Analysis Premier League

ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ တူဟယ်အတွက် နယူးကာဆယ်လ်နဲ့ပွဲမှာ ယုံကြည်မှုပေးရမယ့် အဓိကကစားသမား ၄ ဦး

ချဲလ်ဆီးအသင်းကစားသမားတွေဟာ ယမန်နေ့က သောမတ်စ် တူဟယ်ရဲ့ ထိုက်ထိုက်တန်တန် နားရက်ပေးခြင်းခံခဲ့ရပြီး အဲဒါက အသင်းလူစာရင်းထဲက ကစားသမားအများစုအတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာကို ၂၄ နာရီ အနားယူဖို့အတွက် အခွင့်အရေးဖြစ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၀ ရက်ကျော်က ချဲလ်ဆီးရဲ့ ဒဏ်ရာရလူစာရင်းဟာ မြင့်တက်ခဲ့ပြီး ပြီးခဲ့တဲ့အပတ် မယ်လ်မိုကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ ပူလီရှစ်တစ်ဦးတည်းသာ ဒဏ်ရာကြောင့် လွဲချော်ခဲ့တာဖြစ်ပေမယ့် အဲဒီပွဲစဉ်မှာ လူကာကူးနဲ့ တီမို ဗာနာတို့ ၂ ဦးစလုံး ဒဏ်ရာရရှိခဲ့ကြပါတယ်။ ကန်တေဟာ လေ့ကျင့်ရေးမှာ အသေးစားကြွက်သားပြဿနာ ရရှိခဲ့ပြီး အင်္ဂါနေ့မှာကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ပွဲစဉ်မတိုင်မီ ခရစ္စတင်ဆန်၊ အက်ဇ်ပလီကွေတာ၊ လော့ဖ်တပ်စ် ချိခ်တို့အားလုံး အမျိုးမျိုးသောအကြောင်းအရင်းကြောင့် လွဲချော်ခဲ့ကြတာဖြစ်ပါတယ်။

စနေနေ့ နယူးကာဆယ်လ်အသင်းအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲစဉ်အတွက် ကန်တေ၊ ခရစ္စတင်ဆန်၊ အက်ဇ်ပလီကွေ၊ လော့ဖ်တပ်စ် ချိခ်တို့အားလုံး ပါဝင်ကစားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ချက်ရှိနေပြီး အဲဒီပွဲစဉ်ဟာ ချဲလ်ဆီးအတွက် အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ နောက်ထပ်အရှိန်မြှင့်နိုင်မယ့် အခွင့်အရေးဖြစ်နေတာဖြစ်ပါတယ်။

တူဟယ်ရဲ့ချဲလ်ဆီးဟာ ၉ ပွဲကစားပြီးနောက်မှာ ဒုတိယနေရာက လီဗာပူးလ်နဲ့ ၁ မှတ်သာ ကွာဟနေတာဖြစ်ပြီး ဂျာမန်လူမျိုးနည်းပြအနေနဲ့ လူစာရင်းရွေးချယ်ရာမှာ ပါးနပ်ဖို့ လိုသလို စနေနေ့ပွဲစဉ်မှာ မဖြစ်မနေ ပွဲထွက်ပါဝင်ကစားရမယ်လို့ ယုံကြည်ရတဲ့ ကစားသမား ၄ ဦးက ဘယ်သူတွေဖြစ်မလဲ…

သီယာဂို ဆေးလ်ဗား

ချဲလ်ဆီးအသင်းရဲ့ ဒဏ်ရာပြဿနာတွေကြောင့် ဘရာဇီးလ်နောက်ခံကစားသမားဟာ အင်္ဂါနေ့မှာ အနားမရခဲ့ဘူးဆိုပေမယ့် ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ အရန်ခုံမှာ ထိုင်နေခဲ့ရတာကြောင့် နယူးကာဆယ်လ်နဲ့ပွဲစဉ်မှာ လန်းလန်းဆန်းဆန်းနဲ့ ပါဝင်ကစားပေးသွားနိုင်မှာဖြစ်ပါတယ်။

ဆေးလ်ဗားဟာ ယခုရာသီ ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံ ၆ ပွဲ ပွဲထွက်ပါဝင်ကစားပေးထားပြီး အဲဒီပွဲစဉ်တွေမှာ ချဲလ်ဆီးအသင်းက ကစားကွက်ကနေတဆင့် ၁ ဂိုးသာ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် ဝါရင့်နောက်ခံကစားသမားဟာ တူဟယ်ရဲ့ ခေါ်ယူခြင်းခံရချိန်တိုင်း အပြစ်အနာအဆာကင်းမဲ့လုနီးပါး ကစားပေးခဲ့သူဖြစ် ၎င်းရဲ့အတွေ့အကြုံက နယူးကာဆယ်လ်နဲ့ပွဲစဉ်မှာ အနိုင်သေချာဖို့အတွက် အရေးကြီးလာမှာဖြစ်ပါတယ်။

ဘန် ချေးဝဲလ်

ချေးဝဲလ်ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် အင်္ဂလန်အသင်းအတွက် ပါဝင်ကစားပေးခဲ့တာကြောင့် ရာသီကြိုလေ့ကျင့်ရေးကို နောက်ကျမှ ပြန်လာနိုင်ခဲ့ပြီး သြဂုတ်လနဲ့ စက်တင်ဘာလတွေမှာ ချဲလ်ဆီးပွဲထွက်လူစာရင်းမှာ နေရာမရခဲ့သူဖြစ်ပါတယ်။ အင်္ဂလန်နောက်ခံကစားသမားအနေနဲ့ မားကို့စ် အလွန်ဆို ခြေစွမ်းကျဆင်းချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းခဲ့ရပြီး အခွင့်အရေးရလာတဲ့အခါမှာ အမိအရဆုပ်ကိုင်နိုင်ခဲ့သလို အံ့မခန်း စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် နောက်ခံကစားသမားဟာ ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ပွဲတိုင်း ဂိုးသွင်းယူနိုင်ခဲ့ပြီး အောက်တိုဘာလအစက စတမ်းဖို့ဒ် ဘရစ်ချ်မှာ ဆောက်သမ်တန်ကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဝါ့ဒ်-ပရောက်စ်ရဲ့ပင်နယ်တီကြောင့်သာ တစ်ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။ ချေးဝဲလ်ဟာ အင်္ဂါနေ့ညက ပွဲစဉ်မှာ ညာနောက်ခံတောင်ပံအဖြစ်နဲ့ ဒုတိယပိုင်းမှာ ပါဝင်ကစားပေးခဲ့ပေမယ့် နယူးကာဆယ်လ်နဲ့ပွဲမှာတော့ သူ့ရဲ့ မူလနေရာကိုပဲ ပြန်ယူရမှာဖြစ်ပါတယ်။

ဂျော်ဂျင်ညို

ရာသီအဖွင့် ရက်သတ္တပတ်မှာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အီတလီအတွက် ပါဝင်ကစားပေးခဲ့တာကြောင့် ဂျော်ဂျင်ညိုပုံစံက အနည်းငယ် မောပန်းနွမ်းနယ်နေတယ်ဆိုတဲ့ ခံစားချက်ကနေ လွတ်မြောက်ဖို့ ခက်ခဲခဲ့ပါတယ်။ ချဲလ်ဆီးအတွက် ကံကောင်းထောက်မစွာနဲ့ အီတလီကွင်းလယ်ကစားသမားဟာ လက်ရှိမှာတော့ အကောင်းဆုံးပုံစံကို ပြန်လည်ရရှိနေပြီဖြစ်ပြီး မယ်လ်မိုနဲ့ပွဲမှာ ပင်နယ်တီကနေ ၂ ဂိုးအထိ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်မှာ နောဝစ်ချ်ကို ၇-၀ နဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာလည်း မေဆန် မောင့်အတွက် ဂိုးဖန်တီးပေးခဲ့ပြီး သီယာဂို ဆေးလ်ဗားလိုပဲ ဂျော်ဂျင်ညိုဟာ ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ အရန်ခုံမှာ ထိုင်နေခဲ့ရတာကြောင့် ကြံ့ခိုင်မှုပြည့်ဝနေပြီး နယူးကာဆယ်လ်နဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေမှာဖြစ်ပါတယ်။ အီတလီကြယ်ပွင့်ရဲ့ ထက်မြက်မှု၊ ဘောလုံးပိုင်ဆိုင်မှုမှာ လွှမ်းမိုးနိုင်မှုက အိမ်ကွင်းပရိသတ်တွေကို တိတ်ဆိတ်နေစေဖို့ အရေးကြီးတဲ့ အရည်အသွေးတွေ ဖြစ်လာမှာဖြစ်ပါတယ်။

ဟတ်ဒ်ဆန်-အိုဒွိုင်း

ဟတ်ဒ်ဆန်-အိုဒွိုင်းဟာ ချဲလ်ဆီးရဲ့ ပုံမှန်ခြေစွမ်းအရှိဆုံး ကစားသမားဖြစ်ကောင်း ဖြစ်နိုင်ပြီး ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ VAR ရဲ့ ဂိုးဖန်တီးမှုကို လုယူခြင်းခံခဲ့ရသူဖြစ်ပါတယ်။ ဒါပေမယ့် မယ်လ်မိုနဲ့ပွဲမှာ ခိုင် ဟားဗတ်ဇ်အတွက် ဂိုးဖန်တီးပေးခဲ့ပြီး နောဝစ်ချ်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ချဲလ်ဆီးအသင်းရဲ့ ဒုတိယမြောက်သွင်းဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အသင်းရဲ့ဒဏ်ရာပြဿနာကြီးထွားနေမှုကြောင့် အိုဒွိုင်းဟာ ဆောက်သမ်တန်နဲ့ ကစားခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ်မှာ ပွဲကစားချိန်တစ်ဝက်ထက် ကျော်လွန်ပြီး ညာတောင်ပံမှာ ကစားခဲ့ရပေမယ့် ဒုတိယပိုင်းအစောပိုင်းမှာ ဘယ်တောင်ပံကို ပြောင်းကစားခဲ့ရတာဖြစ်ပါတယ်။

အံ့အားသင့်စရာမကောင်းစွာနဲ့ပဲ အိုဒွိုင်းက ပိုမိုကြီးမားတဲ့လွှမ်းမိုးမှု ပြုလုပ်နိုင်ခဲ့ပြီး တူဟယ်အနေနဲ့ ချဲလ်ဆီးအကယ်ဒမီထွက် တောင်ပံကစားသမားကို ယုံကြည်မှုပေးဖို့ အချိန်အနည်းငယ် ယူခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် အိုဒွိုင်းဟာ ယုံကြည်မှုအပြည့်နဲ့ ကောင်းကောင်းကစားနိုင်ခဲ့ပြီး ၎င်းနှစ်သက်တဲ့နေရာမှာ အထင်ကြီးအောင် လုပ်ပြဖို့အတွက် နောက်ထပ်အခွင့်အရေးပေးဖို့ ထိုက်တန်တဲ့သူဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းကစားသမားေတြဟာ ယမန္ေန႔က ေသာမတ္စ္ တူဟယ္ရဲ့ ထိုက္ထိုက္တန္တန္ နားရက္ေပးျခင္းခံခဲ့ရၿပီး အဲဒါက အသင္းလူစာရင္းထဲက ကစားသမားအမ်ားစုအတြက္ စိတ္ပိုင္းဆိုင္ရာနဲ႔ ႐ုပ္ပိုင္းဆိုင္ရာကို ၂၄ နာရီ အနားယူဖို႔အတြက္ အခြင့္အေရးျဖစ္ခဲ့ပါတယ္။

လြန္ခဲ့တဲ့ ၁၀ ရက္ေက်ာ္က ခ်ဲလ္ဆီးရဲ့ ဒဏ္ရာရလူစာရင္းဟာ ျမင့္တက္ခဲ့ၿပီး ၿပီးခဲ့တဲ့အပတ္ မယ္လ္မိုကို အနိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မတိုင္မီ ပူလီရွစ္တစ္ဦးတည္းသာ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့တာျဖစ္ေပမယ့္ အဲဒီပြဲစဥ္မွာ လူကာကူးနဲ႔ တီမို ဗာနာတို႔ ၂ ဦးစလုံး ဒဏ္ရာရရွိခဲ့ၾကပါတယ္။ ကန္ေတဟာ ေလ့က်င့္ေရးမွာ အေသးစားႂကြက္သားျပႆနာ ရရွိခဲ့ၿပီး အဂၤါေန႔မွာကစားခဲ့တဲ့ ေဆာက္သမ္တန္နဲ႔ပြဲစဥ္မတိုင္မီ ခရစၥတင္ဆန္၊ အက္ဇ္ပလီေကြတာ၊ ေလာ့ဖ္တပ္စ္ ခ်ိခ္တို႔အားလုံး အမ်ိဳးမ်ိဳးေသာအေၾကာင္းအရင္းေၾကာင့္ လြဲေခ်ာ္ခဲ့ၾကတာျဖစ္ပါတယ္။

စေနေန႔ နယူးကာဆယ္လ္အသင္းအိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမယ့္ပြဲစဥ္အတြက္ ကန္ေတ၊ ခရစၥတင္ဆန္၊ အက္ဇ္ပလီေကြ၊ ေလာ့ဖ္တပ္စ္ ခ်ိခ္တို႔အားလုံး ပါဝင္ကစားေပးနိုင္လိမ့္မယ္လို႔ ေမၽွာ္လင့္ခ်က္ရွိေနၿပီး အဲဒီပြဲစဥ္ဟာ ခ်ဲလ္ဆီးအတြက္ အမွတ္ေပးဇယားထိပ္ဆုံးေနရာမွာ ေနာက္ထပ္အရွိန္ျမႇင့္နိုင္မယ့္ အခြင့္အေရးျဖစ္ေနတာျဖစ္ပါတယ္။

တူဟယ္ရဲ့ခ်ဲလ္ဆီးဟာ ၉ ပြဲကစားၿပီးေနာက္မွာ ဒုတိယေနရာက လီဗာပူးလ္နဲ႔ ၁ မွတ္သာ ကြာဟေနတာျဖစ္ၿပီး ဂ်ာမန္လူမ်ိဳးနည္းျပအေနနဲ႔ လူစာရင္းေရြးခ်ယ္ရာမွာ ပါးနပ္ဖို႔ လိုသလို စေနေန႔ပြဲစဥ္မွာ မျဖစ္မေန ပြဲထြက္ပါဝင္ကစားရမယ္လို႔ ယုံၾကည္ရတဲ့ ကစားသမား ၄ ဦးက ဘယ္သူေတြျဖစ္မလဲ…

သီယာဂို ေဆးလ္ဗား

ခ်ဲလ္ဆီးအသင္းရဲ့ ဒဏ္ရာျပႆနာေတြေၾကာင့္ ဘရာဇီးလ္ေနာက္ခံကစားသမားဟာ အဂၤါေန႔မွာ အနားမရခဲ့ဘူးဆိုေပမယ့္ ေဆာက္သမ္တန္နဲ႔ပြဲစဥ္မွာ အရန္ခုံမွာ ထိုင္ေနခဲ့ရတာေၾကာင့္ နယူးကာဆယ္လ္နဲ႔ပြဲစဥ္မွာ လန္းလန္းဆန္းဆန္းနဲ႔ ပါဝင္ကစားေပးသြားနိုင္မွာျဖစ္ပါတယ္။

ေဆးလ္ဗားဟာ ယခုရာသီ ခ်ဲလ္ဆီးအတြက္ ၿပိဳင္ပြဲစုံ ၆ ပြဲ ပြဲထြက္ပါဝင္ကစားေပးထားၿပီး အဲဒီပြဲစဥ္ေတြမွာ ခ်ဲလ္ဆီးအသင္းက ကစားကြက္ကေနတဆင့္ ၁ ဂိုးသာ ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။ အသက္ ၃၇ ႏွစ္အရြယ္ ဝါရင့္ေနာက္ခံကစားသမားဟာ တူဟယ္ရဲ့ ေခၚယူျခင္းခံရခ်ိန္တိုင္း အျပစ္အနာအဆာကင္းမဲ့လုနီးပါး ကစားေပးခဲ့သူျဖစ္ ၎ရဲ့အေတြ႕အၾကဳံက နယူးကာဆယ္လ္နဲ႔ပြဲစဥ္မွာ အနိုင္ေသခ်ာဖို႔အတြက္ အေရးႀကီးလာမွာျဖစ္ပါတယ္။

ဘန္ ေခ်းဝဲလ္

ေခ်းဝဲလ္ဟာ ယူရို ၂၀၂၀ ၿပိဳင္ပြဲအတြက္ အဂၤလန္အသင္းအတြက္ ပါဝင္ကစားေပးခဲ့တာေၾကာင့္ ရာသီႀကိဳေလ့က်င့္ေရးကို ေနာက္က်မွ ျပန္လာနိုင္ခဲ့ၿပီး ၾသဂုတ္လနဲ႔ စက္တင္ဘာလေတြမွာ ခ်ဲလ္ဆီးပြဲထြက္လူစာရင္းမွာ ေနရာမရခဲ့သူျဖစ္ပါတယ္။ အဂၤလန္ေနာက္ခံကစားသမားအေနနဲ႔ မားကို႔စ္ အလြန္ဆို ေျခစြမ္းက်ဆင္းခ်ိန္ကို စိတ္ရွည္ရွည္နဲ႔ ေစာင့္ဆိုင္းခဲ့ရၿပီး အခြင့္အေရးရလာတဲ့အခါမွာ အမိအရဆုပ္ကိုင္နိုင္ခဲ့သလို အံ့မခန္း စြမ္းေဆာင္နိုင္ခဲ့တာျဖစ္ပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္ ေနာက္ခံကစားသမားဟာ ယခုရာသီ ပရီးမီးယားလိဂ္ပြဲစဥ္ ၃ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ပြဲတိုင္း ဂိုးသြင္းယူနိုင္ခဲ့ၿပီး ေအာက္တိုဘာလအစက စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ေဆာက္သမ္တန္ကို ၃-၁ နဲ႔ အနိုင္ရခဲ့တဲ့ပြဲမွာ ဝါ့ဒ္-ပေရာက္စ္ရဲ့ပင္နယ္တီေၾကာင့္သာ တစ္ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။ ေခ်းဝဲလ္ဟာ အဂၤါေန႔ညက ပြဲစဥ္မွာ ညာေနာက္ခံေတာင္ပံအျဖစ္နဲ႔ ဒုတိယပိုင္းမွာ ပါဝင္ကစားေပးခဲ့ေပမယ့္ နယူးကာဆယ္လ္နဲ႔ပြဲမွာေတာ့ သူ႔ရဲ့ မူလေနရာကိုပဲ ျပန္ယူရမွာျဖစ္ပါတယ္။

ေဂ်ာ္ဂ်င္ညိဳ

ရာသီအဖြင့္ ရက္သတၱပတ္မွာ ယူရို ၂၀၂၀ ၿပိဳင္ပြဲမွာ အီတလီအတြက္ ပါဝင္ကစားေပးခဲ့တာေၾကာင့္ ေဂ်ာ္ဂ်င္ညိဳပုံစံက အနည္းငယ္ ေမာပန္းႏြမ္းနယ္ေနတယ္ဆိုတဲ့ ခံစားခ်က္ကေန လြတ္ေျမာက္ဖို႔ ခက္ခဲခဲ့ပါတယ္။ ခ်ဲလ္ဆီးအတြက္ ကံေကာင္းေထာက္မစြာနဲ႔ အီတလီကြင္းလယ္ကစားသမားဟာ လက္ရွိမွာေတာ့ အေကာင္းဆုံးပုံစံကို ျပန္လည္ရရွိေနၿပီျဖစ္ၿပီး မယ္လ္မိုနဲ႔ပြဲမွာ ပင္နယ္တီကေန ၂ ဂိုးအထိ သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့အပတ္မွာ ေနာဝစ္ခ်္ကို ၇-၀ နဲ႔ ဂိုးျပတ္အနိုင္ရခဲ့တဲ့ပြဲစဥ္မွာလည္း ေမဆန္ ေမာင့္အတြက္ ဂိုးဖန္တီးေပးခဲ့ၿပီး သီယာဂို ေဆးလ္ဗားလိုပဲ ေဂ်ာ္ဂ်င္ညိဳဟာ ေဆာက္သမ္တန္နဲ႔ပြဲစဥ္မွာ အရန္ခုံမွာ ထိုင္ေနခဲ့ရတာေၾကာင့္ ႀကံ့ခိုင္မႈျပည့္ဝေနၿပီး နယူးကာဆယ္လ္နဲ႔ပြဲအတြက္ အဆင္သင့္ျဖစ္ေနမွာျဖစ္ပါတယ္။ အီတလီၾကယ္ပြင့္ရဲ့ ထက္ျမက္မႈ၊ ေဘာလုံးပိုင္ဆိုင္မႈမွာ လႊမ္းမိုးနိုင္မႈက အိမ္ကြင္းပရိသတ္ေတြကို တိတ္ဆိတ္ေနေစဖို႔ အေရးႀကီးတဲ့ အရည္အေသြးေတြ ျဖစ္လာမွာျဖစ္ပါတယ္။

ဟတ္ဒ္ဆန္-အိုဒြိဳင္း

ဟတ္ဒ္ဆန္-အိုဒြိဳင္းဟာ ခ်ဲလ္ဆီးရဲ့ ပုံမွန္ေျခစြမ္းအရွိဆုံး ကစားသမားျဖစ္ေကာင္း ျဖစ္နိုင္ၿပီး ေဆာက္သမ္တန္နဲ႔ပြဲစဥ္မွာ VAR ရဲ့ ဂိုးဖန္တီးမႈကို လုယူျခင္းခံခဲ့ရသူျဖစ္ပါတယ္။ ဒါေပမယ့္ မယ္လ္မိုနဲ႔ပြဲမွာ ခိုင္ ဟားဗတ္ဇ္အတြက္ ဂိုးဖန္တီးေပးခဲ့ၿပီး ေနာဝစ္ခ်္ကို ဂိုးျပတ္အနိုင္ရခဲ့တဲ့ပြဲစဥ္မွာ ခ်ဲလ္ဆီးအသင္းရဲ့ ဒုတိယေျမာက္သြင္းဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ အသင္းရဲ့ဒဏ္ရာျပႆနာႀကီးထြားေနမႈေၾကာင့္ အိုဒြိဳင္းဟာ ေဆာက္သမ္တန္နဲ႔ ကစားခဲ့တဲ့ ကာရာေဘာင္ဖလားပြဲစဥ္မွာ ပြဲကစားခ်ိန္တစ္ဝက္ထက္ ေက်ာ္လြန္ၿပီး ညာေတာင္ပံမွာ ကစားခဲ့ရေပမယ့္ ဒုတိယပိုင္းအေစာပိုင္းမွာ ဘယ္ေတာင္ပံကို ေျပာင္းကစားခဲ့ရတာျဖစ္ပါတယ္။

အံ့အားသင့္စရာမေကာင္းစြာနဲ႔ပဲ အိုဒြိဳင္းက ပိုမိုႀကီးမားတဲ့လႊမ္းမိုးမႈ ျပဳလုပ္နိုင္ခဲ့ၿပီး တူဟယ္အေနနဲ႔ ခ်ဲလ္ဆီးအကယ္ဒမီထြက္ ေတာင္ပံကစားသမားကို ယုံၾကည္မႈေပးဖို႔ အခ်ိန္အနည္းငယ္ ယူခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္ အိုဒြိဳင္းဟာ ယုံၾကည္မႈအျပည့္နဲ႔ ေကာင္းေကာင္းကစားနိုင္ခဲ့ၿပီး ၎ႏွစ္သက္တဲ့ေနရာမွာ အထင္ႀကီးေအာင္ လုပ္ျပဖို႔အတြက္ ေနာက္ထပ္အခြင့္အေရးေပးဖို႔ ထိုက္တန္တဲ့သူျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.