La Liga

ပွဲကစားနေချိန်အတွင်း အသက်ရှူလို့မရတော့လို့ ကွင်းထဲက ထွက်ခွာခဲ့ရတဲ့ အဂူရို

ဘာစီလိုနာဝါရင့်တိုက်စစ်မှူး ဆာဂျီယို အဂူရိုဟာ စနေနေ့ညနေက အလာဗက်စ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားပေးခဲ့ပြီး အသင်းကို ကူညီပေးဖို့ ကြိုးစားခဲ့ပေမယ့်လည်း ထင်ထားသလို မဖြစ်လာခဲ့တာဖြစ်ပါတယ်။

ဆာဂျီယို အဂူရိုဟာ ဘာစီလိုနာအသင်းကို ပြီးခဲ့တဲ့နွေရာသီမှာ မန်ချက်စတာစီးတီးအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး နူးကမ့်မှာ လက်ရွေးစင်အသင်းဖော် လီယွန်နယ် မက်ဆီနဲ့ တွဲဖက်ကစားဖို့ မျှော်လင့်ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဂူရို ရောက်ရှိလာခဲ့ပြီး သိပ်မကြာမီမှာပဲ လီယွန်နယ် မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းမှာ အကြာကြီး ထပ်နေလို့မရတော့ဘူးဆိုတာက ရှင်းလင်းလာခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ ပီအက်စ်ဂျီအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးဟာ မက်ဆီ ထွက်ခွာသွားခဲ့ပြီးနောက် ရာသီအစကို လွဲချော်စေမယ့် ဒဏ်ရာကို ရရှိခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ ကြံ့ခိုင်မှု ပြန်လည်ရရှိနေပြီဖြစ်တာကြောင့် အသင်းအတွက် ပွဲထွက်ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆာဂျီယို အဂူရိုဟာ ၄၁ မိနစ်လောက်သာ ကစားပေးနိုင်ခဲ့ပြီး ၎င်းရဲ့ လူစားလဲလှယ်ခြင်း ခံရမှုက ထူးခြားဆန်းကြယ်မှုတွေ ရှိနေခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးဟာ အသက်ရှူဖို့အတွက် ရုန်းကန်နေရတဲ့ပုံ ပေါ်နေခဲ့ပြီး ဆေးဝန်ထမ်းတွေဆီကနေ ချက်ချင်း ကုသမှုကို ခံယူခဲ့ရတာဖြစ်ပါတယ်။ အဂူရိုဟာ ကွင်းအတွင်းကနေ အကူအညီမပါဘဲ ထွက်သွားနိုင်ခဲ့ပေမယ့် ၎င်းရဲ့ အခြေအနေကတော့ စိုးရိမ်ရတာ ကျိန်းသေနေပြီး တွစ်တာ လူမှုကွန်ပေါ်က ပရိသတ်တွေကတော့ မန်စီးတီးကြယ်ပွင့်ဟောင်းရဲ့ အခြေအနေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပင်ကြောင်း ပြသခဲ့ကြပါတယ်။

ဆာဂျီယို အဂူရို လူစားလဲခံလိုက်ရတယ်။ သူ့ကို ထိတွေ့မှု ဘာမှမရှိခဲ့ပေမယ့် သူ့ပုံစံက အစပိုင်းမှာ အသက်ရှူရတာ ခက်ခဲနေခဲ့တဲ့ပုံစံပေါ်နေခဲ့တဲ့အတွက် စိုးရိမ်ရပါတယ်”လို့ တွစ်တာအသုံးပြုသူတစ်ဦး ရေးသားခဲ့ပြီး “နူးကမ့်က ပထမပိုင်းပြီးဆုံးခါနီးမှာ စိတ်ပူစရာ မြင်ကွင်းကို မြင်တွေ့ခဲ့ရပေမယ့် ထမ်းစင်မလိုဘဲ ကွင်းထဲကနေ ဆာဂျီယို အဂူရို ထွက်ခွာသွားနိုင်လို့ တော်သေးတာပေါ့။ သိပ်မကြာမီအချိန်အတွင်း ပြန်ကစားနိုင်ပါစေလို့ မျှော်လင့်ကြရအောင်”လို့ Premier Sports တွစ်တာစာမျက်နှာက ရေးသားခဲ့ပါတယ်။

Diario AS သတင်းဌာနကလည်း”ဘာစီလိုနာ-အလာဗက်စ်တို့ပွဲစဉ် မိနစ် ၄၀ မှာ အဂူရိုဟာ ကော်တင်ညိုနဲ့ လူစားလဲလှယ်ခြင်းခံခဲ့ရပါတယ်။ ရုတ်တရက် အသက်ရှူမဝသလိုမျိုး သူ့ရင်ဘတ်ကို ဖိပြီး နာကျင်နေတဲ့ပုံစံပေါ်ခဲ့့ပါတယ်။ အနည်းဆုံးတော့ ကွင်းထဲကနေ သူ့ဘာသာ သူ ထွက်သွားနိုင်ခဲ့ပါတယ်။ ဘာမှ ပြင်းပြင်းထန်ထန် မဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးပါတယ်”လို့ တွစ်တာစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘာစီလိုနာဝါရင့္တိုက္စစ္မႉး ဆာဂ်ီယို အဂူရိုဟာ စေနေန႔ညေနက အလာဗက္စ္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ပြဲထြက္ပါဝင္ကစားေပးခဲ့ၿပီး အသင္းကို ကူညီေပးဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း ထင္ထားသလို မျဖစ္လာခဲ့တာျဖစ္ပါတယ္။

ဆာဂ်ီယို အဂူရိုဟာ ဘာစီလိုနာအသင္းကို ၿပီးခဲ့တဲ့ေႏြရာသီမွာ မန္ခ်က္စတာစီးတီးအသင္းကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ၿပီး ႏူးကမ့္မွာ လက္ေရြးစင္အသင္းေဖာ္ လီယြန္နယ္ မက္ဆီနဲ႔ တြဲဖက္ကစားဖို႔ ေမၽွာ္လင့္ထားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဂူရို ေရာက္ရွိလာခဲ့ၿပီး သိပ္မၾကာမီမွာပဲ လီယြန္နယ္ မက္ဆီအေနနဲ႔ ဘာစီလိုနာအသင္းမွာ အၾကာႀကီး ထပ္ေနလို႔မရေတာ့ဘူးဆိုတာက ရွင္းလင္းလာခဲ့တာျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ ပီအက္စ္ဂ်ီအသင္းကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းေရႊ႕သြားခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားတိုက္စစ္မႉးဟာ မက္ဆီ ထြက္ခြာသြားခဲ့ၿပီးေနာက္ ရာသီအစကို လြဲေခ်ာ္ေစမယ့္ ဒဏ္ရာကို ရရွိခဲ့သူျဖစ္ၿပီး လက္ရွိမွာေတာ့ ႀကံ့ခိုင္မႈ ျပန္လည္ရရွိေနၿပီျဖစ္တာေၾကာင့္ အသင္းအတြက္ ပြဲထြက္ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဆာဂ်ီယို အဂူရိုဟာ ၄၁ မိနစ္ေလာက္သာ ကစားေပးနိုင္ခဲ့ၿပီး ၎ရဲ့ လူစားလဲလွယ္ျခင္း ခံရမႈက ထူးျခားဆန္းၾကယ္မႈေတြ ရွိေနခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားလက္ေရြးစင္တိုက္စစ္မႉးဟာ အသက္ရႉဖို႔အတြက္ ႐ုန္းကန္ေနရတဲ့ပုံ ေပၚေနခဲ့ၿပီး ေဆးဝန္ထမ္းေတြဆီကေန ခ်က္ခ်င္း ကုသမႈကို ခံယူခဲ့ရတာျဖစ္ပါတယ္။ အဂူရိုဟာ ကြင္းအတြင္းကေန အကူအညီမပါဘဲ ထြက္သြားနိုင္ခဲ့ေပမယ့္ ၎ရဲ့ အေျခအေနကေတာ့ စိုးရိမ္ရတာ က်ိန္းေသေနၿပီး တြစ္တာ လူမႈကြန္ေပၚက ပရိသတ္ေတြကေတာ့ မန္စီးတီးၾကယ္ပြင့္ေဟာင္းရဲ့ အေျခအေနနဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပင္ေၾကာင္း ျပသခဲ့ၾကပါတယ္။

ဆာဂ်ီယို အဂူရို လူစားလဲခံလိုက္ရတယ္။ သူ႔ကို ထိေတြ႕မႈ ဘာမွမရွိခဲ့ေပမယ့္ သူ႔ပုံစံက အစပိုင္းမွာ အသက္ရႉရတာ ခက္ခဲေနခဲ့တဲ့ပုံစံေပၚေနခဲ့တဲ့အတြက္ စိုးရိမ္ရပါတယ္”လို႔ တြစ္တာအသုံးျပဳသူတစ္ဦး ေရးသားခဲ့ၿပီး “ႏူးကမ့္က ပထမပိုင္းၿပီးဆုံးခါနီးမွာ စိတ္ပူစရာ ျမင္ကြင္းကို ျမင္ေတြ႕ခဲ့ရေပမယ့္ ထမ္းစင္မလိုဘဲ ကြင္းထဲကေန ဆာဂ်ီယို အဂူရို ထြက္ခြာသြားနိုင္လို႔ ေတာ္ေသးတာေပါ့။ သိပ္မၾကာမီအခ်ိန္အတြင္း ျပန္ကစားနိုင္ပါေစလို႔ ေမၽွာ္လင့္ၾကရေအာင္”လို႔ Premier Sports တြစ္တာစာမ်က္ႏွာက ေရးသားခဲ့ပါတယ္။

Diario AS သတင္းဌာနကလည္း”ဘာစီလိုနာ-အလာဗက္စ္တို႔ပြဲစဥ္ မိနစ္ ၄၀ မွာ အဂူရိုဟာ ေကာ္တင္ညိဳနဲ႔ လူစားလဲလွယ္ျခင္းခံခဲ့ရပါတယ္။ ႐ုတ္တရက္ အသက္ရႉမဝသလိုမ်ိဳး သူ႔ရင္ဘတ္ကို ဖိၿပီး နာက်င္ေနတဲ့ပုံစံေပၚခဲ့့ပါတယ္။ အနည္းဆုံးေတာ့ ကြင္းထဲကေန သူ႔ဘာသာ သူ ထြက္သြားနိုင္ခဲ့ပါတယ္။ ဘာမွ ျပင္းျပင္းထန္ထန္ မျဖစ္ပါေစနဲ႔လို႔ ဆုေတာင္းေပးပါတယ္”လို႔ တြစ္တာစာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.