုက္တဲ့ ဘာနာဒို ေဆးလ္ဗား

ဘ႐ူႏို ဖာနန္ဒက္စ္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို စပို႔တင္းလစၥဘြန္းအသင္းကေန ေပါင္ ၆၈ သန္းနဲ႔ ေရာက္ရွိလာခဲ့သူ ျဖစ္ပါတယ္။ သူဟာ ယူႏိုက္တက္အသင္းက ကာလရွည္ခ်ိတ္ဆက္ေခၚယူခဲ့တဲ့ ကစားသမားျဖစ္ၿပီး ဇန္န၀ါရီအေျပာင္းအေ႐ႊ႕ကမွ အမွန္တကယ္ ေရာက္ရွိလာခဲ့ပါတယ္။

မန္စီးတီးကစားသမား ဘာနာဒို ေဆးလ္ဗားကေတာ့ သူရဲ႕ႏိုင္ငံအသင္းေဖာ္ ဘ႐ူႏို ဖာနန္ဒက္စ္ဟာ ယူႏိုက္တက္အသင္းမွာ ေအာင္ျမင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။ သူနဲ႔ ၿမိဳ႕ခံၿပဳိင္ဘက္ေတြ ျဖစ္လာမယ့္ ဖာနန္ဒက္စ္အတြက္ ယူႏိုက္တက္နည္းျပ အိုလီဂန္နာ ဆိုးလ္ရွာရဲ႕လက္ေအာက္မွာ ေအာင္ျမင္ပါေစဆိုၿပီး ေျပာဆိုသြားခဲ့ပါတယ္။

“ဖာနန္ဒက္စ္က ပရီးမီးယားလိဂ္နဲ႔ အဆင္ေျပမယ္ ထင္ပါတယ္။ အရင္တုန္းကလည္း သူဟာ အီတလီေျမမွာ ကစားခဲ့ဖူးတာမို႔ ျပည္ပကလပ္ေတြက သူနဲ႔ စိမ္းမယ္လို႔ မထင္ဘူး”ဆိုၿပီး စကိုင္းစပုိိ႔စ္နဲ႔ ေတြ႕ဆုံရာမွာ ေျပာၾကားသြားခဲ့ပါတယ္။

ယူႏိုက္တက္မွာ ဖာနန္ဒက္ကစားခြင့္ရတဲ့အေပၚကိုလည္း “ကမာၻ႔အႀကီးမားဆုံးအသင္းေတြထဲက တစ္သင္းျဖစ္တဲ့ ယူႏိုက္တက္မွာ ကစားခြင့္ရတဲ့ သူ႔အတြက္ ေပ်ာ္႐ႊင္မိပါတယ္။ သူ ယူႏိုက္တက္မွာ ပိုေကာင္းတဲ့ ကစားသမားတစ္ေယာက္ျဖစ္လာမွာပါ”လို႔လည္း ဘာနာဒို ေဆးလ္ဗားက ဆုိခဲ့ပါတယ္။

ဖာနန္ဒက္စ္ဟာ ယခုလအေစာပိုင္းက ကစားခဲ့တဲ့ ၀ုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္အသင္းနဲ႔ သေရက်ခဲ့တဲ့ပြဲမွာ အသင္းအတြက္ ပထမဆုံး ပါ၀င္ကစားခဲ့ၿပီး ေနာက္ထပ္ပြဲစဥ္တစ္ပြဲအျဖစ္ေတာ့ ေဖေဖာ္၀ါရီလ ၁၇ရက္ေန႔မွာ ခ်ဲလ္ဆီးအသင္းရဲ႕ အိမ္ကြင္းမွာ သြားေရာက္ကစားရမွာ ျဖစ္တယ္လို႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
ECKO
SPORTS A2Z.

UNICODE: ဘရူနို ဖာနန်ဒက်စ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို စပို့တင်းလစ္စဘွန်းအသင်းကနေ ပေါင် ၆၈ သန်းနဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ သူဟာ ယူနိုက်တက်အသင်းက ကာလရှည်ချိတ်ဆက်ခေါ်ယူခဲ့တဲ့ ကစားသမားဖြစ်ပြီး ဇန်နဝါရီအပြောင်းအရွှေ့ကမှ အမှန်တကယ် ရောက်ရှိလာခဲ့ပါတယ်။

မန်စီးတီးကစားသမား ဘာနာဒို ဆေးလ်ဗားကတော့ သူရဲ့နိုင်ငံအသင်းဖော် ဘရူနို ဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းမှာ အောင်မြင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ သူနဲ့ မြို့ခံပြိုင်ဘက်တွေ ဖြစ်လာမယ့် ဖာနန်ဒက်စ်အတွက် ယူနိုက်တက်နည်းပြ အိုလီဂန်နာ ဆိုးလ်ရှာရဲ့လက်အောက်မှာ အောင်မြင်ပါစေဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

“ဖာနန်ဒက်စ်က ပရီးမီးယားလိဂ်နဲ့ အဆင်ပြေမယ် ထင်ပါတယ်။ အရင်တုန်းကလည်း သူဟာ အီတလီမြေမှာ ကစားခဲ့ဖူးတာမို့ ပြည်ပကလပ်တွေက သူနဲ့ စိမ်းမယ်လို့ မထင်ဘူး”ဆိုပြီး စကိုင်းစပို့စ်နဲ့ တွေ့ဆုံရာမှာ ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်မှာ ဖာနန်ဒက်ကစားခွင့်ရတဲ့အပေါ်ကိုလည်း “ကမ္ဘာ့အကြီးမားဆုံးအသင်းတွေထဲက တစ်သင်းဖြစ်တဲ့ ယူနိုက်တက်မှာ ကစားခွင့်ရတဲ့ သူ့အတွက် ပျော်ရွှင်မိပါတယ်။ သူ ယူနိုက်တက်မှာ ပိုကောင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်လာမှာပါ”လို့လည်း ဘာနာဒို ဆေးလ်ဗားက ဆိုခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ ယခုလအစောပိုင်းက ကစားခဲ့တဲ့ ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်အသင်းနဲ့ သရေကျခဲ့တဲ့ပွဲမှာ အသင်းအတွက် ပထမဆုံး ပါဝင်ကစားခဲ့ပြီး နောက်ထပ်ပွဲစဉ်တစ်ပွဲအဖြစ်တော့ ဖေဖော်ဝါရီလ ၁၇ရက်နေ့မှာ ချဲလ်ဆီးအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားရမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
ECKO
SPORTS A2Z.