Premier League

ဆိုးလ်ရှားနေရာမှာဆိုရင် လုံးဝနှစ်မြို့မှာမဟုတ်ဘူးလို့ ဖာဂူဆန်တို့ ဆရာတပည့်ကို ဝေဖန်ခဲ့တဲ့ စတိဗ် နီကိုးလ်

လီဗာပူးလ်ဂန္တဝင် စတိဗ် နီကိုးလ်က ပြီးခဲ့တဲ့အပတ်မှာ လီဗာပူးလ်အသင်းကို မန်ချက်စတာယူနိုက်တက်အသင်းက ၅-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်လေ့ကျင့်ရေးကွင်းကို လာရောက်လည်ပတ်ခဲ့တဲ့ ဆာအဲလက်စ် ဖာဂူဆန်ကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဘုတ်အဖွဲ့ရဲ့တစ်စိတ်တပိုင်းဖြစ်တဲ့ ဖာဂူဆန်ဟာ အသင်းရဲ့ ကြီးမားတဲ့ရှုံးနိမ့်မှု ကြုံတွေ့ခဲ့ရပြီးနောက် အသင်းသားတွေကို စကားပြောဆိုဖို့အတွက် ကာရင်တန်လေ့ကျင့်ရေးကွင်းကို ရောက်လာခဲ့တာဖြစ်ပါတယ်။ ဖာဂူဆန်ရဲ့ အချိန်ကိုက် လာရောက်လည်ပတ်မှုနဲ့ပတ်သက်ပြီး နီကိုးလ်က အဲဒီအပြုအမူဟာ လက်ရှိနည်းပြ အိုလေ ဂန်နာ ဆိုးလ်ရှားအပေါ် မလေးမစားပြုမူတာဖြစ်တယ်လို့ ယုံကြည်တောဖြစ်ပါတယ်။

“ဖာဂူဆန်က ကာရင်တန်မှာ ရှိနေတယ်ဆိုတဲ့အချက်ကို ကျွန်တော် လုံးဝ မုန်းတီးပါတယ်။ အဲဒါက ဆိုးရွားပါတယ်။ နည်းပြအပေါ်မှာ တကယ်ကို ဆိုးရွားတဲ့ပုံစံ ဖြစ်စေပါတယ်။ အဲဒါက ဘာနဲ့တောင် တူလဲဆိုတော့ ဆရာက တပည့်ကို ဘာလုပ်ရမယ်ဆိုတာ သတိပေးဖို့ လာရောက်သလိုကြီးကို ဖြစ်နေတာ။ အဲဒါက ဆိုးရွားတဲ့အချိန်ကိုက်မှုလို့ ကျွန်တော် ထင်တယ်”

“ဖာဂီသာ ကာရင်တန်ကို သွားချင်တယ်ဆိုရင် ၃ ပွဲ၊ ၄ ပွဲလောက် အနိုင်ရပြီးတဲ့အချိန်မှာ ဘာကြောင့် မသွားခဲ့တာလဲ။ ခင်ဗျား အခုဖြစ်နေတာအားလုံးကို ပြောင်းလဲမပစ်နိုင်ပါဘူး။ အဲဒါက အိုလေအတွက် ပိုပြီးဆိုးစေပါတယ်။ အဲဒါက အဓိကလူဖြစ်ချင်တဲ့ အိုလေရဲ့အခန်းကဏ္ဍကို မှေးမှိန်အောင် လုပ်လိုက်တာပဲ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဆာအဲလက်စ် ဖာဂူဆန်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ၂၇ နှစ်ကြာ နည်းပြခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား ၁၃ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် ကိုင်မြှောက်နိုင်အောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပါတယ်။ စကော့တ်လူမျိုးနည်းပြကြီးဟာ တသက်တာအကောင်းဆုံးနည်းပြတွေထဲက တစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံခဲ့ရသူဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ နည်းပြဘဝက အနားယူပြီးနောက်ပိုင်း အသင်းအပေါ် သံယောဇဉ်ကြီးစွာနဲ့ အိမ်ကွင်းပွဲစဉ်တိုင်းကို မပျက်မကွက် တက်ရောက်ကြည့်ရှုခဲ့သူဖြစ်ပါတယ်။

နီကိုးလ်က ဆိုးလ်ရှားအနေနဲ့ နည်းပြတစ်ယောက်အဖြစ် ပိုမိုအားကောင်းမောင်းသန် ရှိသင့်တယ်လို့ ခံစားရကြောင်း ပြောကြားခဲ့ပြီး နော်ဝေလူမျိုး နည်းပြဟာ ပေါက်ကွဲနေရမယ့်အချိန်မှာတောင် အရမ်း အေးဆေးလွန်းနေတယ်လို့ ပြောကြားခဲ့ပါတယ်။

“မန်ချက်စတာယူနိုက်တက်မှာ ဆာအဲလက်စ် ဖာဂူဆန် နည်းပြတဲ့အချိန်တုန်းက သူတို့တွေ ဆိုးရွားတဲ့ရလဒ်တွေ ရရှိနေပြီး ရုတ်တရက်ဆိုသလို မတ် ဘပ်စ်ဘီက လေ့ကျင့်ရေးကွင်းထဲကို ဝင်လာတယ်လို့ ခင်ဗျား မြင်ယောင်ကြည့်လိုက်ပါ။ ဖာဂီက လုံးဝကို ဆွေ့ဆွေ့ခုန်သွားခဲ့မှာပါ။ အဲဒါကို ကျွန်တော် လုံးဝကို မနှ်သက်ပါဘူး။ အဲဒါက တော်တော်ဆိုးပါတယ်။ ကျွန်တော်သာ အိုလေဆိုရင် အဲဒါနဲ့ပတ်သက်ပြီး လုံးဝ နှစ်မြို့မှာမဟုတ်ပါဘူး။ ကျွန်တော်သာ အိုလေဆိုရင် ပြီးတော့ ယူနိုက်တက်နည်းပြက ကျွန်တော်ဆိုရင် ကျွန်တော့်မှာ ပြောဖို့ ရှိပါတယ်”

“အကြောင်းအရင်းကတော့ အိုလေ ရှိနေတဲ့ အနေအထားကြောင့်ပါပဲ။ ဘာလို့လဲဆိုတော့ အိုလေက အမှန်တကယ် စိတ်လှုပ်ရှားတာ၊ သူ့ရဲ့ စိတ်လွတ်သွားတာ၊ ရူးသွပ်သွားတာ၊ လူတွေကို သူတို့ ဘာလုပ်သင့်တယ်ဆိုတာ ပြောတာနဲ့ မလုပ်သင့်တာ ပြောတာမျိုး မရှိပါဘူး။ ဘာလို့လဲဆိုတော့ အဲဒါက သူအခု လုပ်နေရမယ့်အရာတွေ ဖြစ်နေလို့ပါ။ သူ့အနေနဲ့ ဆာအဲလက်စ်ကို ပြောသင့်ပြီး ဆာအဲလက်စ်ကို လေ့ကျင့်ရေးကွင်းလွှတ်တဲ့ ဘယ်သူ့ကိုမဆို ‘တဆိတ်လောက်ဗျာ၊ ခင်ဗျားကို ဒီမှာ ကျွန်တော်တို့ မလိုအပ်ပါဘူး’လို့ ပြောရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုအပတ်မှာ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ၂ သင်းစလုံးအတွက် အကြောင်းအရင်းကိုယ်စီနဲ့ အရေးကြီးတဲ့ပွဲစဉ်ဖြစ်လာမှာဖြစ်ပါတယ်။ အိုလေ ဂန်နာ ဆိုးလ်ရှားအနေနဲ့ စနေနေ့မှာ ၎င်းရဲ့ အသင်းအနေနဲ့ နိုင်ပွဲ ပြန်လည် မရယူနိုင်ခဲ့ဘူးဆိုရင် နည်းပြရာထူးမှာ ဆက်ရှိနေနိုင်တော့မှာမဟုတ်ဘူးဆိုတာကို သိရှိနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္ဂႏၲဝင္ စတိဗ္ နီကိုးလ္က ၿပီးခဲ့တဲ့အပတ္မွာ လီဗာပူးလ္အသင္းကို မန္ခ်က္စတာယူနိုက္တက္အသင္းက ၅-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ယူနိုက္တက္ေလ့က်င့္ေရးကြင္းကို လာေရာက္လည္ပတ္ခဲ့တဲ့ ဆာအဲလက္စ္ ဖာဂူဆန္ကို ျပစ္တင္ေဝဖန္ခဲ့ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ဘုတ္အဖြဲ႕ရဲ့တစ္စိတ္တပိုင္းျဖစ္တဲ့ ဖာဂူဆန္ဟာ အသင္းရဲ့ ႀကီးမားတဲ့ရႈံးနိမ့္မႈ ၾကဳံေတြ႕ခဲ့ရၿပီးေနာက္ အသင္းသားေတြကို စကားေျပာဆိုဖို႔အတြက္ ကာရင္တန္ေလ့က်င့္ေရးကြင္းကို ေရာက္လာခဲ့တာျဖစ္ပါတယ္။ ဖာဂူဆန္ရဲ့ အခ်ိန္ကိုက္ လာေရာက္လည္ပတ္မႈနဲ႔ပတ္သက္ၿပီး နီကိုးလ္က အဲဒီအျပဳအမူဟာ လက္ရွိနည္းၿပ အိုေလ ဂန္နာ ဆိုးလ္ရွားအေပၚ မေလးမစားျပဳမူတာျဖစ္တယ္လို႔ ယုံၾကည္ေတာျဖစ္ပါတယ္။

“ဖာဂူဆန္က ကာရင္တန္မွာ ရွိေနတယ္ဆိုတဲ့အခ်က္ကို ကၽြန္ေတာ္ လုံးဝ မုန္းတီးပါတယ္။ အဲဒါက ဆိုးရြားပါတယ္။ နည္းျပအေပၚမွာ တကယ္ကို ဆိုးရြားတဲ့ပုံစံ ျဖစ္ေစပါတယ္။ အဲဒါက ဘာနဲ႔ေတာင္ တူလဲဆိုေတာ့ ဆရာက တပည့္ကို ဘာလုပ္ရမယ္ဆိုတာ သတိေပးဖို႔ လာေရာက္သလိုႀကီးကို ျဖစ္ေနတာ။ အဲဒါက ဆိုးရြားတဲ့အခ်ိန္ကိုက္မႈလို႔ ကၽြန္ေတာ္ ထင္တယ္”

“ဖာဂီသာ ကာရင္တန္ကို သြားခ်င္တယ္ဆိုရင္ ၃ ပြဲ၊ ၄ ပြဲေလာက္ အနိုင္ရၿပီးတဲ့အခ်ိန္မွာ ဘာေၾကာင့္ မသြားခဲ့တာလဲ။ ခင္ဗ်ား အခုျဖစ္ေနတာအားလုံးကို ေျပာင္းလဲမပစ္နိုင္ပါဘူး။ အဲဒါက အိုေလအတြက္ ပိုၿပီးဆိုးေစပါတယ္။ အဲဒါက အဓိကလူျဖစ္ခ်င္တဲ့ အိုေလရဲ့အခန္းက႑ကို ေမွးမွိန္ေအာင္ လုပ္လိုက္တာပဲ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဆာအဲလက္စ္ ဖာဂူဆန္ဟာ မန္ခ်က္စတာယူနိုက္တက္အသင္းကို ၂၇ ႏွစ္ၾကာ နည္းျပခဲ့သူျဖစ္ၿပီး ပရီးမီးယားလိဂ္ဖလား ၁၃ ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလား ၂ ႀကိမ္ ကိုင္ေျမႇာက္နိုင္ေအာင္ စြမ္းေဆာင္ေပးခဲ့သူျဖစ္ပါတယ္။ စေကာ့တ္လူမ်ိဳးနည္းျပႀကီးဟာ တသက္တာအေကာင္းဆုံးနည္းျပေတြထဲက တစ္ဦးအျဖစ္ က်ယ္က်ယ္ျပန႔္ျပန႔္ ယူဆျခင္းခံခဲ့ရသူျဖစ္ၿပီး ၂၀၁၃ ခုႏွစ္မွာ နည္းျပဘဝက အနားယူၿပီးေနာက္ပိုင္း အသင္းအေပၚ သံေယာဇဥ္ႀကီးစြာနဲ႔ အိမ္ကြင္းပြဲစဥ္တိုင္းကို မပ်က္မကြက္ တက္ေရာက္ၾကည့္ရႈခဲ့သူျဖစ္ပါတယ္။

နီကိုးလ္က ဆိုးလ္ရွားအေနနဲ႔ နည္းျပတစ္ေယာက္အျဖစ္ ပိုမိုအားေကာင္းေမာင္းသန္ ရွိသင့္တယ္လို႔ ခံစားရေၾကာင္း ေျပာၾကားခဲ့ၿပီး ေနာ္ေဝလူမ်ိဳး နည္းျပဟာ ေပါက္ကြဲေနရမယ့္အခ်ိန္မွာေတာင္ အရမ္း ေအးေဆးလြန္းေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“မန္ခ်က္စတာယူနိုက္တက္မွာ ဆာအဲလက္စ္ ဖာဂူဆန္ နည္းျပတဲ့အခ်ိန္တုန္းက သူတို႔ေတြ ဆိုးရြားတဲ့ရလဒ္ေတြ ရရွိေနၿပီး ႐ုတ္တရက္ဆိုသလို မတ္ ဘပ္စ္ဘီက ေလ့က်င့္ေရးကြင္းထဲကို ဝင္လာတယ္လို႔ ခင္ဗ်ား ျမင္ေယာင္ၾကည့္လိုက္ပါ။ ဖာဂီက လုံးဝကို ေဆြ႕ေဆြ႕ခုန္သြားခဲ့မွာပါ။ အဲဒါကို ကၽြန္ေတာ္ လုံးဝကို မႏွ္သက္ပါဘူး။ အဲဒါက ေတာ္ေတာ္ဆိုးပါတယ္။ ကၽြန္ေတာ္သာ အိုေလဆိုရင္ အဲဒါနဲ႔ပတ္သက္ၿပီး လုံးဝ ႏွစ္ၿမိဳ႕မွာမဟုတ္ပါဘူး။ ကၽြန္ေတာ္သာ အိုေလဆိုရင္ ၿပီးေတာ့ ယူနိုက္တက္နည္းျပက ကၽြန္ေတာ္ဆိုရင္ ကၽြန္ေတာ့္မွာ ေျပာဖို႔ ရွိပါတယ္”

“အေၾကာင္းအရင္းကေတာ့ အိုေလ ရွိေနတဲ့ အေနအထားေၾကာင့္ပါပဲ။ ဘာလို႔လဲဆိုေတာ့ အိုေလက အမွန္တကယ္ စိတ္လႈပ္ရွားတာ၊ သူ႔ရဲ့ စိတ္လြတ္သြားတာ၊ ႐ူးသြပ္သြားတာ၊ လူေတြကို သူတို႔ ဘာလုပ္သင့္တယ္ဆိုတာ ေျပာတာနဲ႔ မလုပ္သင့္တာ ေျပာတာမ်ိဳး မရွိပါဘူး။ ဘာလို႔လဲဆိုေတာ့ အဲဒါက သူအခု လုပ္ေနရမယ့္အရာေတြ ျဖစ္ေနလို႔ပါ။ သူ႔အေနနဲ႔ ဆာအဲလက္စ္ကို ေျပာသင့္ၿပီး ဆာအဲလက္စ္ကို ေလ့က်င့္ေရးကြင္းလႊတ္တဲ့ ဘယ္သူ႔ကိုမဆို ‘တဆိတ္ေလာက္ဗ်ာ၊ ခင္ဗ်ားကို ဒီမွာ ကၽြန္ေတာ္တို႔ မလိုအပ္ပါဘူး’လို႔ ေျပာရမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ယခုအပတ္မွာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ၂ သင္းစလုံးအတြက္ အေၾကာင္းအရင္းကိုယ္စီနဲ႔ အေရးႀကီးတဲ့ပြဲစဥ္ျဖစ္လာမွာျဖစ္ပါတယ္။ အိုေလ ဂန္နာ ဆိုးလ္ရွားအေနနဲ႔ စေနေန႔မွာ ၎ရဲ့ အသင္းအေနနဲ႔ နိုင္ပြဲ ျပန္လည္ မရယူနိုင္ခဲ့ဘူးဆိုရင္ နည္းျပရာထူးမွာ ဆက္ရွိေနနိုင္ေတာ့မွာမဟုတ္ဘူးဆိုတာကို သိရွိေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.