International

ပေါက်ကြားလာတဲ့ ဘယ်လွန်ဒေါဆုရှင်စာရင်းကို လက်မခံနိုင်ကြတဲ့ မက်ဆီဖန်များ

ဘောလုံးပရိသတ်အများအပြားဟာ ပေါက်ကြားလာခဲ့တဲ့ ၂၀၂၁ ခုနှစ်ရဲ့ ဘယ်လွန်ဒေါဆုရှင်ကို ပြသထားတဲ့ စာရွက်ဟာ အွန်လိုင်းမှာ ပျံ့နှံ့နေခဲ့ပြီးနောက် အတုသာဖြစ်တယ်လို့ ပြောကြားခဲ့ကြပါတယ်။

ပေါက်ကြားလာတဲ့ ပုံထဲမှာ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ဆုနဲ့ လွဲချော်ခဲ့ပြီး ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဗန်ဒေါ့ဗ်စကီးက အနိုင်ဆုရှင်လို့ ဖော်ပြထားတာနဲ့ပတ်သက်ပြီး ဒေါသထွက်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။ အဲဒီဓာတ်ပုံဟာ တွစ်တာမှာ တင်ခဲ့တာဖြစ်ပြီး အစစ်အမှန်ဟုတ်၊ မဟုတ်ဆိုတာနဲ့ပတ်သက်ပြီး အမြင်ကွဲလွဲမှုတွေ ရှိနေခဲ့သလို ပြီးခဲ့တဲ့နှစ် ကလပ်ဘောလုံးရာသီရဲ့ မျှတတဲ့ အကဲဖြတ်မှု ဟုတ်ရဲ့လားဆိုတဲ့အပေါ်မှာလည်း ဝေခွဲမရမှုတွေ စတင်ဖြစ်လာနေကြတာဖြစ်ပါတယ်။

အဲဒီစာရွက်ကို တင်ခဲ့တဲ့အချိန်ကစပြီး ပေါက်ကြားလာတဲ့စာရင်းကို စခရင်ရှော့တ်ရိုက်ထားတဲ့ပုံဟာ နှစ်သက်သူ ထောင်ပေါင်းမျာစွာနဲ့ ပြန်လည်မျှဝေမှုတွေအပြင် သံသယကြီးတဲ့ ပရိသတ်တွေဆီကနေ အဲဒီပုံဟာ အတုသာဖြစ်တယ်ဆိုတဲ့ မှတ်ချက်တွေများစွာလည်း ရရှိခဲ့တာဖြစ်ပါတယ်။

အမြင်စူးရှတဲ့ ပရိသတ်တစ်ဦးက “ဆီဆာ အက်ဇ်ပီလီကွေတာက ၂ ခါတောင်ပါနေတဲ့ စာရင်းအတုကြီးပါ။ တကယ်လို့ အဲဒီစာရင်းသာ တရားဝင်မှုရှိတယ်ဆိုရင် ဘယ်လွန်ဒေါအတွက် လောင်းကစားဝက်ဘ်ဆိုက်တွေပေါ်က ကြေးတွေ ပြောင်းသွားလိမ့်မယ်”လို့ လို့ ရေးသားခဲ့ပါတယ်။

နောက်ထပ်တွစ်တာအသုံးပြုသူတစ်ဦးကတော့ ၂၀၁၉ ခုနှစ်တုန်းက ပေါက်ကြားခဲ့တဲ့စာရင်းဟာ အမှန်တကယ် ထွက်ပေါ်လာတဲ့ ရလဒ်နဲ့ မတူညီတာကို ထောက်ပြပြီး ဆုပေးပွဲ ကျင်းပခါနီးမှာ ဘယ်လွန်ဒေါဆုရှင်စာရင်း ပေါက်ကြားလာတာက သာမန်ပဲလို့ အကိုးအကားနဲ့ ပြောကြားခဲ့ပါတယ်။

“အားလုံး ဘယ်လွန်ဒေါစာရင်းနဲ့ပတ်သက်ပြီး စိတ်တွေမလှုပ်ရှားခင်မှာ ဒီစာရင်းက ၂၀၁၉ ဘယ်လွန်ဒေါဆုပေးပွဲမတိုင်မီ တစ်ပတ်လောက်က ပေါက်ကြားခဲ့တဲ့ စာရင်းလိုဖြစ်ပြီး သူတို့တွေက မှန်ကန်တဲ့ ဆုရှင်ကို ခန့်မှန်းထားတာတောင်မှပဲ အဲဒါက မှားယွင်းနေခဲ့ပါတယ်။ အားလုံးက မှားယွင်းနေပြီး ရော်နယ်လ်ဒိုက ဆာလားရဲ့အထက် အဆင့် ၃ နေရာ ရနေခဲ့ပါတယ်”လို့ ရေးသားခဲ့ပါတယ်။

နောက်ထပ်တွစ်တာအသုံးပြုသူတစ်ဦးကလည်း ပေါက်ကြားလာတဲ့စာရင်းဟာ အတုအယောင်လို့ ဘာကြောင့် ပြောနိုင်ရတာလဲဆိုတာကို ရှင်းရှင်းလင်းလင်း ထောက်ပြခဲ့ပါတယ်။ “အဲဒါက အမှားပါ။ ကစားသမားအချို့(နေမာ၊ ဘရူနို၊ လူကာကူး)ရဲ့အမှတ်နေရာမှာ ကွက်လပ်ဖြစ်နေပြီး ဆီဆာ အက်ဇ်ပီလီကွေတာရဲ့နာမည်က ၂ ကြိမ်ထပ်နေပါတယ်။ ပြီးတော့ နာမည်စာလုံးပေါင်းမှားနေတာ(KeWin De Bruyne, RomelO Lukaku)တွေလည်း ပါနေပါတယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ပိုလန်လက်ရွေးစင်တိုက်စစ်မှူး လီဗန်ဒေါ့ဗ်စကီးဟာ ဘွန်ဒက်စ်လီဂါ ဂိုးသွင်းစံချိန်ကို ရိုက်ချိုးနိုင်ခဲ့ပြီးနောက် ၂၀၂၀ ဘယ်လွန်ဒေါဆုကို ရရှိဖို့ ရေပန်းအစားဆုံးကစားသမားအဖြစ် အများစုရဲ့ တစ်ကြိုပေးခြင်းခံခဲ့ရသူဖြစ်ပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု မြင့်တက်လာတာကြောင့် ဆုပေးပွဲမကျင်းပနိုင်ခဲ့ဘဲ အနိုင်ရရှိသူ မရွေးချယ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ကြယ်ပွင့်တိုက်စစ်မှူးရဲ့ စွမ်းဆောင်ရည်ဟာ ယခုရာသီမှာလည်း ဆက်လက်ပြီး အံ့အားသင့်ဖွယ် ကောင်းမွန်နေဆဲဖြစ်ပြီး ယခုရာသီ ပြိုင်ပွဲစုံ ၁၃ ပွဲမှာ ၁၇ ဂိုးအထိ သွင်းယူထားပြီးဖြစ်ပါတယ်။ France Football ကနေ အောက်တိုဘာလ ၂၅ ရက်နေ့ရက်စွဲနဲ့ ထွက်ပေါ်လာတဲ့ စာရွက်စာတမ်းထဲမှာ လီဗန်ဒေါ့ဗ်စကီးဟာ မဲပေးတဲ့ နိုင်ငံပေါင်း ၁၇၆ နိုင်ငံဆီကနေ ၆၂၇ မှတ်အထိ ရရှိခဲ့တယ်လို့ တွေ့ရှိရပါတယ်။

ဘယ်လွန်ဒေါ ၆ ဆုရှင် လီယွန်နယ် မက်ဆီရဲ့ စုစုပေါင်းရမှတ်ဟာ ပေါက်ကြားလာတဲ့ ပုံထဲမှာ ဖုန်းကွယ်ခြင်းခံထားရပြီး နူးကမ့်က နောက်ဆုံးရာသီအတွင်း ၄၇ ပွဲမှာ ၃၈ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ အာဂျင်တီးနားကြယ်ပွင့်ဟာ ဒုတိယနေရာသာ ရရှိခဲ့တယ်ဆိုတာကို ပြသထားတာဖြစ်ပါတယ်။

ပြင်သစ်တိုက်စစ်မှူး ကာရင် ဘန်ဇီးမားကတော့ ယခုရာသီမှာ ရီးရဲလ် မက်ဒရစ်အသင်းအတွက် ၁၂ ပွဲမှာ ၁၉ ဂိုးအထိ ရယူပေးထားနိုင်ခဲ့ပြီးနောက် ထွက်ပေါ်လာတဲ့ ဘယ်လွန်ဒေါစာရင်းမှာ ထိပ်ဆုံး ၃ နေရာအတွင်း ရပ်တည်နိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ဘယ်လွန်ဒေါဆု ၅ ကြိမ်ရရှိထားတဲ့ မန်ချက်စတာယူနိုက်တက်အသင်း တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ ယခုထွက်ပေါ်လာတဲ့ စာရင်းမှာ အဆင့် ၉ နေရာသို့ ရောက်ရှိသွားတာ တွေ့ရှိရပါတယ်

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေဘာလုံးပရိသတ္အမ်ားအျပားဟာ ေပါက္ၾကားလာခဲ့တဲ့ ၂၀၂၁ ခုႏွစ္ရဲ့ ဘယ္လြန္ေဒါဆုရွင္ကို ျပသထားတဲ့ စာရြက္ဟာ အြန္လိုင္းမွာ ပ်ံ႕ႏွံ့ေနခဲ့ၿပီးေနာက္ အတုသာျဖစ္တယ္လို႔ ေျပာၾကားခဲ့ၾကပါတယ္။

ေပါက္ၾကားလာတဲ့ ပုံထဲမွာ ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး လီယြန္နယ္ မက္ဆီဟာ ဆုနဲ႔ လြဲေခ်ာ္ခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉး လီဗန္ေဒါ့ဗ္စကီးက အနိုင္ဆုရွင္လို႔ ေဖာ္ျပထားတာနဲ႔ပတ္သက္ၿပီး ေဒါသထြက္စရာျဖစ္ခဲ့တာျဖစ္ပါတယ္။ အဲဒီဓာတ္ပုံဟာ တြစ္တာမွာ တင္ခဲ့တာျဖစ္ၿပီး အစစ္အမွန္ဟုတ္၊ မဟုတ္ဆိုတာနဲ႔ပတ္သက္ၿပီး အျမင္ကြဲလြဲမႈေတြ ရွိေနခဲ့သလို ၿပီးခဲ့တဲ့ႏွစ္ ကလပ္ေဘာလုံးရာသီရဲ့ မၽွတတဲ့ အကဲျဖတ္မႈ ဟုတ္ရဲ့လားဆိုတဲ့အေပၚမွာလည္း ေဝခြဲမရမႈေတြ စတင္ျဖစ္လာေနၾကတာျဖစ္ပါတယ္။

အဲဒီစာရြက္ကို တင္ခဲ့တဲ့အခ်ိန္ကစၿပီး ေပါက္ၾကားလာတဲ့စာရင္းကို စခရင္ေရွာ့တ္ရိုက္ထားတဲ့ပုံဟာ ႏွစ္သက္သူ ေထာင္ေပါင္းမ်ာစြာနဲ႔ ျပန္လည္မၽွေဝမႈေတြအျပင္ သံသယႀကီးတဲ့ ပရိသတ္ေတြဆီကေန အဲဒီပုံဟာ အတုသာျဖစ္တယ္ဆိုတဲ့ မွတ္ခ်က္ေတြမ်ားစြာလည္း ရရွိခဲ့တာျဖစ္ပါတယ္။

အျမင္စူးရွတဲ့ ပရိသတ္တစ္ဦးက “ဆီဆာ အက္ဇ္ပီလီေကြတာက ၂ ခါေတာင္ပါေနတဲ့ စာရင္းအတုႀကီးပါ။ တကယ္လို႔ အဲဒီစာရင္းသာ တရားဝင္မႈရွိတယ္ဆိုရင္ ဘယ္လြန္ေဒါအတြက္ ေလာင္းကစားဝက္ဘ္ဆိုက္ေတြေပၚက ေၾကးေတြ ေျပာင္းသြားလိမ့္မယ္”လို႔ လို႔ ေရးသားခဲ့ပါတယ္။

ေနာက္ထပ္တြစ္တာအသုံးျပဳသူတစ္ဦးကေတာ့ ၂၀၁၉ ခုႏွစ္တုန္းက ေပါက္ၾကားခဲ့တဲ့စာရင္းဟာ အမွန္တကယ္ ထြက္ေပၚလာတဲ့ ရလဒ္နဲ႔ မတူညီတာကို ေထာက္ျပၿပီး ဆုေပးပြဲ က်င္းပခါနီးမွာ ဘယ္လြန္ေဒါဆုရွင္စာရင္း ေပါက္ၾကားလာတာက သာမန္ပဲလို႔ အကိုးအကားနဲ႔ ေျပာၾကားခဲ့ပါတယ္။

“အားလုံး ဘယ္လြန္ေဒါစာရင္းနဲ႔ပတ္သက္ၿပီး စိတ္ေတြမလႈပ္ရွားခင္မွာ ဒီစာရင္းက ၂၀၁၉ ဘယ္လြန္ေဒါဆုေပးပြဲမတိုင္မီ တစ္ပတ္ေလာက္က ေပါက္ၾကားခဲ့တဲ့ စာရင္းလိုျဖစ္ၿပီး သူတို႔ေတြက မွန္ကန္တဲ့ ဆုရွင္ကို ခန႔္မွန္းထားတာေတာင္မွပဲ အဲဒါက မွားယြင္းေနခဲ့ပါတယ္။ အားလုံးက မွားယြင္းေနၿပီး ေရာ္နယ္လ္ဒိုက ဆာလားရဲ့အထက္ အဆင့္ ၃ ေနရာ ရေနခဲ့ပါတယ္”လို႔ ေရးသားခဲ့ပါတယ္။

ေနာက္ထပ္တြစ္တာအသုံးျပဳသူတစ္ဦးကလည္း ေပါက္ၾကားလာတဲ့စာရင္းဟာ အတုအေယာင္လို႔ ဘာေၾကာင့္ ေျပာနိုင္ရတာလဲဆိုတာကို ရွင္းရွင္းလင္းလင္း ေထာက္ျပခဲ့ပါတယ္။ “အဲဒါက အမွားပါ။ ကစားသမားအခ်ိဳ႕(ေနမာ၊ ဘ႐ူနို၊ လူကာကူး)ရဲ့အမွတ္ေနရာမွာ ကြက္လပ္ျဖစ္ေနၿပီး ဆီဆာ အက္ဇ္ပီလီေကြတာရဲ့နာမည္က ၂ ႀကိမ္ထပ္ေနပါတယ္။ ၿပီးေတာ့ နာမည္စာလုံးေပါင္းမွားေနတာ(KeWin De Bruyne, RomelO Lukaku)ေတြလည္း ပါေနပါတယ္”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

ပိုလန္လက္ေရြးစင္တိုက္စစ္မႉး လီဗန္ေဒါ့ဗ္စကီးဟာ ဘြန္ဒက္စ္လီဂါ ဂိုးသြင္းစံခ်ိန္ကို ရိုက္ခ်ိဳးနိုင္ခဲ့ၿပီးေနာက္ ၂၀၂၀ ဘယ္လြန္ေဒါဆုကို ရရွိဖို႔ ေရပန္းအစားဆုံးကစားသမားအျဖစ္ အမ်ားစုရဲ့ တစ္ႀကိဳေပးျခင္းခံခဲ့ရသူျဖစ္ေပမယ့္လည္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမႈ ျမင့္တက္လာတာေၾကာင့္ ဆုေပးပြဲမက်င္းပနိုင္ခဲ့ဘဲ အနိုင္ရရွိသူ မေရြးခ်ယ္နိုင္ခဲ့တာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္တိုက္စစ္မႉးရဲ့ စြမ္းေဆာင္ရည္ဟာ ယခုရာသီမွာလည္း ဆက္လက္ၿပီး အံ့အားသင့္ဖြယ္ ေကာင္းမြန္ေနဆဲျဖစ္ၿပီး ယခုရာသီ ၿပိဳင္ပြဲစုံ ၁၃ ပြဲမွာ ၁၇ ဂိုးအထိ သြင္းယူထားၿပီးျဖစ္ပါတယ္။ France Football ကေန ေအာက္တိုဘာလ ၂၅ ရက္ေန႔ရက္စြဲနဲ႔ ထြက္ေပၚလာတဲ့ စာရြက္စာတမ္းထဲမွာ လီဗန္ေဒါ့ဗ္စကီးဟာ မဲေပးတဲ့ နိုင္ငံေပါင္း ၁၇၆ နိုင္ငံဆီကေန ၆၂၇ မွတ္အထိ ရရွိခဲ့တယ္လို႔ ေတြ႕ရွိရပါတယ္။

ဘယ္လြန္ေဒါ ၆ ဆုရွင္ လီယြန္နယ္ မက္ဆီရဲ့ စုစုေပါင္းရမွတ္ဟာ ေပါက္ၾကားလာတဲ့ ပုံထဲမွာ ဖုန္းကြယ္ျခင္းခံထားရၿပီး ႏူးကမ့္က ေနာက္ဆုံးရာသီအတြင္း ၄၇ ပြဲမွာ ၃၈ ဂိုးအထိ သြင္းယူနိုင္ခဲ့တဲ့ အာဂ်င္တီးနားၾကယ္ပြင့္ဟာ ဒုတိယေနရာသာ ရရွိခဲ့တယ္ဆိုတာကို ျပသထားတာျဖစ္ပါတယ္။

ျပင္သစ္တိုက္စစ္မႉး ကာရင္ ဘန္ဇီးမားကေတာ့ ယခုရာသီမွာ ရီးရဲလ္ မက္ဒရစ္အသင္းအတြက္ ၁၂ ပြဲမွာ ၁၉ ဂိုးအထိ ရယူေပးထားနိုင္ခဲ့ၿပီးေနာက္ ထြက္ေပၚလာတဲ့ ဘယ္လြန္ေဒါစာရင္းမွာ ထိပ္ဆုံး ၃ ေနရာအတြင္း ရပ္တည္နိုင္ခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ဘယ္လြန္ေဒါဆု ၅ ႀကိမ္ရရွိထားတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္း တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကေတာ့ ယခုထြက္ေပၚလာတဲ့ စာရင္းမွာ အဆင့္ ၉ ေနရာသို႔ ေရာက္ရိွသြားတာ ေတြ႔ရိွရပါတယ္

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.