Premier League

အာဆင်နယ်ပရိသတ်တွေ ဂိုးသမား မာတီနက်ဇ်ကို အခွင့်ကောင်းစောင့်ပြီး ထိုးနှက်ခဲ့ကြ

အာဆင်နယ်ပရိသတ်တွေအနေနဲ့ ပြီးခဲ့တဲ့ ဝက်စ်ဟမ်းယူနိုက်တက်နဲ့ ရှုံးပွဲအပြီးမှာ ကာကွယ်ပုံအမှားနှစ်ခုကနေ နှစ်ဂိုးပေးခဲ့ရပြီး လေးဂိုးအထိ စာရင်းပေါက်ခဲ့တဲ့ အက်စတန်ဗီလာဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကို အခွင့်အရေးရတုန်း တွစ်တာပေါ်မှာ ဝိုင်းဝန်းလှောင်ပြောင်ထိုးနှက်ခဲ့ကြပါတယ်။

ဂန်းနားဂိုးသမားဟောင်းရဲ့ ပြီးခဲ့တဲ့ ရာသီက လက်စွမ်းကို ပရိသတ်တွေ နှမြောခဲ့ကြပြီး လွမ်းဆွတ်တသခဲ့ကြပေမယ့် ကိုပါအမေရိကဖလားကို အာဂျင်တီးနားနဲ့ ရယူအပြီး မြောက်ကြွမြောက်ကြွဖြစ်လာခဲ့သလို အသင်းဟောင်းကို ဟောင်ဖွာဟောင်ဖွာလုပ်လာခဲ့တဲ့အချိန်မှာ သူတို့တွေကြားက သဘောထားနဲ့ ဆက်ဆံရေးက ပြောင်းလဲသွားခဲ့ပြီး ရန်သူတွေအဖြစ် အချိန်တိုအတွင်းမှာ ပြောင်းလဲသွားခဲ့တာပါ။

ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ ဗီလာတို့ တွေ့ဆုံမယ့် အမ်းမရိတ်ပွဲမတိုင်ခင်မှာ မာတီနက်ဇ်အနေနဲ့ အသင်းဟောင်းဟာ သူ့ကို ပိုင်ဆိုင်ထားဖို့ ထိုက်တန်မှု မရှိဘူးလို့ ထိုးနှက်ခဲ့သလို ဝေ့လည်ကြောင်ပတ်စကားတွေနဲ့ သူ့ကို ဂျင်းထည့်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုခဲ့အပြီးမှာ ပရိသတ်တွေက ပေါက်ကွဲခဲ့ကြသလို ဒီပွဲမှာ ရလဒ်ကောင်းနိုင်ဖို့ တွန်းအားပေးခဲ့ကြတာပါ။

အာဆင်နယ်တို့အနေနဲ့ သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ယူခဲ့တဲ့ အဲ့ဒီပွဲမှာ ပရိသတ်တွေအနေနဲ့ အာဂျင်တီးနားသားကို ဝုန်းချင်ခဲ့ကြပေမယ့် အခွင့်အရေးက သိပ်မကောင်းခဲ့သေးဘဲ အူဘာမီယန်းရဲ့ ပင်နယ်တီကို ကာကွယ်သွားခဲ့လို့ တစ်ဆုံးမပြောဘဲ စောင့်နေခဲ့ကြရသလို ဒီနေ့ ဝက်စ်ဟမ်းနဲ့ပွဲမှာတော့ မြိုသိပ်ထားသမျှတွေ ပွင့်အန်လာခဲ့တာလည်းဖြစ်ပါတယ်။

နောက်ဆုံးပရီးမီးယားလိဂ် နှစ်ပွဲပေါင်း ၇ ဂိုးအထိ ပေးလိုက်ရတဲ့ မာတီနက်ဇ်ကို အာဆင်နယ်ပရိသတ်တွေက လက်ရှိဂိုးသမား “အာရွန် ရမ်းစ်ဒေးလ်ရဲ့ ကာကွယ်မှု ဗီဒီယိုတွေကို ဒီဗီဒီနဲ့ ပို့ပေးလိုက်မယ်လေ၊ ပညာယူဖို့ ကြည့်မလား”လို့ စတင်တူးဆွခဲ့ကြပြီး “ငါတို့ရဲ့ အကောင်းဆုံးဂိုးသမားက ကမ္ဘာ့အဆင့်ကာကွယ်မှုတွေ လုပ်နိုင်တယ်၊ မင်းလို လွယ်လွယ်နဲ့ နှစ်ဂိုးမပေးဘူး”လို့ပါ လှောင်ပြောင်ခဲ့ကြတာပါ။

ပရိသတ်တစ်ဦးကတော့ “အာတီတာက ရှက်ဖီးလ်ဒ် တန်းဆင်းမယ်ဆိုတာကို ကြိုသိလို့ ရမ်းစ်ဒေးလ်ကို သက်သက်သာသာနဲ့ ခေါ်နိုင်ဖို့ မင်းကို ရောင်းထုတ်ခဲ့တာကွ”လို့ သရော်သွားခဲ့သလို နောက်တစ်ဦးကတော့ “လီနိုရော မာတီနက်ဇ်ပါ လဒူတွေချည်းပဲ၊ ရမ်းစ်ဒေးလ်ကမှ ကောင်းတာ”လို့ ဘယ်နား နေမှန်းမသိတဲ့ လီနိုကိုပါ ဆွဲထည့်သွားခဲ့ပါသေးတယ်။

တစ်ယောက်ကတော့ “မာတီနက်ဇ်နဲ့ ရမ်းစ်ဒေးလ်ကို ယှဉ်ခိုင်းတယ်ဆိုတာ လော့ဒ်ဘန့်ဒ်တနာကို မက်ဆီနဲ့ ယှဉ်ပြောသလို ဖြစ်တော့မှာပေါ့”လို့ နှိမ်သွားခဲ့သလို နောက်တစ်ဦးက “ငါတို့တွေ ဗီလာကို သန်း ၂၀ နဲ့ ဂျင်းထည့်လိုက်တာ လွန်များသွားပြီလား မသိဘူး။ ပိုက်ဆံပြန်အမ်းပေးရင် ကောင်းမယ်ထင်တယ်”လို့ပါ ဝုန်းသွားခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

အာဆင်နယ်ပရိသတ်တွေအနေနဲ့ ဘန်းဒ် လီနိုအစား ရမ်းစ်ဒေးလ်ကို ရရှိထားပြီး လက်စတာနဲ့ပွဲက စွမ်းစွမ်းတမံ ဖရီးကစ်ကာကွယ်မှုကြောင့် ဂုဏ်ယူနေခဲ့ကြချိန်မှာ မာတီနက်ဇ်ရဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ အလဲလဲအကွဲကွဲဖြစ်ခဲ့ရမှုကတော့ သူတို့တွေအတွက် အကွက်ကောင်းဖြစ်ခဲ့ပြီး တွစ်တာပေါ်မှာ ထိုးနှက်လို့ ကောင်းခဲ့ကြတာလည်းဖြစ်ပါတယ်။

မီဒီယာတွေပေါ်မှာတော့ မာတီနက်ဇ်ကို တိုင်ရုန်း မင်းစ်နဲ့ တွမ်ဇီဘီတို့ရဲ့ တွဲထူပေးနေရတဲ့ ပုံကလည်း အာဆင်နယ်ပရိသတ်တွေကြား ရေပန်းစားနေခဲ့ပြီး ဆယ်နှစ်ကြာဖြတ်သန်းခဲ့တဲ့ အသင်းဟောင်းနဲ့ ဆက်ဆံရေးကောင်းကို ထိန်းသိမ်းမထားဘဲ နှုတ်ဖွာခဲ့တဲ့သူအတွက်တော့ အမုန်းတရားတွေနဲ့ လှောင်ပြောင်မှုတွေက စောင့်ကြိုနေခဲ့ပြီပဲဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ ၿပီးခဲ့တဲ့ ဝက္စ္ဟမ္းယူႏိုက္တက္နဲ႔ ရႈံးပြဲအၿပီးမွာ ကာကြယ္ပုံအမွားႏွစ္ခုကေန ႏွစ္ဂိုးေပးခဲ့ရၿပီး ေလးဂိုးအထိ စာရင္းေပါက္ခဲ့တဲ့ အက္စတန္ဗီလာဂိုးသမား အီမီလီယာႏို မာတီနက္ဇ္ကို အခြင့္အေရးရတုန္း တြစ္တာေပၚမွာ ဝိုင္းဝန္းေလွာင္ေျပာင္ထိုးႏွက္ခဲ့ၾကပါတယ္။

ဂန္းနားဂိုးသမားေဟာင္းရဲ႕ ၿပီးခဲ့တဲ့ ရာသီက လက္စြမ္းကို ပရိသတ္ေတြ ႏွေျမာခဲ့ၾကၿပီး လြမ္းဆြတ္တသခဲ့ၾကေပမယ့္ ကိုပါအေမရိကဖလားကို အာဂ်င္တီးနားနဲ႔ ရယူအၿပီး ေျမာက္ႂကြေျမာက္ႂကြျဖစ္လာခဲ့သလို အသင္းေဟာင္းကို ေဟာင္ဖြာေဟာင္ဖြာလုပ္လာခဲ့တဲ့အခ်ိန္မွာ သူတို႔ေတြၾကားက သေဘာထားနဲ႔ ဆက္ဆံေရးက ေျပာင္းလဲသြားခဲ့ၿပီး ရန္သူေတြအျဖစ္ အခ်ိန္တိုအတြင္းမွာ ေျပာင္းလဲသြားခဲ့တာပါ။

ၿပီးခဲ့တဲ့ အာဆင္နယ္နဲ႔ ဗီလာတို႔ ေတြ႕ဆုံမယ့္ အမ္းမရိတ္ပြဲမတိုင္ခင္မွာ မာတီနက္ဇ္အေနနဲ႔ အသင္းေဟာင္းဟာ သူ႔ကို ပိုင္ဆိုင္ထားဖို႔ ထိုက္တန္မႈ မရွိဘူးလို႔ ထိုးႏွက္ခဲ့သလို ေဝ့လည္ေၾကာင္ပတ္စကားေတြနဲ႔ သူ႔ကို ဂ်င္းထည့္ဖို႔ ႀကိဳးစားခဲ့တယ္လို႔ ဆိုခဲ့အၿပီးမွာ ပရိသတ္ေတြက ေပါက္ကြဲခဲ့ၾကသလို ဒီပြဲမွာ ရလဒ္ေကာင္းႏိုင္ဖို႔ တြန္းအားေပးခဲ့ၾကတာပါ။

အာဆင္နယ္တို႔အေနနဲ႔ သုံးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ယူခဲ့တဲ့ အဲ့ဒီပြဲမွာ ပရိသတ္ေတြအေနနဲ႔ အာဂ်င္တီးနားသားကို ဝုန္းခ်င္ခဲ့ၾကေပမယ့္ အခြင့္အေရးက သိပ္မေကာင္းခဲ့ေသးဘဲ အူဘာမီယန္းရဲ႕ ပင္နယ္တီကို ကာကြယ္သြားခဲ့လို႔ တစ္ဆုံးမေျပာဘဲ ေစာင့္ေနခဲ့ၾကရသလို ဒီေန႔ ဝက္စ္ဟမ္းနဲ႔ပြဲမွာေတာ့ ၿမိဳသိပ္ထားသမွ်ေတြ ပြင့္အန္လာခဲ့တာလည္းျဖစ္ပါတယ္။

ေနာက္ဆုံးပရီးမီးယားလိဂ္ ႏွစ္ပြဲေပါင္း ၇ ဂိုးအထိ ေပးလိုက္ရတဲ့ မာတီနက္ဇ္ကို အာဆင္နယ္ပရိသတ္ေတြက လက္ရွိဂိုးသမား “အာ႐ြန္ ရမ္းစ္ေဒးလ္ရဲ႕ ကာကြယ္မႈ ဗီဒီယိုေတြကို ဒီဗီဒီနဲ႔ ပို႔ေပးလိုက္မယ္ေလ၊ ပညာယူဖို႔ ၾကည့္မလား”လို႔ စတင္တူးဆြခဲ့ၾကၿပီး “ငါတို႔ရဲ႕ အေကာင္းဆုံးဂိုးသမားက ကမာၻ႔အဆင့္ကာကြယ္မႈေတြ လုပ္ႏိုင္တယ္၊ မင္းလို လြယ္လြယ္နဲ႔ ႏွစ္ဂိုးမေပးဘူး”လို႔ပါ ေလွာင္ေျပာင္ခဲ့ၾကတာပါ။

ပရိသတ္တစ္ဦးကေတာ့ “အာတီတာက ရွက္ဖီးလ္ဒ္ တန္းဆင္းမယ္ဆိုတာကို ႀကိဳသိလို႔ ရမ္းစ္ေဒးလ္ကို သက္သက္သာသာနဲ႔ ေခၚႏိုင္ဖို႔ မင္းကို ေရာင္းထုတ္ခဲ့တာကြ”လို႔ သေရာ္သြားခဲ့သလို ေနာက္တစ္ဦးကေတာ့ “လီႏိုေရာ မာတီနက္ဇ္ပါ လဒူေတြခ်ည္းပဲ၊ ရမ္းစ္ေဒးလ္ကမွ ေကာင္းတာ”လို႔ ဘယ္နား ေနမွန္းမသိတဲ့ လီႏိုကိုပါ ဆြဲထည့္သြားခဲ့ပါေသးတယ္။

တစ္ေယာက္ကေတာ့ “မာတီနက္ဇ္နဲ႔ ရမ္းစ္ေဒးလ္ကို ယွဥ္ခိုင္းတယ္ဆိုတာ ေလာ့ဒ္ဘန႔္ဒ္တနာကို မက္ဆီနဲ႔ ယွဥ္ေျပာသလို ျဖစ္ေတာ့မွာေပါ့”လို႔ ႏွိမ္သြားခဲ့သလို ေနာက္တစ္ဦးက “ငါတို႔ေတြ ဗီလာကို သန္း ၂၀ နဲ႔ ဂ်င္းထည့္လိုက္တာ လြန္မ်ားသြားၿပီလား မသိဘူး။ ပိုက္ဆံျပန္အမ္းေပးရင္ ေကာင္းမယ္ထင္တယ္”လို႔ပါ ဝုန္းသြားခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ ဘန္းဒ္ လီႏိုအစား ရမ္းစ္ေဒးလ္ကို ရရွိထားၿပီး လက္စတာနဲ႔ပြဲက စြမ္းစြမ္းတမံ ဖရီးကစ္ကာကြယ္မႈေၾကာင့္ ဂုဏ္ယူေနခဲ့ၾကခ်ိန္မွာ မာတီနက္ဇ္ရဲ႕ ဝက္စ္ဟမ္းနဲ႔ပြဲမွာ အလဲလဲအကြဲကြဲျဖစ္ခဲ့ရမႈကေတာ့ သူတို႔ေတြအတြက္ အကြက္ေကာင္းျဖစ္ခဲ့ၿပီး တြစ္တာေပၚမွာ ထိုးႏွက္လို႔ ေကာင္းခဲ့ၾကတာလည္းျဖစ္ပါတယ္။

မီဒီယာေတြေပၚမွာေတာ့ မာတီနက္ဇ္ကို တိုင္႐ုန္း မင္းစ္နဲ႔ တြမ္ဇီဘီတို႔ရဲ႕ တြဲထူေပးေနရတဲ့ ပုံကလည္း အာဆင္နယ္ပရိသတ္ေတြၾကား ေရပန္းစားေနခဲ့ၿပီး ဆယ္ႏွစ္ၾကာျဖတ္သန္းခဲ့တဲ့ အသင္းေဟာင္းနဲ႔ ဆက္ဆံေရးေကာင္းကို ထိန္းသိမ္းမထားဘဲ ႏႈတ္ဖြာခဲ့တဲ့သူအတြက္ေတာ့ အမုန္းတရားေတြနဲ႔ ေလွာင္ေျပာင္မႈေတြက ေစာင့္ႀကိဳေနခဲ့ၿပီပဲျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.