Carabao & FA Match Report Premier League

ကာရာဘောင်းကို လေးလေးစားစား ကစားပြီး ပင်နယ်တီနဲ့ ကွာတားတက်တဲ့ လက်စတာ

လက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့ရဲ့ ကာရာဘောင်းဖလား စတုတ္ထအဆင့်ပွဲမှာ ပြိုင်ပွဲကို လေးလေးစားစားပုံစံနဲ့ ပြင်ဆင်လာခဲ့တာကို တွေ့ရပြီး ခံစစ်က ဆိုယွန်ကျူ၊ ဗက်စတာဂါ့ဒ်၊ ဘာထရန်နဲ့ တိုက်စစ်က ဒါကာ၊ ဟာဗီ ဘန်းစ်၊ လွတ်ခ်မန်းတို့လို ကစားသမားကောင်းတွေကို ထည့်သွင်းခဲ့သလို ကွင်းလယ်မှာတော့ အသင်းရဲ့ ဒုတိယတန်းစား အဆင့်လောက်ရှိတဲ့ ချောက်ဒရီနဲ့ လုခ် သောမတ်စ်တို့ကို အသုံးပြုခဲ့ပါတယ်။

ဧည့်သည် ဘရိုက်တန်တို့ကတော့ ဝက်ဘ်စတာ၊ ဒပ်ဖီ၊ ဒန်ဘန်း၊ ဗဲလ်မန်း၊ မက်ကယ်လစ္စတာ၊ ဂရော့စ်တို့လို ပွဲထွက်ကစားသမားတချို့ကို သုံးစွဲခဲ့ပေမယ့် ဂိုးသမားနဲ့ တိုက်စစ်ပိုင်းမှာတော့ ကွန်နိုလီ၊ လိုကာဒီယာနဲ့ ဆာမီယန်တိုတို့လို အရန်တွေကို ထုတ်သုံးလာခဲ့ပြီး သူတို့အနေနဲ့ ဒီနေ့ပွဲကို လက်စတာလောက်တော့ အာရုံစူးစိုက်မှုမျိုး မထားခဲ့ဘူးလို့ပဲ ဆိုရမှာပါ။

ပွဲချိန် ၆ မိနစ်မှာ လက်စတာတို့ရဲ့ မဆုတ်မနစ် ကြိုးစားမှုကနေ ဂိုးစတင်ရခဲ့ပြီး ကွင်းလယ်က တင်ပေးလိုက်တဲ့ ဘောလုံးက မကောင်းပေမယ့် နောက်က ပြေးလိုက်ပြီး ဖိအားပေးခဲ့တဲ့ ဒါကာကြောင့် နောက်တန်းနဲ့ ဂိုးသမားတို့ ရှင်းထုတ်ရာကနေ ထွက်လာတာကို နောက်က လိုက်လာခဲ့တဲ့ ဟာဗီ ဘန်းစ်က ဘရိုက်တန်နောက်ခံလူနှစ်ယောက်ကြားက ဖြတ်ယူပြီး မနားတမ်း ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပို ၃ မိနစ်မှာတော့ ဘရိုက်တန်တို့ ချေပဂိုး ပြန်လည်ရယူနိုင်ခဲ့ပြီး ထောင့်ကန်ဘောကနေ နောက်ခံလူ ဒပ်ဖီ ခေါင်းတိုက်ချပေးတာကို ဝက်ဘ်စတာက အနီးကပ် ပိတ်သွင်းခဲ့ရာမှာ လက်စတာဂိုးသမား ဝါ့ဒ်နဲ့ ခံစစ်တွေ ကာကွယ်ပုံ ပေါ့လျော့ခဲ့လို့ ဂိုးပေးခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဘရိုက်တန်တို့ရဲ့ သရေဂိုးက ဘယ်လောက်မှ မကြာလိုက်ဘဲဖြစ်ခဲ့ရပြီး ဒီကနေ ပြန်စတဲ့ စပေးဘောကနေ လက်စတာတို့ တိုက်စစ်ဆင်မှုကို ဆာမီယန်တိုက ဂိုးသမားကို နောက်ပြန်ပေးမှု အမှားကနေ အိမ်ရှင်တိုက်စစ်မှူး လွတ်ခ်မန်းက နောက်ကနေ ပြေးလိုက်ပြီး ဂိုးသမား မရခင်မှာ လျှောထိုး ပိတ်သွင်းယူခဲ့လို့ ပထမပိုင်းမှာ လက်စတာတို့ နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်အစမှာတော့ ဘရိုက်တန်ဘက်က အမ်ဝီပူကို ထည့်သွင်းခဲ့ပြီး တိုက်စစ်ပိုင်းကို ပြောင်းလဲမြှင့်တင်ဖို့ ဘီဆူးမား၊ မော်ပေနဲ့ ကူကူရဲလားတို့ကို ထပ်ထည့်ပြီး ဂိုးရဖို့ ကြိုးစားလာခဲ့သလို လက်စတာဘက်ကတော့ မက်ဒီဆန်နဲ့ ဆူမာရေးတို့ကို ထည့်သွင်းပြီး ကွင်းလယ်ကို ထိန်းကစားရင် တိုက်စစ်ကပါ ဂိုးတွေ ရနိုင်ဖို့ ပြင်ဆင်ခဲ့ပါတယ်။

ပွဲချိန် ၇၁ မိနစ်မှာတော့ ဘရိုက်တန်တို့ ဒုတိယချေပဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပြီး လက်စတာတို့ရဲ့ ဦးဆောင်မှုကို ပယ်ဖျက်နိုင်ခဲ့သလို မော်ပေက ဘယ်ခြမ်းကို ချပေးလိုက်တဲ့ ဘောလုံးကို ကူကူရဲလားက ဖြတ်တင်ပေးရာမှာ အမ်ဝီပူက ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပြီး လူစားဝင်အတွဲအဖက်တွေနဲ့ ဂိုးရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မိနစ် ၉၀ အပြည့်မှာတော့ တစ်ဖက်နဲ့တစ်ဖက် ဂိုးထပ်မသွင်းနိုင်တော့ဘဲ နှစ်ဂိုးစီ သရေကျနေလို့ ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရပြီး အဖွင့် ပင်နယ်တီတွေကို လက်စတာရဲ့ မက်ဒီဆန်နဲ့ ဘရိုက်တန်ရဲ့ ဂရော့စ်တို့က တူညီတဲ့ ပုံစံနဲ့ ဝင်အောင်ကန်သွားနိုင်ခဲ့သလို ဒုတိယမြောက် ကန်ရာမှာတော့ ဟာဗီ ဘန်းစ်ရဲ့ ကန်ချက် ဂိုးဝင်ခဲ့ပြီး မော်ပေရဲ့ ကန်ချက်က ဘားထိထွက်ခဲ့လို့ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

တတိယမြောက် ပင်နယ်တီတွေကိုတော့ ဒါကာနဲ့ မက်ကယ်လစ္စတာတို့ အသီးသီး ဝင်အောင်ကန်သွင်းနိုင်ခဲ့ပြီး စတုတ္တမြောက် ကန်ရာမှာတော့ လက်စတာရဲ့ ရီကာဒို ပါရဲရားက ဝင်အောင်ကန်သွင်းနိုင်ခဲ့ပေမယ့် ဘရိုက်တန်ရဲ့ အမ်ဝီပူ ကန်ရာမှာ ဂိုးသမား ဝါ့ဒ်က မှန်မှန်ကန်ကန် ခန့်မှန်းပြီး ပုတ်ထုတ် ကာကွယ်သွားနိုင်ခဲ့လို့ လေးဂိုး-နှစ်ဂိုးနဲ့ အဖြေထွက်ပေါ်လာခဲ့ပါတယ်။

ဒီပွဲကို ပင်နယ်တီမှာ အနိုင်ရရှိခဲ့တဲ့ လက်စတာစီးတီးအသင်းကတော့ ကာရာဘောင်းဖလားရဲ့ နောက်ဆုံး ရှစ်သင်းထဲကို ပါဝင်သွားခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်သလို ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက်တိုက် အနိုင်ရရှိထားတဲ့ ဘရန်ဒန် ရော့ဂျားစ်ရဲ့ လူတွေအနေနဲ့ နောက်တစ်ဆင့်မှာ ဘယ်သူနဲ့ တွေ့ဆုံမယ်ဆိုတာကို သိရဖို့တော့ စနေနေ့အထိ စောင့်ဆိုင်းရဦးမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လက္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔ရဲ႕ ကာရာေဘာင္းဖလား စတုတၳအဆင့္ပြဲမွာ ၿပိဳင္ပြဲကို ေလးေလးစားစားပုံစံနဲ႔ ျပင္ဆင္လာခဲ့တာကို ေတြ႕ရၿပီး ခံစစ္က ဆိုယြန္က်ဴ၊ ဗက္စတာဂါ့ဒ္၊ ဘာထရန္နဲ႔ တိုက္စစ္က ဒါကာ၊ ဟာဗီ ဘန္းစ္၊ လြတ္ခ္မန္းတို႔လို ကစားသမားေကာင္းေတြကို ထည့္သြင္းခဲ့သလို ကြင္းလယ္မွာေတာ့ အသင္းရဲ႕ ဒုတိယတန္းစား အဆင့္ေလာက္ရွိတဲ့ ေခ်ာက္ဒရီနဲ႔ လုခ္ ေသာမတ္စ္တို႔ကို အသုံးျပဳခဲ့ပါတယ္။

ဧည့္သည္ ဘ႐ိုက္တန္တို႔ကေတာ့ ဝက္ဘ္စတာ၊ ဒပ္ဖီ၊ ဒန္ဘန္း၊ ဗဲလ္မန္း၊ မက္ကယ္လစၥတာ၊ ဂေရာ့စ္တို႔လို ပြဲထြက္ကစားသမားတခ်ိဳ႕ကို သုံးစြဲခဲ့ေပမယ့္ ဂိုးသမားနဲ႔ တိုက္စစ္ပိုင္းမွာေတာ့ ကြန္ႏိုလီ၊ လိုကာဒီယာနဲ႔ ဆာမီယန္တိုတို႔လို အရန္ေတြကို ထုတ္သုံးလာခဲ့ၿပီး သူတို႔အေနနဲ႔ ဒီေန႔ပြဲကို လက္စတာေလာက္ေတာ့ အာ႐ုံစူးစိုက္မႈမ်ိဳး မထားခဲ့ဘူးလို႔ပဲ ဆိုရမွာပါ။

ပြဲခ်ိန္ ၆ မိနစ္မွာ လက္စတာတို႔ရဲ႕ မဆုတ္မနစ္ ႀကိဳးစားမႈကေန ဂိုးစတင္ရခဲ့ၿပီး ကြင္းလယ္က တင္ေပးလိုက္တဲ့ ေဘာလုံးက မေကာင္းေပမယ့္ ေနာက္က ေျပးလိုက္ၿပီး ဖိအားေပးခဲ့တဲ့ ဒါကာေၾကာင့္ ေနာက္တန္းနဲ႔ ဂိုးသမားတို႔ ရွင္းထုတ္ရာကေန ထြက္လာတာကို ေနာက္က လိုက္လာခဲ့တဲ့ ဟာဗီ ဘန္းစ္က ဘ႐ိုက္တန္ေနာက္ခံလူႏွစ္ေယာက္ၾကားက ျဖတ္ယူၿပီး မနားတမ္း ကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းၿပီးခါနီး နာက်င္အခ်ိန္ပို ၃ မိနစ္မွာေတာ့ ဘ႐ိုက္တန္တို႔ ေခ်ပဂိုး ျပန္လည္ရယူႏိုင္ခဲ့ၿပီး ေထာင့္ကန္ေဘာကေန ေနာက္ခံလူ ဒပ္ဖီ ေခါင္းတိုက္ခ်ေပးတာကို ဝက္ဘ္စတာက အနီးကပ္ ပိတ္သြင္းခဲ့ရာမွာ လက္စတာဂိုးသမား ဝါ့ဒ္နဲ႔ ခံစစ္ေတြ ကာကြယ္ပုံ ေပါ့ေလ်ာ့ခဲ့လို႔ ဂိုးေပးခဲ့ရတာလည္း ျဖစ္ပါတယ္။

ဒါေပမယ့္ ဘ႐ိုက္တန္တို႔ရဲ႕ သေရဂိုးက ဘယ္ေလာက္မွ မၾကာလိုက္ဘဲျဖစ္ခဲ့ရၿပီး ဒီကေန ျပန္စတဲ့ စေပးေဘာကေန လက္စတာတို႔ တိုက္စစ္ဆင္မႈကို ဆာမီယန္တိုက ဂိုးသမားကို ေနာက္ျပန္ေပးမႈ အမွားကေန အိမ္ရွင္တိုက္စစ္မႉး လြတ္ခ္မန္းက ေနာက္ကေန ေျပးလိုက္ၿပီး ဂိုးသမား မရခင္မွာ ေလွ်ာထိုး ပိတ္သြင္းယူခဲ့လို႔ ပထမပိုင္းမွာ လက္စတာတို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္အစမွာေတာ့ ဘ႐ိုက္တန္ဘက္က အမ္ဝီပူကို ထည့္သြင္းခဲ့ၿပီး တိုက္စစ္ပိုင္းကို ေျပာင္းလဲျမႇင့္တင္ဖို႔ ဘီဆူးမား၊ ေမာ္ေပနဲ႔ ကူကူရဲလားတို႔ကို ထပ္ထည့္ၿပီး ဂိုးရဖို႔ ႀကိဳးစားလာခဲ့သလို လက္စတာဘက္ကေတာ့ မက္ဒီဆန္နဲ႔ ဆူမာေရးတို႔ကို ထည့္သြင္းၿပီး ကြင္းလယ္ကို ထိန္းကစားရင္ တိုက္စစ္ကပါ ဂိုးေတြ ရႏိုင္ဖို႔ ျပင္ဆင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၁ မိနစ္မွာေတာ့ ဘ႐ိုက္တန္တို႔ ဒုတိယေခ်ပဂိုး ထပ္မံသြင္းယူႏိုင္ခဲ့ၿပီး လက္စတာတို႔ရဲ႕ ဦးေဆာင္မႈကို ပယ္ဖ်က္ႏိုင္ခဲ့သလို ေမာ္ေပက ဘယ္ျခမ္းကို ခ်ေပးလိုက္တဲ့ ေဘာလုံးကို ကူကူရဲလားက ျဖတ္တင္ေပးရာမွာ အမ္ဝီပူက ေခါင္းတိုက္သြင္းယူႏိုင္ခဲ့ၿပီး လူစားဝင္အတြဲအဖက္ေတြနဲ႔ ဂိုးရယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

မိနစ္ ၉၀ အျပည့္မွာေတာ့ တစ္ဖက္နဲ႔တစ္ဖက္ ဂိုးထပ္မသြင္းႏိုင္ေတာ့ဘဲ ႏွစ္ဂိုးစီ သေရက်ေနလို႔ ပင္နယ္တီအဆုံးအျဖတ္ ခံယူခဲ့ရၿပီး အဖြင့္ ပင္နယ္တီေတြကို လက္စတာရဲ႕ မက္ဒီဆန္နဲ႔ ဘ႐ိုက္တန္ရဲ႕ ဂေရာ့စ္တို႔က တူညီတဲ့ ပုံစံနဲ႔ ဝင္ေအာင္ကန္သြားႏိုင္ခဲ့သလို ဒုတိယေျမာက္ ကန္ရာမွာေတာ့ ဟာဗီ ဘန္းစ္ရဲ႕ ကန္ခ်က္ ဂိုးဝင္ခဲ့ၿပီး ေမာ္ေပရဲ႕ ကန္ခ်က္က ဘားထိထြက္ခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

တတိယေျမာက္ ပင္နယ္တီေတြကိုေတာ့ ဒါကာနဲ႔ မက္ကယ္လစၥတာတို႔ အသီးသီး ဝင္ေအာင္ကန္သြင္းႏိုင္ခဲ့ၿပီး စတုတၱေျမာက္ ကန္ရာမွာေတာ့ လက္စတာရဲ႕ ရီကာဒို ပါရဲရားက ဝင္ေအာင္ကန္သြင္းႏိုင္ခဲ့ေပမယ့္ ဘ႐ိုက္တန္ရဲ႕ အမ္ဝီပူ ကန္ရာမွာ ဂိုးသမား ဝါ့ဒ္က မွန္မွန္ကန္ကန္ ခန႔္မွန္းၿပီး ပုတ္ထုတ္ ကာကြယ္သြားႏိုင္ခဲ့လို႔ ေလးဂိုး-ႏွစ္ဂိုးနဲ႔ အေျဖထြက္ေပၚလာခဲ့ပါတယ္။

ဒီပြဲကို ပင္နယ္တီမွာ အႏိုင္ရရွိခဲ့တဲ့ လက္စတာစီးတီးအသင္းကေတာ့ ကာရာေဘာင္းဖလားရဲ႕ ေနာက္ဆုံး ရွစ္သင္းထဲကို ပါဝင္သြားခဲ့ၿပီး ကြာတားဖိုင္နယ္အဆင့္ကို တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္သလို ၿပိဳင္ပြဲစုံ ေနာက္ဆုံး ၄ ပြဲဆက္တိုက္ အႏိုင္ရရွိထားတဲ့ ဘရန္ဒန္ ေရာ့ဂ်ားစ္ရဲ႕ လူေတြအေနနဲ႔ ေနာက္တစ္ဆင့္မွာ ဘယ္သူနဲ႔ ေတြ႕ဆုံမယ္ဆိုတာကို သိရဖို႔ေတာ့ စေနေန႔အထိ ေစာင့္ဆိုင္းရဦးမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.