La Liga

ဗလက်ကာနိုကို ရှုံးပြီး ဘာစီလိုနာနည်းပြရာထူးကနေ အထုတ်ခံလိုက်ရတဲ့ ကိုးမန်း

ဘာစီလိုနာအသင်းအနေနဲ့ သူတို့ရဲ့ နည်းပြ ရော်နယ်လ် ကိုးမန်းကို အသင်းရဲ့ ရာယို ဗလက်ကာနိုနဲ့ လာလီဂါ အဝေးကွင်းပွဲစဉ်မှာ ရှုံးပွဲ ထပ်မံ ကြုံတွေ့ခဲ့အပြီးမှာတော့ ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ပြီး ဒတ်ချ်နောက်ခံလူဟောင်းရဲ့ နူးကမ့် တစ်ကျော့ပြန်ခရီးကတော့ တစ်နှစ်နဲ့ နှစ်လအကြာမှာ ပြီးဆုံးခဲ့ရပြီပဲဖြစ်ပါတယ်။

ဒီပွဲမတိုင်ခင်မှာ ပရိသတ်တွေရဲ့ ဖိအားပေးမှုကို ယိုင်နဲ့နဲ့ တောင့်ခံထားပေးခဲ့သေးတဲ့ ဘာစီလိုနာအသင်းဘုတ်အဖွဲ့အနေနဲ့ မက်ဒရစ်အခြေစိုက် ဗလက်ကာနိုအသင်းကို ရှုံးနိမ့်အပြီးမှာတော့ ခုလိုမျိုး ဆုံးဖြတ်ချက်ကို ချမှတ်လိုက်တာဖြစ်ပြီး ကာတာလန်ဒေသမှာရော ကမ္ဘာတစ်ဝှမ်းလုံးမှာပါ လူကြိုက်မများတဲ့ အသင်းနောက်ခံလူဟောင်းကို တာဝန်ကနေ ရပ်နားလိုက်တာပါ။

တစ်ဂိုး-ဂိုးမရှိနဲ့ ပြီးဆုံးခဲ့တဲ့ ပွဲစဉ်မှာ ဗလက်ကာနိုတို့အတွက် နာမည်ကြီး ကိုလံဘီယာနဲ့ အက်သလက်တီကိုတိုက်စစ်မှူးဟောင်း ရာဒါမဲလ် ဖယ်လ်ကာအိုက အသင်းဖော် အော်စကာ ထရယ်ဟိုရဲ့ ပေးပို့မှုကနေ နောက်ခံလူ ဂျရတ် ပီကေးကို တစ်ချက်ခေါက်ပြီးမှ ဘယ်ခြေနဲ့ ဂိုးသမား တာစတီဂန်ရဲ့ ညာဘက်တိုင်ခြေကို တိတိကျကျ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၆၉ ရာခိုင်နှုန်းအထိ ရယူပြီး တိုက်စစ်ဆင်ခဲ့တဲ့ ဘာစီလိုနာအသင်းအနေနဲ့ ဂိုးပေါက် ၁၆ ကြိမ် ကန်သွင်းရာမှာ တစ်ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တာဖြစ်ပြီး ပွဲချိန် ၇၂ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကို ရှာဖွေနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဒီပိုင်းကလည်း ကိုယ်တိုင်ကန်သွင်းချိန်မှာ ဂိုးသမား ဒိုက်ပစ်တဲ့ဘက်ကို ကန်မိခဲ့တာကြောင့် ချေပဂိုးတောင် ပြန်မရဘဲ အရှက်ကွဲခဲ့ရတာပါ။

ဗလက်ကာနိုရဲ့ ဂိုးပေါက်တည့်မှု ၃ ကြိမ်ကနေ ၁ ဂိုးပေးလိုက်ရတဲ့ ဘာစီလိုနာအသင်းတာဝန်ရှိသူတွေအနေနဲ့ ဒီလိုမျိုး ဆိုးရွားပျက်စီးနေတဲ့ ကစားပုံနဲ့ အသင်းကို ကိုင်တွယ်နေတဲ့သူဟာ အသင်းကစားသမားဟောင်းမကလို့ ဘာကြီးပဲဖြစ်နေနေ ထုတ်ပယ်ရဖို့ အခြေအနေကို ဆိုက်ရောက်လာခဲ့တဲ့ အချိန်မှာတော့ အသင်းဥက္ကဌ ဂျိုအန် လာပေါ်တာက တရားဝင်ဆုံးဖြတ်ပေးခဲ့တာလည်းဖြစ်ပါတယ်။

မက်ဒရစ်အခြေစိုက်အသင်းငယ်လေး ဗလက်ကာနိုကို လွီ ဗန်ငါး(လူးဝစ် ဗန်ဟားလ်)လက်ထက်က နောက်ဆုံးရှုံးခဲ့အပြီးမှာ ၁၉ နှစ်တိုင်တိုင် မရှုံးခဲ့တဲ့ ဘာစီလိုနာအသင်းအနေနဲ့ နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲရှုံးနိမ့်မှုနဲ့အတူ စိတ်ပျက်စရာရလဒ်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ကော်တင်ညို၊ အဂွေရိုနဲ့ ဒီပိုင်းတို့လို ကစားသမားတွေက တစ်ဂိုးမှ မရှာဖွေနိုင်ခဲ့လို့ ဂုဏ်သိက္ခာပါ ကျဆင်းခဲ့ရတာပါ။

ကိုးမန်းကို ထုတ်ပယ်လိုက်လို့ လစ်လပ်သွားတဲ့ နည်းပြရာထူးအတွက်တော့ ကာတာကလပ် အယ်လ်ဆတ်ဒ်ကို ကိုင်တွယ်နေပြီး အာရှချန်ပီယံလိဂ်က ဒိုင်တွေကို စိတ်ပျက်နေတဲ့ ပရိသတ်အချစ်တော် ဂန္ထဝင်ကစားသမားဟောင်း ဇာဗီ ဟာနန်ဒက်စ်ကို အစားထိုး ဆက်ခံစေဖို့ အားလုံးက အလိုရှိနေကြပြီး ရေးဗားပလိတ်နည်းပြ မာဆယ်လို ဂယ်လာဒိုကိုလည်း စောင့်ကြည့်နေသလို အသင်းရဲ့ ဘယ်နောက်ခံလူဟောင်းနဲ့ ဘီအသင်းနည်းပြ ဆာဂျီ ဘာဟွမ်တို့ကိုလည်း စဉ်းစားနေကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာအသင္းအေနနဲ႔ သူတို႔ရဲ႕ နည္းျပ ေရာ္နယ္လ္ ကိုးမန္းကို အသင္းရဲ႕ ရာယို ဗလက္ကာႏိုနဲ႔ လာလီဂါ အေဝးကြင္းပြဲစဥ္မွာ ရႈံးပြဲ ထပ္မံ ႀကဳံေတြ႕ခဲ့အၿပီးမွာေတာ့ ရာထူးကေန ထုတ္ပယ္လိုက္ၿပီျဖစ္ၿပီး ဒတ္ခ်္ေနာက္ခံလူေဟာင္းရဲ႕ ႏူးကမ့္ တစ္ေက်ာ့ျပန္ခရီးကေတာ့ တစ္ႏွစ္နဲ႔ ႏွစ္လအၾကာမွာ ၿပီးဆုံးခဲ့ရၿပီပဲျဖစ္ပါတယ္။

ဒီပြဲမတိုင္ခင္မွာ ပရိသတ္ေတြရဲ႕ ဖိအားေပးမႈကို ယိုင္နဲ႔နဲ႔ ေတာင့္ခံထားေပးခဲ့ေသးတဲ့ ဘာစီလိုနာအသင္းဘုတ္အဖြဲ႕အေနနဲ႔ မက္ဒရစ္အေျခစိုက္ ဗလက္ကာႏိုအသင္းကို ရႈံးနိမ့္အၿပီးမွာေတာ့ ခုလိုမ်ိဳး ဆုံးျဖတ္ခ်က္ကို ခ်မွတ္လိုက္တာျဖစ္ၿပီး ကာတာလန္ေဒသမွာေရာ ကမာၻတစ္ဝွမ္းလုံးမွာပါ လူႀကိဳက္မမ်ားတဲ့ အသင္းေနာက္ခံလူေဟာင္းကို တာဝန္ကေန ရပ္နားလိုက္တာပါ။

တစ္ဂိုး-ဂိုးမရွိနဲ႔ ၿပီးဆုံးခဲ့တဲ့ ပြဲစဥ္မွာ ဗလက္ကာႏိုတို႔အတြက္ နာမည္ႀကီး ကိုလံဘီယာနဲ႔ အက္သလက္တီကိုတိုက္စစ္မႉးေဟာင္း ရာဒါမဲလ္ ဖယ္လ္ကာအိုက အသင္းေဖာ္ ေအာ္စကာ ထရယ္ဟိုရဲ႕ ေပးပို႔မႈကေန ေနာက္ခံလူ ဂ်ရတ္ ပီေကးကို တစ္ခ်က္ေခါက္ၿပီးမွ ဘယ္ေျခနဲ႔ ဂိုးသမား တာစတီဂန္ရဲ႕ ညာဘက္တိုင္ေျခကို တိတိက်က် ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒီေန႔ပြဲမွာ ေဘာလုံးပိုင္ဆိုင္မႈ ၆၉ ရာခိုင္ႏႈန္းအထိ ရယူၿပီး တိုက္စစ္ဆင္ခဲ့တဲ့ ဘာစီလိုနာအသင္းအေနနဲ႔ ဂိုးေပါက္ ၁၆ ႀကိမ္ ကန္သြင္းရာမွာ တစ္ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့တာျဖစ္ၿပီး ပြဲခ်ိန္ ၇၂ မိနစ္မွာ ရရွိခဲ့တဲ့ ပင္နယ္တီကို ရွာေဖြႏိုင္ခဲ့တဲ့ တိုက္စစ္မႉး ဒီပိုင္းကလည္း ကိုယ္တိုင္ကန္သြင္းခ်ိန္မွာ ဂိုးသမား ဒိုက္ပစ္တဲ့ဘက္ကို ကန္မိခဲ့တာေၾကာင့္ ေခ်ပဂိုးေတာင္ ျပန္မရဘဲ အရွက္ကြဲခဲ့ရတာပါ။

ဗလက္ကာႏိုရဲ႕ ဂိုးေပါက္တည့္မႈ ၃ ႀကိမ္ကေန ၁ ဂိုးေပးလိုက္ရတဲ့ ဘာစီလိုနာအသင္းတာဝန္ရွိသူေတြအေနနဲ႔ ဒီလိုမ်ိဳး ဆိုး႐ြားပ်က္စီးေနတဲ့ ကစားပုံနဲ႔ အသင္းကို ကိုင္တြယ္ေနတဲ့သူဟာ အသင္းကစားသမားေဟာင္းမကလို႔ ဘာႀကီးပဲျဖစ္ေနေန ထုတ္ပယ္ရဖို႔ အေျခအေနကို ဆိုက္ေရာက္လာခဲ့တဲ့ အခ်ိန္မွာေတာ့ အသင္းဥကၠဌ ဂ်ိဳအန္ လာေပၚတာက တရားဝင္ဆုံးျဖတ္ေပးခဲ့တာလည္းျဖစ္ပါတယ္။

မက္ဒရစ္အေျခစိုက္အသင္းငယ္ေလး ဗလက္ကာႏိုကို လြီ ဗန္ငါး(လူးဝစ္ ဗန္ဟားလ္)လက္ထက္က ေနာက္ဆုံးရႈံးခဲ့အၿပီးမွာ ၁၉ ႏွစ္တိုင္တိုင္ မရႈံးခဲ့တဲ့ ဘာစီလိုနာအသင္းအေနနဲ႔ ေနာက္ဆုံး ၄ ပြဲမွာ ၃ ပြဲရႈံးနိမ့္မႈနဲ႔အတူ စိတ္ပ်က္စရာရလဒ္နဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး ေကာ္တင္ညိဳ၊ အေဂြ႐ိုနဲ႔ ဒီပိုင္းတို႔လို ကစားသမားေတြက တစ္ဂိုးမွ မရွာေဖြႏိုင္ခဲ့လို႔ ဂုဏ္သိကၡာပါ က်ဆင္းခဲ့ရတာပါ။

ကိုးမန္းကို ထုတ္ပယ္လိုက္လို႔ လစ္လပ္သြားတဲ့ နည္းျပရာထူးအတြက္ေတာ့ ကာတာကလပ္ အယ္လ္ဆတ္ဒ္ကို ကိုင္တြယ္ေနၿပီး အာရွခ်န္ပီယံလိဂ္က ဒိုင္ေတြကို စိတ္ပ်က္ေနတဲ့ ပရိသတ္အခ်စ္ေတာ္ ဂႏၴဝင္ကစားသမားေဟာင္း ဇာဗီ ဟာနန္ဒက္စ္ကို အစားထိုး ဆက္ခံေစဖို႔ အားလုံးက အလိုရွိေနၾကၿပီး ေရးဗားပလိတ္နည္းျပ မာဆယ္လို ဂယ္လာဒိုကိုလည္း ေစာင့္ၾကည့္ေနသလို အသင္းရဲ႕ ဘယ္ေနာက္ခံလူေဟာင္းနဲ႔ ဘီအသင္းနည္းျပ ဆာဂ်ီ ဘာဟြမ္တို႔ကိုလည္း စဥ္းစားေနေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.