International

ကမ္ဘာပေါ်မှာ အမှန်တကယ်တည်ရှိနေတဲ့ အထူးခြားဆုံးဘောလုံးကွင်း ၇ ကွင်း

ဗြိတိန်နိုင်ငံမှာရှိတဲ့ ဂွတ်ဒီဆင် ပါ့ခ်နဲ့ အိုးထရက်ဖို့ဒ်တို့လို ကွင်းမျိုးတွေဟာ ရှေးရိုးအစဉ်အလာအတိုင်း တည်ဆောက်ထားတဲ့အတွက် လူသိများကြပေမယ့် ကမ္ဘာတလွှားက ဗိသုကာလက်ရာနဲ့ အင်ဂျင်နီယာအတတ်ပညာတွေရဲ့ အံ့အားသင့်ဖွယ် နမူနာတွေ ရှိနေတာဖြစ်ပါတယ်။

ဘောလုံးအားကစားဟာ နေရာတိုင်းနီးပါးမှာ ကစားနိုင်တဲ့ အားကစားတစ်ခုဖြစ်ပြီး အချို့ဗိသုကာပညာရှင်တွေဟာ ဘောလုံးကစားကွင်းတွေကို နှလုံးသားထဲထိ ပို့ဆောင်ပေးနိုင်တဲ့အစွမ်းရှိကြတာဖြစ်ပါတယ်။ တောင်တွေ၊ လှေဆိပ်တွေ၊ ရှော့ပင်းစင်တာတွေတောင်မှ ကမ္ဘာတလွှားမှာ ဘောလုံးကွင်းအဖြစ် အသုံးပြုနေကြပြီး ကမ္ဘာပေါ်က အထူးခြားဆုံးဘောလုံးကွင်း ၇ ကွင်းက ဘယ်နိုင်ငံမှာ တည်ရှိနေလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Timsah Arena(တူရကီ)

တူရကီလိဂ်ကလပ်အသင်း ဘာဆာစပေါ် အိမ်ကွင်းရဲ့ဒီဇိုင်းဟာ ၂ ခုမရှိတဲ့ဒီဇိုင်းလို့ ပြောရမှာဖြစ်ပြီး ဘောလုံးကွင်းပုံစံဟာ မိချောင်းပုံစံတည်ဆောက်ထားတာဖြစ်ပါတယ်။ ပရိသတ်ပေါင်း ၄၃၃၃၁ ဝင်ဆံ့တဲ့ ကွင်းကြီးကို တူရကီ လူငယ်နှင့်အားကစားဝန်ကြီးဌာနပိုင်မြေပေါ်မှာ ၄ နှစ်ကြာတည်ဆောက်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ အံ့အားသင့်စရာကောင်းစွာနဲ့ပဲ မိချောင်းဒီဇိုင်းဟာ ပြိုင်ဘက်အသင်းတွေ ခြိမ်းခြောက်ဖို့တစ်ခုတည်းအတွက် ဖန်တီးခဲ့တာမဟုတ်ဘဲ ဘာဆာစပေါ်အသင်းရဲ့ နာမည်ပြောင်ကလည်း မိချောင်းစိမ်းဖြစ်နေတာကြောင့်လည်း ဖြစ်ပါတယ်။

၂။ Estadio Hernando Siles(ဘိုလစ်ဗီးယား)

Estadio Hernando Siles ကွင်းဟာ ဘိုလစ်ဗီးယားနိုင်ငံရဲ့ အကြီးမားဆုံးပြိုင်ဘက် ၂ သင်းဖြစ်တဲ့ ကလပ် ဘိုလစ်ဗီးယားနဲ့ သည် စထရောင်းဂက်စ်တို့ကနေစပြီး အသင်းပေါင်းများစွာအတွက် အိမ်ကွင်းဖြစ်ပါတယ်။ လူပေါင်း ၄၁၁၄၃ ဦး ဝင်ဆံ့တဲ့ကွင်းကြီးဟာ ကမ္ဘာပေါ်က ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်မားဆုံးမြို့တော်ဖြစ်တဲ့ လာ ပက်ဇ်မြို့လယ်မှာ တည်ရှိတာဖြစ်ပြီး ဒီကွင်းဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၁၁၉၃၂ ပေမှာ တည်ရှိတာကြောင့် ကမ္ဘာပေါ်က အမြင့်မားဆုံးကွင်းထဲက တစ်ခုဖြစ်ပါတယ်။

၃။ Stadion Voždovac(ဆားဘီးယား)

ဒီစာရင်းထဲမှာ အံ့အားသင့်ဖွယ် ဗိသုကာလက်ရာနဲ့ အင်ဂျင်နီယာအတတ်ပညာတွေ ပေါင်းစပ်ထားတဲ့ အထူးဆန်းဆုံးကွင်းတွေ အများအပြားပါဝင်ပေမယ့် Stadion Voždovac ကတော့ အကောင်းဆုံးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီကွင်းကို ၂၀၁၁ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး လမ်းမရဲ့အထက် ၂၄ မီတာမှာ ရှိတဲ့ ကမ္ဘာပေါ်က အမိုးအနည်းဆုံးကွင်းတွေထဲက တစ်ကွင်းဖြစ်ပါတယ်။ အံ့အားသင့်စရာကောင်းတာက အမှန်တော့ ဒီကွင်းကို ရှော့ပင်းစတင်ရဲ့ထိပ်ဆုံးမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး အဲဒီရှော့ပင်းစင်တာထဲမှာ မက်ဒေါ်နယ်၊ ကေအက်ဖ်စီနဲ့ စူပါမားကတ်တွေ ရှိနေတာဖြစ်ပါတယ်။

၄။ Estadio Municipal de Braga(ပေါ်တူဂီ)

ယူရိုပါလိဂ်မှာ ပုံမှန်အသုံးပြုနေတဲ့ Estadio Municipal de Braga ကွင်းကို ယူရို ၂၀၀၄ ပြိုင်ပွဲအတွက် တည်ဆောက်ခဲ့တာဖြစ်ပြီး တောင်ရဲ့ဘေးဘက်မှာ တည်ဆောက်ထားတာဖြစ်ပါတယ်။ ကွင်းရဲ့ ၂ ဖက်စလုံးမှာ ကြီးမားတဲ့ ပွဲကြည့်စင်ရှိပြီး ဒီပွဲကြည့်စင် ၂ ခုကို စတီးလ် ဝါယာတွေနဲ့ ဆက်သွယ်ထားတာဖြစ်ပါတယ်။ ဒီကွင်းကို ဖန်တီးခဲ့တဲ့ အီဒူဝါဒို ဆိုတို မိုရာဟာ ၂၀၁၁ ခုနှစ်မှာ the Pritzker Architecture ဆုကို ရရှိခဲ့ပြီး ဒီကွင်းရဲ့ ဒေသတွင်းနာမည်ပြောင်က The Quarry ဖြစ်ပါတယ်။

၅။ Mmabatho Stadium(တောင်အာဖရိက)

စိတ်မကောင်းစရာက Mmabatho Stadium ကွင်းဟာ ၂၀၁၀ ကမ္ဘာ့ဖလားအတွက် လက်ခံယှဉ်ပြိုင်ရမယ့်ကွင်းရွေးချယ်တဲ့အချိန်မှာ လွဲချော်ခဲ့တဲ့ကွင်းဖြစ်ပါတယ်။ ဒီကွင်းဟာ ပရိသတ် ၅၉၀၀၀ ဝင်ဆံ့ပြီး တောင်အာဖရိကနိုင်ငံရဲ့ စတုတ္ထမြောက် အကြီးမားဆုံးကွင်းလည်း ဖြစ်ပါတယ်။ Mmabatho ကွင်းဟာ စိန်ပွင့်ပုံသဏ္ဌာန်ရှိပြီး လက်ရှိမှာတော့ အဲဒီကွင်းကို အသုံးပြုနေတဲ့ တစ်ခုတည်းသောအသင်းဟာ အနောက်မြောက်တက္ကသိုလ်အသင်းဖြစ်ပြီး လေ့ကျင့်ရေးကွင်းအဖြစ် အသုံးပြုနေတာဖြစ်ပါတယ်။

၆။ Ottmar Hitzfeld Gspon Arena(ဆွစ်ဇာလန်)

ဥရောပမှာ အမြင့်မားဆုံးကွင်းဖြစ်တဲ့ Ottmar Hitzfeld Gspon Arena ဟာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၀၀၀ မှာ တည်ရှိပြီး တောင်တွေနဲ့ ဝန်းရံထားတာဖြစ်ပါတယ်။ အဲဒီကွင်းမှာ ကစားနေတဲ့အသင်းဆိုလို့ အပျော်တမ်းအသင်းတစ်သင်းသာရှိပေမယ့်လည်း ကား၊ ခြေချင် ဒါမှဟုတ် ကေဘယ်ကားနဲ့သာ လာရောက်နိုင်တဲ့ ဒီကွင်းဟာ နိုင်ငံခြားခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်တဲ့ ထင်ပေါ်ကျော်ကြားတဲ့ကွင်းဖြစ်နေတာဖြစ်ပါတယ်။ ဒီကွင်းမှာ ကစားတဲ့ဘယ်သူမဆို သတိထားသင့်တာက ဘောလုံးကို ပိုက်ကျော်သွားအောင် ကန်မိပြီဆိုရင်တော့ ဘောလုံးပြန်ရဖို့ တောင်အောက်ထိ ဆင်းယူမှရမယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။

၇။ The Float @ Marina Bay(စင်ကာပူ)

ရေပေါ်ဘောလုံးကွင်းကို ၂၀၀၇ ခုနှစ်မှာ စင်ကာပူလက်ရွေးစင်အသင်းအနေနဲ့ တစ်နေ့ အဲဒီပေါ်မှာ ကစားနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဖွင့်လှစ်ခဲ့တာဖြစ်ပေမယ့် လက်ရှိအချိန်အထိ ဖြစ်မလာသေးတာဖြစ်ပါတယ်။ အဲဒီကွင်းဟာ ဆန်းဒေးလိဂ်အဆင့်ထက်ကျော်လွန်တဲ့ ဘောလုံးပွဲတွေကို ကျင်းပဖို့ ရည်ရွယ်ချက်မရှိပေမယ့် ပရိသတ် ၃၀၀၀၀ ကြည့်ရှုနိုင်ဖို့ ထိုင်ခုံတွေ တပ်ဆင်ထားပါတယ်။ ကွင်းကို ပိုက်ကွန်တွေက ဝန်းရံထားပေမယ့် ဘောလုံးရှင်းထုတ်မှု လွဲချော်သွားခဲ့တဲ့ ကစားသမားကတော့ ဘောလုံးကစားရင်း ရေပါကူးရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ၿဗိတိန္နိုင္ငံမွာရွိတဲ့ ဂြတ္ဒီဆင္ ပါ့ခ္နဲ႔ အိုးထရက္ဖို႔ဒ္တို႔လို ကြင္းမ်ိဳးေတြဟာ ေရွးရိုးအစဥ္အလာအတိုင္း တည္ေဆာက္ထားတဲ့အတြက္ လူသိမ်ားၾကေပမယ့္ ကမၻာတလႊားက ဗိသုကာလက္ရာနဲ႔ အင္ဂ်င္နီယာအတတ္ပညာေတြရဲ့ အံ့အားသင့္ဖြယ္ နမူနာေတြ ရွိေနတာျဖစ္ပါတယ္။

ေဘာလုံးအားကစားဟာ ေနရာတိုင္းနီးပါးမွာ ကစားနိုင္တဲ့ အားကစားတစ္ခုျဖစ္ၿပီး အခ်ိဳ႕ဗိသုကာပညာရွင္ေတြဟာ ေဘာလုံးကစားကြင္းေတြကို ႏွလုံးသားထဲထိ ပို႔ေဆာင္ေပးနိုင္တဲ့အစြမ္းရွိၾကတာျဖစ္ပါတယ္။ ေတာင္ေတြ၊ ေလွဆိပ္ေတြ၊ ေရွာ့ပင္းစင္တာေတြေတာင္မွ ကမၻာတလႊားမွာ ေဘာလုံးကြင္းအျဖစ္ အသုံးျပဳေနၾကၿပီး ကမၻာေပၚက အထူးျခားဆုံးေဘာလုံးကြင္း ၇ ကြင္းက ဘယ္နိုင္ငံမွာ တည္ရွိေနလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ Timsah Arena(တူရကီ)

တူရကီလိဂ္ကလပ္အသင္း ဘာဆာစေပၚ အိမ္ကြင္းရဲ့ဒီဇိုင္းဟာ ၂ ခုမရွိတဲ့ဒီဇိုင္းလို႔ ေျပာရမွာျဖစ္ၿပီး ေဘာလုံးကြင္းပုံစံဟာ မိေခ်ာင္းပုံစံတည္ေဆာက္ထားတာျဖစ္ပါတယ္။ ပရိသတ္ေပါင္း ၄၃၃၃၁ ဝင္ဆံ့တဲ့ ကြင္းႀကီးကို တူရကီ လူငယ္ႏွင့္အားကစားဝန္ႀကီးဌာနပိုင္ေျမေပၚမွာ ၄ ႏွစ္ၾကာတည္ေဆာက္ခဲ့ၿပီးေနာက္ ၂၀၁၅ ခုႏွစ္မွာ စတင္ဖြင့္လွစ္ခဲ့တာျဖစ္ပါတယ္။ အံ့အားသင့္စရာေကာင္းစြာနဲ႔ပဲ မိေခ်ာင္းဒီဇိုင္းဟာ ၿပိဳင္ဘက္အသင္းေတြ ၿခိမ္းေျခာက္ဖို႔တစ္ခုတည္းအတြက္ ဖန္တီးခဲ့တာမဟုတ္ဘဲ ဘာဆာစေပၚအသင္းရဲ့ နာမည္ေျပာင္ကလည္း မိေခ်ာင္းစိမ္းျဖစ္ေနတာေၾကာင့္လည္း ျဖစ္ပါတယ္။

၂။ Estadio Hernando Siles(ဘိုလစ္ဗီးယား)

Estadio Hernando Siles ကြင္းဟာ ဘိုလစ္ဗီးယားနိုင္ငံရဲ့ အႀကီးမားဆုံးၿပိဳင္ဘက္ ၂ သင္းျဖစ္တဲ့ ကလပ္ ဘိုလစ္ဗီးယားနဲ႔ သည္ စထေရာင္းဂက္စ္တို႔ကေနစၿပီး အသင္းေပါင္းမ်ားစြာအတြက္ အိမ္ကြင္းျဖစ္ပါတယ္။ လူေပါင္း ၄၁၁၄၃ ဦး ဝင္ဆံ့တဲ့ကြင္းႀကီးဟာ ကမၻာေပၚက ပင္လယ္ေရမ်က္ႏွာျပင္အထက္ အျမင့္မားဆုံးၿမိဳ႕ေတာ္ျဖစ္တဲ့ လာ ပက္ဇ္ၿမိဳ႕လယ္မွာ တည္ရွိတာျဖစ္ၿပီး ဒီကြင္းဟာ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ၁၁၉၃၂ ေပမွာ တည္ရွိတာေၾကာင့္ ကမၻာေပၚက အျမင့္မားဆုံးကြင္းထဲက တစ္ခုျဖစ္ပါတယ္။

၃။ Stadion Voždovac(ဆားဘီးယား)

ဒီစာရင္းထဲမွာ အံ့အားသင့္ဖြယ္ ဗိသုကာလက္ရာနဲ႔ အင္ဂ်င္နီယာအတတ္ပညာေတြ ေပါင္းစပ္ထားတဲ့ အထူးဆန္းဆုံးကြင္းေတြ အမ်ားအျပားပါဝင္ေပမယ့္ Stadion Voždovac ကေတာ့ အေကာင္းဆုံးျဖစ္ေကာင္းျဖစ္နိုင္ပါတယ္။ ဒီကြင္းကို ၂၀၁၁ ခုႏွစ္မွာ စတင္တည္ေဆာက္ခဲ့ၿပီး လမ္းမရဲ့အထက္ ၂၄ မီတာမွာ ရွိတဲ့ ကမၻာေပၚက အမိုးအနည္းဆုံးကြင္းေတြထဲက တစ္ကြင္းျဖစ္ပါတယ္။ အံ့အားသင့္စရာေကာင္းတာက အမွန္ေတာ့ ဒီကြင္းကို ေရွာ့ပင္းစတင္ရဲ့ထိပ္ဆုံးမွာ တည္ေဆာက္ခဲ့တာျဖစ္ၿပီး အဲဒီေရွာ့ပင္းစင္တာထဲမွာ မက္ေဒၚနယ္၊ ေကအက္ဖ္စီနဲ႔ စူပါမားကတ္ေတြ ရွိေနတာျဖစ္ပါတယ္။

၄။ Estadio Municipal de Braga(ေပၚတူဂီ)

ယူရိုပါလိဂ္မွာ ပုံမွန္အသုံးျပဳေနတဲ့ Estadio Municipal de Braga ကြင္းကို ယူရို ၂၀၀၄ ၿပိဳင္ပြဲအတြက္ တည္ေဆာက္ခဲ့တာျဖစ္ၿပီး ေတာင္ရဲ့ေဘးဘက္မွာ တည္ေဆာက္ထားတာျဖစ္ပါတယ္။ ကြင္းရဲ့ ၂ ဖက္စလုံးမွာ ႀကီးမားတဲ့ ပြဲၾကည့္စင္ရွိၿပီး ဒီပြဲၾကည့္စင္ ၂ ခုကို စတီးလ္ ဝါယာေတြနဲ႔ ဆက္သြယ္ထားတာျဖစ္ပါတယ္။ ဒီကြင္းကို ဖန္တီးခဲ့တဲ့ အီဒူဝါဒို ဆိုတို မိုရာဟာ ၂၀၁၁ ခုႏွစ္မွာ the Pritzker Architecture ဆုကို ရရွိခဲ့ၿပီး ဒီကြင္းရဲ့ ေဒသတြင္းနာမည္ေျပာင္က The Quarry ျဖစ္ပါတယ္။

၅။ Mmabatho Stadium(ေတာင္အာဖရိက)

စိတ္မေကာင္းစရာက Mmabatho Stadium ကြင္းဟာ ၂၀၁၀ ကမၻာ့ဖလားအတြက္ လက္ခံယွဥ္ၿပိဳင္ရမယ့္ကြင္းေရြးခ်ယ္တဲ့အခ်ိန္မွာ လြဲေခ်ာ္ခဲ့တဲ့ကြင္းျဖစ္ပါတယ္။ ဒီကြင္းဟာ ပရိသတ္ ၅၉၀၀၀ ဝင္ဆံ့ၿပီး ေတာင္အာဖရိကနိုင္ငံရဲ့ စတုတၳေျမာက္ အႀကီးမားဆုံးကြင္းလည္း ျဖစ္ပါတယ္။ Mmabatho ကြင္းဟာ စိန္ပြင့္ပုံသဏၭာန္ရွိၿပီး လက္ရွိမွာေတာ့ အဲဒီကြင္းကို အသုံးျပဳေနတဲ့ တစ္ခုတည္းေသာအသင္းဟာ အေနာက္ေျမာက္တကၠသိုလ္အသင္းျဖစ္ၿပီး ေလ့က်င့္ေရးကြင္းအျဖစ္ အသုံးျပဳေနတာျဖစ္ပါတယ္။

၆။ Ottmar Hitzfeld Gspon Arena(ဆြစ္ဇာလန္)

ဥေရာပမွာ အျမင့္မားဆုံးကြင္းျဖစ္တဲ့ Ottmar Hitzfeld Gspon Arena ဟာ ပင္လယ္ေရမ်က္ႏွာျပင္အထက္ မီတာ ၂၀၀၀ မွာ တည္ရွိၿပီး ေတာင္ေတြနဲ႔ ဝန္းရံထားတာျဖစ္ပါတယ္။ အဲဒီကြင္းမွာ ကစားေနတဲ့အသင္းဆိုလို႔ အေပ်ာ္တမ္းအသင္းတစ္သင္းသာရွိေပမယ့္လည္း ကား၊ ေျခခ်င္ ဒါမွဟုတ္ ေကဘယ္ကားနဲ႔သာ လာေရာက္နိုင္တဲ့ ဒီကြင္းဟာ နိုင္ငံျခားခရီးသြားဧည့္သည္ေတြကို ဆြဲေဆာင္နိုင္တဲ့ ထင္ေပၚေက်ာ္ၾကားတဲ့ကြင္းျဖစ္ေနတာျဖစ္ပါတယ္။ ဒီကြင္းမွာ ကစားတဲ့ဘယ္သူမဆို သတိထားသင့္တာက ေဘာလုံးကို ပိုက္ေက်ာ္သြားေအာင္ ကန္မိၿပီဆိုရင္ေတာ့ ေဘာလုံးျပန္ရဖို႔ ေတာင္ေအာက္ထိ ဆင္းယူမွရမယ္ဆိုတဲ့အခ်က္ျဖစ္ပါတယ္။

၇။ The Float @ Marina Bay(စင္ကာပူ)

ေရေပၚေဘာလုံးကြင္းကို ၂၀၀၇ ခုႏွစ္မွာ စင္ကာပူလက္ေရြးစင္အသင္းအေနနဲ႔ တစ္ေန႔ အဲဒီေပၚမွာ ကစားနိုင္မယ္ဆိုတဲ့ ေမၽွာ္လင့္ခ်က္နဲ႔ ဖြင့္လွစ္ခဲ့တာျဖစ္ေပမယ့္ လက္ရွိအခ်ိန္အထိ ျဖစ္မလာေသးတာျဖစ္ပါတယ္။ အဲဒီကြင္းဟာ ဆန္းေဒးလိဂ္အဆင့္ထက္ေက်ာ္လြန္တဲ့ ေဘာလုံးပြဲေတြကို က်င္းပဖို႔ ရည္ရြယ္ခ်က္မရွိေပမယ့္ ပရိသတ္ ၃၀၀၀၀ ၾကည့္ရႈနိုင္ဖို႔ ထိုင္ခုံေတြ တပ္ဆင္ထားပါတယ္။ ကြင္းကို ပိုက္ကြန္ေတြက ဝန္းရံထားေပမယ့္ ေဘာလုံးရွင္းထုတ္မႈ လြဲေခ်ာ္သြားခဲ့တဲ့ ကစားသမားကေတာ့ ေဘာလုံးကစားရင္း ေရပါကူးရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.