La Liga Ligue1

အရာအားလုံးကို လွမ်းဆွတ်နေပြီဖြစ်လို့ အိမ်ပြန်ချင်ပြီလို့ ထုတ်ပြောလိုက်တဲ့ မက်ဆီ

အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတာနဲ့ ဘာစီလိုနာအသင်းကို ပြန်လည်ပြောင်းရွှေ့မှာဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

မက်ဆီဟာ လီဂူးဝမ်းထိပ်သီးအသင်းကြီးက ပတ်ဝန်းကျင်အသစ်မှာ အခြေကျဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပြီး ဆယ်စုနှစ် ၂ ခုကျော် အချိန်ကုန်ဆုံးခဲ့တဲ့ စပိန်က ဘဝဟောင်းနဲ့ပတ်သက်ပြီး အရာအားလုံးကို လွမ်းဆွတ်နေတယ်လို့ ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားလက်ရွေးစင်ကြယ်ပွင့်က ၎င်းနဲ့ ၎င်းရဲ့ဇနီး၊ ကလေး ၃ ဦးရဲ့ စိတ်ဆန္ဒအတိုင်း ပီအက်စ်ဂျီမှာ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပဲရစ်မြို့က ဟိုတယ်မှာ နေရတဲ့ဘဝကို ဆိုးရွားတဲ့ဘဝလို့ မက်ဆီက ပြောကြားခဲ့ပြီး လက်ရှိအချိန်မှာတော့ မိသားစုဟာ ငှားထားတဲ့ အိမ်ကို ပြောင်းရွှေ့ခဲ့ပြီဖြစ်ပေမယ့်လည်း တသက်လုံး အသားကျနေခဲ့တဲ့ နေ့စဉ်လုပ်နေကျပုံစံကို လွမ်းဆွတ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

Catalan daily Sport နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဉ်မှာ အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးက ၎င်းရဲ့အသင်းသစ်အတွက် အချက်ပေးခေါင်းလောင်းသံဖြစ်လာမယ့် စကားကို ပြောကြားခဲ့တာဖြစ်ပြီး စာချုပ်သက်တမ်းကုန်တာနဲ့ တစ်မိနစ်တောင် ဆက်မနေနိုင်ဘူးဆိုတာကို အဖြေပေးခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ပီအက်စ်ဂျီနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်က ဘယ်အချိန် ကုန်ဆုံးမလဲဆိုတာ မသိပါဘူး။ ဒါပေမယ့် အတည်ပြုထားပြီးဖြစ်သလို ကျိန်းသေနေတာကတော့ ကျွန်တော်တို့ ဘာစီလိုနာမှာ နေထိုင်သွားမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ ဘဝက အဲဒီမှာ ရှိနေပါလိမ့်မယ်။ အဲဒါက ကျွန်တော့် ဇနီးရော ကျွန်တော်ပါ လိုချင်တဲ့ ဘဝမျိုးပါ”

ရုန်းကန်နေရတဲ့ ဘာစီလိုနာအသင်းက အနာဂတ်အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ဖြစ်ချင်တဲ့ ဆန္ဒကို မေးမြန်းခဲ့တဲ့အခါမှာ အသင်းရဲ့ နည်းစနစ် ဒါရိုက်တာဖြစ်ချင်တယ်လို့ ပြောကြားခဲ့ပြီး အသင်းဟောင်းမှာ နေရတဲ့ဘဝနဲ့ပတ်သက်ပြီး ဘာတွေကို လွမ်းဆွတ်မိလဲလို့ မေးမြန်းခဲ့ရာမှာ “အရာအားလုံးပဲ။ တူညီတဲ့နေရာမှာ အချိန်အများကြီးရှိနေခဲ့တာပါ။ နေ့စဉ်လုပ်နေကျပုံစံ၊ ဘဝရဲ့နေ့စဉ်ပုံစံ၊ အဝတ်လဲခန်းထဲကို သွားရတာတွေက အရမ်းကောင်းမွန်ပြီး အသေးစိတ်ကို သိနေခဲ့တာပါ”

“ပဲရစ်ကို ပြောင်းရွှေ့တာက လုံးဝကို ပြောင်းလဲသွားပါတယ်။ လုံးဝအသစ်ဖြစ်နေတဲ့ နေရာတစ်ခုကို ရောက်ရှိခဲ့တာဖြစ်ပြီး မြို့ရော ကလပ်ကပါ အသစ်တွေပါ။ ကျွန်တော် ဘာစီလိုနာမှာ ရခဲ့တဲ့ ဘဝ၊ အသင်းကို နှစ်သက်ပါတယ်။ ဒီမှာနေရတာ အရာအားလုံးက မကောင်းဘူးလို့ မဆိုလိုပေမယ့်လည်း အဲဒါက ကျွန်တော် လွမ်းဆွတ်နေတဲ့အရာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဂ်င္တီးနားလက္ေရြးစင္တိုက္စစ္မႉး လီယြန္နယ္ မက္ဆီဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္း ကုန္ဆုံးတာနဲ႔ ဘာစီလိုနာအသင္းကို ျပန္လည္ေျပာင္းေရႊ႕မွာျဖစ္တယ္လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

မက္ဆီဟာ လီဂူးဝမ္းထိပ္သီးအသင္းႀကီးက ပတ္ဝန္းက်င္အသစ္မွာ အေျခက်ဖို႔ ႐ုန္းကန္ေနခဲ့ရတာျဖစ္ၿပီး ဆယ္စုႏွစ္ ၂ ခုေက်ာ္ အခ်ိန္ကုန္ဆုံးခဲ့တဲ့ စပိန္က ဘဝေဟာင္းနဲ႔ပတ္သက္ၿပီး အရာအားလုံးကို လြမ္းဆြတ္ေနတယ္လို႔ ဝန္ခံေျပာၾကားခဲ့တာျဖစ္ပါတယ္။ အာဂ်င္တီးနားလက္ေရြးစင္ၾကယ္ပြင့္က ၎နဲ႔ ၎ရဲ့ဇနီး၊ ကေလး ၃ ဦးရဲ့ စိတ္ဆႏၵအတိုင္း ပီအက္စ္ဂ်ီမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးေနာက္ ဘာစီလိုနာကို ျပန္လည္ေျပာင္းေရႊ႕မွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ပဲရစ္ၿမိဳ႕က ဟိုတယ္မွာ ေနရတဲ့ဘဝကို ဆိုးရြားတဲ့ဘဝလို႔ မက္ဆီက ေျပာၾကားခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ မိသားစုဟာ ငွားထားတဲ့ အိမ္ကို ေျပာင္းေရႊ႕ခဲ့ၿပီျဖစ္ေပမယ့္လည္း တသက္လုံး အသားက်ေနခဲ့တဲ့ ေန႔စဥ္လုပ္ေနက်ပုံစံကို လြမ္းဆြတ္ေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

Catalan daily Sport နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴး အစီအစဥ္မွာ အသက္ ၃၄ ႏွစ္အရြယ္ တိုက္စစ္မႉးက ၎ရဲ့အသင္းသစ္အတြက္ အခ်က္ေပးေခါင္းေလာင္းသံျဖစ္လာမယ့္ စကားကို ေျပာၾကားခဲ့တာျဖစ္ၿပီး စာခ်ဳပ္သက္တမ္းကုန္တာနဲ႔ တစ္မိနစ္ေတာင္ ဆက္မေနနိုင္ဘူးဆိုတာကို အေျဖေပးခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္ ပီအက္စ္ဂ်ီနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္က ဘယ္အခ်ိန္ ကုန္ဆုံးမလဲဆိုတာ မသိပါဘူး။ ဒါေပမယ့္ အတည္ျပဳထားၿပီးျဖစ္သလို က်ိန္းေသေနတာကေတာ့ ကၽြန္ေတာ္တို႔ ဘာစီလိုနာမွာ ေနထိုင္သြားမွာျဖစ္ၿပီး ကၽြန္ေတာ္တို႔ရဲ့ ဘဝက အဲဒီမွာ ရွိေနပါလိမ့္မယ္။ အဲဒါက ကၽြန္ေတာ့္ ဇနီးေရာ ကၽြန္ေတာ္ပါ လိုခ်င္တဲ့ ဘဝမ်ိဳးပါ”

႐ုန္းကန္ေနရတဲ့ ဘာစီလိုနာအသင္းက အနာဂတ္အခန္းက႑နဲ႔ပတ္သက္ၿပီး ျဖစ္ခ်င္တဲ့ ဆႏၵကို ေမးျမန္းခဲ့တဲ့အခါမွာ အသင္းရဲ့ နည္းစနစ္ ဒါရိုက္တာျဖစ္ခ်င္တယ္လို႔ ေျပာၾကားခဲ့ၿပီး အသင္းေဟာင္းမွာ ေနရတဲ့ဘဝနဲ႔ပတ္သက္ၿပီး ဘာေတြကို လြမ္းဆြတ္မိလဲလို႔ ေမးျမန္းခဲ့ရာမွာ “အရာအားလုံးပဲ။ တူညီတဲ့ေနရာမွာ အခ်ိန္အမ်ားႀကီးရွိေနခဲ့တာပါ။ ေန႔စဥ္လုပ္ေနက်ပုံစံ၊ ဘဝရဲ့ေန႔စဥ္ပုံစံ၊ အဝတ္လဲခန္းထဲကို သြားရတာေတြက အရမ္းေကာင္းမြန္ၿပီး အေသးစိတ္ကို သိေနခဲ့တာပါ”

“ပဲရစ္ကို ေျပာင္းေရႊ႕တာက လုံးဝကို ေျပာင္းလဲသြားပါတယ္။ လုံးဝအသစ္ျဖစ္ေနတဲ့ ေနရာတစ္ခုကို ေရာက္ရွိခဲ့တာျဖစ္ၿပီး ၿမိဳ႕ေရာ ကလပ္ကပါ အသစ္ေတြပါ။ ကၽြန္ေတာ္ ဘာစီလိုနာမွာ ရခဲ့တဲ့ ဘဝ၊ အသင္းကို ႏွစ္သက္ပါတယ္။ ဒီမွာေနရတာ အရာအားလုံးက မေကာင္းဘူးလို႔ မဆိုလိုေပမယ့္လည္း အဲဒါက ကၽြန္ေတာ္ လြမ္းဆြတ္ေနတဲ့အရာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.