International Premier League

အင်္ဂလန်ရဲ့ကျောနံပါတ် ၁ နေရာအတွက် သတိပေးလိုက်တဲ့ ရမ်းစ်ဒေးလ်

အာဆင်နယ်အသင်းဂိုးသမား အာရွန် ရမ်းစ်ဒေးလ်က ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အင်္ဂလန်လက်ရွေးစင်အသင်း ကျောနံပါတ် ၁ နေရာကို ရယူဖို့အတွက် ပစ်မှတ်ထားနေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒင်း ဟန်ဒါဆန်ဟာ ဒဏ်ရာပြဿနာကြောင့် လူစာရင်းကနေ နုတ်ထွက်သွားခဲ့ပြီးနောက် ရမ်းစ်ဒေးလ်ဟာ ဂါးရတ် ဆောက်ဂိတ်ရဲ့ ယူရို ၂၀၂၀ လူစာရင်းအတွက် ခေါ်ယူခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ဂိုးသမားဟာ ယခုလအစောပိုင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ကစားခဲ့တဲ့ အန်ဒိုရာ၊ ဟန်ဂေရီတို့နဲ့ပွဲစဉ်အတွက် ပြန်လည်ခေါ်ယူခြင်း ခံခဲ့ရသူဖြစ်ပေမယ့် နိုင်ငံတကာပွဲစဉ် ပါဝင်ကစားပေးရခြင်း မရှိသေးတာဖြစ်ပါတယ်။

ဒါပေမယ့် အာဆင်နယ်ဂိုးသမား ရမ်းစ် ဒေးလ်က ရှက်ဖီးယူနိုက်တက်ကနေ အာဆင်နယ်ကို ပြောင်းရွှေ့ပြီးနောက် အမ်းမရိတ်စ်မှာ အထင်ကြီးဖွယ်လက်စွမ်းပြသခဲ့ပြီးနောက်ပိုင်း အင်္ဂလန်ကျောနံပါတ် ၁ ဂျော်ဒန် ပစ်ဖို့ဒ်ရဲ့နေရာကို ရယူနိုင်လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ခေါ်ယူခံရမှုက ယူ-၂၁ ယူရိုက ထွက်ခဲ့ရပြီး ရှက်ဖီးယူနိုက်တက်နဲ့ တန်းဆင်းခဲ့ရတဲ့ ရမ်းစ်ဒေးလ်အတွက် အချိန်ကိုက် စိတ်ဓာတ်ခွန်အားပေးသလို ဖြစ်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်နဲ့ ကျွန်တော့်ဇနီးတို့ အားလပ်ရက်ရပြီး အေးဆေး အနားယူခဲ့ကြပါတယ်။ နောက်ထပ်အရာကတော့ ခင်ဗျား သိပါတယ်။ ကျွန်တော် လူစာရင်းထဲမှာ ပါဝင်ခဲ့တယ်။ ကျွန်တော် အဲဒီလူစာရင်းထဲမှာ အပြည့်အဝအစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပြီး အဲဒါက ကျွန်တော့်ဘဝရဲ့ အကောင်းဆုံးရက်သတ္တပတ်ထဲက အချို့ဖြစ်ခဲ့ပါတယ်”

အင်္ဂလန်အသင်းဟာ ဝင်ဘလေကွင်းက ယူရို ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပေမယ့်လည်း အီတလီအသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့ပြီး ဆုဖလားနဲ့ လက်တကမ်းအကွာမှာ လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။ ယူရိုပြိုင်ပွဲမှာ ပွဲထွက်ပါဝင်ကစားခွင့် မရရှိခဲ့ပေမယ့်လည်း ရမ်းစ်ဒေးလ်က လက်ရွေးစင်အသင်းနဲ့ပူးပေါင်းရတဲ့ အတွေ့အကြုံကို ပျော်ရွှင်နေဆဲဖြစ်ပြီး ကာတာမှာ ကစားမယ့် ကမ္ဘာ့ဖလားပွဲစဉ်မှာ ယူရိုတုန်းက အတိုင်း ထပ်လုပ်ပြနိုင်မယ်လို့ မျှော်လင့်နေသလို ဒီတစ်ကြိမ်မှာတော့ အင်္ဂလန်ကျောနံပါတ် ၁ နေရာကနေ ၎င်းအနေနဲ့ ပွဲထွက်ပါဝင်နိုင်မယ်လို့လည်း မျှော်လင့်နေတာဖြစ်ပါတယ်။

“အဲဒါက အရမ်းကောင်းတဲ့ အသင်းဖော်တွေနဲ့ အားလပ်ရက်ဖြစ်ခဲ့တယ်လို့ ကျွန်တော် ပြောနေဦးမှာပဲ။ အဲဒါက ကျွန်တော်တို့မှာ ရှိခဲ့တဲ့ အသင်းအဖွဲ့စိတ်ဓာတ်ဖြစ်ခဲ့ပြီး အရမ်းကောင်းတဲ့ တစ်စုံတရာကို ရရှိဖို့ လက်တကမ်းအလိုကို ကျွန်တော်တို့ ရောက်ရှိခဲ့ပါတယ်။ အဲဒါက ပြင်းအားကို ပိုကောင်းစေပြီး ကမ္ဘာ့ဖလားမှာ ကောင်းကောင်းလုပ်နိုင်ဖို့ ဆာလောင်နေပါတယ်။ ကျွန်တော် အဲဒီမှာ တစ်စိတ်တပိုင်းအဖြစ် နောက်ထပ်တစ်ကြိမ် ပါဝင်နိုင်မယ်လို့ မျှော်လင့်မိပြီး ပွဲထွက်ကစားသမားအဖြစ်နဲ့ ပါဝင်နိုင်မယ်လို့ မျှော်လင့်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ရမ်းစ်ဒေးလ်ဟာ မန်ချက်စတာစီးတီးအသင်းကို အာဆင်နယ်အသင်းက ၅-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း လီနိုရဲ့နေရာမှာ လူစားဝင်ကစားပြီးနောက် အာဆင်နယ်အသင်းရဲ့ နောက်ဆုံးပရီးမီးယားလိဂ် ၆ ပွဲမှာ ပွဲထွက်ပါဝင်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ အာရွန် ရမ်းစ်ဒေးလ်ရဲ့ အကောင်းဆုံးလက်စွမ်းပြသမှုက ရာသီအစမှာ ဆိုးရွားခဲ့ပြီးနောက် အာတီတာရဲ့အသင်းကို ၎င်းတို့ရဲ့ အရှိန်အဟုန်ကို ပြန်လည် ရှာဖွေတွေ့ရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပေမယ့် အာဆင်နယ်ဂိုးသမားဟာ နိုင်ငံတကာအဆင့်မှာတော့ ပွဲထွက်ကစားသမားနေရာရလာအောင် ခက်ခဲတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ပစ်ဖို့ဒ်ဟာ အင်္ဂလန်လက်ရွေးစင်ကျောနံပါတ် ၁ အဖြစ် ဆက်ရှိနေပြီး နည်းပြ ဆောက်ဂိတ်ကလည်း ပစ်ဖို့ဒ်အနေနဲ့ အဲဗာတန်မှာ လက်စွမ်းအနည်းငယ်ကျဆင်းနေပေမယ့် အဲဗာတန်ဂိုးသမားကို အနှစ်သက်ဆုံးဆိုတာ ရှင်းလင်းနေတာဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲစဉ် ၇ ပွဲအထိ ပါဝင်ကစားပေးပြီးဖြစ်တဲ့ ဘန်လေအသင်းဂိုးသမား နစ်ခ် ပုပ်ကလည်း ရမ်းစ်ဒေးလ်၊ ပစ်ဖို့ဒ်တို့နဲ့ ကျောနံပါတ် ၁ နေရာအတွက် ယှဉ်ပြိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

အာရွန် ရမ်းစ်ဒေးလ်ဟာ အသင်းဟောင်း ဝင်ဘယ်ဒန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ၎င်းနဲ့ အမ်းမရိတ်စ်က ပရိသတ်တွေကြားက ခိုင်မာတဲ့ ဆက်သွယ်မှုကို တည်ဆောက်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပြီး နည်းပြ အာတီတာကို ပျော်ရွှင်အောင် ဆက်ပြီး လုပ်ပေးနိုင်ရင် ပွဲထွက်ခွင့် ဆက်လက်ရရှိမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ဒီမှာ ပရိသတ်တွေနဲ့အတူ ရရှိခဲ့တဲ့ ဆက်သွယ်မှုကို နှစ်သက်နေပါတယ်။ ကျွန်တော် ဝင်ဘယ်ဒန်မှာတုန်းက ဖြစ်ခဲ့တဲ့အတိုင်းပေါ့။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူတို့တွေက အသင်းကို ရွေးချယ်တဲ့သူမဟုတ်ပါဘူး။ ကျွန်တော်သာ နည်းပြကို ပျော်ရွှင်အောင် အခု လုပ်နေတဲ့အတိုင်း ဆက်လုပ်ပေးနိုင်ရင် ကျွန်တော် ကောင်းကောင်း လုပ်နိုင်မှာပါ”လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ပရိသတ်တွေဟာ ရမ်းစ်ဒေးလ်ရဲ့ ဝင်ဘယ်ဒန်နဲ့ အင်တာဗျူးကို နှစ်သက်ခဲ့ကြပြီး လူမှုကွန်ရက်မှာ ရှက်ဖီးယူနိုက်တက်ဂိုးသမားဟောင်းရဲ့ ခံယူချက်နဲ့ပတ်သက်ပြီး ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ “ကြောက်မက်ဖွယ်လူတစ်ယောက်ရဲ့ ခံယူချက်ပဲ။ အာရွန်က မယုံကြည်နိုင်စရာကောင်းတယ်”လို့ အာဆင်နယ်ပရိသတ်တစ်ဦးက မှတ်ချက်ပေးခဲ့ပြီး နောက်ထပ် တွစ်တာအသုံးပြုသူတစ်ဦးကလည်း “အရင်တုန်းက မင်း ဘယ်ရောက်နေခဲ့တာလဲကွာ”လို့ ရေးသားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းဂိုးသမား အာရြန္ ရမ္းစ္ေဒးလ္က ၂၀၂၂ ကာတာ ကမၻာ့ဖလားၿပိဳင္ပြဲအတြက္ အဂၤလန္လက္ေရြးစင္အသင္း ေက်ာနံပါတ္ ၁ ေနရာကို ရယူဖို႔အတြက္ ပစ္မွတ္ထားေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဒင္း ဟန္ဒါဆန္ဟာ ဒဏ္ရာျပႆနာေၾကာင့္ လူစာရင္းကေန ႏုတ္ထြက္သြားခဲ့ၿပီးေနာက္ ရမ္းစ္ေဒးလ္ဟာ ဂါးရတ္ ေဆာက္ဂိတ္ရဲ့ ယူရို ၂၀၂၀ လူစာရင္းအတြက္ ေခၚယူျခင္း ခံခဲ့ရတာျဖစ္ပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္ ဂိုးသမားဟာ ယခုလအေစာပိုင္းက ကမၻာ့ဖလားေျခစစ္ပြဲအျဖစ္ ကစားခဲ့တဲ့ အန္ဒိုရာ၊ ဟန္ေဂရီတို႔နဲ႔ပြဲစဥ္အတြက္ ျပန္လည္ေခၚယူျခင္း ခံခဲ့ရသူျဖစ္ေပမယ့္ နိုင္ငံတကာပြဲစဥ္ ပါဝင္ကစားေပးရျခင္း မရွိေသးတာျဖစ္ပါတယ္။

ဒါေပမယ့္ အာဆင္နယ္ဂိုးသမား ရမ္းစ္ ေဒးလ္က ရွက္ဖီးယူနိုက္တက္ကေန အာဆင္နယ္ကို ေျပာင္းေရႊ႕ၿပီးေနာက္ အမ္းမရိတ္စ္မွာ အထင္ႀကီးဖြယ္လက္စြမ္းျပသခဲ့ၿပီးေနာက္ပိုင္း အဂၤလန္ေက်ာနံပါတ္ ၁ ေဂ်ာ္ဒန္ ပစ္ဖို႔ဒ္ရဲ့ေနရာကို ရယူနိုင္လိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ေႏြရာသီမွာ အဂၤလန္လက္ေရြးစင္အသင္းအတြက္ ေခၚယူခံရမႈက ယူ-၂၁ ယူရိုက ထြက္ခဲ့ရၿပီး ရွက္ဖီးယူနိုက္တက္နဲ႔ တန္းဆင္းခဲ့ရတဲ့ ရမ္းစ္ေဒးလ္အတြက္ အခ်ိန္ကိုက္ စိတ္ဓာတ္ခြန္အားေပးသလို ျဖစ္ခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္နဲ႔ ကၽြန္ေတာ့္ဇနီးတို႔ အားလပ္ရက္ရၿပီး ေအးေဆး အနားယူခဲ့ၾကပါတယ္။ ေနာက္ထပ္အရာကေတာ့ ခင္ဗ်ား သိပါတယ္။ ကၽြန္ေတာ္ လူစာရင္းထဲမွာ ပါဝင္ခဲ့တယ္။ ကၽြန္ေတာ္ အဲဒီလူစာရင္းထဲမွာ အျပည့္အဝအစိတ္အပိုင္းတစ္ခုျဖစ္ခဲ့ၿပီး အဲဒါက ကၽြန္ေတာ့္ဘဝရဲ့ အေကာင္းဆုံးရက္သတၱပတ္ထဲက အခ်ိဳ႕ျဖစ္ခဲ့ပါတယ္”

အဂၤလန္အသင္းဟာ ဝင္ဘေလကြင္းက ယူရို ဗိုလ္လုပြဲအထိ တက္ေရာက္နိုင္ခဲ့ေပမယ့္လည္း အီတလီအသင္းကို ပင္နယ္တီအဆုံးအျဖတ္မွာ ရႈံးနိမ့္ခဲ့ၿပီး ဆုဖလားနဲ႔ လက္တကမ္းအကြာမွာ လက္လႊတ္ခဲ့ရတာျဖစ္ပါတယ္။ ယူရိုၿပိဳင္ပြဲမွာ ပြဲထြက္ပါဝင္ကစားခြင့္ မရရွိခဲ့ေပမယ့္လည္း ရမ္းစ္ေဒးလ္က လက္ေရြးစင္အသင္းနဲ႔ပူးေပါင္းရတဲ့ အေတြ႕အၾကဳံကို ေပ်ာ္ရႊင္ေနဆဲျဖစ္ၿပီး ကာတာမွာ ကစားမယ့္ ကမၻာ့ဖလားပြဲစဥ္မွာ ယူရိုတုန္းက အတိုင္း ထပ္လုပ္ျပနိုင္မယ္လို႔ ေမၽွာ္လင့္ေနသလို ဒီတစ္ႀကိမ္မွာေတာ့ အဂၤလန္ေက်ာနံပါတ္ ၁ ေနရာကေန ၎အေနနဲ႔ ပြဲထြက္ပါဝင္နိုင္မယ္လို႔လည္း ေမၽွာ္လင့္ေနတာျဖစ္ပါတယ္။

“အဲဒါက အရမ္းေကာင္းတဲ့ အသင္းေဖာ္ေတြနဲ႔ အားလပ္ရက္ျဖစ္ခဲ့တယ္လို႔ ကၽြန္ေတာ္ ေျပာေနဦးမွာပဲ။ အဲဒါက ကၽြန္ေတာ္တို႔မွာ ရွိခဲ့တဲ့ အသင္းအဖြဲ႕စိတ္ဓာတ္ျဖစ္ခဲ့ၿပီး အရမ္းေကာင္းတဲ့ တစ္စုံတရာကို ရရွိဖို႔ လက္တကမ္းအလိုကို ကၽြန္ေတာ္တို႔ ေရာက္ရွိခဲ့ပါတယ္။ အဲဒါက ျပင္းအားကို ပိုေကာင္းေစၿပီး ကမၻာ့ဖလားမွာ ေကာင္းေကာင္းလုပ္နိုင္ဖို႔ ဆာေလာင္ေနပါတယ္။ ကၽြန္ေတာ္ အဲဒီမွာ တစ္စိတ္တပိုင္းအျဖစ္ ေနာက္ထပ္တစ္ႀကိမ္ ပါဝင္နိုင္မယ္လို႔ ေမၽွာ္လင့္မိၿပီး ပြဲထြက္ကစားသမားအျဖစ္နဲ႔ ပါဝင္နိုင္မယ္လို႔ ေမၽွာ္လင့္မိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ရမ္းစ္ေဒးလ္ဟာ မန္ခ်က္စတာစီးတီးအသင္းကို အာဆင္နယ္အသင္းက ၅-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ပိုင္း လီနိုရဲ့ေနရာမွာ လူစားဝင္ကစားၿပီးေနာက္ အာဆင္နယ္အသင္းရဲ့ ေနာက္ဆုံးပရီးမီးယားလိဂ္ ၆ ပြဲမွာ ပြဲထြက္ပါဝင္ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။ အာရြန္ ရမ္းစ္ေဒးလ္ရဲ့ အေကာင္းဆုံးလက္စြမ္းျပသမႈက ရာသီအစမွာ ဆိုးရြားခဲ့ၿပီးေနာက္ အာတီတာရဲ့အသင္းကို ၎တို႔ရဲ့ အရွိန္အဟုန္ကို ျပန္လည္ ရွာေဖြေတြ႕ရွိေအာင္ ကူညီေပးနိုင္ခဲ့တာျဖစ္ေပမယ့္ အာဆင္နယ္ဂိုးသမားဟာ နိုင္ငံတကာအဆင့္မွာေတာ့ ပြဲထြက္ကစားသမားေနရာရလာေအာင္ ခက္ခဲတဲ့စိန္ေခၚမႈေတြကို ရင္ဆိုင္ေနရတာျဖစ္ပါတယ္။

ပစ္ဖို႔ဒ္ဟာ အဂၤလန္လက္ေရြးစင္ေက်ာနံပါတ္ ၁ အျဖစ္ ဆက္ရွိေနၿပီး နည္းၿပ ေဆာက္ဂိတ္ကလည္း ပစ္ဖို႔ဒ္အေနနဲ႔ အဲဗာတန္မွာ လက္စြမ္းအနည္းငယ္က်ဆင္းေနေပမယ့္ အဲဗာတန္ဂိုးသမားကို အႏွစ္သက္ဆုံးဆိုတာ ရွင္းလင္းေနတာျဖစ္ပါတယ္။ အဂၤလန္လက္ေရြးစင္အသင္းအတြက္ နိုင္ငံတကာပြဲစဥ္ ၇ ပြဲအထိ ပါဝင္ကစားေပးၿပီးျဖစ္တဲ့ ဘန္ေလအသင္းဂိုးသမား နစ္ခ္ ပုပ္ကလည္း ရမ္းစ္ေဒးလ္၊ ပစ္ဖို႔ဒ္တို႔နဲ႔ ေက်ာနံပါတ္ ၁ ေနရာအတြက္ ယွဥ္ၿပိဳင္ဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။

အာရြန္ ရမ္းစ္ေဒးလ္ဟာ အသင္းေဟာင္း ဝင္ဘယ္ဒန္နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ၎နဲ႔ အမ္းမရိတ္စ္က ပရိသတ္ေတြၾကားက ခိုင္မာတဲ့ ဆက္သြယ္မႈကို တည္ေဆာက္နိုင္ခဲ့တယ္လို႔ ေျပာၾကားခဲ့ၿပီး နည္းၿပ အာတီတာကို ေပ်ာ္ရႊင္ေအာင္ ဆက္ၿပီး လုပ္ေပးနိုင္ရင္ ပြဲထြက္ခြင့္ ဆက္လက္ရရွိမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ကၽြန္ေတာ္ ဒီမွာ ပရိသတ္ေတြနဲ႔အတူ ရရွိခဲ့တဲ့ ဆက္သြယ္မႈကို ႏွစ္သက္ေနပါတယ္။ ကၽြန္ေတာ္ ဝင္ဘယ္ဒန္မွာတုန္းက ျဖစ္ခဲ့တဲ့အတိုင္းေပါ့။ ဒါေပမယ့္ ေနာက္ဆုံးမွာေတာ့ သူတို႔ေတြက အသင္းကို ေရြးခ်ယ္တဲ့သူမဟုတ္ပါဘူး။ ကၽြန္ေတာ္သာ နည္းျပကို ေပ်ာ္ရႊင္ေအာင္ အခု လုပ္ေနတဲ့အတိုင္း ဆက္လုပ္ေပးနိုင္ရင္ ကၽြန္ေတာ္ ေကာင္းေကာင္း လုပ္နိုင္မွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္ပရိသတ္ေတြဟာ ရမ္းစ္ေဒးလ္ရဲ့ ဝင္ဘယ္ဒန္နဲ႔ အင္တာဗ်ဴးကို ႏွစ္သက္ခဲ့ၾကၿပီး လူမႈကြန္ရက္မွာ ရွက္ဖီးယူနိုက္တက္ဂိုးသမားေဟာင္းရဲ့ ခံယူခ်က္နဲ႔ပတ္သက္ၿပီး ခ်ီးက်ဴး ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။ “ေၾကာက္မက္ဖြယ္လူတစ္ေယာက္ရဲ့ ခံယူခ်က္ပဲ။ အာရြန္က မယုံၾကည္နိုင္စရာေကာင္းတယ္”လို႔ အာဆင္နယ္ပရိသတ္တစ္ဦးက မွတ္ခ်က္ေပးခဲ့ၿပီး ေနာက္ထပ္ တြစ္တာအသုံးျပဳသူတစ္ဦးကလည္း “အရင္တုန္းက မင္း ဘယ္ေရာက္ေနခဲ့တာလဲကြာ”လို႔ ေရးသားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.