International

ရှိန်း ဒပ်ဖီရဲ့ပညာပြခြင်းခံခဲ့ရလို့ စိတ်ပျက်ခဲ့ရပေမယ့် ပွဲအပြီးမှာ လေးစားဖွယ်လုပ်ရပ်ကို ပြုမူပြခဲ့တဲ့ ရော်နယ်လ်ဒို

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ကြာသပတေးနေ့ညနေက အိုင်ယာလန်မှာ နောက်ထပ် စိတ်ပျက်စရာကောင်းတဲ့ ညနေခင်းတစ်ခုကို ထပ်မံ ကြုံတွေ့ခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် အိုင်ယာလန်နဲ့ကစားခဲ့တဲ့ပွဲစဉ်အတွင်း မိနစ် ၉၀ အပြည့် ပါဝင်ကစားပေးခဲ့ပေမယ့် ဂိုးပေါက် ရှာတွေ့ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ ဖာနန်ဒို ဆန်းတို့စ်ရဲ့ ပေါ်တူဂီအသင်းဟာ ဒပ်ဘလင်မှာ အိုင်ယာလန်ကို ဂိုးမရှိ သရေကျခဲ့ပြီး အဲဒီ ဂိုးရလဒ်က အိမ်ရှင်အသင်းအတွက်တော့ စိတ်ကျေနပ်စရာမဟုတ်ခဲ့တာ ကျိန်းသေပါတယ်။

အိုင်ယာလန်ဟာ သရေ ၁ မှတ်ထက် ပိုမိုထိုက်တန်ခဲ့တဲ့ အသင်းဖြစ်ခဲ့ပြီး ပီပီ ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက် နောက်ဆုံးပွဲကစားချိန် ၁၀ မိနစ်မှာ အနိုင်ရရှိဖို့ ကြိုးပမ်းခဲ့တဲ့ အသင်းဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုရဲ့ကြာသပတေးနေ့ ညနေမှာ ဂိုးပေါက် ရှာမတွေ့ခဲ့တာက လက်ရှိအချိန်မှာ ဘလွန်ဒေါ ၅ ဆုရှင် ပေါ်တူဂီကြယ်ပွင့်အနေနဲ့ နိုင်ငံတကာပွဲစဉ် ၂ ပွဲအထိ ဂိုးပေါက်ပျောက်ဆုံးခဲ့ပြီဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

ဂိုးရှေ့မှာ ဂိုးသွင်းယူဖို့ ရုန်းကန်ခဲ့ရသလိုပဲ အသက် ၃၆ နှစ်အရွယ်တိုက်စစ်မှူးဟာ ဘရိုက်တန် နောက်ခံကစားသမား ရှိန်း ဒပ်ဖီရဲ့ အရှက်ရဖွယ် ပညာပြခြင်းကိုလည်း ပထမပိုင်းအတွင်းမှာ ခံခဲ့ရတာဖြစ်ပြီး ရော်နယ်လ်ဒိုဟာ အိုင်ယာလန် ဗဟိုခံစစ်ကစားသမားကို ဖိအားပေးဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဒပ်ဖီက တစ်ဦးချင်းတွေ့ဆုံရာမှာ ထိပ်တန်းပုံစံမျိုး ပြသခဲ့တာဖြစ်ပါတယ်။

အိုင်ယာလန်နောက်ခံကစားသမားဟာ အလိမ်အခေါက်ကျွမ်းကျင်တဲ့ ကစားကွက်ဖန်တီးရှင်အဖြစ်ကို ပြောင်းလဲသွားခဲ့ပြီး ဘောလုံးကို တချက်ထိန်းပြီးနောက် ယိုဟန် ခရိုက်ဖ်ရဲ့အကွက်အတိုင်း ကိုယ်ခန္ဓာယိမ်းရင်း ဘောလုံးကို ပေါ်တူဂီကြယ်ပွင့်ရဲ့ဆန့်ကျင်ဘက်ကို ထုတ်သွားခဲ့တာဖြစ်ပါတယ်။

ဒပ်ဖီဟာ ပွဲစဉ်တစ်ပွဲလုံး အိုင်ယာလန်အသင်းအတွက် အလွန်ကောင်းမွန်တဲ့ပုံစံနဲ့ ကစားပေးခဲ့ပြီး ရော်နယ်လ်ဒို၊ အန်ဒရေး ဆေးလ်ဗား၊ ဂွန်ဆာလို ဂဲဂျိစ်တို့လို ကစားသမားတွေထက် ပိုမိုကောင်းမွန်နေခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီအသင်းဟာ သရေရလဒ် ရရှိခဲ့တာကြာင့် လာမယ့်နှစ် ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဝင်ခွင့်အလိုအလျောက်ရရှိဖို့ အခြေအနေကောင်းမှာ ရောက်ရှိသွားခဲ့ပြီဖြစ်ပမေယ့်လည်း ပေါ်တူဂီတိုက်စစ်မှူးတွေဟာ ဒပ်ဘလင်မှာ စိတ်ပျက်စရာ ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

ယူရို ၂၀၁၆ ချန်ပီယံ ပေါ်တူဂီအသင်းဟာ အုပ်စုဗိုလ်အဖြစ်နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့ လာမယ့် တနင်္ဂနွေနေ့မှာ ဆားဘီးယားနဲ့ကစားရမယ့် နောက်ဆုံး ခြေစစ်ပွဲမှာ အိမ်ကွင်းရှုံးပွဲမကြုံတွေ့ရအောင် ကြိုးပမ်းသွားရတော့မှာဖြစ်ပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အိုင်ယာလန်နဲ့ပွဲစဉ်မှာ ဂိုးပေါက်ပျောက်ဆုံးမှုကြောင့် အလွန်စိတ်ပျက်ခဲ့ရပေမယ့်လည်း အဲဒါက ပွဲအပြီးမှာ ၎င်းရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားပီသမှုနဲ့ လူသားဆန်မှုကို ပြသဖို့ကိုတော့ အဟန့်အတား မဖြစ်စေခဲ့တာဖြစ်ပါတယ်။

အိုင်ယာလန်နဲ့ ပေါ်တူဂီအသင်းတို့ရဲ့ပွဲစဉ် ပွဲပြီးဝီစီမှုတ်ချိန်မှာ ငယ်ရွယ်တဲ့ မိန်းကလေး ပရိသတ်တစ်ဦးဟာ အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးကို နှုတ်ဆက်ဖို့အတွက် ကွင်းအတွင်း ကျူးကျော်ဝင်ရောက်လာခဲ့ပြီး ကွင်းလုံခြုံရေးတွေက သိပ်မကြာခင်မှာပဲ ပရိသတ်ကလေးငယ်ကို ဖမ်းမိသွားခဲ့ပေမယ့် ရော်နယ်လ်ဒိုက ၎င်းကို တွေ့ဆုံချင်တဲ့ ကလေးမလေးကို လာခွင့်ပေးခဲ့တဲ့အထိ အေးဆေးဖြစ်နေခဲ့ပုံ ပေါ်ခဲ့ပါတယ်။

ပရိသတ်ကလေးငယ်ဟာ ရော်နယ်လ်ဒိုရဲ့ ပွဲကစားထားတဲ့ ရှပ်ကို ပေးခြင်းခံရတဲ့အပြင် ပွေ့ဖက်နှုတ်ဆက်ခြင်းကိုပါ ခံခဲ့ရတာကြောင့် မျက်ရည်မထိန်းနိုင်ဘဲ အလွန်အမင်း ပျော်ရွှင်ခဲ့ရပြီး ပေါ်တူဂီကြယ်ပွင့်ရဲ့ ရှပ်နဲ့အတူ ကွင်းအတွင်းကနေ လုံခြုံရေးအစောင့်အရှောက်တွေနဲ့အတူ ထွက်ခွာသွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉး ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ ၾကာသပေတးေန႔ညေနက အိုင္ယာလန္မွာ ေနာက္ထပ္ စိတ္ပ်က္စရာေကာင္းတဲ့ ညေနခင္းတစ္ခုကို ထပ္မံ ၾကဳံေတြ႕ခဲ့ရပါတယ္။

မန္ခ်က္စတာယူနိုက္တက္တိုက္စစ္မႉးဟာ ၂၀၂၂ ကမၻာ့ဖလားေျခစစ္ပြဲအျဖစ္ အိုင္ယာလန္နဲ႔ကစားခဲ့တဲ့ပြဲစဥ္အတြင္း မိနစ္ ၉၀ အျပည့္ ပါဝင္ကစားေပးခဲ့ေပမယ့္ ဂိုးေပါက္ ရွာေတြ႕ျခင္း မရွိခဲ့တာ ျဖစ္ပါတယ္။ ဖာနန္ဒို ဆန္းတို႔စ္ရဲ့ ေပၚတူဂီအသင္းဟာ ဒပ္ဘလင္မွာ အိုင္ယာလန္ကို ဂိုးမရွိ သေရက်ခဲ့ၿပီး အဲဒီ ဂိုးရလဒ္က အိမ္ရွင္အသင္းအတြက္ေတာ့ စိတ္ေက်နပ္စရာမဟုတ္ခဲ့တာ က်ိန္းေသပါတယ္။

အိုင္ယာလန္ဟာ သေရ ၁ မွတ္ထက္ ပိုမိုထိုက္တန္ခဲ့တဲ့ အသင္းျဖစ္ခဲ့ၿပီး ပီပီ ၂ ဝါ ၁ နီနဲ႔ ထုတ္ပယ္ျခင္းခံခဲ့ရၿပီးေနာက္ ေနာက္ဆုံးပြဲကစားခ်ိန္ ၁၀ မိနစ္မွာ အနိုင္ရရွိဖို႔ ႀကိဳးပမ္းခဲ့တဲ့ အသင္းျဖစ္ခဲ့တာ ျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုရဲ့ၾကာသပေတးေန႔ ညေနမွာ ဂိုးေပါက္ ရွာမေတြ႕ခဲ့တာက လက္ရွိအခ်ိန္မွာ ဘလြန္ေဒါ ၅ ဆုရွင္ ေပၚတူဂီၾကယ္ပြင့္အေနနဲ႔ နိုင္ငံတကာပြဲစဥ္ ၂ ပြဲအထိ ဂိုးေပါက္ေပ်ာက္ဆုံးခဲ့ၿပီဆိုတဲ့ အဓိပၸာယ္ျဖစ္ပါတယ္။

ဂိုးေရွ႕မွာ ဂိုးသြင္းယူဖို႔ ႐ုန္းကန္ခဲ့ရသလိုပဲ အသက္ ၃၆ ႏွစ္အရြယ္တိုက္စစ္မႉးဟာ ဘရိုက္တန္ ေနာက္ခံကစားသမား ရွိန္း ဒပ္ဖီရဲ့ အရွက္ရဖြယ္ ပညာျပျခင္းကိုလည္း ပထမပိုင္းအတြင္းမွာ ခံခဲ့ရတာျဖစ္ၿပီး ေရာ္နယ္လ္ဒိုဟာ အိုင္ယာလန္ ဗဟိုခံစစ္ကစားသမားကို ဖိအားေပးဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ဒပ္ဖီက တစ္ဦးခ်င္းေတြ႕ဆုံရာမွာ ထိပ္တန္းပုံစံမ်ိဳး ျပသခဲ့တာျဖစ္ပါတယ္။

အိုင္ယာလန္ေနာက္ခံကစားသမားဟာ အလိမ္အေခါက္ကၽြမ္းက်င္တဲ့ ကစားကြက္ဖန္တီးရွင္အျဖစ္ကို ေျပာင္းလဲသြားခဲ့ၿပီး ေဘာလုံးကို တခ်က္ထိန္းၿပီးေနာက္ ယိုဟန္ ခရိုက္ဖ္ရဲ့အကြက္အတိုင္း ကိုယ္ခႏၶာယိမ္းရင္း ေဘာလုံးကို ေပၚတူဂီၾကယ္ပြင့္ရဲ့ဆန႔္က်င္ဘက္ကို ထုတ္သြားခဲ့တာျဖစ္ပါတယ္။

ဒပ္ဖီဟာ ပြဲစဥ္တစ္ပြဲလုံး အိုင္ယာလန္အသင္းအတြက္ အလြန္ေကာင္းမြန္တဲ့ပုံစံနဲ႔ ကစားေပးခဲ့ၿပီး ေရာ္နယ္လ္ဒို၊ အန္ဒေရး ေဆးလ္ဗား၊ ဂြန္ဆာလို ဂဲဂ်ိစ္တို႔လို ကစားသမားေတြထက္ ပိုမိုေကာင္းမြန္ေနခဲ့တာျဖစ္ပါတယ္။ ေပၚတူဂီအသင္းဟာ သေရရလဒ္ ရရွိခဲ့တာၾကာင့္ လာမယ့္ႏွစ္ ကာတာက ကမၻာ့ဖလားၿပိဳင္ပြဲအတြက္ ဝင္ခြင့္အလိုအေလ်ာက္ရရွိဖို႔ အေျခအေနေကာင္းမွာ ေရာက္ရွိသြားခဲ့ၿပီျဖစ္ပေမယ့္လည္း ေပၚတူဂီတိုက္စစ္မႉးေတြဟာ ဒပ္ဘလင္မွာ စိတ္ပ်က္စရာ ျဖစ္ခဲ့ၾကတာျဖစ္ပါတယ္။

ယူရို ၂၀၁၆ ခ်န္ပီယံ ေပၚတူဂီအသင္းဟာ အုပ္စုဗိုလ္အျဖစ္နဲ႔ ကမၻာ့ဖလားေျခစစ္ပြဲေအာင္ျမင္ဖို႔ လာမယ့္ တနဂၤေႏြေန႔မွာ ဆားဘီးယားနဲ႔ကစားရမယ့္ ေနာက္ဆုံး ေျခစစ္ပြဲမွာ အိမ္ကြင္းရႈံးပြဲမၾကဳံေတြ႕ရေအာင္ ႀကိဳးပမ္းသြားရေတာ့မွာျဖစ္ပါတယ္။ ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ အိုင္ယာလန္နဲ႔ပြဲစဥ္မွာ ဂိုးေပါက္ေပ်ာက္ဆုံးမႈေၾကာင့္ အလြန္စိတ္ပ်က္ခဲ့ရေပမယ့္လည္း အဲဒါက ပြဲအၿပီးမွာ ၎ရဲ့ ပေရာ္ဖက္ရွင္နယ္ကစားသမားပီသမႈနဲ႔ လူသားဆန္မႈကို ျပသဖို႔ကိုေတာ့ အဟန႔္အတား မျဖစ္ေစခဲ့တာျဖစ္ပါတယ္။

အိုင္ယာလန္နဲ႔ ေပၚတူဂီအသင္းတို႔ရဲ့ပြဲစဥ္ ပြဲၿပီးဝီစီမႈတ္ခ်ိန္မွာ ငယ္ရြယ္တဲ့ မိန္းကေလး ပရိသတ္တစ္ဦးဟာ အသက္ ၃၆ ႏွစ္အရြယ္ တိုက္စစ္မႉးကို ႏႈတ္ဆက္ဖို႔အတြက္ ကြင္းအတြင္း က်ဴးေက်ာ္ဝင္ေရာက္လာခဲ့ၿပီး ကြင္းလုံျခဳံေရးေတြက သိပ္မၾကာခင္မွာပဲ ပရိသတ္ကေလးငယ္ကို ဖမ္းမိသြားခဲ့ေပမယ့္ ေရာ္နယ္လ္ဒိုက ၎ကို ေတြ႕ဆုံခ်င္တဲ့ ကေလးမေလးကို လာခြင့္ေပးခဲ့တဲ့အထိ ေအးေဆးျဖစ္ေနခဲ့ပုံ ေပၚခဲ့ပါတယ္။

ပရိသတ္ကေလးငယ္ဟာ ေရာ္နယ္လ္ဒိုရဲ့ ပြဲကစားထားတဲ့ ရွပ္ကို ေပးျခင္းခံရတဲ့အျပင္ ေပြ႕ဖက္ႏႈတ္ဆက္ျခင္းကိုပါ ခံခဲ့ရတာေၾကာင့္ မ်က္ရည္မထိန္းနိုင္ဘဲ အလြန္အမင္း ေပ်ာ္ရႊင္ခဲ့ရၿပီး ေပၚတူဂီၾကယ္ပြင့္ရဲ့ ရွပ္နဲ႔အတူ ကြင္းအတြင္းကေန လုံျခဳံေရးအေစာင့္အေရွာက္ေတြနဲ႔အတူ ထြက္ခြာသြားခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.