Analysis La Liga Ligue1 Premier League

ရော်နယ်လ်ဒိုနဲ့ ကစားဟန် ဆင်တူတဲ့ ကစားသမား ၅ ဦး

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ တသက်တာအကောင်းဆုံးဘောလုံးသမားတွေထဲက တစ်ဦးဖြစ်ပြီး ဘယ်လွန်ဒေါ ၅ ဆုရှင်ဟာ ကလပ်အသင်းနဲ့ရော နိုင်ငံတကာအဆင့်မှာပါ အလွန်ထူးခြားတဲ့ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးဟာ နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားအဖြစ် ၁၁၅ ဂိုးနဲ့ ဦးဆောင်နေပြီး အသက် ၃၆ နှစ်အရွယ်ရှိနေပြီဖြစ်တာတောင်မှ ကမ္ဘာ့ဘောလုံးလောကရဲ့ ထိပ်သီးတိုက်စစ်ကစားသမားအဖြစ် ဆက်လက်စွမ်းဆောင်ပြနေတာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ တောင်ပံကစားသမားအဖြစ်နဲ့ စကစားခဲ့ပြီး တောင်ပံတကြောအလိမ်အခေါက်တွေနဲ့ အတွင်းချိုးဝင်ကန်သွင်းတတ်တဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ထားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အသက်အရွယ်အရ ကစားဟန်ပြောင်းလဲခဲ့ပြီး အထောင်တိုက်စစ်မှူးနေရာကို ပြောင်းလဲကစားနေပြီး လက်ရှိ လူငယ်ကြယ်ပွင့်မျိုးဆက်တွေဟာ ရော်နယ်လ်ဒို ကစားတဲ့ပုံစံကို အတုယူပြီး ကြီးပြင်းလာခဲ့ကြတာဖြစ်တာကြောင့် ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးနဲ့ ကစားဟန်ချင်း ဆင်တူတဲ့ ကစားသမား ၅ ဦးက ဘယ်သူတွေလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

၅။ ဂျာအို ဖီးလစ်(အက်သလက်တီကို မက်ဒရစ်)

အက်သလက်တီကို မက်ဒရစ်ကြယ်ပွင့် ဂျာအို ဖီးလစ်ဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုနောက်ပိုင်း ပေါ်တူဂီကနေ ထွက်ပေါ်ခဲ့တဲ့ အကြီးမားဆုံးပါရမီရှင်တွေထဲက တစ်ဦးလို့ ယူဆခြင်းခံခဲ့ရသူဖြစ်ပါတယ်။ ဖီးလစ်ဟာ ၎င်းရဲ့အသက်အရွယ်နဲ့မလိုက်အောင် နည်းစနစ်ပိုင်းကျွမ်းကျင်ပြီး ရော်နယ်လ်ဒိုလိုပဲ တိုက်စစ် နေရာစုံမှာ ကစားနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။ များသောအားဖြင့် ဆီမြွန်နီရဲ့လက်အောက်မှာ နောက်ချန်တိုက်စစ်မှူးအဖြစ် ကစားလေ့ရှိတဲ့ ဖီးလစ်ရဲ့ အဓိက အရည်အချင်းတွေကတော့ မြန်နှုန်း၊ ဖန်တီးနိုင်စွမ်း၊ ဘောလုံးအမြင်ရှိမှုနဲ့ နောက်ခံကစားသမားတွေကို ကျော်ဖြတ်အနိုင်ယူနိုင်မှုတို့ ဖြစ်ပါတယ်။

ဂျာအို ဖီးလစ်ရဲ့ ကစားဟန်က ရော်နယ်လ်ဒိုနဲ့ ဆင်တူတယ်ဆိုပေမယ့် အသက် ၂၁ နှစ်အရွယ် လူငယ်ကြယ်ပွင့်ဟာ မျှော်မှန်းခြင်းခံထားရသလောက် ဖြစ်လာဖို့ တိုးတက်အောင် လုပ်ဆောင်ဖို့ အချိန်တွေ အများကြီး ယူရဦးမှာဖြစ်ပါတယ်။ ဖီးလစ်ဟာ အက်သလက်တီကို မက်ဒရစ်အတွက် ပြိုင်ပွဲစုံ ၈၃ ပွဲမှာ သွင်းဂိုး ၁၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၁ ကြိမ်သာ ပြုလုပ်ထားနိုင်သေးတာဖြစ်ပါတယ်။

၄။ မန်းဖစ် ဒီပိုင်း(ဘာစီလိုနာ)

ရော်နယ်လ်ဒိုလိုပဲ မန်ချက်စတာယူနိုက်တက်မှာ ကျောနံပါတ် ၇ ဝတ်ဆင်ခဲ့တဲ့ ဒီပိုင်းဟာ အိုးထရက်ဖို့ဒ်က အချိန်တွေကို မေ့ပစ်ချင်ခဲ့မှာဖြစ်ပြီး လိုင်ယွန်အသင်းမှာ ကစားခဲ့တဲ့အချိန်အတွင်း ထိပ်တန်းတိုက်စစ်ကစားသမားအဖြစ် သက်သေပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီပိုင်းဟာ ရော်နယ်လ်ဒို ငယ်ငယ်တုန်းကလို တောင်ပံကနေ ပြေးလွှားပြီး မယုံနိုင်ဖွယ် အလိမ်အခေါက်စွမ်းရည်တွေနဲ့ ပြိုင်ဘက် နောက်ခံကစားသမားတွေကို ဒုက္ခပေးနိုင်သူဖြစ်ပါတယ်။

ဒတ်ချ်တိုက်စစ်ကစားသမားဟာ အဝေးကန်ချက်တွေကို ၎င်းရဲ့ သန်မာတဲ့ညာခြေနဲ့ ကန်သွင်းနိုင်မှုတို့ကြောင့် လူသိများပြီး အလွတ်တည်ကန်ဘော ကန်သွင်းရာမှာလည်း အလွန်ကောင်းမွန်သူဖြစ်ပါတယ်။ ဘောလုံးကိုင်ထားချိန်မှာ အလွန်လျင်မြန်ပြီး အလွန်ထက်မြက်တဲ့တိုက်စစ်မှူးအဖြစ် တိုးတက်လာခဲ့တဲ့ ဒီပိုင်းရဲ့ ကစားဟန်ဟာ မကြာခဏ ရော်နယ်လ်ဒိုနဲ့ နှိုင်းယှဉ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ လိုင်ယွန်အတွက် ၂၀၁၇ ခုနှစ်က ၂၀၂၁ ခုနှစ်အတွင်း ဒီပိုင်းဟာ ပြိုင်ပွဲစုံ ၁၇၈ ပွဲမှာ သွင်းဂိုး ၇၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅၅ ကြိမ် ပြုလုပ်ထားနိုင်ခဲ့သူဖြစ်ပါတယ်။

၃။ ဆွန်ဟောင်မင်(တော့တင်ဟမ် ဟော့စပါး)

စပါးရဲ့အာရှသားလေး ဆွန်ဟောင်မင်ဟာ ၂၀၁၅ ခုနှစ် နွေရာသီမှာ လေဗာကူဆင်ကနေ ယူရိုသန်း ၃၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့အချိန်ကတည်းက အသင်းအတွက် စံပြကစားသမားဖြစ်ခဲ့သူဖြစ်ပါတယ်။ ဆွန်ဟာ တိုက်စစ်မှာ ဟာရီ ကိန်းနဲ့ အံ့အားသင့်ဖွယ် တွဲဖက်ကစားနိုင်ခဲ့ပြီး ပြင်းထန်တဲ့ ပြေးအား၊ မယုံနိုင်ဖွယ် အလိမ်အခေါက်စွမ်းရည်တို့နဲ့ ခန့်မှန်းရခက်တဲ့ ကစားသမားမျိုးလည်း ဖြစ်ပါတယ်။

တောင်ကိုရီးယားလက်ရွေးစင်တိုက်စစ်မှူးဟာ တိုက်စစ်နေရာစုံမှာ ကစားနိုင်ပြီး ဘယ်တောင်ပံမှာ ကစားတဲ့အချိန်မှာ အကောင်းဆုံးစွမ်းရည်တွေကို ပြသနိုင်ခဲ့သူဖြစ်ပါတယ်။ ဆွန်ဟာ ရေသာမခိုတတ်တဲ့ ကစားသမားဖြစ်ပြီး ခံစစ်တာဝန်တွေကိုလည်း ဘယ်တုန်းကမှ ရှောင်လွှဲခဲ့သူမဟုတ်ပါဘူး။ ဆွန်ရဲ့ ကစားဟန်ဟာ ရော်နယ်လ်ဒို မန်ချက်စတာယူနိုက်တက်မှာ ပထမဆုံးအကြိမ် ကစားတုန်းကအချိန်နဲ့ ရီးရဲလ်မက်ဒရစ်မှာ အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ အချိန်တွေကနဲ့ တော်တော်လေး ဆင်တူနေတာဖြစ်ပါတယ်။ ဆွန်ဟာ စပါးအတွက် ပြိုင်ပွဲစုံ ၂၉၂ ပွဲမှာ သွင်းဂိုး ၁၁၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆၆ ကြိမ် ပြုလုပ်ပေးထားတဲ့ကစားသမားဖြစ်ပါတယ်။

၂။ မားကပ်စ် ရက်ရှ်ဖို့ဒ်(မန်ချက်စတာယူနိုက်တက်)

မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ အသက် ၂၃ နှစ်အရွယ်သာရှိသေးပေမယ့် ပြီးခဲ့တဲ့နှစ်တွေမှာ ကြီးကြီးမားမား ခြေစွမ်းတိုးတက်လာခဲ့တဲ့ လူငယ်တောင်ပံကစားသမားဖြစ်ပြီး ယူနိုက်တက်အကယ်ဒမီက ထွက်ပေါ်ခဲ့တဲ့ကစားသမားတွေထဲမှာ ပါရမီအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဆိုတာ ငြင်းလို့မရပါဘူး။ ရက်ရှ်ဖို့ဒ်ရဲ့ ကစားဟန်ဟာ ၎င်းရဲ့ စံပြပုဂ္ဂိုလ်ဖြစ်တဲ့ ရော်နယ်လ်ဒိုရဲ့ လွှမ်းမိုးမှုခံခဲ့ရတယ်ဆိုတာ သက်သေတွေ တော်တော်များများ ရှိနေခဲ့ပြီး အင်္ဂလန်ကြယ်ပွင့်ဟာ ပြိုင်ဘက်ကစားသမားနဲ့ တစ်ဦးချင်းတွေ့ဆုံရာမှာ ရော်နယ်လ်ဒိုလိုပဲ chops လိုမျိုးပဲ elasticos နဲ့ လှည့်စားနိုင်သူဖြစ်ပါတယ်။

ရော်နယ်လ်ဒိုနောက်ပိုင်း ရက်ရှ်ဖို့ဒ်က ဂိုးကန်သွင်းမှုပုံစံကို တီထွင်ဆန်းသစ်နိုင်ခဲ့တဲ့ကစားသမားလည်းဖြစ်ပြီး ဘောလုံးကို လေထဲမှာ လည်ပတ်မှုနှုန်း အနည်းဆုံးဖြစ်အောင် ကန်ပြီး ဦးတည်ရာကို ခန့်မှန်းရခက်စေတဲ့ ကန်သွင်းပုံဟာ ဂိုးသမားတွေအတွက်တော့ ကာကွယ်ဖို့ ခက်ခဲတယ်ဆိုတာ သက်သေပြသခဲ့ပြီးဖြစ်ပါတယ်။ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၂၇၄ ပွဲမှာ သွင်းဂိုး ၉၀ နဲ့ ဂိုးဖန်တီးမှု ၅၆ ကြိမ်အထိ ပြုလုပ်ထားတဲ့ ရက်ရှ်ဖို့ဒ်အတွက် တောက်ပတဲ့အနာဂတ် ရှိနေသေးတာစြဖ်ပါတယ်။

၁။ ခီလီယန် အမ်ဘာပေ(ပီအက်စ်ဂျီ)

အမ်ဘာပေဟာ လက်ရှိ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး အသက် ၂၂ နှစ်အရွယ်မှာတင် ရော်နယ်လ်ဒို၊ မက်ဆီတို့လိုမျိုး ကစားသမားတွေရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူအဖြစ် သတ်မှတ်ခြင်းခံထားရသူဖြစ်ပါတယ်။ ပြင်သစ်နဲ့ ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့ပြီးဖြစ်တဲ့ အမ်ဘာပေဟာ မိုနာကိုကနေ ပီအက်စ်ဂျီကို ယူရိုသန်း ၁၈၀ နဲ့ ပြောင်းရွှေ့ခဲ့တဲ့အချိန်မှာ ဘောလုံးသမိုင်းမှာ တန်ဖိုးအမြင့်ဆုံး ဆယ်ကျော်သက်ကစားသမားဖြစ်ခဲ့သူဖြစ်ပါတယ်။ အမ်ဘာပေက ၂၀၁၇ ခုနှစ်တုန်းက Marca နဲ့ အင်တာဗျူးမှာ ရော်နယ်လ်ဒိုဟာ ၎င်းရဲ့ ကလေးဘဝ စံပြပုဂ္ဂိုလ်ဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ကစားတဲ့အတိုင်း အတုယူပြီး လိုက်ကစားခဲ့တာလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ပြင်သစ်တိုက်စစ်မှူးရဲ့ အလွန်ကောင်းမွန်တဲ့ အလိမ်အခေါက်စွမ်းရည်၊ လိုက်မီဖို့ ခက်တဲ့ ပြေးအားတို့ကြောင့် အမ်ဘာပေဟာ ခံစစ်ကစားသမားတွေအတွက် အိပ်မက်ဆိုး ဖြစ်လာခဲ့သူဖြစ်ပါတယ်။ အမ်ဘာပေဟာ ခံစစ်ကစားသမားတွေနဲ့ တသားတည်းဖြစ်နေတဲ့အချိန်မှာ ချိန်သားကိုက်ပြေးလွှားပြီး လိုက်မဖမ်းနိုင်အောင် ပြေးနှုန်းကို မြှင့်တင်နိုင်တဲ့အရည်အချင်းရှိပြီး ရော်နယ်လ်ဒိုလိုပဲ အဆုံးသတ်သေချာတဲ့ ထိပ်တန်းဂိုးသွင်းရှင်လည်းဖြစ်ပါတယ်။ အမ်ဘာပေဟာ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ ၁၈၅ ပွဲမှာ သွင်းဂို း ၁၃၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆၉ ကြိမ် ပြုလုပ်ပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ တသက္တာအေကာင္းဆုံးေဘာလုံးသမားေတြထဲက တစ္ဦးျဖစ္ၿပီး ဘယ္လြန္ေဒါ ၅ ဆုရွင္ဟာ ကလပ္အသင္းနဲ႔ေရာ နိုင္ငံတကာအဆင့္မွာပါ အလြန္ထူးျခားတဲ့ကစားသမားဘဝကို ပိုင္ဆိုင္ခဲ့သူျဖစ္ပါတယ္။

ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉးဟာ နိုင္ငံတကာသြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ ၁၁၅ ဂိုးနဲ႔ ဦးေဆာင္ေနၿပီး အသက္ ၃၆ ႏွစ္အရြယ္ရွိေနၿပီျဖစ္တာေတာင္မွ ကမၻာ့ေဘာလုံးေလာကရဲ့ ထိပ္သီးတိုက္စစ္ကစားသမားအျဖစ္ ဆက္လက္စြမ္းေဆာင္ျပေနတာျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုဟာ ေတာင္ပံကစားသမားအျဖစ္နဲ႔ စကစားခဲ့ၿပီး ေတာင္ပံတေၾကာအလိမ္အေခါက္ေတြနဲ႔ အတြင္းခ်ိဳးဝင္ကန္သြင္းတတ္တဲ့ စြမ္းရည္ေတြကို ပိုင္ဆိုင္ထားခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အသက္အရြယ္အရ ကစားဟန္ေျပာင္းလဲခဲ့ၿပီး အေထာင္တိုက္စစ္မႉးေနရာကို ေျပာင္းလဲကစားေနၿပီး လက္ရွိ လူငယ္ၾကယ္ပြင့္မ်ိဳးဆက္ေတြဟာ ေရာ္နယ္လ္ဒို ကစားတဲ့ပုံစံကို အတုယူၿပီး ႀကီးျပင္းလာခဲ့ၾကတာျဖစ္တာေၾကာင့္ ေပၚတူဂီဂႏၲဝင္တိုက္စစ္မႉးနဲ႔ ကစားဟန္ခ်င္း ဆင္တူတဲ့ ကစားသမား ၅ ဦးက ဘယ္သူေတြလဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။

၅။ ဂ်ာအို ဖီးလစ္(အက္သလက္တီကို မက္ဒရစ္)

အက္သလက္တီကို မက္ဒရစ္ၾကယ္ပြင့္ ဂ်ာအို ဖီးလစ္ဟာ ခရစၥတီယာနို ေရာ္နယ္လ္ဒိုေနာက္ပိုင္း ေပၚတူဂီကေန ထြက္ေပၚခဲ့တဲ့ အႀကီးမားဆုံးပါရမီရွင္ေတြထဲက တစ္ဦးလို႔ ယူဆျခင္းခံခဲ့ရသူျဖစ္ပါတယ္။ ဖီးလစ္ဟာ ၎ရဲ့အသက္အရြယ္နဲ႔မလိုက္ေအာင္ နည္းစနစ္ပိုင္းကၽြမ္းက်င္ၿပီး ေရာ္နယ္လ္ဒိုလိုပဲ တိုက္စစ္ ေနရာစုံမွာ ကစားနိုင္တဲ့ ကစားသမားျဖစ္ပါတယ္။ မ်ားေသာအားျဖင့္ ဆီႁမြန္နီရဲ့လက္ေအာက္မွာ ေနာက္ခ်န္တိုက္စစ္မႉးအျဖစ္ ကစားေလ့ရွိတဲ့ ဖီးလစ္ရဲ့ အဓိက အရည္အခ်င္းေတြကေတာ့ ျမန္ႏႈန္း၊ ဖန္တီးနိုင္စြမ္း၊ ေဘာလုံးအျမင္ရွိမႈနဲ႔ ေနာက္ခံကစားသမားေတြကို ေက်ာ္ျဖတ္အနိုင္ယူနိုင္မႈတို႔ ျဖစ္ပါတယ္။

ဂ်ာအို ဖီးလစ္ရဲ့ ကစားဟန္က ေရာ္နယ္လ္ဒိုနဲ႔ ဆင္တူတယ္ဆိုေပမယ့္ အသက္ ၂၁ ႏွစ္အရြယ္ လူငယ္ၾကယ္ပြင့္ဟာ ေမၽွာ္မွန္းျခင္းခံထားရသေလာက္ ျဖစ္လာဖို႔ တိုးတက္ေအာင္ လုပ္ေဆာင္ဖို႔ အခ်ိန္ေတြ အမ်ားႀကီး ယူရဦးမွာျဖစ္ပါတယ္။ ဖီးလစ္ဟာ အက္သလက္တီကို မက္ဒရစ္အတြက္ ၿပိဳင္ပြဲစုံ ၈၃ ပြဲမွာ သြင္းဂိုး ၁၉ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၁ ႀကိမ္သာ ျပဳလုပ္ထားနိုင္ေသးတာျဖစ္ပါတယ္။

၄။ မန္းဖစ္ ဒီပိုင္း(ဘာစီလိုနာ)

ေရာ္နယ္လ္ဒိုလိုပဲ မန္ခ်က္စတာယူနိုက္တက္မွာ ေက်ာနံပါတ္ ၇ ဝတ္ဆင္ခဲ့တဲ့ ဒီပိုင္းဟာ အိုးထရက္ဖို႔ဒ္က အခ်ိန္ေတြကို ေမ့ပစ္ခ်င္ခဲ့မွာျဖစ္ၿပီး လိုင္ယြန္အသင္းမွာ ကစားခဲ့တဲ့အခ်ိန္အတြင္း ထိပ္တန္းတိုက္စစ္ကစားသမားအျဖစ္ သက္ေသျပသနိုင္ခဲ့တာျဖစ္ပါတယ္။ ဒီပိုင္းဟာ ေရာ္နယ္လ္ဒို ငယ္ငယ္တုန္းကလို ေတာင္ပံကေန ေျပးလႊားၿပီး မယုံနိုင္ဖြယ္ အလိမ္အေခါက္စြမ္းရည္ေတြနဲ႔ ၿပိဳင္ဘက္ ေနာက္ခံကစားသမားေတြကို ဒုကၡေပးနိုင္သူျဖစ္ပါတယ္။

ဒတ္ခ်္တိုက္စစ္ကစားသမားဟာ အေဝးကန္ခ်က္ေတြကို ၎ရဲ့ သန္မာတဲ့ညာေျခနဲ႔ ကန္သြင္းနိုင္မႈတို႔ေၾကာင့္ လူသိမ်ားၿပီး အလြတ္တည္ကန္ေဘာ ကန္သြင္းရာမွာလည္း အလြန္ေကာင္းမြန္သူျဖစ္ပါတယ္။ ေဘာလုံးကိုင္ထားခ်ိန္မွာ အလြန္လ်င္ျမန္ၿပီး အလြန္ထက္ျမက္တဲ့တိုက္စစ္မႉးအျဖစ္ တိုးတက္လာခဲ့တဲ့ ဒီပိုင္းရဲ့ ကစားဟန္ဟာ မၾကာခဏ ေရာ္နယ္လ္ဒိုနဲ႔ ႏွိုင္းယွဥ္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။ လိုင္ယြန္အတြက္ ၂၀၁၇ ခုႏွစ္က ၂၀၂၁ ခုႏွစ္အတြင္း ဒီပိုင္းဟာ ၿပိဳင္ပြဲစုံ ၁၇၈ ပြဲမွာ သြင္းဂိုး ၇၆ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၅၅ ႀကိမ္ ျပဳလုပ္ထားနိုင္ခဲ့သူျဖစ္ပါတယ္။

၃။ ဆြန္ေဟာင္မင္(ေတာ့တင္ဟမ္ ေဟာ့စပါး)

စပါးရဲ့အာရွသားေလး ဆြန္ေဟာင္မင္ဟာ ၂၀၁၅ ခုႏွစ္ ေႏြရာသီမွာ ေလဗာကူဆင္ကေန ယူရိုသန္း ၃၀ နဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့အခ်ိန္ကတည္းက အသင္းအတြက္ စံျပကစားသမားျဖစ္ခဲ့သူျဖစ္ပါတယ္။ ဆြန္ဟာ တိုက္စစ္မွာ ဟာရီ ကိန္းနဲ႔ အံ့အားသင့္ဖြယ္ တြဲဖက္ကစားနိုင္ခဲ့ၿပီး ျပင္းထန္တဲ့ ေျပးအား၊ မယုံနိုင္ဖြယ္ အလိမ္အေခါက္စြမ္းရည္တို႔နဲ႔ ခန႔္မွန္းရခက္တဲ့ ကစားသမားမ်ိဳးလည္း ျဖစ္ပါတယ္။

ေတာင္ကိုရီးယားလက္ေရြးစင္တိုက္စစ္မႉးဟာ တိုက္စစ္ေနရာစုံမွာ ကစားနိုင္ၿပီး ဘယ္ေတာင္ပံမွာ ကစားတဲ့အခ်ိန္မွာ အေကာင္းဆုံးစြမ္းရည္ေတြကို ျပသနိုင္ခဲ့သူျဖစ္ပါတယ္။ ဆြန္ဟာ ေရသာမခိုတတ္တဲ့ ကစားသမားျဖစ္ၿပီး ခံစစ္တာဝန္ေတြကိုလည္း ဘယ္တုန္းကမွ ေရွာင္လႊဲခဲ့သူမဟုတ္ပါဘူး။ ဆြန္ရဲ့ ကစားဟန္ဟာ ေရာ္နယ္လ္ဒို မန္ခ်က္စတာယူနိုက္တက္မွာ ပထမဆုံးအႀကိမ္ ကစားတုန္းကအခ်ိန္နဲ႔ ရီးရဲလ္မက္ဒရစ္မွာ အေကာင္းဆုံးေျခစြမ္းျပခဲ့တဲ့ အခ်ိန္ေတြကနဲ႔ ေတာ္ေတာ္ေလး ဆင္တူေနတာျဖစ္ပါတယ္။ ဆြန္ဟာ စပါးအတြက္ ၿပိဳင္ပြဲစုံ ၂၉၂ ပြဲမွာ သြင္းဂိုး ၁၁၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၆၆ ႀကိမ္ ျပဳလုပ္ေပးထားတဲ့ကစားသမားျဖစ္ပါတယ္။

၂။ မားကပ္စ္ ရက္ရွ္ဖို႔ဒ္(မန္ခ်က္စတာယူနိုက္တက္)

မားကပ္စ္ ရက္ရွ္ဖို႔ဒ္ဟာ အသက္ ၂၃ ႏွစ္အရြယ္သာရွိေသးေပမယ့္ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ ႀကီးႀကီးမားမား ေျခစြမ္းတိုးတက္လာခဲ့တဲ့ လူငယ္ေတာင္ပံကစားသမားျဖစ္ၿပီး ယူနိုက္တက္အကယ္ဒမီက ထြက္ေပၚခဲ့တဲ့ကစားသမားေတြထဲမွာ ပါရမီအေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးဆိုတာ ျငင္းလို႔မရပါဘူး။ ရက္ရွ္ဖို႔ဒ္ရဲ့ ကစားဟန္ဟာ ၎ရဲ့ စံျပပုဂၢိဳလ္ျဖစ္တဲ့ ေရာ္နယ္လ္ဒိုရဲ့ လႊမ္းမိုးမႈခံခဲ့ရတယ္ဆိုတာ သက္ေသေတြ ေတာ္ေတာ္မ်ားမ်ား ရွိေနခဲ့ၿပီး အဂၤလန္ၾကယ္ပြင့္ဟာ ၿပိဳင္ဘက္ကစားသမားနဲ႔ တစ္ဦးခ်င္းေတြ႕ဆုံရာမွာ ေရာ္နယ္လ္ဒိုလိုပဲ chops လိုမ်ိဳးပဲ elasticos နဲ႔ လွည့္စားနိုင္သူျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုေနာက္ပိုင္း ရက္ရွ္ဖို႔ဒ္က ဂိုးကန္သြင္းမႈပုံစံကို တီထြင္ဆန္းသစ္နိုင္ခဲ့တဲ့ကစားသမားလည္းျဖစ္ၿပီး ေဘာလုံးကို ေလထဲမွာ လည္ပတ္မႈႏႈန္း အနည္းဆုံးျဖစ္ေအာင္ ကန္ၿပီး ဦးတည္ရာကို ခန႔္မွန္းရခက္ေစတဲ့ ကန္သြင္းပုံဟာ ဂိုးသမားေတြအတြက္ေတာ့ ကာကြယ္ဖို႔ ခက္ခဲတယ္ဆိုတာ သက္ေသျပသခဲ့ၿပီးျဖစ္ပါတယ္။ ယူနိုက္တက္အတြက္ ၿပိဳင္ပြဲစုံ ၂၇၄ ပြဲမွာ သြင္းဂိုး ၉၀ နဲ႔ ဂိုးဖန္တီးမႈ ၅၆ ႀကိမ္အထိ ျပဳလုပ္ထားတဲ့ ရက္ရွ္ဖို႔ဒ္အတြက္ ေတာက္ပတဲ့အနာဂတ္ ရွိေနေသးတာျစဖ္ပါတယ္။

၁။ ခီလီယန္ အမ္ဘာေပ(ပီအက္စ္ဂ်ီ)

အမ္ဘာေပဟာ လက္ရွိ ကမၻာေပၚက အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး အသက္ ၂၂ ႏွစ္အရြယ္မွာတင္ ေရာ္နယ္လ္ဒို၊ မက္ဆီတို႔လိုမ်ိဳး ကစားသမားေတြရဲ့ အရိုက္အရာကို ဆက္ခံမယ့္သူအျဖစ္ သတ္မွတ္ျခင္းခံထားရသူျဖစ္ပါတယ္။ ျပင္သစ္နဲ႔ ကမၻာ့ဖလားကို ရယူနိုင္ခဲ့ၿပီးျဖစ္တဲ့ အမ္ဘာေပဟာ မိုနာကိုကေန ပီအက္စ္ဂ်ီကို ယူရိုသန္း ၁၈၀ နဲ႔ ေျပာင္းေရႊ႕ခဲ့တဲ့အခ်ိန္မွာ ေဘာလုံးသမိုင္းမွာ တန္ဖိုးအျမင့္ဆုံး ဆယ္ေက်ာ္သက္ကစားသမားျဖစ္ခဲ့သူျဖစ္ပါတယ္။ အမ္ဘာေပက ၂၀၁၇ ခုႏွစ္တုန္းက Marca နဲ႔ အင္တာဗ်ဴးမွာ ေရာ္နယ္လ္ဒိုဟာ ၎ရဲ့ ကေလးဘဝ စံျပပုဂၢိဳလ္ျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္ကစားတဲ့အတိုင္း အတုယူၿပီး လိုက္ကစားခဲ့တာလို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ျပင္သစ္တိုက္စစ္မႉးရဲ့ အလြန္ေကာင္းမြန္တဲ့ အလိမ္အေခါက္စြမ္းရည္၊ လိုက္မီဖို႔ ခက္တဲ့ ေျပးအားတို႔ေၾကာင့္ အမ္ဘာေပဟာ ခံစစ္ကစားသမားေတြအတြက္ အိပ္မက္ဆိုး ျဖစ္လာခဲ့သူျဖစ္ပါတယ္။ အမ္ဘာေပဟာ ခံစစ္ကစားသမားေတြနဲ႔ တသားတည္းျဖစ္ေနတဲ့အခ်ိန္မွာ ခ်ိန္သားကိုက္ေျပးလႊားၿပီး လိုက္မဖမ္းနိုင္ေအာင္ ေျပးႏႈန္းကို ျမႇင့္တင္နိုင္တဲ့အရည္အခ်င္းရွိၿပီး ေရာ္နယ္လ္ဒိုလိုပဲ အဆုံးသတ္ေသခ်ာတဲ့ ထိပ္တန္းဂိုးသြင္းရွင္လည္းျဖစ္ပါတယ္။ အမ္ဘာေပဟာ ပီအက္စ္ဂ်ီအတြက္ ၿပိဳင္ပြဲစုံ ၁၈၅ ပြဲမွာ သြင္းဂို း ၁၃၈ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၆၉ ႀကိမ္ ျပဳလုပ္ေပးထားတဲ့ ကစားသမားျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.