Ligue1

စပိန်ဘီလူးကြီးထင်လို့ ခေါ်ပြီးမှ စပိန်ဂျင်းကြီးဖြစ်နေလို့ လမ်းခွဲဖို့ စဉ်းစားနေပြီဖြစ်တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကနေ အလွတ်နဲ့ ပြောင်းရွှေ့လာပြီးကတည်းက အသင်းအတွက် တစ်ပွဲမှ ပါဝင်ကစားပေးနိုင်ခြင်းမရှိသေးတဲ့ စပိန်လက်ရွေးစင်နောက်ခံကစားသမား ဆာဂျီယို ရာမို့စ်ရဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ စဉ်းစားနေပြီလို့ သိရပါတယ်။

ဝါရင့်နောက်ခံကစားသမား ဆာဂျီယို ရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့ပြီးနောက် ပြင်သစ်လီဂူးဝမ်းထိပ်သီးအသင်းကြီးကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းကို ရောက်ရှိခဲ့တဲ့အချိန်ကတည်းက ဒဏ်ရာ ရရှိနေခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် ပီအက်စ်ဂျီအသင်းက တာဝန်ရှိသူတွေအနေနဲ့ ကမ္ဘာ့ဖလားချန်ပီယံရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး အကောင်းမြင်စိတ်တွေ ဆုံးရှုံးလာနေပုံ ရပြီး ပြီးခဲ့တဲ့တနင်္ဂနွေနေ့ညနေမှာ ပီအက်စ်ဂျီအသင်းဟာ ၂၀၂၃ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမယ့် စပိန်နောက်ခံလူရဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ စဉ်းစားနေပြီလို့ Le Parisien က ဖော်ပြခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းက လက်ရှိမှာ အသက် ၃၅ နှစ်အရွယ် နောက်ခံကစားသမားကို ခေါ်ယူမှုဟာ အမှား ပြုလုပ်မိခဲ့တာဖြစ်တယ်လို့ ယုံကြည်နေပြီး အသင်းအတွက် ပွဲဦးထွက်ပါဝင်မကစားပေးမီမှာ အသင်းကနေ ထွက်ခွာခွင့်ပေးသွားဖို့ ကြိုးပမ်းသွားမယ်ဆိုတာ ငြင်းပယ်လို့မရနိုင်တဲ့ကိစ္စဖြစ်နေပြီလို့ Le Parisien ရဲ့သတင်းအရ သိရပါတယ်။

Le Parisien ရဲ့သတင်းဟာ မှန်ကန်ကြောင်း ထောက်ခံတဲ့အနေနဲ့ L’Equipe ကလည်း အလားတူသတင်းမျိုး ဖော်ပြခဲ့ပြီး ပီအက်စ်ဂျီအသင်းဟာ ရာမို့စ်အနေနဲ့ အမြင့်မားဆုံးအဆင့်အတန်းမှာ ပြန်လည် ကစားနိုင်မလားဆိုတာနဲ့ပတ်သက်ပြီး ယုံကြည်ချက် လျော့နည်းနေပြီလို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

 

အသင်း ဆေးအဖွဲ့က ရာမို့စ်မှာ ဒူးနဲ့ ခြေသလုံးဒဏ်ရာပြဿနာအများအပြား ခံစားနေရတယ်လို့ အတည်ပြုထားတာကြောင့် ဘာကြောင့် စပိန်လက်ရွေးစင်နောက်ခံကစားသမားအနေနဲ့ ကာလရှည် ကုသမှုခံယူနေရတာကို ပြစ်တင်ခံနေရတာလဲဆိုတဲ့ မေးခွန်း ရှိလာပါတယ်။

ရာမို့စ်ဟာ ပီအက်စ်ဂျီအသင်းကို မပြောင်းရွှေ့မီ တစ်နှစ်လုံးမှာ အဓိကပြိုင်ပွဲ ၄ ပွဲသာ ပါဝင်ကစားပေးနိုင်ခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ နောက်ဆုံးကစားခဲ့တဲ့ရာသီဟာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့တာကြောင့် ဂန္တဝင်နောက်ခံကစားသမားကို အကောင်းဆုံးပုံစံနဲ့ ကွင်းထဲမှာ နောက်ထပ်တစ်ကြိမ် ထပ်မမြင်ရနိုင်တော့ဖို့ များတယ်လို့ စတင် ထင်မြင်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီလို ဖြစ်ခဲ့တယ်ဆိုရင်တောင်မှ ရာမို့စ်အနေနဲ့ တသက်တာအကောင်းဆုံးကစားသမားတွေထဲကတစ်ဦးအဖြစ် ရှိနေဦးမှာဖြစ်ပြီး ခေတ်သစ်ဘောလုံးလောကမှာ အကောင်းဆုံးခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်ခဲ့တဲ့ ဝါရင့်နောက်ခံလူဟာ ၅ နှစ်တာကာလအတွင်း ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ်ဖလား ၄ ကြိမ်ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အဓိကနိုင်ငံတကာပြိုင်ပွဲ ၃ ခုမှာ အနိုင်ရရှိခဲ့တဲ့ စပိန်လက်ရွေးစင်အသင်းအတွက်လည်း အဓိကကစားသမားအဖြစ် ပါဝင်ကစားပေးခဲ့ပြီး ကလပ်အသင်းကစားသမားဘဝမှာ နောက်ခံလူတွေထဲမှာ ရှားရှားပါးပါးလို့ ဆိုရလောက်တဲ့ သွင်းဂိုး ၁၀၄ ဂိုးအထိ သွင်းယူထားတဲ့ကစားသမားဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပီအက္စ္ဂ်ီအသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္ကေန အလြတ္နဲ႔ ေျပာင္းေရႊ႕လာၿပီးကတည္းက အသင္းအတြက္ တစ္ပြဲမွ ပါဝင္ကစားေပးနိုင္ျခင္းမရွိေသးတဲ့ စပိန္လက္ေရြးစင္ေနာက္ခံကစားသမား ဆာဂ်ီယို ရာမို႔စ္ရဲ့ စာခ်ဳပ္ကို ဖ်က္သိမ္းဖို႔ စဥ္းစားေနၿပီလို႔ သိရပါတယ္။

ဝါရင့္ေနာက္ခံကစားသမား ဆာဂ်ီယို ရာမို႔စ္ဟာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္းကုန္ဆုံးသြားခဲ့ၿပီးေနာက္ ျပင္သစ္လီဂူးဝမ္းထိပ္သီးအသင္းႀကီးကို ေျပာင္းေရႊ႕လာခဲ့တာျဖစ္ၿပီး အသင္းကို ေရာက္ရွိခဲ့တဲ့အခ်ိန္ကတည္းက ဒဏ္ရာ ရရွိေနခဲ့တာ ျဖစ္ပါတယ္။

အဲဒါေၾကာင့္ ပီအက္စ္ဂ်ီအသင္းက တာဝန္ရွိသူေတြအေနနဲ႔ ကမၻာ့ဖလားခ်န္ပီယံရဲ့ အနာဂတ္နဲ႔ပတ္သက္ၿပီး အေကာင္းျမင္စိတ္ေတြ ဆုံးရႈံးလာေနပုံ ရၿပီး ၿပီးခဲ့တဲ့တနဂၤေႏြေန႔ညေနမွာ ပီအက္စ္ဂ်ီအသင္းဟာ ၂၀၂၃ ခုႏွစ္မွာ သက္တမ္းကုန္ဆုံးမယ့္ စပိန္ေနာက္ခံလူရဲ့ စာခ်ဳပ္ကို ဖ်က္သိမ္းဖို႔ စဥ္းစားေနၿပီလို႔ Le Parisien က ေဖာ္ျပခဲ့ပါတယ္။

ပီအက္စ္ဂ်ီအသင္းက လက္ရွိမွာ အသက္ ၃၅ ႏွစ္အရြယ္ ေနာက္ခံကစားသမားကို ေခၚယူမႈဟာ အမွား ျပဳလုပ္မိခဲ့တာျဖစ္တယ္လို႔ ယုံၾကည္ေနၿပီး အသင္းအတြက္ ပြဲဦးထြက္ပါဝင္မကစားေပးမီမွာ အသင္းကေန ထြက္ခြာခြင့္ေပးသြားဖို႔ ႀကိဳးပမ္းသြားမယ္ဆိုတာ ျငင္းပယ္လို႔မရနိုင္တဲ့ကိစၥျဖစ္ေနၿပီလို႔ Le Parisien ရဲ့သတင္းအရ သိရပါတယ္။

Le Parisien ရဲ့သတင္းဟာ မွန္ကန္ေၾကာင္း ေထာက္ခံတဲ့အေနနဲ႔ L’Equipe ကလည္း အလားတူသတင္းမ်ိဳး ေဖာ္ျပခဲ့ၿပီး ပီအက္စ္ဂ်ီအသင္းဟာ ရာမို႔စ္အေနနဲ႔ အျမင့္မားဆုံးအဆင့္အတန္းမွာ ျပန္လည္ ကစားနိုင္မလားဆိုတာနဲ႔ပတ္သက္ၿပီး ယုံၾကည္ခ်က္ ေလ်ာ့နည္းေနၿပီလို႔ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

 

အသင္း ေဆးအဖြဲ႕က ရာမို႔စ္မွာ ဒူးနဲ႔ ေျခသလုံးဒဏ္ရာျပႆနာအမ်ားအျပား ခံစားေနရတယ္လို႔ အတည္ျပဳထားတာေၾကာင့္ ဘာေၾကာင့္ စပိန္လက္ေရြးစင္ေနာက္ခံကစားသမားအေနနဲ႔ ကာလရွည္ ကုသမႈခံယူေနရတာကို ျပစ္တင္ခံေနရတာလဲဆိုတဲ့ ေမးခြန္း ရွိလာပါတယ္။

ရာမို႔စ္ဟာ ပီအက္စ္ဂ်ီအသင္းကို မေျပာင္းေရႊ႕မီ တစ္ႏွစ္လုံးမွာ အဓိကၿပိဳင္ပြဲ ၄ ပြဲသာ ပါဝင္ကစားေပးနိုင္ခဲ့တာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္နဲ႔ ေနာက္ဆုံးကစားခဲ့တဲ့ရာသီဟာ ဒဏ္ရာျပႆနာေတြနဲ႔ ႐ုန္းကန္ခဲ့တာေၾကာင့္ ဂႏၲဝင္ေနာက္ခံကစားသမားကို အေကာင္းဆုံးပုံစံနဲ႔ ကြင္းထဲမွာ ေနာက္ထပ္တစ္ႀကိမ္ ထပ္မျမင္ရနိုင္ေတာ့ဖို႔ မ်ားတယ္လို႔ စတင္ ထင္ျမင္ခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္ အဲဒီလို ျဖစ္ခဲ့တယ္ဆိုရင္ေတာင္မွ ရာမို႔စ္အေနနဲ႔ တသက္တာအေကာင္းဆုံးကစားသမားေတြထဲကတစ္ဦးအျဖစ္ ရွိေနဦးမွာျဖစ္ၿပီး ေခတ္သစ္ေဘာလုံးေလာကမွာ အေကာင္းဆုံးေခါင္းေဆာင္ေတြထဲက တစ္ဦးျဖစ္ခဲ့တဲ့ ဝါရင့္ေနာက္ခံလူဟာ ၅ ႏွစ္တာကာလအတြင္း ရီးရဲလ္မက္ဒရစ္ကို ခ်န္ပီယံလိဂ္ဖလား ၄ ႀကိမ္ရရွိေအာင္ ဦးေဆာင္ေပးနိုင္ခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ အဓိကနိုင္ငံတကာၿပိဳင္ပြဲ ၃ ခုမွာ အနိုင္ရရွိခဲ့တဲ့ စပိန္လက္ေရြးစင္အသင္းအတြက္လည္း အဓိကကစားသမားအျဖစ္ ပါဝင္ကစားေပးခဲ့ၿပီး ကလပ္အသင္းကစားသမားဘဝမွာ ေနာက္ခံလူေတြထဲမွာ ရွားရွားပါးပါးလို႔ ဆိုရေလာက္တဲ့ သြင္းဂိုး ၁၀၄ ဂိုးအထိ သြင္းယူထားတဲ့ကစားသမားျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.