La Liga

ပွဲကစားချိန်အကန့်အသတ်ရှိတာ လက်ခံပြီးနေဖို့ ဟာဇက်ကို ပြောခဲ့တဲ့ အန်ဆယ်လော့တီ

အီဒင်ဟာဇက်ဟာ ဘာနေဗျူးမှာ ပွဲကစားချိန်အကန့်အသတ်နဲ့ ရရှိနေချိန်မှာ ရီးရဲလ်မက်ဒရစ်နည်းပြရဲ့ သတိပေးခြင်းကို ခံခဲ့ရပြီး အန်ဆယ်လော့တီက တခြားကစားသမားတွေကို ပိုမိုအသုံးပြုချင်တယ်ဆိုတဲ့ အမှန်တရားကို လက်ခံနိုင်အောင် ကြိုးစားဖို့ ပြောကြားခဲ့ပါတယ်။

အသက် ၃၀ အရွယ် တောင်ပံကစားသမားဟာ လွန်ခဲ့တဲ့ ၂ နှစ်က ချဲလ်ဆီးအသင်းကနေ ပေါင် ၈၉ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးကတည်းက မက်ဒရစ်မှာ ဒဏ်ရာပြဿနာတွေနဲ့ ပုံမှန်စွမ်းဆောင်ရည် ပြသနိုင်ခဲ့ခြင်းမရှိသူဖြစ်ပြီး ခြေစွမ်းတည်ငြိမ်မှုရဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။

ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ ပွဲကစားပေးနိုင်တဲ့အခြေအနေမှာ ရှိနေခဲ့ပေမယ့်လည်း ယခုရာသီ ပွဲစဉ် ၂ ပွဲဖြစ်တဲ့ ရှက်တာဒိုးနတ်၊ အက်သလက်တစ် ဘီလ်ဘာအိုတို့နဲ့ပွဲစဉ်ကို ကြွက်သားဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီး အခုအချိန်အထိ နည်းပြ အန်ဆယ်လော့တီရဲ့ ချောင်ထိုးခြင်းခံနေရသေးတာဖြစ်ပါတယ်။

ဟာဇက်ဟာ ယခုရာသီမှာ ၅ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့် ရရှိထားခဲ့ပြီး တနင်္ဂနွေနေ့က ဘာစီလိုနာအသင်းကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ အယ်လ်ကလက်စီကိုပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် အသုံးပြုခြင်းမခံခဲ့ရဘဲ အရန်ခုံတန်းကနေသာ ပွဲကို ကြည့်ရှုခဲ့ရတာဖြစ်ပါတယ်။ အဲဗာတန်နည်းပြဟောင်း အန်ဆယ်လော့တီက ဟာဇက်အနေနဲ့ လက်ရှိအချိန်မှာ ဗင်နစ်ရှပ် ဂျူနီယာနဲ့ ရိုဒရီဂိုတို့လို ကစားသမားမျိုးတွေကို ၎င်းထက် ပိုမိုအသုံးပြုချင်တယ်ဆိုတဲ့အချက်ကို လက်ခံရမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“သူ့မှာ အရာအားလုံး ရှိနေတာ ကျိန်းသေပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ အခြေအနေနဲ့ပတ်သက်ပြီး လက်ခံနိုင်ဖို့ ကြိုးစားရပါတယ်။ အခုအချိန်မှာ တခြားကစားသမားတွေကို ပိုမိုအသုံးပြုချင်တဲ့ နည်းပြ သူ့မှာ ရှိနေပါတယ်”လို့ အန်ဆယ်လော့တီက ပြောကြားခဲ့တာဖြစ်ပါတယ်။ အန်ဆယ်လော့တီရဲ့ မှတ်ချက်စကားဟာ ရီးရဲလ်မက်ဒရစ်ပွဲထွက်ကစားသမားစာရင်းကနေ ဟာဇက် ချန်လှပ်ခြင်းခံထားရတာက ၎င်းရဲ့ ကြံ့ခိုင်မှုအပေါ် စိုးရိမ်မှုနဲ့ပဲ လုံးလုံးသက်ဆိုင်တာမဟုတ်ဘူးဆိုတာ အတည်ပြု ခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် ဂန္တဝင် မိုရီယန်တေးစ်က မက်ဒရစ်အနေနဲ့ ဘယ်လ်ဂျီယမ်ကြယ်ပွင့်ကို စပိန်မှာ ၎င်းရဲ့ အကောင်းဆုံးပုံစံ ပြန်လည်ရှာဖွေတွေ့ရှိဖို့အတွက် တသက်လုံးစောင့်ဆိုင်းသွားမှာမဟုတ်ဘူးလို့ Sportsmail ကို ပြောကြားခဲ့ပါတယ်။ “မက်ဒရစ်က ဒီလိုကစားသမားမျိုးနဲ့ပတ်သက်ပြီး အရမ်းကို စိတ်ရှည်သည်းခံချင်စိတ်ရှိပါတယ်။ ဟာဇက်က အရမ်းကောင်းတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ် ဆုံးဖြတ်ချက် ချရတော့မယ့်အချိန်မှာ အချိန်ဆိုတာက ရှိနေတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်”

“ဒီနှစ်က အဆုံးအဖြတ်ပေးနိုင်တဲ့နှစ်ပါ။ အဲဒါက သူ့အတွက် အရေးကြီးပြီး သူ့အနေနဲ့ ဘာလုပ်နို်ငလဲဆိုတာကို ထုတ်ဖော်ပြသရပါလိမ့်မယ်။ သူတို့တွေ သူ့ရဲ့ထိပ်တန်းအဆင့်ကို ရောက်ရှိဖို့ ၂ နှစ် စောင့်ဆိုင်းခဲ့ပြီးပါပြီ။ ဒီနှစ်ကတော့ အသင်း၊ ပရိသတ်တွေနဲ့ သူ့အသင်းဖော်တွေက အကောင်းဆုံးဟာဇက်ကို မျှော်မှန်းခဲ့ကြတဲ့ နှစ် ဖြစ်ခဲ့ပေမယ့် သူက အကောင်းဆုံးဖြစ်နိုင်တဲ့ပုံစံနဲ့ စတင်နိုင်ခဲ့ခြင်းမရှိပါဘူး။ ကစားသမားတစ်ယောက်အတွက် အကြာကြီး စောင့်ဆိုင်းတာက ချဲလ်ဆီးမှာဆိုရင်တော့ ကောင်းပါလိမ့်မယ်။ ရီးရဲလ်မက်ဒရစ်အနေနဲ့ ဒီထက် ပိုမစောင့်နိုင်တော့ဘူးဆိုရင် ဆုံးဖြတ်ချက်ချကောင်း ချသွားနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အီဒင္ဟာဇက္ဟာ ဘာေနဗ်ဴးမွာ ပြဲကစားခ်ိန္အကန႔္အသတ္နဲ႔ ရရွိေနခ်ိန္မွာ ရီးရဲလ္မက္ဒရစ္နည္းျပရဲ့ သတိေပးျခင္းကို ခံခဲ့ရၿပီး အန္ဆယ္ေလာ့တီက တျခားကစားသမားေတြကို ပိုမိုအသုံးျပဳခ်င္တယ္ဆိုတဲ့ အမွန္တရားကို လက္ခံနိုင္ေအာင္ ႀကိဳးစားဖို႔ ေျပာၾကားခဲ့ပါတယ္။

အသက္ ၃၀ အရြယ္ ေတာင္ပံကစားသမားဟာ လြန္ခဲ့တဲ့ ၂ ႏွစ္က ခ်ဲလ္ဆီးအသင္းကေန ေပါင္ ၈၉ သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့ၿပီးကတည္းက မက္ဒရစ္မွာ ဒဏ္ရာျပႆနာေတြနဲ႔ ပုံမွန္စြမ္းေဆာင္ရည္ ျပသနိုင္ခဲ့ျခင္းမရွိသူျဖစ္ၿပီး ေျခစြမ္းတည္ၿငိမ္မႈရဖို႔ ႐ုန္းကန္ေနရတာျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ ပြဲကစားေပးနိုင္တဲ့အေျခအေနမွာ ရွိေနခဲ့ေပမယ့္လည္း ယခုရာသီ ပြဲစဥ္ ၂ ပြဲျဖစ္တဲ့ ရွက္တာဒိုးနတ္၊ အက္သလက္တစ္ ဘီလ္ဘာအိုတို႔နဲ႔ပြဲစဥ္ကို ႂကြက္သားဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ၿပီး အခုအခ်ိန္အထိ နည္းၿပ အန္ဆယ္ေလာ့တီရဲ့ ေခ်ာင္ထိုးျခင္းခံေနရေသးတာျဖစ္ပါတယ္။

ဟာဇက္ဟာ ယခုရာသီမွာ ၅ ပြဲသာ ပြဲထြက္ပါဝင္ကစားခြင့္ ရရွိထားခဲ့ၿပီး တနဂၤေႏြေန႔က ဘာစီလိုနာအသင္းကို ၂-၁ နဲ႔ အနိုင်ရခဲ့တဲ့ အယ္လ္ကလက္စီကိုပြဲစဥ္မွာ လူစားဝင္ကစားသမားအျဖစ္ အသုံးျပဳျခင္းမခံခဲ့ရဘဲ အရန္ခုံတန္းကေနသာ ပြဲကို ၾကည့္ရႈခဲ့ရတာျဖစ္ပါတယ္။ အဲဗာတန္နည္းျပေဟာင္း အန္ဆယ္ေလာ့တီက ဟာဇက္အေနနဲ႔ လက္ရွိအခ်ိန္မွာ ဗင္နစ္ရွပ္ ဂ်ဴနီယာနဲ႔ ရိုဒရီဂိုတို႔လို ကစားသမားမ်ိဳးေတြကို ၎ထက္ ပိုမိုအသုံးျပဳခ်င္တယ္ဆိုတဲ့အခ်က္ကို လက္ခံရမယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“သူ႔မွာ အရာအားလုံး ရွိေနတာ က်ိန္းေသပါတယ္။ ဒါေပမယ့္ သူ႔အေနနဲ႔ အေျခအေနနဲ႔ပတ္သက္ၿပီး လက္ခံနိုင္ဖို႔ ႀကိဳးစားရပါတယ္။ အခုအခ်ိန္မွာ တျခားကစားသမားေတြကို ပိုမိုအသုံးျပဳခ်င္တဲ့ နည္းၿပ သူ႔မွာ ရွိေနပါတယ္”လို႔ အန္ဆယ္ေလာ့တီက ေျပာၾကားခဲ့တာျဖစ္ပါတယ္။ အန္ဆယ္ေလာ့တီရဲ့ မွတ္ခ်က္စကားဟာ ရီးရဲလ္မက္ဒရစ္ပြဲထြက္ကစားသမားစာရင္းကေန ဟာဇက္ ခ်န္လွပ္ျခင္းခံထားရတာက ၎ရဲ့ ႀကံ့ခိုင္မႈအေပၚ စိုးရိမ္မႈနဲ႔ပဲ လုံးလုံးသက္ဆိုင္တာမဟုတ္ဘူးဆိုတာ အတည္ျပဳ ခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ ဂႏၲဝင္ မိုရီယန္ေတးစ္က မက္ဒရစ္အေနနဲ႔ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ကို စပိန္မွာ ၎ရဲ့ အေကာင္းဆုံးပုံစံ ျပန္လည္ရွာေဖြေတြ႕ရွိဖို႔အတြက္ တသက္လုံးေစာင့္ဆိုင္းသြားမွာမဟုတ္ဘူးလို႔ Sportsmail ကို ေျပာၾကားခဲ့ပါတယ္။ “မက္ဒရစ္က ဒီလိုကစားသမားမ်ိဳးနဲ႔ပတ္သက္ၿပီး အရမ္းကို စိတ္ရွည္သည္းခံခ်င္စိတ္ရွိပါတယ္။ ဟာဇက္က အရမ္းေကာင္းတယ္ဆိုတာ ကၽြန္ေတာ္တို႔ သိပါတယ္။ ဒါေပမယ့္ ရီးရဲလ္မက္ဒရစ္ ဆုံးျဖတ္ခ်က္ ခ်ရေတာ့မယ့္အခ်ိန္မွာ အခ်ိန္ဆိုတာက ရွိေနတာ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္”

“ဒီႏွစ္က အဆုံးအျဖတ္ေပးနိုင္တဲ့ႏွစ္ပါ။ အဲဒါက သူ႔အတြက္ အေရးႀကီးၿပီး သူ႔အေနနဲ႔ ဘာလုပ္နို္ငလဲဆိုတာကို ထုတ္ေဖာ္ျပသရပါလိမ့္မယ္။ သူတို႔ေတြ သူ႔ရဲ့ထိပ္တန္းအဆင့္ကို ေရာက္ရွိဖို႔ ၂ ႏွစ္ ေစာင့္ဆိုင္းခဲ့ၿပီးပါၿပီ။ ဒီႏွစ္ကေတာ့ အသင္း၊ ပရိသတ္ေတြနဲ႔ သူ႔အသင္းေဖာ္ေတြက အေကာင္းဆုံးဟာဇက္ကို ေမၽွာ္မွန္းခဲ့ၾကတဲ့ ႏွစ္ ျဖစ္ခဲ့ေပမယ့္ သူက အေကာင္းဆုံးျဖစ္နိုင္တဲ့ပုံစံနဲ႔ စတင္နိုင္ခဲ့ျခင္းမရွိပါဘူး။ ကစားသမားတစ္ေယာက္အတြက္ အၾကာႀကီး ေစာင့္ဆိုင္းတာက ခ်ဲလ္ဆီးမွာဆိုရင္ေတာ့ ေကာင္းပါလိမ့္မယ္။ ရီးရဲလ္မက္ဒရစ္အေနနဲ႔ ဒီထက္ ပိုမေစာင့္နိုင္ေတာ့ဘူးဆိုရင္ ဆုံးျဖတ္ခ်က္ခ်ေကာင္း ခ်သြားနိုင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.