Premier League

ယခုရာသီသွင်းဂိုးတွေအတွက် ပရိသတ်တွေရဲ့ ချီးကျူးမှုခံနေရတဲ့ နောက်ကွယ်က သူရဲကောင်း

လက်ရှိအာဆင်နယ်အသင်းရဲ့ တည်ကန်ဘော နည်းပြ နီကိုလာ ဂျိုဗာဟာ မန်စီးတီးနဲ့ ပြီးခဲ့တဲ့ ဇွန်လကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အာဆင်နယ်နည်းပြအာတီတာက သူရဲ့ နည်းပြအဖွဲ့ကို အားဖြည့်တဲ့အနေနဲ့ ခေါ်ယူလိုက်မှုကြောင့် အမ်းမရိတ်စ်ကို ဇူလိုင်လမှာ ရောက်ရှိလာခဲ့ပြီးနောက် အာဆင်နယ်ပရိသတ်တွေရဲ့ ချီးကျူးမှုကို နောက်ထပ်တစ်ကြိမ် ထပ်ရရှိခဲ့ပါတယ်။

အာဆင်နယ်နဲ့ တစ်ရာသီ အချိန်ကုန်ဆုံးပြီးနောက် မယ်လ်မိုကို ပြန်သွားခဲ့တဲ့ အန်ဒရီးယက်စ် ဂျီအော်ရီဆွန်ရဲ့နေရာမှာ အစားထိုးခန့်အပ်ခံခဲ့ရတဲ့ ဂျိုဗာဟာ အီတီဟတ်မှာတုန်းက တာဝန်ယူခဲ့တဲ့ တည်ကန်ဘောအထူးပြုကျွမ်းကျင်သူအဖြစ် အမ်းမရိတ်စ်မှာ ဆက်လက်လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

မန်စီးတီးနည်းပြ ပက် ဂွါဒီယိုလာက ၂၀၁၉-၂၀၂၀ ရာသီအတွင်း ၎င်းရဲ့ကစားသမားတွေ တည်ကန်ဘောကို ဘယ်လောက်လေ့ကျင့်ခဲ့လဲ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ ‘နေ့တိုင်းပဲ’လို့ ပြန်လည်ပြောကြားခဲ့ပြီး ဂျိုဗာဆီကနေ လေ့ကျင့်ရေးမှာ အာဆင်နယ်ကစားသမားတွေ ဘာတွေမျှော်လင့်နိုင်မလဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

ဂျိုဗာရဲ့ တည်ကန်ဘောနဲ့ပတ်သက်ပြီး အလုပ်လုပ်ဖို့ စိတ်အားထက်သန်မှုရဲ့ သက်သေအဖြစ် အာဆင်နယ်အတွက် ပင်နယ်တီဧရိယာ ၂ ခုစလုံးမှာ အသုံးဝင်တဲ့ လက်နက်ဖြစ်လာတာက သက်သေပြသနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ညက အက်စ်တန် ဗီလာကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း သောမတ်စ် ပါတေးဟာ စမစ် ရိုးရဲ့ ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းယူပြီး နောက်ဆုံးမှာတော့ ၎င်းရဲ့ သွင်းဂိုးကို စတင်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီဂိုးနဲ့ အာဆင်နယ်အသင်းက ဗီလာရဲ့ တည်ကန်ဘောတွေကို သက်တောင့်သက်သာနဲ့ ဖြေရှင်းနိုင်တာကို မြင်တွေ့ခဲ့ရတဲ့ အာဆင်နယ်ပရိသတ်တွေဟာ လူမှုကွန်ရက်မှာ ဂျိုဗာအနေနဲ့ လုပ်သလောက် အကျိုးပြန်ခံစားခဲ့ရပြီလို့ ပြောကြားခဲ့ကြတာဖြစ်ပါတယ်။ ဟာဗေး ဒေါင်းစ်က တွစ်တာမှာ အာဆင်နယ်အသင်းဟာ နောက်ဆုံး ပြိုင်ပွဲစုံ ၃ ပွဲမှာ ထောင့်ကန်ဘောကနေ ၄ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီဆိုတာကို ထောက်ပြခဲ့ပြီး အာဆင်နယ်ပရိသတ်တွေရဲ့ထင်မြင်ချက်ဟာ မှန်ကန်ကြောင်း သက်သေပြသခဲ့ပါတယ်။

အဲဒါအပြင် ၂၀၀၈ ခုနှစ် အောက်တိုဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒီလိုမျိုး တည်ကန်ဘောကနေ ဂိုးတွေ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး မြောက်လန်ဒန်ကလပ်အသင်းအနေနဲ့ ထောင့်ကန်ဘောကနေ ဘယ်တုန်းကမှ ဂိုးမသွင်းနိုင်ဘူးဆိုတဲ့ ကျိန်စာကိုလည်း ပယ်ဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်း သွင်းယူခဲ့တဲ့ တည်ကန်ဘောက ၄ ဂိုးစလုံးဟာ ပါတေးရဲ့ သွင်းဂိုးလိုမျိုး ထောင့်ကန်ဘောကနေ တိုက်ရိုက်ရရှိခဲ့တာမဟုတ်ဘဲ ပဲလေ့စ်နဲ့ပွဲစဉ်မှာ အာဆင်နယ်ဟာ တိုမီယာစု၊ ပေပေတို့ရဲ့ ထောင့်ကန်ဘောကန်တင်အပြီး ဘောလုံးမသေအောင် အကောင်းဆုံးဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တာကြောင့် နောက်ဆုံးမှာ အူဘာမီယန်းက အနီးကပ်ကန်သွင်းချက်နဲ့ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အမှန်တော့ လာကာဇက်ရဲ့ နောက်ကျချေပဂိုးကလည်း ဒီအတိုင်းပဲ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး အဲဒီသွင်းဂိုးမှာ ပေပေက အဓိကကျတဲ့ ရွေ့လျားမှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပေပေရဲ့ ထောင့်ကန်ဘောက ကနဦးဖြတ်တင်မှုဟာ ရှင်းလင်းခံရပေမယ့် နောက်ထပ်တစ်ကြိမ် ပင်နယ်တီဧရိယာထဲကို ကန်တင်ခွင့်ရခဲ့ပြီး ပင်နယ်တီဧရိယာထဲမှာ ဟိုဘက် ဒီဘက် ခေါင်းတိုက်ရှင်းထုတ်မှုကနေ ကျလာတဲ့ဘောလုံးကို ကန်သွင်းခဲ့တဲ့ ဘန် ဝှိုက်ရဲ့ ကန်သွင်းမှုဟာ ဂိုးစည်းပေါ်ကနေ ရှင်းထုတ်ခံခဲ့ရပြီးနောက် လာကာဇက်က အနီးကပ်ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

လိဒ်စ်ယူနိုက်တက်ကို အင်္ဂါနေ့ညက ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာလည်း စမစ် ရိုးကန်တင်ပေးလိုက်တဲ့ ထောင့်ကန်ဘောကို ပေပေရဲ့ ခေါင်းတိုက်ပေးပို့ကနေ ချိန်ဘာစ်က သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ယခုရာသီ တိုက်စစ် တည်ကန်ဘောတွေကနေ မြင်သာတဲ့ တိုးတက်မှုတွေကို မြင်တွေ့ခဲ့ရပြီးနောက် အာဆင်နယ်ပရိသတ်တွေက Reddit မှာ နောက်ထပ်တစ်ကြိမ် ဂျိုဗာကို အလျင်အမြန် ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

“နီကိုလာ ဂျိုဗာက မန်စီးတီးကနေ ရောက်လာခဲ့ပြီး တည်ကန်ဘောတွေကို တိုးတက်လာအောင် လုပ်ပေးခဲ့တဲ့အတွက် လူသိများလာတဲ့ ကျွန်တော်တို့ရဲ့ တည်ကန်ဘော နည်းပြပါ”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး “သူတို့တွေ တည်ကန်ဘောနည်းပြနဲ့ အောင်ပွဲခံနေကြပြီး ကျွန်တော်တို့က အခုဆိုရင် ထောင့်ကန်ဘောတိုင်းကနေ များသောအားဖြင့် အန္တရာယ်ရှိတဲ့ပုံ ပေါ်နေပါပြီ”လို့ နောက်ထပ်ပရိသတ်တစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။

အာဆင်နယ်ရဲ့ တည်ကန်ဘောနည်းပြသစ်ဟာ အသင်းရဲ့ပွဲစဉ်တွေက ဘောသေနေတဲ့ ဖြစ်စဉ်တွေကနေ အသင်းသားတွေကို စုဖွဲ့မှု ပုံစံပေးနိုင်ဖို့အတွက် ချဉ်းကပ်ဖို့ အခွင့်အရေးရရှိခဲ့တာဖြစ်ပြီး ချိန်ဘာစ်က လိဒ်စ်နဲ့ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ ၎င်းရဲ့ အဖွင့်ဂိုးဟာ ပြင်သစ်လူမျိုးနည်းပြကြောင့် ရရှိခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

“တည်ကန်ဘောနည်းပြ နီကိုက ကျွန်တော့်ကို မင်းရဲ့ ပထမဆုံးဘောလုံးထိတွေ့မှုကနေ ဂိုးသွင်းယူဖို့ လုပ်ရမယ်လို့ ပြောခဲ့ပါတယ်။ အဲဒါကြောင့်ပဲ ကျွန်တော် သူ့ဆီကို ပြေးသွားခဲ့တာပါ။ အဲဒါက ကောင်းမွန်တဲ့အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ပါတယ်”လို့ Sky Sports ကို ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လက္ရွိအာဆင္နယ္အသင္းရဲ႕ တည္ကန္ေဘာ နည္းျပ နီကိုလာ ဂ်ိဳဗာဟာ မန္စီးတီးနဲ႔ ၿပီးခဲ့တဲ့ ဇြန္လကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးေနာက္ အာဆင္နယ္နည္းျပအာတီတာက သူရဲ႔ နည္းျပအဖြဲ႔ကို အားျဖည့္တဲ့အေနနဲ႔ ေခၚယူလိုက္မႈေၾကာင့္ အမ္းမရိတ္စ္ကို ဇူလိုင္လမွာ ေရာက္ရွိလာခဲ့ၿပီးေနာက္ အာဆင္နယ္ပရိသတ္ေတြရဲ႕ ခ်ီးက်ဴးမႈကို ေနာက္ထပ္တစ္ႀကိမ္ ထပ္ရရွိခဲ့ပါတယ္။

အာဆင္နယ္နဲ႔ တစ္ရာသီ အခ်ိန္ကုန္ဆုံးၿပီးေနာက္ မယ္လ္မိုကို ျပန္သြားခဲ့တဲ့ အန္ဒရီးယက္စ္ ဂ်ီေအာ္ရီဆြန္ရဲ့ေနရာမွာ အစားထိုးခန႔္အပ္ခံခဲ့ရတဲ့ ဂ်ိဳဗာဟာ အီတီဟတ္မွာတုန္းက တာဝန္ယူခဲ့တဲ့ တည္ကန္ေဘာအထူးျပဳကၽြမ္းက်င္သူအျဖစ္ အမ္းမရိတ္စ္မွာ ဆက္လက္လုပ္ေဆာင္ခဲ့သူျဖစ္ပါတယ္။

မန္စီးတီးနည္းၿပ ပက္ ဂြါဒီယိုလာက ၂၀၁၉-၂၀၂၀ ရာသီအတြင္း ၎ရဲ့ကစားသမားေတြ တည္ကန္ေဘာကို ဘယ္ေလာက္ေလ့က်င့္ခဲ့လဲ ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ ‘ေန႔တိုင္းပဲ’လို႔ ျပန္လည္ေျပာၾကားခဲ့ၿပီး ဂ်ိဳဗာဆီကေန ေလ့က်င့္ေရးမွာ အာဆင္နယ္ကစားသမားေတြ ဘာေတြေမၽွာ္လင့္နိုင္မလဲဆိုတာကို ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဂ်ိဳဗာရဲ့ တည္ကန္ေဘာနဲ႔ပတ္သက္ၿပီး အလုပ္လုပ္ဖို႔ စိတ္အားထက္သန္မႈရဲ့ သက္ေသအျဖစ္ အာဆင္နယ္အတြက္ ပင္နယ္တီဧရိယာ ၂ ခုစလုံးမွာ အသုံးဝင္တဲ့ လက္နက္ျဖစ္လာတာက သက္ေသျပသေနတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေသာၾကာေန႔ညက အက္စ္တန္ ဗီလာကို ၃-၁ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္အတြင္း ေသာမတ္စ္ ပါေတးဟာ စမစ္ ရိုးရဲ့ ေထာင့္ကန္ေဘာကေန ေခါင္းတိုက္သြင္းယူၿပီး ေနာက္ဆုံးမွာေတာ့ ၎ရဲ့ သြင္းဂိုးကို စတင္သြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။

အဲဒီဂိုးနဲ႔ အာဆင္နယ္အသင္းက ဗီလာရဲ့ တည္ကန္ေဘာေတြကို သက္ေတာင့္သက္သာနဲ႔ ေျဖရွင္းနိုင္တာကို ျမင္ေတြ႕ခဲ့ရတဲ့ အာဆင္နယ္ပရိသတ္ေတြဟာ လူမႈကြန္ရက္မွာ ဂ်ိဳဗာအေနနဲ႔ လုပ္သေလာက္ အက်ိဳးျပန္ခံစားခဲ့ရၿပီလို႔ ေျပာၾကားခဲ့ၾကတာျဖစ္ပါတယ္။ ဟာေဗး ေဒါင္းစ္က တြစ္တာမွာ အာဆင္နယ္အသင္းဟာ ေနာက္ဆုံး ၿပိဳင္ပြဲစုံ ၃ ပြဲမွာ ေထာင့္ကန္ေဘာကေန ၄ ဂိုးအထိ သြင္းယူထားနိုင္ခဲ့ၿပီဆိုတာကို ေထာက္ျပခဲ့ၿပီး အာဆင္နယ္ပရိသတ္ေတြရဲ့ထင္ျမင္ခ်က္ဟာ မွန္ကန္ေၾကာင္း သက္ေသျပသခဲ့ပါတယ္။

အဲဒါအျပင္ ၂၀၀၈ ခုႏွစ္ ေအာက္တိုဘာလေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ဒီလိုမ်ိဳး တည္ကန္ေဘာကေန ဂိုးေတြ သြင္းယူနိုင္ခဲ့တာျဖစ္ၿပီး ေျမာက္လန္ဒန္ကလပ္အသင္းအေနနဲ႔ ေထာင့္ကန္ေဘာကေန ဘယ္တုန္းကမွ ဂိုးမသြင္းနိုင္ဘူးဆိုတဲ့ က်ိန္စာကိုလည္း ပယ္ဖ်က္နိုင္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္း သြင္းယူခဲ့တဲ့ တည္ကန္ေဘာက ၄ ဂိုးစလုံးဟာ ပါေတးရဲ့ သြင္းဂိုးလိုမ်ိဳး ေထာင့္ကန္ေဘာကေန တိုက္ရိုက္ရရွိခဲ့တာမဟုတ္ဘဲ ပဲေလ့စ္နဲ႔ပြဲစဥ္မွာ အာဆင္နယ္ဟာ တိုမီယာစု၊ ေပေပတို႔ရဲ့ ေထာင့္ကန္ေဘာကန္တင္အၿပီး ေဘာလုံးမေသေအာင္ အေကာင္းဆုံးဆက္လက္ထိန္းသိမ္းထားနိုင္ခဲ့တာေၾကာင့္ ေနာက္ဆုံးမွာ အူဘာမီယန္းက အနီးကပ္ကန္သြင္းခ်က္နဲ႔ ဂိုးသြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။

အမွန္ေတာ့ လာကာဇက္ရဲ့ ေနာက္က်ေခ်ပဂိုးကလည္း ဒီအတိုင္းပဲ ျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး အဲဒီသြင္းဂိုးမွာ ေပေပက အဓိကက်တဲ့ ေရြ႕လ်ားမႈကို ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ေပေပရဲ့ ေထာင့္ကန္ေဘာက ကနဦးျဖတ္တင္မႈဟာ ရွင္းလင္းခံရေပမယ့္ ေနာက္ထပ္တစ္ႀကိမ္ ပင္နယ္တီဧရိယာထဲကို ကန္တင္ခြင့္ရခဲ့ၿပီး ပင္နယ္တီဧရိယာထဲမွာ ဟိုဘက္ ဒီဘက္ ေခါင္းတိုက္ရွင္းထုတ္မႈကေန က်လာတဲ့ေဘာလုံးကို ကန္သြင္းခဲ့တဲ့ ဘန္ ဝွိုက္ရဲ့ ကန္သြင္းမႈဟာ ဂိုးစည္းေပၚကေန ရွင္းထုတ္ခံခဲ့ရၿပီးေနာက္ လာကာဇက္က အနီးကပ္ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

လိဒ္စ္ယူနိုက္တက္ကို အဂၤါေန႔ညက ၂-၀ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာလည္း စမစ္ ရိုးကန္တင္ေပးလိုက္တဲ့ ေထာင့္ကန္ေဘာကို ေပေပရဲ့ ေခါင္းတိုက္ေပးပို႔ကေန ခ်ိန္ဘာစ္က သြင္းယူနိုင္ခဲ့တာျဖစ္ၿပီး ယခုရာသီ တိုက္စစ္ တည္ကန္ေဘာေတြကေန ျမင္သာတဲ့ တိုးတက္မႈေတြကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ အာဆင္နယ္ပရိသတ္ေတြက Reddit မွာ ေနာက္ထပ္တစ္ႀကိမ္ ဂ်ိဳဗာကို အလ်င္အျမန္ ခ်ီးက်ဴး ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။

“နီကိုလာ ဂ်ိဳဗာက မန္စီးတီးကေန ေရာက္လာခဲ့ၿပီး တည္ကန္ေဘာေတြကို တိုးတက္လာေအာင္ လုပ္ေပးခဲ့တဲ့အတြက္ လူသိမ်ားလာတဲ့ ကၽြန္ေတာ္တို႔ရဲ့ တည္ကန္ေဘာ နည္းျပပါ”လို႔ ပရိသတ္တစ္ဦးက ေရးသားခဲ့ၿပီး “သူတို႔ေတြ တည္ကန္ေဘာနည္းျပနဲ႔ ေအာင္ပြဲခံေနၾကၿပီး ကၽြန္ေတာ္တို႔က အခုဆိုရင္ ေထာင့္ကန္ေဘာတိုင္းကေန မ်ားေသာအားျဖင့္ အႏၲရာယ္ရွိတဲ့ပုံ ေပၚေနပါၿပီ”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးက မွတ္ခ်က္ေပးခဲ့ပါတယ္။

အာဆင္နယ္ရဲ့ တည္ကန္ေဘာနည္းျပသစ္ဟာ အသင္းရဲ့ပြဲစဥ္ေတြက ေဘာေသေနတဲ့ ျဖစ္စဥ္ေတြကေန အသင္းသားေတြကို စုဖြဲ႕မႈ ပုံစံေပးနိုင္ဖို႔အတြက္ ခ်ဥ္းကပ္ဖို႔ အခြင့္အေရးရရွိခဲ့တာျဖစ္ၿပီး ခ်ိန္ဘာစ္က လိဒ္စ္နဲ႔ပြဲစဥ္မွာ သြင္းယူခဲ့တဲ့ ၎ရဲ့ အဖြင့္ဂိုးဟာ ျပင္သစ္လူမ်ိဳးနည္းျပေၾကာင့္ ရရွိခဲ့တာလို႔ ေျပာၾကားခဲ့ပါတယ္။

“တည္ကန္ေဘာနည္းၿပ နီကိုက ကၽြန္ေတာ့္ကို မင္းရဲ့ ပထမဆုံးေဘာလုံးထိေတြ႕မႈကေန ဂိုးသြင္းယူဖို႔ လုပ္ရမယ္လို႔ ေျပာခဲ့ပါတယ္။ အဲဒါေၾကာင့္ပဲ ကၽြန္ေတာ္ သူ႔ဆီကို ေျပးသြားခဲ့တာပါ။ အဲဒါက ေကာင္းမြန္တဲ့အခိုက္အတန႔္တစ္ခု ျဖစ္ခဲ့ပါတယ္”လို႔ Sky Sports ကို ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.