La Liga

ကိုးမန်းကို ကန်ထုတ်ပြီးနောက် ဂန္တဝင်ကစားသမားကို နည်းပြသစ် ခန့်တော့မယ့် ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ နည်းပြ ရော်နယ် ကိုးမန်းကို ဗုဒ္ဓဟူးနေ့ညမှာ ရာထူးကနေ ထုတ်ပယ်ပြီးနောက်ပိုင်း နည်းပြသစ်အဖြစ် ဂန္တဝင်ကွင်းလယ်ကစားသမား ဇာဗီကို ခန့်အပ်ဖို့ ညှိနှိုင်းဆွေးနွေးမှုတွေ နက်နက်ရှိုင်းရှိုင်း ပြုလုပ်ထားခဲ့ပြီးဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ကိုးမန်းဟာ လာလီဂါအောက်အသင်းဖြစ်တဲ့ ဗလက်ကာနိုကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပြီး ဘာစီလိုနာအသင်းဟာ လာလီဂါအမှတ်ပေးဇယား အဆင့် ၉ နေရာအထိ ကျဆင်းနေခဲ့ပြီဖြစ်ပါတယ်။ ဗလက်ကာနိုနဲ့ပွဲစဉ်က ရလဒ်ကြောင့် ဘာစီလိုနာဟာ အဓိကပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အပါအဝင် ထိပ်ဆုံးလေးနေရာနဲ့ ၆ မှတ်အထိ ကွာဟနေခဲ့ပြီဖြစ်ပြီး ဘာစီလိုနာဟာ ကွင်းလယ်ကြယ်ပွင့်ဟောင်း ဇာဗီနဲ့ ပြောဆိုမှုတွေ ပြုလုပ်နေခဲ့ပြီးဖြစ်တာကြောင့် ဒတ်ချ်လူမျိုးနည်းပြကို ထုတ်ပစ်ဖို့ အစီအစဉ်ရှိခဲ့ပြီးသားဖြစ်ပါတယ်။

ဇာဗီဟာ ၂၀၁၅ ခုနှစ်မှာ ဘာစီလိုနာကနေ ထွက်ခွာပြီးနောက် ကစားသမားအဖြစ် ပြောင်းရွှေ့ခဲ့တဲ့ ကာတာကလပ်အသင်း အယ်လ် ဆတ်ဒ်ကို နည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ်နေခဲ့တာ ၂ နှစ်ရှိခဲ့ပြီဖြစ်ပြီး ဘာစီလိုနာအကယ်ဒမီထွက်လည်းဖြစ်၊ အသင်းအတွက် ၁၉၉၈ ကနေ ၂၀၁၅ ခုနှစ်ကြား ၇၆၇ ပွဲအထိ ပါဝင်ကစားပေးခဲ့သူလည်းဖြစ်တာကြောင့် နည်းပြသစ်ရာထူးအတွက် ပရိသတ်တွေရဲ့ သဘောအကျဆုံးသူ ဖြစ်နေတာဖြစ်ပါတယ်။

နာမည်ကျော် ဂျာနယ်လစ် ဖက်ဘရီဇီယို ရိုမာနိုရဲ့ ပြောကြားချက်အရ ဇာဗီဟာ နူးကမ့်ကို ပြန်လာချင်နေပြီး အသင်းနဲ့ လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေကတည်းက ညှိနှိုင်းနေခဲ့တာဖြစ်သလို ယနေ့မှာတော့ အယ်လ် ဆတ်ဒ်နဲ့ ဆွေးနွေးဖို့အပါအဝင် ပြောဆိုဆွေးနွေးမှုတွေကို ဆက်လုပ်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ကိုးမန်း ထုတ်ပယ်ခံရမှုက ၁၉၈၇-၁၉၈၈ ရာသီနောက်ပိုင်း အဆိုးရွားဆုံး ရာသီအစကို ခံစားခဲ့ရတဲ့ ဘာစီလိုနာအသင်းရဲ့အခြေအနေကြောင့် ပရိသတ်တွေအတွက် အနည်းငယ်သာ အံ့အားသင့်စရာဖြစ်ခဲ့ရပြီး အဲဒီရာသီတုန်းက အဆင့် ၆ နေရာနဲ့ ပြီးဆုံးခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့သလို အသင်းရဲ့ ရှိနေနှင့်ပြီးသား ကျိုးပဲ့လွယ်တဲ့ဘဏ္ဍာရေးအခြေအနေကို ဆိုးရွားတဲ့အကျိုးဆက်တွေ ဖြစ်စေခဲ့တာဖြစ်ပါတယ်။

ကိုးမန်းဟာ ဗလက်ကာနိုအသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ နည်းပြရာထူးကနေ တန်းထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပြီး ဘာစီလိုနာအသင်းဟာ လူးဝစ္စ ဗန်ဟားလ် တာဝန်ယူကိုင်တွယ်ခဲ့စဉ်ကတည်းက မက်ဒရစ်အခြေစိုက် အသင်းငယ်တွေကို မရှုံးနိမ့်ခဲ့တာ ၁၉ နှစ်အထိ ကြာမြင့်နေခဲ့ပြီဖြစ်ပါတယ်။

မန်းဖစ် ဒီပိုင်းရဲ့ ပင်နယ်တီ မလွဲချော်ခဲ့ဘဲ ဆာဂျီနို ဒက်စ်တ်ရဲ့ ၅ ကိုက်ကနေ ဂိုးသွင်းယူဖို့ ကြိုးပမ်းမှု အောင်မြင်ခဲ့မယ်ဆိုရင် အခြေအနေတွေက တော်တော်လေး မတူညီတဲ့ပုံစံနဲ့ အဆုံသတ်သွားဖွယ်ရှိခဲ့တာဖြစ်ပေမယ့် ဘာစီလိုနာအသင်းဟာ ယခုရာသီမှာ အဝေးဂိုး ၁ ဂိုးနဲ့ အဝေးကွင်းနိုင်ပွဲမရသေးတာကတော့ မှတ်တမ်းတစ်ခု ဖြစ်ခဲ့ပြီဖြစ်ပါတယ်။

ဘာစီလိုနာအတွက် ဥရောပမှာလည်း အခြေအနေတွေက ပိုမိုကောင်းမွန်ခဲ့ခြင်းမရှိဘဲ အုပ်စု ပထမဆုံးပွဲစဉ် ၂ ပွဲစလုံးကို ချန်ပီယံလိဂ်သမိုင်းကြောင်းတလျှောက် ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့ပြီး ကိုမန်းရဲ့ထုတ်ပယ်ခံရအတွက် ဘာစီလိုနာအသင်း အချိန်များစွာ ယူခဲ့ရတဲ့အတွက် ပေးဆပ်ခဲ့ရတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဥက္ကဌ လာပေါ်တာက ပြီးခဲ့တဲ့နွေရာသီမှာ နည်းပြသစ်ခန့်အပ်ဖို့ လက်ခံနိုင်ဖွယ် အခြားရွေးချယ်စရာ ရှာမတွေ့တာကြောင့် အသက် ၅၈ နှစ်အရွယ် ဒတ်ချ်လူမျိုးနည်းပြက နည်းပြအဖြစ် ဆက်လက်ရှိနေခဲ့တာဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘာစီလိုနာအသင္းဟာ နည္းၿပ ေရာ္နယ္ ကိုးမန္းကို ဗုဒၶဟူးေန႔ညမွာ ရာထူးကေန ထုတ္ပယ္ၿပီးေနာက္ပိုင္း နည္းျပသစ္အျဖစ္ ဂႏၲဝင္ကြင္းလယ္ကစားသမား ဇာဗီကို ခန႔္အပ္ဖို႔ ညႇိႏွိုင္းေဆြးေႏြးမႈေတြ နက္နက္ရွိုင္းရွိုင္း ျပဳလုပ္ထားခဲ့ၿပီးျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ကိုးမန္းဟာ လာလီဂါေအာက္အသင္းျဖစ္တဲ့ ဗလက္ကာနိုကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ နည္းျပရာထူးကေန ထုတ္ပယ္ျခင္းခံခဲ့ရတာျဖစ္ၿပီး ဘာစီလိုနာအသင္းဟာ လာလီဂါအမွတ္ေပးဇယား အဆင့္ ၉ ေနရာအထိ က်ဆင္းေနခဲ့ၿပီျဖစ္ပါတယ္။ ဗလက္ကာနိုနဲ႔ပြဲစဥ္က ရလဒ္ေၾကာင့္ ဘာစီလိုနာဟာ အဓိကၿပိဳင္ဘက္ ရီးရဲလ္မက္ဒရစ္အပါအဝင္ ထိပ္ဆုံးေလးေနရာနဲ႔ ၆ မွတ္အထိ ကြာဟေနခဲ့ၿပီျဖစ္ၿပီး ဘာစီလိုနာဟာ ကြင္းလယ္ၾကယ္ပြင့္ေဟာင္း ဇာဗီနဲ႔ ေျပာဆိုမႈေတြ ျပဳလုပ္ေနခဲ့ၿပီးျဖစ္တာေၾကာင့္ ဒတ္ခ်္လူမ်ိဳးနည္းျပကို ထုတ္ပစ္ဖို႔ အစီအစဥ္ရွိခဲ့ၿပီးသားျဖစ္ပါတယ္။

ဇာဗီဟာ ၂၀၁၅ ခုႏွစ္မွာ ဘာစီလိုနာကေန ထြက္ခြာၿပီးေနာက္ ကစားသမားအျဖစ္ ေျပာင္းေရႊ႕ခဲ့တဲ့ ကာတာကလပ္အသင္း အယ္လ္ ဆတ္ဒ္ကို နည္းျပအျဖစ္ တာဝန္ယူ ကိုင္တြယ္ေနခဲ့တာ ၂ ႏွစ္ရွိခဲ့ၿပီျဖစ္ၿပီး ဘာစီလိုနာအကယ္ဒမီထြက္လည္းျဖစ္၊ အသင္းအတြက္ ၁၉၉၈ ကေန ၂၀၁၅ ခုႏွစ္ၾကား ၇၆၇ ပြဲအထိ ပါဝင္ကစားေပးခဲ့သူလည္းျဖစ္တာေၾကာင့္ နည္းျပသစ္ရာထူးအတြက္ ပရိသတ္ေတြရဲ့ သေဘာအက်ဆုံးသူ ျဖစ္ေနတာျဖစ္ပါတယ္။

နာမည္ေက်ာ္ ဂ်ာနယ္လစ္ ဖက္ဘရီဇီယို ရိုမာနိုရဲ့ ေျပာၾကားခ်က္အရ ဇာဗီဟာ ႏူးကမ့္ကို ျပန္လာခ်င္ေနၿပီး အသင္းနဲ႔ လြန္ခဲ့တဲ့ ရက္သတၱပတ္ေတြကတည္းက ညႇိႏွိုင္းေနခဲ့တာျဖစ္သလို ယေန႔မွာေတာ့ အယ္လ္ ဆတ္ဒ္နဲ႔ ေဆြးေႏြးဖို႔အပါအဝင္ ေျပာဆိုေဆြးေႏြးမႈေတြကို ဆက္လုပ္သြားဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

ကိုးမန္း ထုတ္ပယ္ခံရမႈက ၁၉၈၇-၁၉၈၈ ရာသီေနာက္ပိုင္း အဆိုးရြားဆုံး ရာသီအစကို ခံစားခဲ့ရတဲ့ ဘာစီလိုနာအသင္းရဲ့အေျခအေနေၾကာင့္ ပရိသတ္ေတြအတြက္ အနည္းငယ္သာ အံ့အားသင့္စရာျဖစ္ခဲ့ရၿပီး အဲဒီရာသီတုန္းက အဆင့္ ၆ ေနရာနဲ႔ ၿပီးဆုံးခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္ဝင္ခြင့္မရခဲ့သလို အသင္းရဲ့ ရွိေနႏွင့္ၿပီးသား က်ိဳးပဲ့လြယ္တဲ့ဘ႑ာေရးအေျခအေနကို ဆိုးရြားတဲ့အက်ိဳးဆက္ေတြ ျဖစ္ေစခဲ့တာျဖစ္ပါတယ္။

ကိုးမန္းဟာ ဗလက္ကာနိုအသင္းကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီးမွာ နည္းျပရာထူးကေန တန္းထုတ္ပယ္ျခင္းခံခဲ့ရတာျဖစ္ၿပီး ဘာစီလိုနာအသင္းဟာ လူးဝစၥ ဗန္ဟားလ္ တာဝန္ယူကိုင္တြယ္ခဲ့စဥ္ကတည္းက မက္ဒရစ္အေျခစိုက္ အသင္းငယ္ေတြကို မရႈံးနိမ့္ခဲ့တာ ၁၉ ႏွစ္အထိ ၾကာျမင့္ေနခဲ့ၿပီျဖစ္ပါတယ္။

မန္းဖစ္ ဒီပိုင္းရဲ့ ပင္နယ္တီ မလြဲေခ်ာ္ခဲ့ဘဲ ဆာဂ်ီနို ဒက္စ္တ္ရဲ့ ၅ ကိုက္ကေန ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းမႈ ေအာင္ျမင္ခဲ့မယ္ဆိုရင္ အေျခအေနေတြက ေတာ္ေတာ္ေလး မတူညီတဲ့ပုံစံနဲ႔ အဆုံသတ္သြားဖြယ္ရွိခဲ့တာျဖစ္ေပမယ့္ ဘာစီလိုနာအသင္းဟာ ယခုရာသီမွာ အေဝးဂိုး ၁ ဂိုးနဲ႔ အေဝးကြင္းနိုင္ပြဲမရေသးတာကေတာ့ မွတ္တမ္းတစ္ခု ျဖစ္ခဲ့ၿပီျဖစ္ပါတယ္။

ဘာစီလိုနာအတြက္ ဥေရာပမွာလည္း အေျခအေနေတြက ပိုမိုေကာင္းမြန္ခဲ့ျခင္းမရွိဘဲ အုပ္စု ပထမဆုံးပြဲစဥ္ ၂ ပြဲစလုံးကို ခ်န္ပီယံလိဂ္သမိုင္းေၾကာင္းတေလၽွာက္ ပထမဆုံးအႀကိမ္ ရႈံးနိမ့္ခဲ့ၿပီး ကိုမန္းရဲ့ထုတ္ပယ္ခံရအတြက္ ဘာစီလိုနာအသင္း အခ်ိန္မ်ားစြာ ယူခဲ့ရတဲ့အတြက္ ေပးဆပ္ခဲ့ရတာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဥကၠဌ လာေပၚတာက ၿပီးခဲ့တဲ့ေႏြရာသီမွာ နည္းျပသစ္ခန႔္အပ္ဖို႔ လက္ခံနိုင္ဖြယ္ အျခားေရြးခ်ယ္စရာ ရွာမေတြ႕တာေၾကာင့္ အသက္ ၅၈ ႏွစ္အရြယ္ ဒတ္ခ်္လူမ်ိဳးနည္းျပက နည္းျပအျဖစ္ ဆက္လက္ရွိေနခဲ့တာျဖစ္တယ္လို႔ ပြင့္ပြင့္လင္းလင္း ဝန္ခံေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.