La Liga Transfer News

ဇာဗီအတွက် ကိုယ့်အမှားကိုယ်သိပြီး ခက်ခဲတဲ့ အခြေအနေကို ဘာစီလိုနာတို့ ကျော်လွှားနိုင်မလား

ဘာစီလိုနာအသင်းအနေနဲ့ သူတို့ရဲ့ လစ်လပ်နေတဲ့ နည်းပြရာထူးကို အသင်းဂန္ထဝင်ကွင်းလယ်လူဟောင်း ဇာဗီ ဟာနန်ဒက်ဇ်ကို ပေးအပ်ဖို့ အဆင်သင့်ဖြစ်နေပေမယ့် သူတို့ရဲ့ လုပ်နည်းလုပ်ဟန်ကြောင့် အယ်လ်ဆတ်ဒ်ဆီက ခေါ်ယူဖို့ အဆင်မပြေနိုင်ဘဲဖြစ်နေတာကြောင့် ကာတာကလပ်ဘက်က ဒေါသထွက်နေပြီး အခြေအနေ တင်းမာနေခဲ့ပါတယ်။

အယ်လ်ဆတ်ဒ်အနေနဲ့ သူတို့ရဲ့ စာချုပ်နှစ်နှစ်ကျန် နည်းပြ ဇာဗီကို တိုက်ရိုက်ချဉ်းကပ်ပြီး သူတို့ကိုတော့ ဘာမှ မပြောခဲ့တာကို စိတ်ပျက်နေသလို လေးစားမှုမရှိတဲ့ လုပ်ရပ်အဖြစ် ရှုမြင်နေပြီး သူတို့ဘက်က အသင်းဟောင်းဆီပြန်ဖို့ သဘောထားကြီးကြီးနဲ့ လူကြီးလူကောင်းဆန်ဆန် ခွင့်ပြုပေးဖို့ အသင့်ရှိနေတာကိုတောင် သူတို့ကို ရှိတယ်မထင်တဲ့ ဘာစီလိုနာကို ဒေါသထွက်နေခဲ့တာပါ။

ဘာစီလိုနာအသင်းအနေနဲ့ ဒီလိုမျိုး အထာမထားတဲ့ လုပ်ရပ်တွေကို ကျူးလွန်နေတာက ကြာခဲ့ပြီဖြစ်ပြီး သူတို့လိုချင်တဲ့သူကို အသင်းက ထွက်လာဖို့ စည်းရုံးပြီးမှ တစ်ဖက်မှာ ဖြစ်ချင်ရာဖြစ် လွှတ်ထားပေးပြီး ကွဲကြပြဲကြတဲ့အခါမျိုးတွေလည်း ရှိပြီးမှ နောက်ဆုံး ငွေချေဖို့ ကိစ္စမှာ သူတို့က ဝင်ကိုင်တွယ်တဲ့ ပုံစံကို အားလုံးက ချဉ်နေကြတာလည်းဖြစ်ပါတယ်။

ကာတာကလပ်အနေနဲ့ ဇာဗီကို နည်းပြအဖြစ် အလွယ်တကူ ကောက်ခန့်ထားတာမဟုတ်ဘဲ ကစားသမားအဖြစ် ၄ နှစ်ကြာ ကစားခိုင်းပြီးမှ အနားယူချိန်မှာ အသင်းကို ကိုင်တွယ်ဖို့ စင်တင်ပေးခဲ့တာဖြစ်သလို လိုအပ်ရင် ဘဏ္ဏာရေး ချွတ်ခြုံကျနေတဲ့ ဘာစီလိုနာကို ငွေနဲ့ ဖို့သတ်လို့ရတဲ့ ချမ်းသာ ကြွယ်ဝမှုမျိုးရှိနေတာကြောင့် လေးစားမှုတစ်ခုကိုသာ လိုအပ်နေတာပါ။

အယ်လ်ဆတ်ဒ်ဘက်ကတော့ ဇာဗီဟာ အသင်းနဲ့ နှစ်နှစ်စာချုပ်ရှိတဲ့ နည်းပြဖြစ်သလို ရှေ့လာမယ့် ပွဲစဉ်တွေကိုသာ အာရုံစိုက်နေပြီး အသင်းရဲ့ ချန်ပီယံကာကွယ်မှုနဲ့ အမှတ်ပေးဇယားဦးဆောင်မှုတွေကို ထိန်းသိမ်းနိုင်ဖို့ ပြင်ဆင်နေသလို လက်ရှိအချိန်အထိ ဘယ်ကလပ်အသင်းဆီကမှ တရားဝင် ကမ်းလှမ်းမှုမျိုး ရရှိမထားဘူးလို့ ထုတ်ပြန်ထားပါတယ်။

စပိန်အခြေစိုက် Sport သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ ဇာဗီအတွက် လျော်ကြေးစာချုပ်မှာ ပေါင် ၈၄၀၀၀၀ (ယူရို ၁ သန်း)နဲ့ ထည့်သွင်း ချုပ်ဆိုထားပြီး ဘာစီလိုနာတို့ ဒါကို ကလပ်အသင်းနဲ့ ဆွေးနွေးခေါ်ယူနိုင်သလို ဖော်ပြမထားတဲ့ သဘောတူညီချက်တွေအရ စပိန်သားနည်းပြအနေနဲ့ နူးကမ့်ဆီ ပြန်ချင်ရင် စာချုပ်ဖျက်သိမ်းပေးဖို့ပါ ရှိနေပေမယ့် ကာတာလန်ကလပ်ရဲ့ လုပ်ရပ်ကို မကြိုက်လို့ အယ်လ်ဆတ်ဒ်ဘက်က ပညာပြနေတာလည်း ဖြစ်နိုင်ပါတယ်။

လက်ရှိမှာတော့ ဘာစီလိုနာကို အသင်းမှာ ဘယ်နောက်ခံလူအဖြစ် ကစားခဲ့တဲ့ စပိန်လက်ရွေးစင်ဟောင်းနဲ့ အရန်အသင်းနည်းပြ ဆာဂျီ ဘာဂျွမ်က ပြီးခဲ့တဲ့ အလာဗက်စ်နဲ့ တစ်ဂိုးစီ သရေကျတဲ့ ပွဲမှာ စတင်ကိုင်တွယ်ခဲ့ပြီး ဒီအတိုင်းဆိုရင် ဒီညကစားမယ့် ဒီနာမိုကိဗ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကိုလည်း ဆက်လက်တာဝန်ယူရဖွယ်ရှိနေသလို လာမယ့် သောကြာနေ့ညမှာ ကစားမယ့် ဆဲလ်တာဗီဂိုနဲ့ လာလီဂါ ပွဲစဉ်(၁၃)ကိုလည်း ရှေ့ဆက်ရနိုင်ပါတယ်။

လက်ရှိ ဖြစ်နိုင်ဖွယ် ညှိနှိုင်းမှုတွေအရ ဇာဗီအနေနဲ့ နောက်တစ်ပတ်မှာ ကစားမယ့် ဘာစီလိုနာဒါဘီ အက်စ်ပန်ညိုနဲ့ ပွဲစဉ်ကိုမှ အစောဆုံး ကိုင်တွယ်နိုင်ဖွယ်ရှိတယ်လို့လည်း ခန့်မှန်းရပြီး ဒါတောင်မှ လာပေါ်တာတို့ တာဝန်ရှိသူတွေဘက်က အချိုးမပြေလို့ ကာတာတွေဘက် ထပ်ရစ်ခဲ့ရင်တော့ ဇာတ်လမ်းက ပိုပြီးရှည်သွားနိုင်သေးတာပါ။

ဒီအချိန်မှာ အသင်းရဲ့ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုကတော့ နှလုံးခုန်နှုန်း မမှန်တဲ့ ပြဿနာကြောင့် သုံးလအထိ အနားယူရဖို့ ရှိနေပြီး အနေအထားက ခက်ခဲစ ပြုလာသလို ယာယီနည်းပြ ဆာဂျီနဲ့ အသင်းကို ရှေ့ဆက်သွားဖို့က မလွယ်ကူတဲ့ ကိစ္စဖြစ်နေတာကြောင့် အားလုံးရဲ့ Transfer ချဉ်ဖတ် ဘာစီလိုနာတို့ တစ်ဖက်အသင်းကို လေးစားမှုပြသပြီး အဆင်ပြေအောင်လုပ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာအသင္းအေနနဲ႔ သူတို႔ရဲ႕ လစ္လပ္ေနတဲ့ နည္းျပရာထူးကို အသင္းဂႏၴဝင္ကြင္းလယ္လူေဟာင္း ဇာဗီ ဟာနန္ဒက္ဇ္ကို ေပးအပ္ဖို႔ အဆင္သင့္ျဖစ္ေနေပမယ့္ သူတို႔ရဲ႕ လုပ္နည္းလုပ္ဟန္ေၾကာင့္ အယ္လ္ဆတ္ဒ္ဆီက ေခၚယူဖို႔ အဆင္မေျပႏိုင္ဘဲျဖစ္ေနတာေၾကာင့္ ကာတာကလပ္ဘက္က ေဒါသထြက္ေနၿပီး အေျခအေန တင္းမာေနခဲ့ပါတယ္။

အယ္လ္ဆတ္ဒ္အေနနဲ႔ သူတို႔ရဲ႕ စာခ်ဳပ္ႏွစ္ႏွစ္က်န္ နည္းျပ ဇာဗီကို တိုက္႐ိုက္ခ်ဥ္းကပ္ၿပီး သူတို႔ကိုေတာ့ ဘာမွ မေျပာခဲ့တာကို စိတ္ပ်က္ေနသလို ေလးစားမႈမရွိတဲ့ လုပ္ရပ္အျဖစ္ ရႈျမင္ေနၿပီး သူတို႔ဘက္က အသင္းေဟာင္းဆီျပန္ဖို႔ သေဘာထားႀကီးႀကီးနဲ႔ လူႀကီးလူေကာင္းဆန္ဆန္ ခြင့္ျပဳေပးဖို႔ အသင့္ရွိေနတာကိုေတာင္ သူတို႔ကို ရွိတယ္မထင္တဲ့ ဘာစီလိုနာကို ေဒါသထြက္ေနခဲ့တာပါ။

ဘာစီလိုနာအသင္းအေနနဲ႔ ဒီလိုမ်ိဳး အထာမထားတဲ့ လုပ္ရပ္ေတြကို က်ဴးလြန္ေနတာက ၾကာခဲ့ၿပီျဖစ္ၿပီး သူတို႔လိုခ်င္တဲ့သူကို အသင္းက ထြက္လာဖို႔ စည္း႐ုံးၿပီးမွ တစ္ဖက္မွာ ျဖစ္ခ်င္ရာျဖစ္ လႊတ္ထားေပးၿပီး ကြဲၾကၿပဲၾကတဲ့အခါမ်ိဳးေတြလည္း ရွိၿပီးမွ ေနာက္ဆုံး ေငြေခ်ဖို႔ ကိစၥမွာ သူတို႔က ဝင္ကိုင္တြယ္တဲ့ ပုံစံကို အားလုံးက ခ်ဥ္ေနၾကတာလည္းျဖစ္ပါတယ္။

ကာတာကလပ္အေနနဲ႔ ဇာဗီကို နည္းျပအျဖစ္ အလြယ္တကူ ေကာက္ခန႔္ထားတာမဟုတ္ဘဲ ကစားသမားအျဖစ္ ၄ ႏွစ္ၾကာ ကစားခိုင္းၿပီးမွ အနားယူခ်ိန္မွာ အသင္းကို ကိုင္တြယ္ဖို႔ စင္တင္ေပးခဲ့တာျဖစ္သလို လိုအပ္ရင္ ဘဏၰာေရး ခြၽတ္ၿခဳံက်ေနတဲ့ ဘာစီလိုနာကို ေငြနဲ႔ ဖို႔သတ္လို႔ရတဲ့ ခ်မ္းသာ ႂကြယ္ဝမႈမ်ိဳးရွိေနတာေၾကာင့္ ေလးစားမႈတစ္ခုကိုသာ လိုအပ္ေနတာပါ။

အယ္လ္ဆတ္ဒ္ဘက္ကေတာ့ ဇာဗီဟာ အသင္းနဲ႔ ႏွစ္ႏွစ္စာခ်ဳပ္ရွိတဲ့ နည္းျပျဖစ္သလို ေရွ႕လာမယ့္ ပြဲစဥ္ေတြကိုသာ အာ႐ုံစိုက္ေနၿပီး အသင္းရဲ႕ ခ်န္ပီယံကာကြယ္မႈနဲ႔ အမွတ္ေပးဇယားဦးေဆာင္မႈေတြကို ထိန္းသိမ္းႏိုင္ဖို႔ ျပင္ဆင္ေနသလို လက္ရွိအခ်ိန္အထိ ဘယ္ကလပ္အသင္းဆီကမွ တရားဝင္ ကမ္းလွမ္းမႈမ်ိဳး ရရွိမထားဘူးလို႔ ထုတ္ျပန္ထားပါတယ္။

စပိန္အေျခစိုက္ Sport သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရေတာ့ ဇာဗီအတြက္ ေလ်ာ္ေၾကးစာခ်ဳပ္မွာ ေပါင္ ၈၄၀၀၀၀ (ယူ႐ို ၁ သန္း)နဲ႔ ထည့္သြင္း ခ်ဳပ္ဆိုထားၿပီး ဘာစီလိုနာတို႔ ဒါကို ကလပ္အသင္းနဲ႔ ေဆြးေႏြးေခၚယူႏိုင္သလို ေဖာ္ျပမထားတဲ့ သေဘာတူညီခ်က္ေတြအရ စပိန္သားနည္းျပအေနနဲ႔ ႏူးကမ့္ဆီ ျပန္ခ်င္ရင္ စာခ်ဳပ္ဖ်က္သိမ္းေပးဖို႔ပါ ရွိေနေပမယ့္ ကာတာလန္ကလပ္ရဲ႕ လုပ္ရပ္ကို မႀကိဳက္လို႔ အယ္လ္ဆတ္ဒ္ဘက္က ပညာျပေနတာလည္း ျဖစ္ႏိုင္ပါတယ္။

လက္ရွိမွာေတာ့ ဘာစီလိုနာကို အသင္းမွာ ဘယ္ေနာက္ခံလူအျဖစ္ ကစားခဲ့တဲ့ စပိန္လက္ေ႐ြးစင္ေဟာင္းနဲ႔ အရန္အသင္းနည္းျပ ဆာဂ်ီ ဘာဂြၽမ္က ၿပီးခဲ့တဲ့ အလာဗက္စ္နဲ႔ တစ္ဂိုးစီ သေရက်တဲ့ ပြဲမွာ စတင္ကိုင္တြယ္ခဲ့ၿပီး ဒီအတိုင္းဆိုရင္ ဒီညကစားမယ့္ ဒီနာမိုကိဗ္နဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္ကိုလည္း ဆက္လက္တာဝန္ယူရဖြယ္ရွိေနသလို လာမယ့္ ေသာၾကာေန႔ညမွာ ကစားမယ့္ ဆဲလ္တာဗီဂိုနဲ႔ လာလီဂါ ပြဲစဥ္(၁၃)ကိုလည္း ေရွ႕ဆက္ရႏိုင္ပါတယ္။

လက္ရွိ ျဖစ္ႏိုင္ဖြယ္ ညႇိႏႈိင္းမႈေတြအရ ဇာဗီအေနနဲ႔ ေနာက္တစ္ပတ္မွာ ကစားမယ့္ ဘာစီလိုနာဒါဘီ အက္စ္ပန္ညိဳနဲ႔ ပြဲစဥ္ကိုမွ အေစာဆုံး ကိုင္တြယ္ႏိုင္ဖြယ္ရွိတယ္လို႔လည္း ခန႔္မွန္းရၿပီး ဒါေတာင္မွ လာေပၚတာတို႔ တာဝန္ရွိသူေတြဘက္က အခ်ိဳးမေျပလို႔ ကာတာေတြဘက္ ထပ္ရစ္ခဲ့ရင္ေတာ့ ဇာတ္လမ္းက ပိုၿပီးရွည္သြားႏိုင္ေသးတာပါ။

ဒီအခ်ိန္မွာ အသင္းရဲ႕ တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုကေတာ့ ႏွလုံးခုန္ႏႈန္း မမွန္တဲ့ ျပႆနာေၾကာင့္ သုံးလအထိ အနားယူရဖို႔ ရွိေနၿပီး အေနအထားက ခက္ခဲစ ျပဳလာသလို ယာယီနည္းျပ ဆာဂ်ီနဲ႔ အသင္းကို ေရွ႕ဆက္သြားဖို႔က မလြယ္ကူတဲ့ ကိစၥျဖစ္ေနတာေၾကာင့္ အားလုံးရဲ႕ Transfer ခ်ဥ္ဖတ္ ဘာစီလိုနာတို႔ တစ္ဖက္အသင္းကို ေလးစားမႈျပသၿပီး အဆင္ေျပေအာင္လုပ္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.