Premier League

အသင္းရဲ႕ ႏိုင္လုိစိတ္ေပ်ာက္ဆုံးေနမွဳအတြက္ ညည္းတြားသြားတဲ့ ဘာနာဒို ေဆးလ္ဗား

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ပြဲစဥ္ေတြမွာ အမွတ္ဆုံးရွဳံးမွဳေတြနဲ႔အတူ ႏုိင္ပြဲေတြလည္း ေလ်ာ့က်ခဲ့ၿပီး ၿပဳိင္ဘက္ လီဗာပူးလ္အသင္းထံကို ခ်န္ပီယံဆု လက္လႊတ္ခဲ့ရသေလာက္ျဖစ္သြားခဲ့တဲ့အေပၚ ကြင္းလယ္လူ ဘာနာဒို ေဆးလ္ဗားက စိတ္ဓာတ္ပိုင္းက်ဆင္းေနခဲ့ေၾကာင္း ဝန္ခံညည္းတြားသြားခဲ့ပါတယ္။

ေပၚတူဂီကြင္းလယ္လူ ေဆးလ္ဗားက သူတုိ႔အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို လက္လႊတ္ခဲ့ရတာ ေစာလြန္းတယ္လုိ႔လည္း ေဝဖန္သြားခဲ့ၿပီး သူတို႔အသင္းသားတစ္စုဟာ လြန္ခဲ့တဲ့ တစ္လေလာက္ကတည္းက ဒီအတြက္ ယုံၾကည္ခ်က္ေပ်ာက္ဆုံးေနခဲ့တယ္လုိ႔လည္း ဆုိပါတယ္။

“ကၽြန္ေတာ္အထင္ေတာ့ လြန္ခဲ့တဲ့ တစ္လေလာက္ကတည္းက အမွတ္ျပည့္ရယူဖို႔ ယုံၾကည္ခ်က္မရွိေတာ့တဲ့ ပုံစံမ်ဳိး ျဖစ္ေနခဲ့တာပါ။ လက္ရွိ လီဗာပူးလ္အသင္းနဲ႔ အမွတ္ႏွစ္ဆယ္ေက်ာ္ ေဝးကြာေနခဲ့တဲ့ အေျခအေနဟာ မျဖစ္သင့္ေၾကာင္းနဲ႔ ရည္ရြယ္ခ်က္နဲ႔ လုပ္တာမဟုတ္ေပမယ့္လည္း အသင္းရဲ႕ ပုံစံက လက္ေလွ်ာ့တဲ့ ပုံစံေပါက္ေနတယ္”လုိ႔ ေဆးလ္ဗားက ဆုိပါတယ္။

“ရာသီသစ္တုိင္း ရာသီသစ္တုိင္းမွာ ခ်န္ပီယံဆုအတြက္ အျပင္းအထန္ ၿပဳိင္ဆုိင္ကစားၾကမယ္လို႔ ရည္မွန္းခ်က္ေတြ ရွိေပမယ့္ ဇန္နဝါရီ ေဖေဖာ္ဝါရီေလာက္မွာ လီဗာပူးလ္အသင္းနဲ႔ ဒီေလာက္အမွတ္ျပတ္ေနမယ္လုိ႔ ဘယ္သူက ထင္မွာလဲ”လို႔ ဆိုခဲ့ၿပီး ပရိသတ္ေတြကိုေတာ့ အားနာတဲ့ အေၾကာင္းလည္း ဆုိသြားခဲ့ပါတယ္။

အသက္ ၂၅ ႏွစ္အရြယ္ ကြင္းလယ္လူက မိမိတုိ႔အသင္းဟာ လီဗာပူးလ္အသင္းလို ေနာက္ဆုံးမိနစ္အထိ ဂိုးသြင္းႏုိင္တဲ့ ပုံစံမ်ဳိးမွာေတာ့ ကြာဟခ်က္ေတြ ႀကီးမားေနေၾကာင္းနဲ႔ အမွတ္ေတြကို ရယူသိမ္းပိုက္ႏုိင္စြမ္းမွာ မယွဥ္ႏိုင္ခဲ့ဘူးလို႔လည္း ဝန္ခံေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ ပွဲစဉ်တွေမှာ အမှတ်ဆုံးရှုံးမှုတွေနဲ့အတူ နိုင်ပွဲတွေလည်း လျော့ကျခဲ့ပြီး ပြိုင်ဘက် လီဗာပူးလ်အသင်းထံကို ချန်ပီယံဆု လက်လွှတ်ခဲ့ရသလောက်ဖြစ်သွားခဲ့တဲ့အပေါ် ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားက စိတ်ဓာတ်ပိုင်းကျဆင်းနေခဲ့ကြောင်း ဝန်ခံညည်းတွားသွားခဲ့ပါတယ်။

ပေါ်တူဂီကွင်းလယ်လူ ဆေးလ်ဗားက သူတို့အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လက်လွှတ်ခဲ့ရတာ စောလွန်းတယ်လို့လည်း ဝေဖန်သွားခဲ့ပြီး သူတို့အသင်းသားတစ်စုဟာ လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက ဒီအတွက် ယုံကြည်ချက်ပျောက်ဆုံးနေခဲ့တယ်လို့လည်း ဆိုပါတယ်။

“ကျွန်တော်အထင်တော့ လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက အမှတ်ပြည့်ရယူဖို့ ယုံကြည်ချက်မရှိတော့တဲ့ ပုံစံမျိုး ဖြစ်နေခဲ့တာပါ။ လက်ရှိ လီဗာပူးလ်အသင်းနဲ့ အမှတ်နှစ်ဆယ်ကျော် ဝေးကွာနေခဲ့တဲ့ အခြေအနေဟာ မဖြစ်သင့်ကြောင်းနဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာမဟုတ်ပေမယ့်လည်း အသင်းရဲ့ ပုံစံက လက်လျှော့တဲ့ ပုံစံပေါက်နေတယ်”လို့ ဆေးလ်ဗားက ဆိုပါတယ်။

“ရာသီသစ်တိုင်း ရာသီသစ်တိုင်းမှာ ချန်ပီယံဆုအတွက် အပြင်းအထန် ပြိုင်ဆိုင်ကစားကြမယ်လို့ ရည်မှန်းချက်တွေ ရှိပေမယ့် ဇန်နဝါရီ ဖေဖော်ဝါရီလောက်မှာ လီဗာပူးလ်အသင်းနဲ့ ဒီလောက်အမှတ်ပြတ်နေမယ်လို့ ဘယ်သူက ထင်မှာလဲ”လို့ ဆိုခဲ့ပြီး ပရိသတ်တွေကိုတော့ အားနာတဲ့ အကြောင်းလည်း ဆိုသွားခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် ကွင်းလယ်လူက မိမိတို့အသင်းဟာ လီဗာပူးလ်အသင်းလို နောက်ဆုံးမိနစ်အထိ ဂိုးသွင်းနိုင်တဲ့ ပုံစံမျိုးမှာတော့ ကွာဟချက်တွေ ကြီးမားနေကြောင်းနဲ့ အမှတ်တွေကို ရယူသိမ်းပိုက်နိုင်စွမ်းမှာ မယှဉ်နိုင်ခဲ့ဘူးလို့လည်း ဝန်ခံပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.