Premier League Transfer News

29 Oct နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းက အလိုရှိနေတဲ့ တောင်ပံကစားသမား နိုအာလန်းအတွက် ကလပ်ဘရုဂျ်အသင်းဘက်က ယူရိုသန်း ၄၀ ဈေးနှုန်း သတ်မှတ်ထားပြီး ဒီပမာဏက ဂျာမန်အသင်းတွေကို နောက်ဆုတ်သွားစေခဲ့ပြီး ပရီးမီးယားလိဂ်ဘက်က စိတ်ဝင်စားသူတွေသာ ကြိုးစားရဖို့ ရှိလာခဲ့တာကြောင့် ဂန်းနားတွေအတွက် ခေါ်ယူဖို့ အခွင့်အရေးသာဖွယ်ရှိနေ။

– အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်းနဲ့ အသင်းခေါင်းဆောင်ဟောင်း ဆက်စ် ဖာဘရီဂက်စ်က သူ့အနေနဲ့ လက်ရှိအသင်းမှာ ကစားနေတဲ့သူတွေထဲမှာ ကြည်ရှုဖို့ အနှစ်သက်ဆုံးကစားသမားနှစ်ဦးက အီမီးလ် စမစ်ရိုးနဲ့ ဘူကာယို ဆာကာတို့ပဲဖြစ်ကြောင်း ဟေးလ်အန့်ဒ် အကယ်ဒမီထွက်နှစ်ဦးကို ချီးကျူးသွားခဲ့။

– အာဆင်နယ်အသင်းနဲ့အတူ ပူးပေါင်းလေ့ကျင့်နေပြီး တစ်ချိန်တည်းမှာပဲ သူ့ရဲ့ အနာဂတ်ဖြစ်တဲ့ နည်းပြလိုင်စင်အတွက် ကြိုးစားနေတဲ့ ဂျက်ခ် ဝီလ်ရှီးယားတစ်ယောက် အနည်းဆုံးအနေနဲ့ ဒီလိုမျိုး မြက်ခင်းစိမ်းတွေပေါ် ပျော်ရွှင်နေနိုင်တာဟာ ကောင်းမွန်တဲ့ မြင်ကွင်းတစ်ခု ဖြစ်ကြောင်း ဝက်စ်ဟမ်းရဲ့ အသင်းဖော်ဟောင်း ဒက်ကလန် ရိုက်စ်က ဝမ်းသာစကားဆိုသွားခဲ့။

– အသင်းနဲ့ စာချုပ်သစ် မချုပ်တော့ဖို့ ဆုံးဖြတ်ထားတဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်အသင်း နှစ်သင်းက စိတ်ဝင်စားနေတယ်လို့ သိရပြီး ဆော်ဒီပိုင်ရှင်တွေရဲ့ နယူးကာဆယ်လ်နဲ့ လန်ဒန်မြို့ခံ ဝက်စ်ဟမ်းတို့ဖြစ်တယ်လို့ သိရပြီး ငှက်ကျားတွေအနေနဲ့ လက်မှတ်ထိုးကြေး မြင့်မြင့်မားမားနဲ့ စည်းရုံးသွားဖို့ရှိနေ။

– စကိုင်းစပို့စ်ရဲ့ ဘောလုံးကျွမ်းကျင်သူ ဂန်းနားတိုက်စစ်မှူးဟောင်း အလန် စမစ်က ဂိုးသမား ဘန်းဒ် လီနိုအနေနဲ့ အသင်းရဲ့ ဦးစားပေးနေရာကို ဆုံးရှုံးခဲ့အပြီးမှာ အမ်းမရိတ်မြေကနေ ထွက်ခွာဖို့ သေချာနေကြောင်းနဲ့ သူ့ရဲ့ စိတ်နေစိတ်ထားအရ အရန်ခုံမှာ ဆက်လက်ထိုင်နေဖို့ မရှိကြောင်း ထုတ်ဖော်လိုက်ပြီး ဂျာမန်မြေကို ပြန်ဖို့ ခန့်မှန်းချက်တွေလည်း ထွက်ပေါ်လာ။

– အာဆင်နယ်နဲ့ မာဆေးလ်ကွင်းလယ်လူဟောင်း ဆာမီယာ နာဆရီက နောက်ခံလူ ဝီလီယမ် ဆာလီဘာအနေနဲ့ လာမယ့်ရာသီမှာ နည်းပြ မီခယ်လ် အာတီတာရဲ့ လက်အောက်မှာ ကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ထောက်ခံသွားခဲ့ပြီး သုံးရာသီဆက်တိုက် အငှားချအပြီးမှာ အမ်းမရိတ်ကွင်းကြီးမှာ ပွဲထွက်ဖို့ ထိုက်တန်နေကြောင်း ချီးကျူးသွား။

– လက်စတာစီးတီးနဲ့ အဝေးကွင်းပွဲစဉ်ကို ကိုင်တွယ်မယ့် ဒိုင်လူကြီးက မိုက်ကယ် အိုလီဗာဖြစ်နေကြောင်း သိရှိလိုက်ရချိန်မှာ အာဆင်နယ် ပရိသတ်တွေကြား စိတ်ပျက်သံတွေ ထွက်ပေါ်လာခဲ့ပြီး သူကိုင်တွယ်တဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ အသင်းအနေနဲ့ ၃၇ ပွဲကစား၊ ၁၁ ပွဲနိုင်၊ ၁၁ ပွဲသရေနဲ့ ၁၅ ပွဲ ရှုံးထားခဲ့သလို အဝါကတ် ၆၉ ကတ်၊ အနီကတ် ၃ ကတ်နဲ့ ပင်နယ်တီ ၄ ကြိမ်ခွင့်ပြုထား။

– အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာအနေနဲ့ လာမယ့် ဆောင်းရာသီအပြောင်းအရွှေ့မှာ အသင်းရဲ့ ပရီးမီးယားလိဂ်လူစာရင်းမှာ ပွဲထွက် နေရာမရနိုင်ဘဲဖြစ်နေတဲ့ လူငယ်တိုက်စစ်မှူး ဂါဘရီယယ်လ် မာတီနယ်လီနဲ့ ဖိုလာရင် ဘာလိုဂွန်တို့အတွက် အငှားကမ်းလှမ်းမှုတွေကို လက်ခံသွားဖို့ ပြန်လည်စဉ်းစားဖွယ်ရှိနေတယ်လို့ သတင်းထွက်ပေါ်လာ။

– အာဆင်နယ်အသင်းအနေနဲ့ လာမယ့် ဇန်နဝါရီ ဈေးကွက်မှာ နွေရာသီအတွက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စတင်ဆွေးနွေးနိုင်မှာ ဖြစ်တဲ့ ဂျာမန်ကလပ် မိုချန်ဂလာဘက်ချ်အသင်းကွင်းလယ်လူ ဒင်းနစ် ဇာကာရီးယားကို ကွင်းလယ်မှာ ဆွစ်ဇာလန်သား ဂရာနစ် ချာကာရဲ့ နေရာအတွက် အစားထိုးနိုင်ဖို့ စတင်ကြိုးစားဖွယ်ရှိနေ။

– နည်းပြ ရော်နယ်လ် ကိုးမန်းကို ထုတ်ပယ်သွားခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် ဖြစ်လာဖွယ်ရှိနေတဲ့ ဇာဗီ ဟာနန်ဒက်ဇ်ရဲ့ ဦးစားပေးကစားသမား ရွေးချယ်မှု အခြေအနေကို အာဆင်နယ်အသင်းအနေနဲ့ စောင့်ကြည့်နေပြီး ညာနောက်ခံနဲ့ ကွင်းလယ်နေရာတွေမှာ ကစားနိုင်တဲ့ ဆာဂျီ ရော်ဘတ်တိုကို ဆောင်းရာသီမှာ တိုက်စစ်ပိုင်း အားဖြည့်ဖို့ အလိုရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းက အလိုရွိေနတဲ့ ေတာင္ပံကစားသမား ႏိုအာလန္းအတြက္ ကလပ္ဘ႐ုဂ်္အသင္းဘက္က ယူ႐ိုသန္း ၄၀ ေဈးႏႈန္း သတ္မွတ္ထားၿပီး ဒီပမာဏက ဂ်ာမန္အသင္းေတြကို ေနာက္ဆုတ္သြားေစခဲ့ၿပီး ပရီးမီးယားလိဂ္ဘက္က စိတ္ဝင္စားသူေတြသာ ႀကိဳးစားရဖို႔ ရွိလာခဲ့တာေၾကာင့္ ဂန္းနားေတြအတြက္ ေခၚယူဖို႔ အခြင့္အေရးသာဖြယ္ရွိေန။

– အသင္းရဲ႕ ကြင္းလယ္ကစားသမားေဟာင္းနဲ႔ အသင္းေခါင္းေဆာင္ေဟာင္း ဆက္စ္ ဖာဘရီဂက္စ္က သူ႔အေနနဲ႔ လက္ရွိအသင္းမွာ ကစားေနတဲ့သူေတြထဲမွာ ၾကည္ရႈဖို႔ အႏွစ္သက္ဆုံးကစားသမားႏွစ္ဦးက အီမီးလ္ စမစ္႐ိုးနဲ႔ ဘူကာယို ဆာကာတို႔ပဲျဖစ္ေၾကာင္း ေဟးလ္အန႔္ဒ္ အကယ္ဒမီထြက္ႏွစ္ဦးကို ခ်ီးက်ဴးသြားခဲ့။

– အာဆင္နယ္အသင္းနဲ႔အတူ ပူးေပါင္းေလ့က်င့္ေနၿပီး တစ္ခ်ိန္တည္းမွာပဲ သူ႔ရဲ႕ အနာဂတ္ျဖစ္တဲ့ နည္းျပလိုင္စင္အတြက္ ႀကိဳးစားေနတဲ့ ဂ်က္ခ္ ဝီလ္ရွီးယားတစ္ေယာက္ အနည္းဆုံးအေနနဲ႔ ဒီလိုမ်ိဳး ျမက္ခင္းစိမ္းေတြေပၚ ေပ်ာ္႐ႊင္ေနႏိုင္တာဟာ ေကာင္းမြန္တဲ့ ျမင္ကြင္းတစ္ခု ျဖစ္ေၾကာင္း ဝက္စ္ဟမ္းရဲ႕ အသင္းေဖာ္ေဟာင္း ဒက္ကလန္ ႐ိုက္စ္က ဝမ္းသာစကားဆိုသြားခဲ့။

– အသင္းနဲ႔ စာခ်ဳပ္သစ္ မခ်ဳပ္ေတာ့ဖို႔ ဆုံးျဖတ္ထားတဲ့ တိုက္စစ္မႉး အလက္ဇန္းဒါး လာကာဇက္ကို ေခၚယူဖို႔ ပရီးမီးယားလိဂ္အသင္း ႏွစ္သင္းက စိတ္ဝင္စားေနတယ္လို႔ သိရၿပီး ေဆာ္ဒီပိုင္ရွင္ေတြရဲ႕ နယူးကာဆယ္လ္နဲ႔ လန္ဒန္ၿမိဳ႕ခံ ဝက္စ္ဟမ္းတို႔ျဖစ္တယ္လို႔ သိရၿပီး ငွက္က်ားေတြအေနနဲ႔ လက္မွတ္ထိုးေၾကး ျမင့္ျမင့္မားမားနဲ႔ စည္း႐ုံးသြားဖို႔ရွိေန။

– စကိုင္းစပို႔စ္ရဲ႕ ေဘာလုံးကြၽမ္းက်င္သူ ဂန္းနားတိုက္စစ္မႉးေဟာင္း အလန္ စမစ္က ဂိုးသမား ဘန္းဒ္ လီႏိုအေနနဲ႔ အသင္းရဲ႕ ဦးစားေပးေနရာကို ဆုံးရႈံးခဲ့အၿပီးမွာ အမ္းမရိတ္ေျမကေန ထြက္ခြာဖို႔ ေသခ်ာေနေၾကာင္းနဲ႔ သူ႔ရဲ႕ စိတ္ေနစိတ္ထားအရ အရန္ခုံမွာ ဆက္လက္ထိုင္ေနဖို႔ မရွိေၾကာင္း ထုတ္ေဖာ္လိုက္ၿပီး ဂ်ာမန္ေျမကို ျပန္ဖို႔ ခန႔္မွန္းခ်က္ေတြလည္း ထြက္ေပၚလာ။

– အာဆင္နယ္နဲ႔ မာေဆးလ္ကြင္းလယ္လူေဟာင္း ဆာမီယာ နာဆရီက ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာအေနနဲ႔ လာမယ့္ရာသီမွာ နည္းျပ မီခယ္လ္ အာတီတာရဲ႕ လက္ေအာက္မွာ ကစားဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ေထာက္ခံသြားခဲ့ၿပီး သုံးရာသီဆက္တိုက္ အငွားခ်အၿပီးမွာ အမ္းမရိတ္ကြင္းႀကီးမွာ ပြဲထြက္ဖို႔ ထိုက္တန္ေနေၾကာင္း ခ်ီးက်ဴးသြား။

– လက္စတာစီးတီးနဲ႔ အေဝးကြင္းပြဲစဥ္ကို ကိုင္တြယ္မယ့္ ဒိုင္လူႀကီးက မိုက္ကယ္ အိုလီဗာျဖစ္ေနေၾကာင္း သိရွိလိုက္ရခ်ိန္မွာ အာဆင္နယ္ ပရိသတ္ေတြၾကား စိတ္ပ်က္သံေတြ ထြက္ေပၚလာခဲ့ၿပီး သူကိုင္တြယ္တဲ့ ပရီးမီးယားလိဂ္ပြဲေတြမွာ အသင္းအေနနဲ႔ ၃၇ ပြဲကစား၊ ၁၁ ပြဲႏိုင္၊ ၁၁ ပြဲသေရနဲ႔ ၁၅ ပြဲ ရႈံးထားခဲ့သလို အဝါကတ္ ၆၉ ကတ္၊ အနီကတ္ ၃ ကတ္နဲ႔ ပင္နယ္တီ ၄ ႀကိမ္ခြင့္ျပဳထား။

– အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ လာမယ့္ ေဆာင္းရာသီအေျပာင္းအေ႐ႊ႕မွာ အသင္းရဲ႕ ပရီးမီးယားလိဂ္လူစာရင္းမွာ ပြဲထြက္ ေနရာမရႏိုင္ဘဲျဖစ္ေနတဲ့ လူငယ္တိုက္စစ္မႉး ဂါဘရီယယ္လ္ မာတီနယ္လီနဲ႔ ဖိုလာရင္ ဘာလိုဂြန္တို႔အတြက္ အငွားကမ္းလွမ္းမႈေတြကို လက္ခံသြားဖို႔ ျပန္လည္စဥ္းစားဖြယ္ရွိေနတယ္လို႔ သတင္းထြက္ေပၚလာ။

– အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္ ဇန္နဝါရီ ေဈးကြက္မွာ ေႏြရာသီအတြက္ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူဖို႔ စတင္ေဆြးေႏြးႏိုင္မွာ ျဖစ္တဲ့ ဂ်ာမန္ကလပ္ မိုခ်န္ဂလာဘက္ခ်္အသင္းကြင္းလယ္လူ ဒင္းနစ္ ဇာကာရီးယားကို ကြင္းလယ္မွာ ဆြစ္ဇာလန္သား ဂရာနစ္ ခ်ာကာရဲ႕ ေနရာအတြက္ အစားထိုးႏိုင္ဖို႔ စတင္ႀကိဳးစားဖြယ္ရွိေန။

– နည္းျပ ေရာ္နယ္လ္ ကိုးမန္းကို ထုတ္ပယ္သြားခဲ့တဲ့ ဘာစီလိုနာအသင္းရဲ႕ နည္းျပသစ္ ျဖစ္လာဖြယ္ရွိေနတဲ့ ဇာဗီ ဟာနန္ဒက္ဇ္ရဲ႕ ဦးစားေပးကစားသမား ေ႐ြးခ်ယ္မႈ အေျခအေနကို အာဆင္နယ္အသင္းအေနနဲ႔ ေစာင့္ၾကည့္ေနၿပီး ညာေနာက္ခံနဲ႔ ကြင္းလယ္ေနရာေတြမွာ ကစားႏိုင္တဲ့ ဆာဂ်ီ ေရာ္ဘတ္တိုကို ေဆာင္းရာသီမွာ တိုက္စစ္ပိုင္း အားျဖည့္ဖို႔ အလိုရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.