Ligue1

မက်ဆီက နောက်ဆုံးတော့လည်း ဘာမှမထူးခြားဘူးလို့ ပြောလိုက်တဲ့ အနယ်လ်ကာ

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး မက်ဆီဟာ လာမယ့်လမှာ ဘယ်လွန်ဒေါဆုကို ၇ ကြိမ်မြောက် ရရှိသွားလိမ့်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံထားရသူဖြစ်ပြီး ပီအက်စ်ဂျီ တိုက်စစ်မှူးဟောင်း အနယ်လ်ကာက အာဂျင်တီးနားကြယ်ပွင့်ရဲ့ စိတ်ပျက်ဖွယ်စတင်မှုနောက်ပိုင်း အခက်အခဲသိပ်မရှိဘဲ နေခွင့် ရရှိခဲ့တယ်လို့ ယုံကြည်နေပါတယ်။

မက်ဆီဟာ ချန်ပီယံလိဂ်ပွဲစဉ် ၃ ပွဲမှာ ၂ ဂိုး သွင်းယူထားနိုင်ခဲ့ပေမယ့်လည်း လီဂူးဝမ်းပွဲစဉ် ၅ ပွဲမှာ တစ်ဂိုးမှ သွင်းယူနိုင်ခြင်းမရှိသေးတာဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်ရဲ့အသင်းဖော်ဖြစ်တဲ့ နေမာက ယခုရာသီ လိဂ်ပွဲ ၇ ပွဲမှာ ၁ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပြီး အလားတူအချိန်ကာလမျိုး ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ နေမာရော မက်ဆီပါ ယခုရာသီမှာ ဂိုးသွင်းယူနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့်လည်း အနယ်လ်ကာက ဘရာဇီးလ်တိုက်စစ်မှူးဟာ ဘာစီလိုနာကြယ်ပွင့်ဟောင်းထက်စာရင် ပိုမိုပြင်းထန်တဲ့ ဝေဖန်မှုတွေကို ခံခဲ့ရတယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

RMC ကို စကားပြောဆိုရာမှာ အနယ်လ်ကာက ယခုရာသီ ပဲရစ်က မက်ဆီရဲ့အချိန်တွေအတွက် ကြမ်းတမ်းတဲ့ တုံ့ပြန်မှုမျိုး ပေးခဲ့ပြီး အာဂျင်တီးနားဂန္တဝင်ဟာ ၎င်းရဲ့ အကောင်းဆုံးခြေစွမ်းမှာ မရှိတော့တာ ရှင်းလင်းနေပြီလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ “ဒီနေ့ ကျွန်တော်တို့ နေမာဆီကနေ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပေမယ့် မက်ဆီကိုလည်း အဲဒီအတိုင်း လုပ်လို့ရနိုင်ပါတယ်။ ရာသီအစကတည်းက သူတို့ ၂ ယောက်စလုံးက ဘာမှ ထူးခြားကောင်းမွန်မနေခဲ့ပါဘူး။ သူတို့ထဲမှာ ဘယ်လွန်ဒေါ ၆ ဆုရှင် ရှိနေပြီး နောက်ဆုံးတော့လည်း ဘာမှမဟုတ်ပါလား”

မက်ဆီနဲ့ပတ်သက်ပြီး မျှမျှတတပြောရမယ်ဆိုရင် အသင်းဖော်သစ်တွေနဲ့ နားလည်မှုက တိုးတက်လာခြင်းမရှိခဲ့တာဖြစ်ပြီး ပိုချက်တီနိုရဲ့ ကြယ်စင်စုတွေ ပြည့်နှက်နေတဲ့ လူစာရင်းမှာ တစ်စိတ်တပိုင်းပါဝင်နေရတာတောင် ကစားသမားတွေအတွက် အတူတကွ အကျိုးသက်ရောက်မှုရှိအောင် လုပ်ဆောင်နိုင်ဖို့ အချိန်ယူနေရတာဖြစ်ပါတယ်။

ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး စိုးရိမ်စရာတွေနဲ့ နိုင်ငံတကာပွဲစဉ်ကစားပေးရမှုတို့ကြောင့် မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ တိုက်စစ်အတွဲဟာ ကြောက်မက်ဖွယ်အကောင်းဆုံး တိုက်စစ်အတွဲဖြစ်မလာသေးတာဖြစ်ပါတယ်။ အနယ်လ်ကာက ပဲရစ်မှာ မက်ဆီအနေနဲ့ ၎င်းရဲ့ထိပ်တန်းခြေစွမ်းကို ပြသနိုင်မှာလားဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်နေပုံပေါ်ပေမယ့် နေမာကိုတော့ ကစားသမားဘဝရဲ့ ခက်ခဲတဲ့ကာလကနေ ပြန်လည်ထွက်ပေါ်လာနိုင်လိမ့်မယ်လို့ ထောက်ခံပြောကြားခဲ့တာဖြစ်ပါတယ်။

“နေမာက ခက်ခဲတဲ့အခိုက်အတံ့ကို ကျော်ဖြတ်နေရပါတယ်။ တကယ်လို့ နည်းပြကသာ သူ့ရဲ့ခြေစွမ်းအဆင့်အတန်းကို ပြန်ရဖို့ ကစားရမယ်လို့ တွေးရင် သူ့ကို ကစားခိုင်းမှာပါ။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကို ချိုးဖျက်ဖို့အတွက် နောက်မှ သုံးဖို့ ဖယ်ထားတာ ဒါမှမဟုတ် အစားထိုးတာမျိုးက ဖြစ်နေတာတွေကို ပြင်ဆင်နိုင်မှာမဟုတ်ပါဘူး”

“ဒါ့အပြင် သူ့မှာ ကြီးမားတဲ့ လစာပမာဏရှိနေတယ်။ သူက ပြင်သစ်နဲ့ ကမ္ဘာ့ဘောလုံးလောကရဲ့ ကြယ်ပွင့်ပဲ။ သူက လိဂ်ထဲက အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပေမယ့်လည်း အဲဒါကို သူ အခုအချိန်မှာ ပြသဖို့အတွက် တိုက်ပွဲဝင်နေရတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး မက္ဆီဟာ လာမယ့္လမွာ ဘယ္လြန္ေဒါဆုကို ၇ ႀကိမ္ေျမာက္ ရရွိသြားလိမ့္မယ္လို႔ က်ယ္က်ယ္ျပန႔္ျပန႔္ ယူဆျခင္းခံထားရသူျဖစ္ၿပီး ပီအက္စ္ဂ်ီ တိုက္စစ္မႉးေဟာင္း အနယ္လ္ကာက အာဂ်င္တီးနားၾကယ္ပြင့္ရဲ့ စိတ္ပ်က္ဖြယ္စတင္မႈေနာက္ပိုင္း အခက္အခဲသိပ္မရွိဘဲ ေနခြင့္ ရရွိခဲ့တယ္လို႔ ယုံၾကည္ေနပါတယ္။

မက္ဆီဟာ ခ်န္ပီယံလိဂ္ပြဲစဥ္ ၃ ပြဲမွာ ၂ ဂိုး သြင္းယူထားနိုင္ခဲ့ေပမယ့္လည္း လီဂူးဝမ္းပြဲစဥ္ ၅ ပြဲမွာ တစ္ဂိုးမွ သြင္းယူနိုင္ျခင္းမရွိေသးတာျဖစ္ၿပီး အာဂ်င္တီးနားၾကယ္ပြင့္ရဲ့အသင္းေဖာ္ျဖစ္တဲ့ ေနမာက ယခုရာသီ လိဂ္ပြဲ ၇ ပြဲမွာ ၁ ဂိုးသာ သြင္းယူထားနိုင္ခဲ့ၿပီး အလားတူအခ်ိန္ကာလမ်ိဳး ၾကဳံေတြ႕ခဲ့ရတာျဖစ္ပါတယ္။ ေနမာေရာ မက္ဆီပါ ယခုရာသီမွာ ဂိုးသြင္းယူနိုင္ဖို႔ ႐ုန္းကန္ခဲ့ရေပမယ့္လည္း အနယ္လ္ကာက ဘရာဇီးလ္တိုက္စစ္မႉးဟာ ဘာစီလိုနာၾကယ္ပြင့္ေဟာင္းထက္စာရင္ ပိုမိုျပင္းထန္တဲ့ ေဝဖန္မႈေတြကို ခံခဲ့ရတယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။

RMC ကို စကားေျပာဆိုရာမွာ အနယ္လ္ကာက ယခုရာသီ ပဲရစ္က မက္ဆီရဲ့အခ်ိန္ေတြအတြက္ ၾကမ္းတမ္းတဲ့ တုံ႔ျပန္မႈမ်ိဳး ေပးခဲ့ၿပီး အာဂ်င္တီးနားဂႏၲဝင္ဟာ ၎ရဲ့ အေကာင္းဆုံးေျခစြမ္းမွာ မရွိေတာ့တာ ရွင္းလင္းေနၿပီလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ “ဒီေန႔ ကၽြန္ေတာ္တို႔ ေနမာဆီကေန ေတာင္းဆိုမႈေတြ ျပဳလုပ္ခဲ့ေပမယ့္ မက္ဆီကိုလည္း အဲဒီအတိုင္း လုပ္လို႔ရနိုင္ပါတယ္။ ရာသီအစကတည္းက သူတို႔ ၂ ေယာက္စလုံးက ဘာမွ ထူးျခားေကာင္းမြန္မေနခဲ့ပါဘူး။ သူတို႔ထဲမွာ ဘယ္လြန္ေဒါ ၆ ဆုရွင္ ရွိေနၿပီး ေနာက္ဆုံးေတာ့လည္း ဘာမွမဟုတ္ပါလား”

မက္ဆီနဲ႔ပတ္သက္ၿပီး မၽွမၽွတတေျပာရမယ္ဆိုရင္ အသင္းေဖာ္သစ္ေတြနဲ႔ နားလည္မႈက တိုးတက္လာျခင္းမရွိခဲ့တာျဖစ္ၿပီး ပိုခ်က္တီနိုရဲ့ ၾကယ္စင္စုေတြ ျပည့္ႏွက္ေနတဲ့ လူစာရင္းမွာ တစ္စိတ္တပိုင္းပါဝင္ေနရတာေတာင္ ကစားသမားေတြအတြက္ အတူတကြ အက်ိဳးသက္ေရာက္မႈရွိေအာင္ လုပ္ေဆာင္နိုင္ဖို႔ အခ်ိန္ယူေနရတာျဖစ္ပါတယ္။

ႀကံ့ခိုင္မႈနဲ႔ပတ္သက္ၿပီး စိုးရိမ္စရာေတြနဲ႔ နိုင္ငံတကာပြဲစဥ္ကစားေပးရမႈတို႔ေၾကာင့္ မက္ဆီ၊ ေနမာ၊ အမ္ဘာေပတို႔ တိုက္စစ္အတြဲဟာ ေၾကာက္မက္ဖြယ္အေကာင္းဆုံး တိုက္စစ္အတြဲျဖစ္မလာေသးတာျဖစ္ပါတယ္။ အနယ္လ္ကာက ပဲရစ္မွာ မက္ဆီအေနနဲ႔ ၎ရဲ့ထိပ္တန္းေျခစြမ္းကို ျပသနိုင္မွာလားဆိုတဲ့ကိစၥနဲ႔ပတ္သက္ၿပီး စိုးရိမ္ေနပုံေပၚေပမယ့္ ေနမာကိုေတာ့ ကစားသမားဘဝရဲ့ ခက္ခဲတဲ့ကာလကေန ျပန္လည္ထြက္ေပၚလာနိုင္လိမ့္မယ္လို႔ ေထာက္ခံေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ေနမာက ခက္ခဲတဲ့အခိုက္အတံ့ကို ေက်ာ္ျဖတ္ေနရပါတယ္။ တကယ္လို႔ နည္းျပကသာ သူ႔ရဲ့ေျခစြမ္းအဆင့္အတန္းကို ျပန္ရဖို႔ ကစားရမယ္လို႔ ေတြးရင္ သူ႔ကို ကစားခိုင္းမွာပါ။ သူတို႔ရဲ့ စိတ္ပိုင္းဆိုင္ရာကို ခ်ိဳးဖ်က္ဖို႔အတြက္ ေနာက္မွ သုံးဖို႔ ဖယ္ထားတာ ဒါမွမဟုတ္ အစားထိုးတာမ်ိဳးက ျဖစ္ေနတာေတြကို ျပင္ဆင္နိုင္မွာမဟုတ္ပါဘူး”

“ဒါ့အျပင္ သူ႔မွာ ႀကီးမားတဲ့ လစာပမာဏရွိေနတယ္။ သူက ျပင္သစ္နဲ႔ ကမၻာ့ေဘာလုံးေလာကရဲ့ ၾကယ္ပြင့္ပဲ။ သူက လိဂ္ထဲက အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ေပမယ့္လည္း အဲဒါကို သူ အခုအခ်ိန္မွာ ျပသဖို႔အတြက္ တိုက္ပြဲဝင္ေနရတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.