Match Report Premier League

အိမ်ကွင်းမှာ ဘရန့်ဖို့ဒ်ကို ဝုန်းပြီး တန်းဆင်းဇုန်က ရုန်းထွက်တဲ့ ဘန်လေ

ဘန်လေအသင်းအနေနဲ့ ဒီနေ့မှာ အသင်းကြီးတွေတောင်မှ ကစားရခက်တဲ့ တာ့ဖ်မိုးရ်မှာ မလိမ်မိုးမလိမ်မာ တန်းတက် ဘရန့်ဖို့ဒ်တို့ကို ပညာပေးဖို့ စီစဉ်ခဲ့ပြီး နည်းပြ ရှောင်ဒိုက်ချ်အနေနဲ့ သူတို့ရဲ့ အခိုင်အမာ လူစာရင်းကို ထုတ်သုံးခဲ့ချိန်မှာ သောမတ်စ် ဖရန့်ခ်ကတော့ ဒေးဗစ် ရာယာကို ဒဏ်ရာနဲ့ လက်လွှတ်ထားခဲ့ရတာကြောင့် ရှိတဲ့လူနဲ့ပဲ ကျားကန်ခဲ့ရပါတယ်။

ပွဲချိန် ၄ မိနစ်မှာကတည်းက ဘရန့်ဖို့ဒ်နောက်ခံလူ ပင်းနော့ခ်ရဲ့ တားဆီးပုံ မပီပြင်တာကနေ ဘောလုံးက လွတ်ထွက်သွားခဲ့တာကို ဘန်လေရဲ့ တိုက်စစ်မှူး ခရစ္စဝုဒ်က မနားတမ်း Volley ကန်သွင်းခဲ့ရာမှာ ရှေ့တက်နေတဲ့ အရန်ဂိုးသမား အယ်လ်ဗာရို ဖာနန်ဒက်ဇ်ရဲ့ လက်လှမ်းမီရာကနေ ကျော်ပြီး ဂိုးထဲ ဝင်သွားခဲ့လို့ အိမ်ရှင်တွေ စောစောစီးစီးပဲ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ဆဲလ်တစ်နဲ့ ခြေစွမ်းပြခဲ့တဲ့ အရပ်ရှည်ရှည်နောက်ခံလူ အာယေးကို ခေါက်ထားခဲ့ပြီးနောက်ပိုင်း အလွတ်ပြောင်းရွှေ့လာတဲ့ “ဇန်ကာ” ယော်ဂန်ဆန်ကို ထည့်သွင်းပြီးနောက်ပိုင်း ခံစစ်ရဲ့ ကျစ်လျစ်မှု လျော့ကျပြီး ရလဒ်တွေ ကျဆင်းလာတာကို သတိမမူမိသေးတဲ့ မျိုးချစ် ဒိန်းမတ်နည်းပြ ဖရန့်ခ်ကတော့ အသင်းရဲ့ ရလဒ်တွေကို ပြန်လည်အဖြေရှာဖို့ လိုအပ်နေတာလည်းဖြစ်ပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာ ညာခြမ်းက ဖြတ်တင်ဘောကို အက်ရှ်လီ ဘန်းစ် ခေါင်းတိုက်ချရာကနေ ဘယ်ခြမ်းက ပါလာတဲ့ ကော်နေးက ပိတ်သွင်းနိုင်ခဲ့ပေမယ့် လူကျွံနေတာကြောင့် ဘရန့်ဖို့ဒ်တို့ သက်သာခဲ့ရသလို အသင်းကြီးတွေနဲ့ အမှတ်ခွဲယူစဉ်က ပုံစံတွေကလည်း ဘန်လေရဲ့ ဖြတ်တင်ဘောတွေကို မကာကွယ်နိုင်ဘဲ ပျောက်ဆုံးနေခဲ့တာပါ။

ပွဲချိန် ၃၂ မိနစ်မှာတော့ ဘယ်နောက်ခံလူ ချာလီ တေလာရဲ့ ဖြတ်တင်ဘောကို ဘရန့်ဖို့ဒ်ဂိုးသမား ဖာနန်ဒက်ဇ်နဲ့ နောက်ခံလူ ရီကို ဟင်နရီတို့ကြား နားလည်မှုလွဲပြီး ဘယ်သူကမှ ရယူဖို့ မကြိုးစားတော့ချိန်မှာ ဘန်လေညာနောက်ခံလူ လိုးတန်က သူတို့ကြားထဲကနေ ပြေးဝင်ခေါင်းတိုက်ပြီး အိမ်ရှင်တွေအတွက် ဒုတိယဦးဆောင်ဂိုး ရယူပေးနိုင်ခဲ့ပါတယ်။

ပွဲချိန် ၃၆ မိနစ်မှာတော့ ကွင်းလယ်ကနေ မက်နီးလ်က ဘယ်တောင်ပံကို မ,တင်ပေးခဲ့ရာမှာ တိုက်စစ်မှူး ကော်နေး ရရှိသွားခဲ့ပြီး သူက အတွင်းကို စိမ်ပြေနပြေ ပြန်ဆွဲဝင်ပြီးမှ ဂိုးသမားရဲ့ အဝေးတိုင်အပေါ်ထောင့်ကို အပြင်းကန်သွင်းခဲ့ရာမှာ ဘရန့်ဖို့ဒ်တို့ အငိုက်မိခဲ့ကြပြီး ဘန်လေတို့ တတိယဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။

ပထမပိုင်းမှာ မပဋာ မြေလူးနေတဲ့ ဂိုးသမားရဲ့ အဖြစ်ဆိုးနဲ့ ဘရန့်ဖို့ဒ်ကို ဘန်လေတို့ သုံးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး အိမ်ကွင်းမှာ နိုင်ပွဲနဲ့အတူ တန်းဆင်းဇုန်ကနေ ရုန်းထွက်ဖို့ အခြေအနေကောင်းကို ပိုင်ဆိုင်နိုင်ခဲ့ချိန်မှာ တန်းတက် ပျားတွေကတော့ ဂိုးသမား ရာယာ မရှိတဲ့ ဒဏ်ကို ခါးစည်းခံခဲ့ရတာပါ။

ဒုတိယပိုင်းမှာတော့ ဘရန့်ဖို့ဒ်တို့ တိုက်စစ်မြှင့်ကစားလာခဲ့သလို အိမ်ရှင်ဘန်လေတို့ ခံစစ်ထိုင်ပြီး ကောင်တာပြန်ကစားဖို့ ကြိုးစားခဲ့လို့ ပွဲက ရင်ခုန်စရာဖြစ်လာခဲ့ပြီး ဧည့်သည်တွေက ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီး ကစားလာခဲ့ချိန်မှာ တိုနီနဲ့အဖွဲ့ကလည်း ခြိမ်းခြောက်လာနိုင်ခဲ့ပါတယ်။

ပွဲချိန် ၇၉ မိနစ်မှာတော့ ဘရန့်ဖို့ဒ်တို့ နှစ်သိမ့်ဂိုးတစ်ဂိုး ပြန်လည်ရယူနိုင်ခဲ့ပြီး ညာခြမ်းက ယန်းနဲ့လ်ရဲ့ ဖြတ်တင်ဘောကို နော်ဂါ့ဒ်က ခေါင်းတိုက်ချပေးရာမှာ လူစားဝင်တောင်ပံတိုက်စစ်မှူး ဂေါ့ဒို့စ်က လေထဲမှာ ခုန်ကန်ပြီး ဘန်လေနောက်တန်းနဲ့ ဂိုးသမား နစ်ခ် ပုပ်တို့ကို အငိုက်မိစေခဲ့တာ ဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဘန်လေတို့ ပွဲကို ထိန်းကစားသွားခဲ့ပြီး မိနစ် ၉၀ အပြည့်မှာတော့ သုံးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့သလို ဒီရာသီ ပထမဆုံး နိုင်ပွဲနဲ့ တန်းဆင်းဇုန်ကနေ ရုန်းထွက်နိုင်ခဲ့သလို အဆင့် ၁၈ က လိဒ်စ်ယူနိုက်တက်တို့ အဆင့် ၂၀ က နော့ဝစ်ချ်နဲ့ မကစားခင်မှာ အဆင့် ၁၇ နေရာကို
တက်လှမ်းနိုင်ခဲ့ပြီး ဘရန့်ဖို့ဒ်ကတော့ နောက်ဆုံးသုံးပွဲဆက်အရှုံးနဲ့အတူ အဆင့် ၁၂ နေရာမှာ ရပ်တည်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘန္ေလအသင္းအေနနဲ႔ ဒီေန႔မွာ အသင္းႀကီးေတြေတာင္မွ ကစားရခက္တဲ့ တာ့ဖ္မိုးရ္မွာ မလိမ္မိုးမလိမ္မာ တန္းတက္ ဘရန႔္ဖို႔ဒ္တို႔ကို ပညာေပးဖို႔ စီစဥ္ခဲ့ၿပီး နည္းျပ ေရွာင္ဒိုက္ခ်္အေနနဲ႔ သူတို႔ရဲ႕ အခိုင္အမာ လူစာရင္းကို ထုတ္သုံးခဲ့ခ်ိန္မွာ ေသာမတ္စ္ ဖရန႔္ခ္ကေတာ့ ေဒးဗစ္ ရာယာကို ဒဏ္ရာနဲ႔ လက္လႊတ္ထားခဲ့ရတာေၾကာင့္ ရွိတဲ့လူနဲ႔ပဲ က်ားကန္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၄ မိနစ္မွာကတည္းက ဘရန႔္ဖို႔ဒ္ေနာက္ခံလူ ပင္းေနာ့ခ္ရဲ႕ တားဆီးပုံ မပီျပင္တာကေန ေဘာလုံးက လြတ္ထြက္သြားခဲ့တာကို ဘန္ေလရဲ႕ တိုက္စစ္မႉး ခရစၥဝုဒ္က မနားတမ္း Volley ကန္သြင္းခဲ့ရာမွာ ေရွ႕တက္ေနတဲ့ အရန္ဂိုးသမား အယ္လ္ဗာ႐ို ဖာနန္ဒက္ဇ္ရဲ႕ လက္လွမ္းမီရာကေန ေက်ာ္ၿပီး ဂိုးထဲ ဝင္သြားခဲ့လို႔ အိမ္ရွင္ေတြ ေစာေစာစီးစီးပဲ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဆဲလ္တစ္နဲ႔ ေျခစြမ္းျပခဲ့တဲ့ အရပ္ရွည္ရွည္ေနာက္ခံလူ အာေယးကို ေခါက္ထားခဲ့ၿပီးေနာက္ပိုင္း အလြတ္ေျပာင္းေ႐ႊ႕လာတဲ့ “ဇန္ကာ” ေယာ္ဂန္ဆန္ကို ထည့္သြင္းၿပီးေနာက္ပိုင္း ခံစစ္ရဲ႕ က်စ္လ်စ္မႈ ေလ်ာ့က်ၿပီး ရလဒ္ေတြ က်ဆင္းလာတာကို သတိမမူမိေသးတဲ့ မ်ိဳးခ်စ္ ဒိန္းမတ္နည္းျပ ဖရန႔္ခ္ကေတာ့ အသင္းရဲ႕ ရလဒ္ေတြကို ျပန္လည္အေျဖရွာဖို႔ လိုအပ္ေနတာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္မွာ ညာျခမ္းက ျဖတ္တင္ေဘာကို အက္ရွ္လီ ဘန္းစ္ ေခါင္းတိုက္ခ်ရာကေန ဘယ္ျခမ္းက ပါလာတဲ့ ေကာ္ေနးက ပိတ္သြင္းႏိုင္ခဲ့ေပမယ့္ လူကြၽံေနတာေၾကာင့္ ဘရန႔္ဖို႔ဒ္တို႔ သက္သာခဲ့ရသလို အသင္းႀကီးေတြနဲ႔ အမွတ္ခြဲယူစဥ္က ပုံစံေတြကလည္း ဘန္ေလရဲ႕ ျဖတ္တင္ေဘာေတြကို မကာကြယ္ႏိုင္ဘဲ ေပ်ာက္ဆုံးေနခဲ့တာပါ။

ပြဲခ်ိန္ ၃၂ မိနစ္မွာေတာ့ ဘယ္ေနာက္ခံလူ ခ်ာလီ ေတလာရဲ႕ ျဖတ္တင္ေဘာကို ဘရန႔္ဖို႔ဒ္ဂိုးသမား ဖာနန္ဒက္ဇ္နဲ႔ ေနာက္ခံလူ ရီကို ဟင္နရီတို႔ၾကား နားလည္မႈလြဲၿပီး ဘယ္သူကမွ ရယူဖို႔ မႀကိဳးစားေတာ့ခ်ိန္မွာ ဘန္ေလညာေနာက္ခံလူ လိုးတန္က သူတို႔ၾကားထဲကေန ေျပးဝင္ေခါင္းတိုက္ၿပီး အိမ္ရွင္ေတြအတြက္ ဒုတိယဦးေဆာင္ဂိုး ရယူေပးႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၃၆ မိနစ္မွာေတာ့ ကြင္းလယ္ကေန မက္နီးလ္က ဘယ္ေတာင္ပံကို မ,တင္ေပးခဲ့ရာမွာ တိုက္စစ္မႉး ေကာ္ေနး ရရွိသြားခဲ့ၿပီး သူက အတြင္းကို စိမ္ေျပနေျပ ျပန္ဆြဲဝင္ၿပီးမွ ဂိုးသမားရဲ႕ အေဝးတိုင္အေပၚေထာင့္ကို အျပင္းကန္သြင္းခဲ့ရာမွာ ဘရန႔္ဖို႔ဒ္တို႔ အငိုက္မိခဲ့ၾကၿပီး ဘန္ေလတို႔ တတိယဂိုးနဲ႔ ဦးေဆာင္ခဲ့ပါတယ္။

ပထမပိုင္းမွာ မပဋာ ေျမလူးေနတဲ့ ဂိုးသမားရဲ႕ အျဖစ္ဆိုးနဲ႔ ဘရန႔္ဖို႔ဒ္ကို ဘန္ေလတို႔ သုံးဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၿပီး အိမ္ကြင္းမွာ ႏိုင္ပြဲနဲ႔အတူ တန္းဆင္းဇုန္ကေန ႐ုန္းထြက္ဖို႔ အေျခအေနေကာင္းကို ပိုင္ဆိုင္ႏိုင္ခဲ့ခ်ိန္မွာ တန္းတက္ ပ်ားေတြကေတာ့ ဂိုးသမား ရာယာ မရွိတဲ့ ဒဏ္ကို ခါးစည္းခံခဲ့ရတာပါ။

ဒုတိယပိုင္းမွာေတာ့ ဘရန႔္ဖို႔ဒ္တို႔ တိုက္စစ္ျမႇင့္ကစားလာခဲ့သလို အိမ္ရွင္ဘန္ေလတို႔ ခံစစ္ထိုင္ၿပီး ေကာင္တာျပန္ကစားဖို႔ ႀကိဳးစားခဲ့လို႔ ပြဲက ရင္ခုန္စရာျဖစ္လာခဲ့ၿပီး ဧည့္သည္ေတြက ေဘာလုံးပိုင္ဆိုင္မႈ အသာစီးရယူၿပီး ကစားလာခဲ့ခ်ိန္မွာ တိုနီနဲ႔အဖြဲ႕ကလည္း ၿခိမ္းေျခာက္လာႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ ဘရန႔္ဖို႔ဒ္တို႔ ႏွစ္သိမ့္ဂိုးတစ္ဂိုး ျပန္လည္ရယူႏိုင္ခဲ့ၿပီး ညာျခမ္းက ယန္းနဲ႔လ္ရဲ႕ ျဖတ္တင္ေဘာကို ေနာ္ဂါ့ဒ္က ေခါင္းတိုက္ခ်ေပးရာမွာ လူစားဝင္ေတာင္ပံတိုက္စစ္မႉး ေဂါ့ဒို႔စ္က ေလထဲမွာ ခုန္ကန္ၿပီး ဘန္ေလေနာက္တန္းနဲ႔ ဂိုးသမား နစ္ခ္ ပုပ္တို႔ကို အငိုက္မိေစခဲ့တာ ျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဘန္ေလတို႔ ပြဲကို ထိန္းကစားသြားခဲ့ၿပီး မိနစ္ ၉၀ အျပည့္မွာေတာ့ သုံးဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့သလို ဒီရာသီ ပထမဆုံး ႏိုင္ပြဲနဲ႔ တန္းဆင္းဇုန္ကေန ႐ုန္းထြက္ႏိုင္ခဲ့သလို အဆင့္ ၁၈ က လိဒ္စ္ယူႏိုက္တက္တို႔ အဆင့္ ၂၀ က ေနာ့ဝစ္ခ်္နဲ႔ မကစားခင္မွာ အဆင့္ ၁၇ ေနရာကို
တက္လွမ္းႏိုင္ခဲ့ၿပီး ဘရန႔္ဖို႔ဒ္ကေတာ့ ေနာက္ဆုံးသုံးပြဲဆက္အရႈံးနဲ႔အတူ အဆင့္ ၁၂ ေနရာမွာ ရပ္တည္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.