Match Report Premier League

ဗီလာကို ဖြုတ်ပြီး အဆင့်သုံးက မန်စီးတီးနဲ့တောင် အမှတ်တူနိုင်ခဲ့တဲ့ ဝက်စ်ဟမ်း

အက်စတန်ဗီလာအသင်းအနေနဲ့ ဒီနေ့မှာ အိမ်ကွင်း ဗီလာပါ့ခ်မှာ ကစားခဲ့ရချိန်မှာ ၄-၂-၃-၁ ကစားကွက်နဲ့ ကစားသမားသစ်တွေဖြစ်ကြတဲ့ ဘေလီနဲ့ ဘွင်ဒီယာတို့ကို တစ်ပြိုင်တည်း ထုတ်သုံးခဲ့သလို ကွင်းလယ်မှာ မက်ဂင်းနဲ့ နာကမ်ဘာကို အထိုင်ချပြီး တိုက်စစ်မှာတော့ ဝပ်ကင်းစ်ကို အထောင်ထားပွဲထွက်ခဲ့ပါတယ်။

ဝက်စ်ဟမ်းကလည်း အဝေးကွင်းမှာ သူတို့ရဲ့ အမြင့်ပျံခရီးကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် ရိုက်စ်၊ ဆိုးချက်ခ်၊ ဖော်နယ်လ်စ်၊ ဘိုဝင်၊ ဘင်ရာမာနဲ့ အန်တိုနီယိုတို့ကို လူစုံထုတ်သုံးခဲ့ပြီး ဒေးဗစ်မွိုက်စ်အနေနဲ့ ကြံ့ခိုင်မှု သိပ်မပြည့်သေးတဲ့ ညာနောက်ခံလူ ဆိုဖာလ်နေရာမှာ လူငယ်ကစားသမား ဂျွန်ဆန်ကိုပဲ ဦးစားပေးမဟုတ်သူကို သုံးစွဲခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇ မိနစ်မှာတော့ ဧည့်သည် ဝက်စ်ဟမ်းတို့ အဖွင့်ဂိုးကို စတင်သွင်းယူနိုင်ခဲ့ပြီး ကွင်းလယ်ကနေ အသင်းခေါင်းဆောင် ရိုက်စ်က ပေးပို့ခဲ့တဲ့ အမြောက်ဘောကို ညာနောက်ခံလူ ဂျွန်ဆန်က အေးအေးဆေးဆေး ထိန်းသိမ်းပြီးမှ အတွင်းကို ဆွဲဝင်ခဲ့ပြီး ဘယ်ခြေနဲ့ မြေရှပ်ဘော ကန်သွင်းခဲ့ရာမှာ ဂိုးသမား မာတီနက်ဇ် မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးလိုက်ရတာလည်းဖြစ်ပါတယ်။

ဝက်စ်ဟမ်းတို့ကတော့ ပွဲထွက်ကစားသမားတွေကလွဲရင် လူစားလဲစရာတောင် သိပ်မကျန်ဘဲဖြစ်နေတဲ့ ဒဏ်ရာတွေနဲ့ ဗီလာကို ခပ်တင်းတင်းပဲ ကစားပြခဲ့ပြီး သူတို့ရဲ့ လျင်မြန်မှုတွေမှာ အိမ်ရှင်ခံစစ်သမားတွေ မျက်ကလူးဆန်ပြာဖြစ်ခဲ့ရသလို ပွဲချိန် ၁၅ မိနစ်မှာလည်း ဘင်ရာမာရဲ့ ထိုးဖောက်မှုကနေ ဘိုဝင်ကန်သွင်းခွင့်ရခဲ့တာကို ဂိုးသမား မဖမ်းနိုင်တဲ့ အနေအထားကနေ နောက်ခံလူ ကတ်ရှ်က နှစ်ကြိမ်တိုင်တိုင် ပိတ်ဆို့ခဲ့ရပါတယ်။

ပွဲချိန် ၃၄ မိနစ်မှာတော့ ဗီလာတို့ ချေပဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့ပြီး မက်ဂင်း ထိုးပေးလိုက်တာကို ကွင်းလယ်လူ ဘွင်ဒီယာက ဝက်စ်ဟမ်းကွင်းလယ်လူ ဖော်နယ်လ်စ်ရဲ့ တားဆီးမှုကို ကျော်ဖြတ်ပြီး Cut Back ပြန်ချိုးပေးရာမှာ အိုလီ ဝပ်ကင်းစ်က အနိမ့်ဘော အပြင်းကန်သွင်းနိုင်ခဲ့လို့ တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

အိမ်ကွင်းမှာ ပြန်လာနိုင်ဖို့ ဘာမင်ဂမ်သားတွေရဲ့ မျှော်လင့်ချက်တွေကတော့ ကြာကြာမခံလိုက်ဘဲ ပွဲချိန် ၃၈ မိနစ်မှာတော့ ဘယ်တောင်ပံကနေ ဘင်ရာမာ ဆွဲပြေးလာပြီး အတွင်းကို ချိုးပေးတာကို ဒက်ကလန်ရိုက်စ်က ဂိုးဧရိယာအပြင်ကနေ မြေရှပ်ဘော ခပ်ပြင်းပြင်း ကန်သွင်းခဲ့ရာမှာ မာတီနက်ဇ် တစ်ယောက် ခံလိုက်ရပြန်ပြီး ဝက်စ်ဟမ်းတို့ ဦးဆောင်ဂိုး ထပ်မံရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။

အသင်းဟောင်း အာဆင်နယ်ကို ပြီးခဲ့တဲ့ အမ်းမရိတ်က ရှုံးပွဲမတိုင်ခင်ကလည်း လေတိုက်ထားခဲ့ပြီးမှ အတီးခံခဲ့ရတဲ့ အာဂျင်တီးနားလက်ရွေးစင်ဂိုးသမားကတော့ နေရာမတူညီပေမယ့် သဘောသဘာဝချင်းတူတဲ့ ကန်ချက်နှစ်ကြိမ်စလုံးမှာ ထိုးနှက်ခံခဲ့ရမှုနဲ့အတူ သူ့ရဲ့ လက်စွမ်းနဲ့ အာရုံစူးစိုက်မှုက ဒီနေ့မှာ မေးခွန်းထုတ်စရာလည်းဖြစ်ခဲ့တာပါ။

ပထမပိုင်းမှာတော့ ပုံစံကောင်းမရှိခဲ့တဲ့ ဒင်းန် စမစ်ရဲ့ အက်စတန်ဗီလာတို့အပေါ် ရစ်သမ်မှန်ပြီး ယုံကြည်မှု မြင့်မားနေတဲ့ ဒေးဗစ်မွိုက်စ်ရဲ့ ဝက်စ်ဟမ်းတို့က နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပြီး အိမ်ရှင်ကွင်းလယ်လူ မက်ဂင်းရဲ့ ကြိုးစားမှုတွေကတော့ အတွဲအဖက်မညီတဲ့ ကွင်းလယ်ကြောင့် အရာမထင်ဘဲဖြစ်ခဲ့ရပါတယ်။

ဒုတိယပိုင်း ပြန်အစ ပွဲချိန် ၄၇ မိနစ်မှာတော့ ဗီလာတို့ အနီကတ်နှစ်ကတ်ထိနိုင်တဲ့ ဖြစ်ရပ်နှစ်ခုကို စက္ကန့်ပိုင်းအတွင်း ရင်ဆိုင်ခဲ့ရပြီး ဝက်စ်ဟမ်းရဲ့ တန်ပြန်တိုက်စစ် စတင်ချိန်မှာ ဖော်နယ်လ်စ်ရဲ့ မျက်နှာကို လက်နဲ့တားဆီးတဲ့ ဟော့စ်နဲ့ ဒီကနေ ဘောလုံးအပျက်မှာ ရယူပြီး ဂိုးဧရိယာထဲကို ပြေးဝင်ဖို့ ကြိုးစားတဲ့ ဘိုဝင်ကို နောက်ကနေ ဝင်တိုက်တဲ့ ကွန်ဆာတို့ကြောင့် VAR နဲ့ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။

လက်စွမ်းပြတဲ့ နောက်ခံလူ ကော့တ်နီ ဟော့စ်ကတော့ ဒိုင်လူကြီးရဲ့ သက်ညှာမှုမှာ အဝါတောင် မထိဘဲ ကင်းလွတ်ခဲ့ပေမယ့် ဂိုးသွင်းဖို့ အခွင့်အရေးရှိနေတဲ့ ဘိုဝင်ကို Last Defender အဖြစ် တားဆီးတဲ့ ကွန်ဆာကတော့ ကံမကောင်းခဲ့ဘဲ အဝါကတ်ပြခံရပြီးမှ တိုက်ရိုက်အနီကတ်နဲ့ ပြောင်းလဲထုတ်ပယ်ခံခဲ့ရတာကြောင့် ဗီလာတို့ လက်ကျန်ပွဲချိန်တွေကို ၁၀ ယောက်တည်းနဲ့ ကစားရဖို့ ဖြစ်လာခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ဗီလာဘက်က ကွင်းလယ်လူ ဘွင်ဒီယာအစား တိုင်ရုန်း မင်းစ်ကို ထည့်သွင်းပြီး နည်းနည်းနဲ့ ကျဲကျဲဝိုင်းတဲ့ ပုံစံနဲ့ ချေပဂိုး ပြန်ရဖို့ ပါးပါးနပ်နပ် ကစားလာခဲ့သလို ဝက်စ်ဟမ်းကလည်း ပွဲကို တစ်ခါတည်း ပြတ်ပြတ်သားသား ဖြတ်ပစ်နိုင်ဖို့ နှစ်သင်းကြား နည်းဗျူဟာပိုင်းအရ ပြိုင်ဆိုင်လာခဲ့ကြပြီး ပွဲချိန် ၅၇ မိနစ်မှာတော့ ဝပ်ကင်းစ်ရဲ့ ခေါင်းတိုက်ချက် ဘားထိခဲ့တာက အိမ်ရှင်တွေအတွက် ကံဆိုးခဲ့ပါတယ်။

ပွဲချိန် ၆၄ မိနစ်မှာ ဝက်စ်ဟမ်းဘက်က ဘင်ရာမာအစား လန်ဇီနီကို ထည့်သွင်းခဲ့ရာမှာ ကွင်းလယ်ကစားကွက်က ပိုကောင်းလာခဲ့ပြီး ပွဲချိန် ၆၈ မိနစ်မှာတော့ ဖရီးကစ်ကို ကွင်းလယ်လူ ရိုက်စ်ကပဲ လူတံတိုင်းကြားကနေ အနိမ့်ဘောကန်သွင်းခဲ့တာကို ဒီတစ်ခါမှာတော့ ဂိုးသမား မာတီနက်ဇ် ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ပွဲချိန်မိနစ် ၈၀ မှာတော့ ခံစစ်ကနေ ရိုက်စ်က ရှင်းထုတ်လိုက်တဲ့ ဘောလုံးကို အန်တိုနီယို ခေါင်းတိုက်ချပေးခဲ့ရာမှာ ဝက်စ်ဟမ်းတို့ ကောင်တာ စတင်ခဲ့ပြီး ဘိုဝင်က ညာခြမ်းကနေ တောက်လျှောက်ဆွဲပြေးပြီး အနိမ့်ဘောကန်သွင်းခဲ့တာကို ဗီလာဂိုးသမား မာတီနက်ဇ်က လက်ဖျားနဲ့ ထိုးထုတ်နိုင်ခဲ့ပေမယ့် ဘယ်ခြမ်းက အဆင်သင့် ပါလာတဲ့ ဖော်နယ်လ်စ်က ထောင့်ကျဉ်းအနေအထားက ပိတ်သွင်းနိုင်ခဲ့လို့ ဧည့်သည်တွေ တတိယဂိုး ရရှိခဲ့ပါတယ်။

ပွဲချိန် ၈၄ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ စတုတ္ထမြောက် ပွဲသိမ်းအနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး အန်တိုနီယိုက သူ့ကို လာကပ်တဲ့ နောက်ခံလူကို တစ်ပတ်လှည့်ထွက်ပြီး ဧရိယာထဲကို ထိုးပေးလိုက်ရာမှာ ဘောလုံးရသွားတဲ့ လန်ဇီနီက မကန်ဘဲ ပိုအခွင့်အရေးကောင်းတဲ့ ဘိုဝင်ဆီကို ချိုးပေးခဲ့ရာမှာ ဘိုဝင်က အနီးကပ်ပိတ်သွင်းနိုင်ခဲ့လို့ ဗီလာတို့ ပြိုလဲသွားခဲ့ရပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ဝက်စ်ဟမ်းတို့ ပွဲမကစားရတဲ့ ဗလာရှစ်ချ်နဲ့ ညာနောက်ခံလူ ဆိုဖာလ်တို့ကို ဖော်နယ်လ်စ်နဲ့ ဘိုဝင်တို့နေရာမှာ ထည့်သွင်းပြီး ထိန်းကစားသွားခဲ့လို့ ပွဲအပြီးမှာ လေးဂိုး-တစ်ဂိုးနဲ့ ခြေစွမ်းကောင်းကို ပြသနိုင်ခဲ့သလို ပွဲစဉ် ၁၀ အပြီးမှာ ရမှတ် ၂၀ စုဆောင်းနိုင်ခဲ့ပြီး တတိယနေရာက မန်ချက်စတာစီးတီးနဲ့ အမှတ်တူ ဂိုးကွာခြားချက်အနည်းနဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နိုင်ခဲ့ချိန်မှာ ဗီလာတို့ကတော့ နောက်ဆုံး ၄ ပွဲဆက် အရှုံးမှာ ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၁၅ အထိ ကျဆင်းသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အက္စတန္ဗီလာအသင္းအေနနဲ႔ ဒီေန႔မွာ အိမ္ကြင္း ဗီလာပါ့ခ္မွာ ကစားခဲ့ရခ်ိန္မွာ ၄-၂-၃-၁ ကစားကြက္နဲ႔ ကစားသမားသစ္ေတြျဖစ္ၾကတဲ့ ေဘလီနဲ႔ ဘြင္ဒီယာတို႔ကို တစ္ၿပိဳင္တည္း ထုတ္သုံးခဲ့သလို ကြင္းလယ္မွာ မက္ဂင္းနဲ႔ နာကမ္ဘာကို အထိုင္ခ်ၿပီး တိုက္စစ္မွာေတာ့ ဝပ္ကင္းစ္ကို အေထာင္ထားပြဲထြက္ခဲ့ပါတယ္။

ဝက္စ္ဟမ္းကလည္း အေဝးကြင္းမွာ သူတို႔ရဲ႕ အျမင့္ပ်ံခရီးကို ဆက္လက္ထိန္းသိမ္းထားႏိုင္ဖို႔အတြက္ ႐ိုက္စ္၊ ဆိုးခ်က္ခ္၊ ေဖာ္နယ္လ္စ္၊ ဘိုဝင္၊ ဘင္ရာမာနဲ႔ အန္တိုနီယိုတို႔ကို လူစုံထုတ္သုံးခဲ့ၿပီး ေဒးဗစ္မြိဳက္စ္အေနနဲ႔ ႀကံ့ခိုင္မႈ သိပ္မျပည့္ေသးတဲ့ ညာေနာက္ခံလူ ဆိုဖာလ္ေနရာမွာ လူငယ္ကစားသမား ဂြၽန္ဆန္ကိုပဲ ဦးစားေပးမဟုတ္သူကို သုံးစြဲခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇ မိနစ္မွာေတာ့ ဧည့္သည္ ဝက္စ္ဟမ္းတို႔ အဖြင့္ဂိုးကို စတင္သြင္းယူႏိုင္ခဲ့ၿပီး ကြင္းလယ္ကေန အသင္းေခါင္းေဆာင္ ႐ိုက္စ္က ေပးပို႔ခဲ့တဲ့ အေျမာက္ေဘာကို ညာေနာက္ခံလူ ဂြၽန္ဆန္က ေအးေအးေဆးေဆး ထိန္းသိမ္းၿပီးမွ အတြင္းကို ဆြဲဝင္ခဲ့ၿပီး ဘယ္ေျခနဲ႔ ေျမရွပ္ေဘာ ကန္သြင္းခဲ့ရာမွာ ဂိုးသမား မာတီနက္ဇ္ မကာကြယ္ႏိုင္ခဲ့ဘဲ ဂိုးေပးလိုက္ရတာလည္းျဖစ္ပါတယ္။

ဝက္စ္ဟမ္းတို႔ကေတာ့ ပြဲထြက္ကစားသမားေတြကလြဲရင္ လူစားလဲစရာေတာင္ သိပ္မက်န္ဘဲျဖစ္ေနတဲ့ ဒဏ္ရာေတြနဲ႔ ဗီလာကို ခပ္တင္းတင္းပဲ ကစားျပခဲ့ၿပီး သူတို႔ရဲ႕ လ်င္ျမန္မႈေတြမွာ အိမ္ရွင္ခံစစ္သမားေတြ မ်က္ကလူးဆန္ျပာျဖစ္ခဲ့ရသလို ပြဲခ်ိန္ ၁၅ မိနစ္မွာလည္း ဘင္ရာမာရဲ႕ ထိုးေဖာက္မႈကေန ဘိုဝင္ကန္သြင္းခြင့္ရခဲ့တာကို ဂိုးသမား မဖမ္းႏိုင္တဲ့ အေနအထားကေန ေနာက္ခံလူ ကတ္ရွ္က ႏွစ္ႀကိမ္တိုင္တိုင္ ပိတ္ဆို႔ခဲ့ရပါတယ္။

ပြဲခ်ိန္ ၃၄ မိနစ္မွာေတာ့ ဗီလာတို႔ ေခ်ပဂိုး ျပန္လည္ရွာေဖြႏိုင္ခဲ့ၿပီး မက္ဂင္း ထိုးေပးလိုက္တာကို ကြင္းလယ္လူ ဘြင္ဒီယာက ဝက္စ္ဟမ္းကြင္းလယ္လူ ေဖာ္နယ္လ္စ္ရဲ႕ တားဆီးမႈကို ေက်ာ္ျဖတ္ၿပီး Cut Back ျပန္ခ်ိဳးေပးရာမွာ အိုလီ ဝပ္ကင္းစ္က အနိမ့္ေဘာ အျပင္းကန္သြင္းႏိုင္ခဲ့လို႔ တစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။

အိမ္ကြင္းမွာ ျပန္လာႏိုင္ဖို႔ ဘာမင္ဂမ္သားေတြရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကေတာ့ ၾကာၾကာမခံလိုက္ဘဲ ပြဲခ်ိန္ ၃၈ မိနစ္မွာေတာ့ ဘယ္ေတာင္ပံကေန ဘင္ရာမာ ဆြဲေျပးလာၿပီး အတြင္းကို ခ်ိဳးေပးတာကို ဒက္ကလန္႐ိုက္စ္က ဂိုးဧရိယာအျပင္ကေန ေျမရွပ္ေဘာ ခပ္ျပင္းျပင္း ကန္သြင္းခဲ့ရာမွာ မာတီနက္ဇ္ တစ္ေယာက္ ခံလိုက္ရျပန္ၿပီး ဝက္စ္ဟမ္းတို႔ ဦးေဆာင္ဂိုး ထပ္မံရွာေဖြႏိုင္ခဲ့တာျဖစ္ပါတယ္။

အသင္းေဟာင္း အာဆင္နယ္ကို ၿပီးခဲ့တဲ့ အမ္းမရိတ္က ရႈံးပြဲမတိုင္ခင္ကလည္း ေလတိုက္ထားခဲ့ၿပီးမွ အတီးခံခဲ့ရတဲ့ အာဂ်င္တီးနားလက္ေ႐ြးစင္ဂိုးသမားကေတာ့ ေနရာမတူညီေပမယ့္ သေဘာသဘာဝခ်င္းတူတဲ့ ကန္ခ်က္ႏွစ္ႀကိမ္စလုံးမွာ ထိုးႏွက္ခံခဲ့ရမႈနဲ႔အတူ သူ႔ရဲ႕ လက္စြမ္းနဲ႔ အာ႐ုံစူးစိုက္မႈက ဒီေန႔မွာ ေမးခြန္းထုတ္စရာလည္းျဖစ္ခဲ့တာပါ။

ပထမပိုင္းမွာေတာ့ ပုံစံေကာင္းမရွိခဲ့တဲ့ ဒင္းန္ စမစ္ရဲ႕ အက္စတန္ဗီလာတို႔အေပၚ ရစ္သမ္မွန္ၿပီး ယုံၾကည္မႈ ျမင့္မားေနတဲ့ ေဒးဗစ္မြိဳက္စ္ရဲ႕ ဝက္စ္ဟမ္းတို႔က ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ထားႏိုင္ခဲ့ၿပီး အိမ္ရွင္ကြင္းလယ္လူ မက္ဂင္းရဲ႕ ႀကိဳးစားမႈေတြကေတာ့ အတြဲအဖက္မညီတဲ့ ကြင္းလယ္ေၾကာင့္ အရာမထင္ဘဲျဖစ္ခဲ့ရပါတယ္။

ဒုတိယပိုင္း ျပန္အစ ပြဲခ်ိန္ ၄၇ မိနစ္မွာေတာ့ ဗီလာတို႔ အနီကတ္ႏွစ္ကတ္ထိႏိုင္တဲ့ ျဖစ္ရပ္ႏွစ္ခုကို စကၠန႔္ပိုင္းအတြင္း ရင္ဆိုင္ခဲ့ရၿပီး ဝက္စ္ဟမ္းရဲ႕ တန္ျပန္တိုက္စစ္ စတင္ခ်ိန္မွာ ေဖာ္နယ္လ္စ္ရဲ႕ မ်က္ႏွာကို လက္နဲ႔တားဆီးတဲ့ ေဟာ့စ္နဲ႔ ဒီကေန ေဘာလုံးအပ်က္မွာ ရယူၿပီး ဂိုးဧရိယာထဲကို ေျပးဝင္ဖို႔ ႀကိဳးစားတဲ့ ဘိုဝင္ကို ေနာက္ကေန ဝင္တိုက္တဲ့ ကြန္ဆာတို႔ေၾကာင့္ VAR နဲ႔ အဆုံးအျဖတ္ ခံယူခဲ့ရပါတယ္။

လက္စြမ္းျပတဲ့ ေနာက္ခံလူ ေကာ့တ္နီ ေဟာ့စ္ကေတာ့ ဒိုင္လူႀကီးရဲ႕ သက္ညႇာမႈမွာ အဝါေတာင္ မထိဘဲ ကင္းလြတ္ခဲ့ေပမယ့္ ဂိုးသြင္းဖို႔ အခြင့္အေရးရွိေနတဲ့ ဘိုဝင္ကို Last Defender အျဖစ္ တားဆီးတဲ့ ကြန္ဆာကေတာ့ ကံမေကာင္းခဲ့ဘဲ အဝါကတ္ျပခံရၿပီးမွ တိုက္႐ိုက္အနီကတ္နဲ႔ ေျပာင္းလဲထုတ္ပယ္ခံခဲ့ရတာေၾကာင့္ ဗီလာတို႔ လက္က်န္ပြဲခ်ိန္ေတြကို ၁၀ ေယာက္တည္းနဲ႔ ကစားရဖို႔ ျဖစ္လာခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ဗီလာဘက္က ကြင္းလယ္လူ ဘြင္ဒီယာအစား တိုင္႐ုန္း မင္းစ္ကို ထည့္သြင္းၿပီး နည္းနည္းနဲ႔ က်ဲက်ဲဝိုင္းတဲ့ ပုံစံနဲ႔ ေခ်ပဂိုး ျပန္ရဖို႔ ပါးပါးနပ္နပ္ ကစားလာခဲ့သလို ဝက္စ္ဟမ္းကလည္း ပြဲကို တစ္ခါတည္း ျပတ္ျပတ္သားသား ျဖတ္ပစ္ႏိုင္ဖို႔ ႏွစ္သင္းၾကား နည္းဗ်ဴဟာပိုင္းအရ ၿပိဳင္ဆိုင္လာခဲ့ၾကၿပီး ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ ဝပ္ကင္းစ္ရဲ႕ ေခါင္းတိုက္ခ်က္ ဘားထိခဲ့တာက အိမ္ရွင္ေတြအတြက္ ကံဆိုးခဲ့ပါတယ္။

ပြဲခ်ိန္ ၆၄ မိနစ္မွာ ဝက္စ္ဟမ္းဘက္က ဘင္ရာမာအစား လန္ဇီနီကို ထည့္သြင္းခဲ့ရာမွာ ကြင္းလယ္ကစားကြက္က ပိုေကာင္းလာခဲ့ၿပီး ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ ဖရီးကစ္ကို ကြင္းလယ္လူ ႐ိုက္စ္ကပဲ လူတံတိုင္းၾကားကေန အနိမ့္ေဘာကန္သြင္းခဲ့တာကို ဒီတစ္ခါမွာေတာ့ ဂိုးသမား မာတီနက္ဇ္ ကာကြယ္သြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္မိနစ္ ၈၀ မွာေတာ့ ခံစစ္ကေန ႐ိုက္စ္က ရွင္းထုတ္လိုက္တဲ့ ေဘာလုံးကို အန္တိုနီယို ေခါင္းတိုက္ခ်ေပးခဲ့ရာမွာ ဝက္စ္ဟမ္းတို႔ ေကာင္တာ စတင္ခဲ့ၿပီး ဘိုဝင္က ညာျခမ္းကေန ေတာက္ေလွ်ာက္ဆြဲေျပးၿပီး အနိမ့္ေဘာကန္သြင္းခဲ့တာကို ဗီလာဂိုးသမား မာတီနက္ဇ္က လက္ဖ်ားနဲ႔ ထိုးထုတ္ႏိုင္ခဲ့ေပမယ့္ ဘယ္ျခမ္းက အဆင္သင့္ ပါလာတဲ့ ေဖာ္နယ္လ္စ္က ေထာင့္က်ဥ္းအေနအထားက ပိတ္သြင္းႏိုင္ခဲ့လို႔ ဧည့္သည္ေတြ တတိယဂိုး ရရွိခဲ့ပါတယ္။

ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ ဝက္စ္ဟမ္းတို႔ စတုတၳေျမာက္ ပြဲသိမ္းအႏိုင္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီး အန္တိုနီယိုက သူ႔ကို လာကပ္တဲ့ ေနာက္ခံလူကို တစ္ပတ္လွည့္ထြက္ၿပီး ဧရိယာထဲကို ထိုးေပးလိုက္ရာမွာ ေဘာလုံးရသြားတဲ့ လန္ဇီနီက မကန္ဘဲ ပိုအခြင့္အေရးေကာင္းတဲ့ ဘိုဝင္ဆီကို ခ်ိဳးေပးခဲ့ရာမွာ ဘိုဝင္က အနီးကပ္ပိတ္သြင္းႏိုင္ခဲ့လို႔ ဗီလာတို႔ ၿပိဳလဲသြားခဲ့ရပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ဝက္စ္ဟမ္းတို႔ ပြဲမကစားရတဲ့ ဗလာရွစ္ခ်္နဲ႔ ညာေနာက္ခံလူ ဆိုဖာလ္တို႔ကို ေဖာ္နယ္လ္စ္နဲ႔ ဘိုဝင္တို႔ေနရာမွာ ထည့္သြင္းၿပီး ထိန္းကစားသြားခဲ့လို႔ ပြဲအၿပီးမွာ ေလးဂိုး-တစ္ဂိုးနဲ႔ ေျခစြမ္းေကာင္းကို ျပသႏိုင္ခဲ့သလို ပြဲစဥ္ ၁၀ အၿပီးမွာ ရမွတ္ ၂၀ စုေဆာင္းႏိုင္ခဲ့ၿပီး တတိယေနရာက မန္ခ်က္စတာစီးတီးနဲ႔ အမွတ္တူ ဂိုးကြာျခားခ်က္အနည္းနဲ႔ အဆင့္ ၄ ေနရာမွာ ရပ္တည္ႏိုင္ခဲ့ခ်ိန္မွာ ဗီလာတို႔ကေတာ့ ေနာက္ဆုံး ၄ ပြဲဆက္ အရႈံးမွာ ရမွတ္ ၁၀ မွတ္နဲ႔ အဆင့္ ၁၅ အထိ က်ဆင္းသြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.