La Liga

ဘာစီလိုနာနဲ့ ဇာဗီတို့ သေချာပြီဖြစ်ပြီး ဆယ်လ်တာနဲ့ပွဲကို စတင်ကိုင်တွယ်မည်

ဘာစီလိုနာအသင်းအနေနဲ့ သူတို့ရဲ့ လစ်လပ်သွားတဲ့ နည်းပြနေရာအတွက် အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်းနဲ့ ကပ္ပတိန်ဟောင်း ဇာဗီ ဟာနန်ဒက်ဇ်ကို ခန့်အပ်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး လာမယ့် နိုဝင်ဘာလ ၆ ရက်နေ့ ဆယ်လ်တာဗီဂိုနဲ့ လာလီဂါပွဲစဉ်ကို စတင်ကိုင်တွယ်ဖို့ အသင့် ပြင်ဆင်ထားပြီလို့ ကာတာလွန်ညာ ရေဒီယိုက ကြေငြာလိုက်ပါတယ်။

အသင်းကို ဖြိုချဖျက်ဆီးခဲ့ပြီး ဘာစီလိုနာရဲ့ ကိုယ်ပိုင်ဟန်မှန်သမျှကို ဖျောက်ဖျက်ပစ်ခဲ့တဲ့ ရော်နယ်လ် ကိုးမန်းကို ငွေရေးကြေးရေးအရ သည်းခံနေခဲ့တဲ့ ဥက္ကဌ ဂျိုအန် လာပေါ်တာအနေနဲ့ ရာယို ဗယ်လက်ကာနိုကို ရှုံးနိမ့်အပြီးမှာတော့ ပေါင်ဆယ်သန်းတန် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်တာ ဖြစ်ပြီး ဒတ်ချ်နည်းပြအတွက် ဒီပမာဏကို ပေးလျော်ပြီး အလုပ်ဖြုတ်လိုက်တာလည်းဖြစ်ပါတယ်။

ကိုးမန်းရဲ့ ခေါ်ယူမှုတွေထဲက ဒတ်ချ်တောင်ပံကစားသမား မမ်းဖစ္စ ဒီပိုင်းဟာ လျင်မြန်မှုနဲ့ ခွန်အားကို အားကိုးလွန်းသလို နောက်တစ်ယောက် ဖြစ်တဲ့ လုခ် ဒီယုံးကတော့ ဒီအဆင်နဲ့ ဒီအဆင် နူးကမ့်မှာ လာကစားဖို့ တန်လို့လားလို့ မေးယူရမယ့် အနေအထားဖြစ်ခဲ့ပြီး ဒီနည်းပြအနေနဲ့ ငွေကြေး သုံးစွဲခွင့်များ ရလို့ကတော့ ဘာစီလိုနာကို ဘယ်လောက်အောင် လိမ္မော်သီးချဉ်စုတ်စုတ်တွေနဲ့ ဖုံးလွှမ်းပစ်မလဲဆိုတာ မတွေးရဲစရာပါ။

သူ့ရဲ့ ခေါ်ယူမှုကတော့ လက်ရှိမှာ အရှက်ခွဲခံလိုက်ရပြီဖြစ်ပြီး ဘာစီလိုနာကို ကိုင်တွယ်ဖို့ ကမ်းလှမ်းလာတာနဲ့ အယ်လ်ဆတ်ဒ်နည်းပြအဖြစ် ရှိနေဆဲဖြစ်တဲ့ ဇာဗီရဲ့ ပထမဆုံး ပြောလိုက်တဲ့ စကားက သူ့အနေနဲ့ လုခ် ဒီယုံးကို လူစာရင်းထဲ ထည့်တွက်မှာ မဟုတ်ဘူးဆိုတာပဲဖြစ်သလို ဆီဗီလာကနေ အငှားနဲ့ ရောက်ရှိနေတဲ့ ၃၁ နှစ်သားကို ပြန်ပို့ပစ်ဖို့ပဲ ရှိနေတာဖြစ်ပါတယ်။

ဇာဗီအနေနဲ့ သူ့ရဲ့ရှေ့က ဂွါဒီယိုလာနဲ့ လူးဝစ် အန်ရီကေတို့လိုမျိုး အသင်းခေါင်းဆောင်ကွင်းလယ်လူဟောင်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့လည်း ထပ်တူညီနေခဲ့တာကြောင့် ပရိသတ်တွေအနေနဲ့ ဒီနှစ်ဦးလိုမျိုးပဲ ကာတာလန်အသင်းကို ဆုဖလားတွေနဲ့ တန်ဆာဆင်ပေးနိုင်ဖို့လည်း မျှော်လင့်နေကြပြီ ဖြစ်ပါတယ်။

အသက် ၄၁ နှစ်အရွယ် ရှိသွားပြီဖြစ်တဲ့ နည်းပြအနေနဲ့ ဘာစီလိုနာမှာ အောင်မြင်နိုင်လိမ့်မယ်လို့လည်း ဒီရာသီမှာ အယ်လ်ဆတ်ဒ်နဲ့ ခြေစွမ်းပြကစားနေတဲ့ ဝါရင့်စပိန်ကွင်းလယ်လူ ဆန်တီ ကာဇိုလာကလည်း ထောက်ခံချက်ပေးထားပြီး ဒီအသင်းကို သူတို့ရဲ့ အသည်းနှလုံးနဲ့ DNA ဖြစ်တဲ့ တီကီတာကာအခြေခံစတိုင်ကို ပြန်လည်အသက်သွင်းပေးနိုင်မယ်လို့ ဆိုထားပါတယ်။

“ဟုတ်ပါတယ်။ အခု ဇာဗီက ဘာစီလိုနာကို ပြန်တော့မှာပါ။ လူတွေက သူ့ကို ကောင်းကောင်းသိကြသလို သူကလည်း ဒီအသင်းကို ဘာတွေ လုပ်ပေးရမယ်ဆိုတာ ကောင်းကောင်းသိထားပါတယ်။ သူ့ရဲ့ ဘောလုံးအိုင်ဒီယာကတော့ ပိုင်ဆိုင်မှုရယူပြီး လက်ဦးအောင် တိုက်စစ်ကစားဖို့ပါ။ ဘာစီလိုနာရဲ့ အသားကျပုံစံကို ပြန်ယူလာမှာဖြစ်ပြီး ၄-၃-၃ နဲ့ ၃-၄-၃ ပုံစံတွေကို ပိုင်နိုင်တဲ့သူအနေနဲ့ ဘောလုံးမရချိန်မှာလည်း ရှေ့ဆုံးအထိတက်ပြီး Pressing ကစားဖို့ အသင့်ပြင်ထားတာဖြစ်ပါတယ်”လို့ ကာဇိုလာက ဇာဗီရဲ့ နည်းစနစ်ကို ရှင်းပြသွားခဲ့ပါတယ်။

၂၀၁၅ ခုနှစ်ကစပြီး ကစားသမားဘဝမှာ ၄ နှစ်ကစားပေးခဲ့တဲ့ ကာတာကလပ် အယ်လ်ဆတ်ဒ်ကို ၂၀၁၉ ခုနှစ် အနားယူချိန်မှာ ကိုင်တွယ်နေခဲ့တဲ့ ဇာဗီဟာ အသင်းကို ၉၅ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ၆၃ ပွဲနိုင် ၁၅ ပွဲသရေနဲ့ ၁၇ ပွဲရှုံး ၆၆.၃၂ ရာခိုင်နှုန်း အောင်ပွဲမှတ်တမ်းကို ရယူထားနိုင်ခဲ့ပြီး နူးကမ့်မှာတော့ ဒီမှတ်တမ်းနဲ့ မနီးရိုးစွဲကို ရယူနိုင်ဖို့ ဖော်ပြမထားတဲ့ တောင်းဆိုမှုတွေကလည်း စောင့်ကြိုနေပါတယ်။

ဇာဗီအနေနဲ့ ဘာစီလိုနာအသင်းဆီကို သူ့ရဲ့ အစီအစဉ်တချို့ကို ချပြထားပြီး မန်ချက်စတာစီးတီးရဲ့ ရာဟင်းမ် စတာလင်နဲ့ ဆီဗီလာရဲ့ ဂျူးလ် ကွန်ဒီတို့ကို ခေါ်ယူပေးဖို့ တောင်းဆိုထားသလို လက်ရှိတောင်ပံကစားသမားတစ်ဦးဖြစ်တဲ့ အူစမွန် ဒမ်ဘီလီကိုလည်း မဖြစ်မနေ စာချုပ်သက်တမ်းတိုးဖို့ ညွှန်ကြားထားတယ်လို့လည်း သတင်းတွေက ဖော်ပြထားခဲ့ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာအသင္းအေနနဲ႔ သူတို႔ရဲ႕ လစ္လပ္သြားတဲ့ နည္းျပေနရာအတြက္ အသင္းရဲ႕ ကြင္းလယ္ကစားသမားေဟာင္းနဲ႔ ကပၸတိန္ေဟာင္း ဇာဗီ ဟာနန္ဒက္ဇ္ကို ခန႔္အပ္ဖို႔ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္ၿပီး လာမယ့္ ႏိုဝင္ဘာလ ၆ ရက္ေန႔ ဆယ္လ္တာဗီဂိုနဲ႔ လာလီဂါပြဲစဥ္ကို စတင္ကိုင္တြယ္ဖို႔ အသင့္ ျပင္ဆင္ထားၿပီလို႔ ကာတာလြန္ညာ ေရဒီယိုက ေၾကျငာလိုက္ပါတယ္။

အသင္းကို ၿဖိဳခ်ဖ်က္ဆီးခဲ့ၿပီး ဘာစီလိုနာရဲ႕ ကိုယ္ပိုင္ဟန္မွန္သမွ်ကို ေဖ်ာက္ဖ်က္ပစ္ခဲ့တဲ့ ေရာ္နယ္လ္ ကိုးမန္းကို ေငြေရးေၾကးေရးအရ သည္းခံေနခဲ့တဲ့ ဥကၠဌ ဂ်ိဳအန္ လာေပၚတာအေနနဲ႔ ရာယို ဗယ္လက္ကာႏိုကို ရႈံးနိမ့္အၿပီးမွာေတာ့ ေပါင္ဆယ္သန္းတန္ ဆုံးျဖတ္ခ်က္ကို ခ်မွတ္လိုက္တာ ျဖစ္ၿပီး ဒတ္ခ်္နည္းျပအတြက္ ဒီပမာဏကို ေပးေလ်ာ္ၿပီး အလုပ္ျဖဳတ္လိုက္တာလည္းျဖစ္ပါတယ္။

ကိုးမန္းရဲ႕ ေခၚယူမႈေတြထဲက ဒတ္ခ်္ေတာင္ပံကစားသမား မမ္းဖစၥ ဒီပိုင္းဟာ လ်င္ျမန္မႈနဲ႔ ခြန္အားကို အားကိုးလြန္းသလို ေနာက္တစ္ေယာက္ ျဖစ္တဲ့ လုခ္ ဒီယုံးကေတာ့ ဒီအဆင္နဲ႔ ဒီအဆင္ ႏူးကမ့္မွာ လာကစားဖို႔ တန္လို႔လားလို႔ ေမးယူရမယ့္ အေနအထားျဖစ္ခဲ့ၿပီး ဒီနည္းျပအေနနဲ႔ ေငြေၾကး သုံးစြဲခြင့္မ်ား ရလို႔ကေတာ့ ဘာစီလိုနာကို ဘယ္ေလာက္ေအာင္ လိေမၼာ္သီးခ်ဥ္စုတ္စုတ္ေတြနဲ႔ ဖုံးလႊမ္းပစ္မလဲဆိုတာ မေတြးရဲစရာပါ။

သူ႔ရဲ႕ ေခၚယူမႈကေတာ့ လက္ရွိမွာ အရွက္ခြဲခံလိုက္ရၿပီျဖစ္ၿပီး ဘာစီလိုနာကို ကိုင္တြယ္ဖို႔ ကမ္းလွမ္းလာတာနဲ႔ အယ္လ္ဆတ္ဒ္နည္းျပအျဖစ္ ရွိေနဆဲျဖစ္တဲ့ ဇာဗီရဲ႕ ပထမဆုံး ေျပာလိုက္တဲ့ စကားက သူ႔အေနနဲ႔ လုခ္ ဒီယုံးကို လူစာရင္းထဲ ထည့္တြက္မွာ မဟုတ္ဘူးဆိုတာပဲျဖစ္သလို ဆီဗီလာကေန အငွားနဲ႔ ေရာက္ရွိေနတဲ့ ၃၁ ႏွစ္သားကို ျပန္ပို႔ပစ္ဖို႔ပဲ ရွိေနတာျဖစ္ပါတယ္။

ဇာဗီအေနနဲ႔ သူ႔ရဲ႕ေရွ႕က ဂြါဒီယိုလာနဲ႔ လူးဝစ္ အန္ရီေကတို႔လိုမ်ိဳး အသင္းေခါင္းေဆာင္ကြင္းလယ္လူေဟာင္းဆိုတဲ့ ဂုဏ္ပုဒ္နဲ႔လည္း ထပ္တူညီေနခဲ့တာေၾကာင့္ ပရိသတ္ေတြအေနနဲ႔ ဒီႏွစ္ဦးလိုမ်ိဳးပဲ ကာတာလန္အသင္းကို ဆုဖလားေတြနဲ႔ တန္ဆာဆင္ေပးႏိုင္ဖို႔လည္း ေမွ်ာ္လင့္ေနၾကၿပီ ျဖစ္ပါတယ္။

အသက္ ၄၁ ႏွစ္အ႐ြယ္ ရွိသြားၿပီျဖစ္တဲ့ နည္းျပအေနနဲ႔ ဘာစီလိုနာမွာ ေအာင္ျမင္ႏိုင္လိမ့္မယ္လို႔လည္း ဒီရာသီမွာ အယ္လ္ဆတ္ဒ္နဲ႔ ေျခစြမ္းျပကစားေနတဲ့ ဝါရင့္စပိန္ကြင္းလယ္လူ ဆန္တီ ကာဇိုလာကလည္း ေထာက္ခံခ်က္ေပးထားၿပီး ဒီအသင္းကို သူတို႔ရဲ႕ အသည္းႏွလုံးနဲ႔ DNA ျဖစ္တဲ့ တီကီတာကာအေျခခံစတိုင္ကို ျပန္လည္အသက္သြင္းေပးႏိုင္မယ္လို႔ ဆိုထားပါတယ္။

“ဟုတ္ပါတယ္။ အခု ဇာဗီက ဘာစီလိုနာကို ျပန္ေတာ့မွာပါ။ လူေတြက သူ႔ကို ေကာင္းေကာင္းသိၾကသလို သူကလည္း ဒီအသင္းကို ဘာေတြ လုပ္ေပးရမယ္ဆိုတာ ေကာင္းေကာင္းသိထားပါတယ္။ သူ႔ရဲ႕ ေဘာလုံးအိုင္ဒီယာကေတာ့ ပိုင္ဆိုင္မႈရယူၿပီး လက္ဦးေအာင္ တိုက္စစ္ကစားဖို႔ပါ။ ဘာစီလိုနာရဲ႕ အသားက်ပုံစံကို ျပန္ယူလာမွာျဖစ္ၿပီး ၄-၃-၃ နဲ႔ ၃-၄-၃ ပုံစံေတြကို ပိုင္ႏိုင္တဲ့သူအေနနဲ႔ ေဘာလုံးမရခ်ိန္မွာလည္း ေရွ႕ဆုံးအထိတက္ၿပီး Pressing ကစားဖို႔ အသင့္ျပင္ထားတာျဖစ္ပါတယ္”လို႔ ကာဇိုလာက ဇာဗီရဲ႕ နည္းစနစ္ကို ရွင္းျပသြားခဲ့ပါတယ္။

၂၀၁၅ ခုႏွစ္ကစၿပီး ကစားသမားဘဝမွာ ၄ ႏွစ္ကစားေပးခဲ့တဲ့ ကာတာကလပ္ အယ္လ္ဆတ္ဒ္ကို ၂၀၁၉ ခုႏွစ္ အနားယူခ်ိန္မွာ ကိုင္တြယ္ေနခဲ့တဲ့ ဇာဗီဟာ အသင္းကို ၉၅ ပြဲ ကိုင္တြယ္ခဲ့ရာမွာ ၆၃ ပြဲႏိုင္ ၁၅ ပြဲသေရနဲ႔ ၁၇ ပြဲရႈံး ၆၆.၃၂ ရာခိုင္ႏႈန္း ေအာင္ပြဲမွတ္တမ္းကို ရယူထားႏိုင္ခဲ့ၿပီး ႏူးကမ့္မွာေတာ့ ဒီမွတ္တမ္းနဲ႔ မနီး႐ိုးစြဲကို ရယူႏိုင္ဖို႔ ေဖာ္ျပမထားတဲ့ ေတာင္းဆိုမႈေတြကလည္း ေစာင့္ႀကိဳေနပါတယ္။

ဇာဗီအေနနဲ႔ ဘာစီလိုနာအသင္းဆီကို သူ႔ရဲ႕ အစီအစဥ္တခ်ိဳ႕ကို ခ်ျပထားၿပီး မန္ခ်က္စတာစီးတီးရဲ႕ ရာဟင္းမ္ စတာလင္နဲ႔ ဆီဗီလာရဲ႕ ဂ်ဴးလ္ ကြန္ဒီတို႔ကို ေခၚယူေပးဖို႔ ေတာင္းဆိုထားသလို လက္ရွိေတာင္ပံကစားသမားတစ္ဦးျဖစ္တဲ့ အူစမြန္ ဒမ္ဘီလီကိုလည္း မျဖစ္မေန စာခ်ဳပ္သက္တမ္းတိုးဖို႔ ၫႊန္ၾကားထားတယ္လို႔လည္း သတင္းေတြက ေဖာ္ျပထားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.