Carabao & FA Match Report Premier League

မန်ချက်စတာနှစ်သင်းဆက်ကျော်ဖြတ်ပြီး ကာရာဘောင်းဘုရင်ကို နန်းချတဲ့ ဝက်စ်ဟမ်း

ကာရာဘောင်းဖလား တတိယအဆင့်မှာ မန်ချက်စတာယူနိုက်တက်ကို အဝေးကွင်းမှာ အနိုင်ယူထားခဲ့တဲ့ ဝက်စ်ဟမ်းအသင်းအနေနဲ့ ဒီနေ့မှာ နောက်ထပ် မန်ချက်စတာတစ်သင်းဖြစ်တဲ့ စီးတီးတို့ကို အိမ်ကွင်းမှာ လက်ခံကစားခွင့်ရခဲ့ပြီး အရန်ကစားသမားတဝက်လောက်နဲ့ ပွဲထွက်လာခဲ့သလို မာ့ခ် နိုဘယ်လ်က ကပ္ပတိန်အဖြစ် တာဝန်ယူခဲ့ချိန်မှာ ယာမိုလန်ကို၊ ဗလာရှစ်ချ်၊ မာဆူအာကူ၊ လန်ဇီနီ၊ ဒီယော့ပ်၊ အာရီယိုးလားတို့နဲ့ ဆိုးချက်၊ ခရက်စ်ဝဲလ်တို့လို ပွဲထွက်ကစားသမားတွေကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဒီပြိုင်ပွဲကို နောက်ဆုံးလေးနှစ်ဆက်တိုက် အနိုင်ရထားခဲ့ပြီး လီဗာပူးလ်အသင်းနဲ့ စံချိန်ချင်း တူညီထားခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းကတော့ နောက်ခံလူ စတုန်းစ်၊ ကွင်းလယ်လူ ဒီဘရိုင်းနား၊ ဂွန်ဒိုးဝမ်တို့လို အမာခံတွေကို အသုံးပြုခဲ့ပြီး ခံစစ်မှာ ပွဲထွက်ခွင့်နည်းတဲ့ ဇင်ချန်ကိုနဲ့ အာကေတို့လို ကစားသမားတွေကို ပွဲထုတ်ခဲ့သလို တိုက်စစ်မှာတော့ ခြေစွမ်းပြနေတဲ့ လူငယ် ပါးလ်မားနဲ့ စတာလင်၊ မာရက်ဇ်တို့ကို လိုဂိုမပါတဲ့ တတိယအင်္ကျီနဲ့အတူ အသုံးပြုလာခဲ့ပါတယ်။

ပွဲချိန် ၁၉ မိနစ်မှာ ဝက်စ်ဟမ်းကပ္ပတိန် နိုဘယ်လ်ရဲ့ ကန်ချက်ပြင်းပြင်းကို မန်စီးတီးဂိုးသမား စတက်ဖင် မဖမ်းနိုင်ဘဲ ပုတ်ထုတ်ခဲ့ရသလို ဒီကနေ စတာလင်က ကောင်တာပြန်လည်ထိုးဖောက်ခဲ့ပြီး ခင်းပေးတာကို ဒီဘရိုင်းနား မကန်နိုင်ခင်မှာ နောက်ခံလူ ဒေါ်ဆန်က ပိတ်ဆို့သွားနိုင်ခဲ့ပါတယ်။

ပထမပိုင်းလက်ကျန်ပွဲချိန်တွေမှာတော့ ဝက်စ်ဟမ်းဘက်က ခရက်စ်ဝဲလ်ရဲ့ ဖြတ်တင်ဘောကို အထောင်မှာ ကစားတဲ့ ဗလာရှစ်ချ် အသုံးမချနိုင်ခဲ့သလို မန်စီးတီးတို့ရတဲ့ ဖရီးကစ်ကနေ မာရက်ဇ် ကန်တင်ပေးတာကို အာကေ ခေါင်းတိုက်ရာမှာလည်း လွဲချော်သွားခဲ့လို့ ဂိုးမရှိသရေပဲ ဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း မာရက်ဇ်တို့ရဲ့ တိုက်စစ်က အဆုံးသတ်ပိုင်းတွေ ညံ့ဖျင်းစွာနဲ့ ဖြုန်းတီးနေခဲ့သလို ဝက်စ်ဟမ်းရဲ့ မာဆူအာကူကတောင်မှ စတက်ဖင်ကို ပိုမိုခြိမ်းခြောက်နိုင်ခဲ့ပြီး ပွဲချိန် ၅၇ မိနစ်မှာတော့ ဒီဘရိုင်းနားရဲ့ ကန်ချက်ကို ဂိုးသမား အာရီယိုးလားက မဖမ်းနိုင်ဘဲ ပုတ်ထုတ်သွားခဲ့ရသလို ဒီကရတဲ့ ထောင့်ကန်ဘောကို စတုန်းစ် ခေါင်းတိုက်ရာမှာလည်း ဂိုးသမားတည့်တည့်ကို တိုက်ခဲ့မိတာကြောင့် နစ်နာခဲ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ မန်စီးတီးဘက်က မာရက်ဇ်အစား ဖိုဒန်၊ ပါးလ်မားအစား ဂျေဆူးစ်နဲ့ ဒီဘရိုင်းနားအစား ဂရီးလစ်ရှ်တို့ကို ထည့်သွင်းခဲ့ပြီး တိုက်စစ်ကို ပိုမိုဖိကစားလာနိုင်ခဲ့သလို ဝက်စ်ဟမ်းတို့ကတော့ ဖော်နယ်လ်စ်၊ ဘင်ရာမာ၊ ဘိုဝင်၊ ဆိုဖာလ်တို့ကို ထည့်သွင်းပြီး တုံ့ပြန်သွားခဲ့ပေမယ့် တစ်ဖက်ကမှ ဂိုးမသွင်းနိုင်ခဲ့လို့ ဂိုးမရှိသရေနဲ့ ပင်နယ်တီကန်ဖို့ဖြစ်လာခဲ့တာပါ။

ဝက်စ်ဟမ်းတို့ဘက်က စတင်ကန်ခွင့်ရရှိခဲ့တဲ့ ပင်နယ်တီအဆုံးအဖြတ်မှာတော့ အသင်းခေါင်းဆောင် နိုဘယ်လ်က အလယ်တည့်တည့်ကို ကန်သွင်းပြီး ဖွင့်လှစ်နိုင်ခဲ့သလို မန်စီးတီးတို့ဘက်တော့ ဖိုဒန် စတင်ကန်ရာမှာ တိုင်ဘေးက ထွက်သွားပြီး လွဲချော်ခဲ့လို့ အိမ်ရှင်တွေက စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ဆက်လက်ကန်သွင်းရာမှာတော့ လက်ကျန်ပင်နယ်တီတွေကို မန်စီးတီးဘက်က ကန်ဆယ်လို၊ ဂျေဆူးစ်နဲ့ ဂရီးလစ်ရှ်တို့ အားလုံးဝင်ခဲ့ပြီး ဝက်စ်ဟမ်းဘက်ကတော့ ဘိုဝင်၊ ဒေါ်ဆန်နဲ့ ခရက်စ်ဝဲလ်တို့ ကန်သွင်းပြီးချိန်မှာ ငါးလုံးမြောက်ကိုတော့ ဘင်ရာမာက ကန်သွင်းနိုင်ခဲ့လို့ လက်ရှိချန်ပီယံတွေ လိုက်မီဖို့ မဖြစ်နိုင်တော့ဘဲ ငါးဂိုး-သုံးဂိုးနဲ့ အဖြေပေါ်သွားခဲ့တာပါ။

ဒီပွဲအနိုင်ကြောင့် ဝက်စ်ဟမ်းတို့ မန်ချက်စတာနှစ်သင်းကို ဆက်တိုက်ကျော်ဖြတ်နိုင်ခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့သလို ကာရာဘောင်းဖလားကို ငါးနှစ်ဆက် ရယူမယ့် စီးတီးတို့ရဲ့ မျှော်လင့်ချက်ကတော့ လန်ဒန်ကွင်းမှာပဲ ရပ်တန့်သွားခဲ့ရပြီဖြစ်ပြီး ဒေးဗစ်မွိုက်စ်ကတော့ သူ့ရဲ့ တိုးတက်လာခဲ့တဲ့ ခံစစ်ကစားပုံကောင်းနဲ့ ဂွါဒီယိုလာရဲ့ လေးစားမှုကို ရယူသွားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ကာရာေဘာင္းဖလား တတိယအဆင့္မွာ မန္ခ်က္စတာယူႏိုက္တက္ကို အေဝးကြင္းမွာ အႏိုင္ယူထားခဲ့တဲ့ ဝက္စ္ဟမ္းအသင္းအေနနဲ႔ ဒီေန႔မွာ ေနာက္ထပ္ မန္ခ်က္စတာတစ္သင္းျဖစ္တဲ့ စီးတီးတို႔ကို အိမ္ကြင္းမွာ လက္ခံကစားခြင့္ရခဲ့ၿပီး အရန္ကစားသမားတဝက္ေလာက္နဲ႔ ပြဲထြက္လာခဲ့သလို မာ့ခ္ ႏိုဘယ္လ္က ကပၸတိန္အျဖစ္ တာဝန္ယူခဲ့ခ်ိန္မွာ ယာမိုလန္ကို၊ ဗလာရွစ္ခ်္၊ မာဆူအာကူ၊ လန္ဇီနီ၊ ဒီေယာ့ပ္၊ အာရီယိုးလားတို႔နဲ႔ ဆိုးခ်က္၊ ခရက္စ္ဝဲလ္တို႔လို ပြဲထြက္ကစားသမားေတြကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဒီၿပိဳင္ပြဲကို ေနာက္ဆုံးေလးႏွစ္ဆက္တိုက္ အႏိုင္ရထားခဲ့ၿပီး လီဗာပူးလ္အသင္းနဲ႔ စံခ်ိန္ခ်င္း တူညီထားခဲ့တဲ့ မန္ခ်က္စတာစီးတီးအသင္းကေတာ့ ေနာက္ခံလူ စတုန္းစ္၊ ကြင္းလယ္လူ ဒီဘ႐ိုင္းနား၊ ဂြန္ဒိုးဝမ္တို႔လို အမာခံေတြကို အသုံးျပဳခဲ့ၿပီး ခံစစ္မွာ ပြဲထြက္ခြင့္နည္းတဲ့ ဇင္ခ်န္ကိုနဲ႔ အာေကတို႔လို ကစားသမားေတြကို ပြဲထုတ္ခဲ့သလို တိုက္စစ္မွာေတာ့ ေျခစြမ္းျပေနတဲ့ လူငယ္ ပါးလ္မားနဲ႔ စတာလင္၊ မာရက္ဇ္တို႔ကို လိုဂိုမပါတဲ့ တတိယအက်ႌနဲ႔အတူ အသုံးျပဳလာခဲ့ပါတယ္။

ပြဲခ်ိန္ ၁၉ မိနစ္မွာ ဝက္စ္ဟမ္းကပၸတိန္ ႏိုဘယ္လ္ရဲ႕ ကန္ခ်က္ျပင္းျပင္းကို မန္စီးတီးဂိုးသမား စတက္ဖင္ မဖမ္းႏိုင္ဘဲ ပုတ္ထုတ္ခဲ့ရသလို ဒီကေန စတာလင္က ေကာင္တာျပန္လည္ထိုးေဖာက္ခဲ့ၿပီး ခင္းေပးတာကို ဒီဘ႐ိုင္းနား မကန္ႏိုင္ခင္မွာ ေနာက္ခံလူ ေဒၚဆန္က ပိတ္ဆို႔သြားႏိုင္ခဲ့ပါတယ္။

ပထမပိုင္းလက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ဝက္စ္ဟမ္းဘက္က ခရက္စ္ဝဲလ္ရဲ႕ ျဖတ္တင္ေဘာကို အေထာင္မွာ ကစားတဲ့ ဗလာရွစ္ခ်္ အသုံးမခ်ႏိုင္ခဲ့သလို မန္စီးတီးတို႔ရတဲ့ ဖရီးကစ္ကေန မာရက္ဇ္ ကန္တင္ေပးတာကို အာေက ေခါင္းတိုက္ရာမွာလည္း လြဲေခ်ာ္သြားခဲ့လို႔ ဂိုးမရွိသေရပဲ ျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း မာရက္ဇ္တို႔ရဲ႕ တိုက္စစ္က အဆုံးသတ္ပိုင္းေတြ ညံ့ဖ်င္းစြာနဲ႔ ျဖဳန္းတီးေနခဲ့သလို ဝက္စ္ဟမ္းရဲ႕ မာဆူအာကူကေတာင္မွ စတက္ဖင္ကို ပိုမိုၿခိမ္းေျခာက္ႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ ဒီဘ႐ိုင္းနားရဲ႕ ကန္ခ်က္ကို ဂိုးသမား အာရီယိုးလားက မဖမ္းႏိုင္ဘဲ ပုတ္ထုတ္သြားခဲ့ရသလို ဒီကရတဲ့ ေထာင့္ကန္ေဘာကို စတုန္းစ္ ေခါင္းတိုက္ရာမွာလည္း ဂိုးသမားတည့္တည့္ကို တိုက္ခဲ့မိတာေၾကာင့္ နစ္နာခဲ့ရပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ မန္စီးတီးဘက္က မာရက္ဇ္အစား ဖိုဒန္၊ ပါးလ္မားအစား ေဂ်ဆူးစ္နဲ႔ ဒီဘ႐ိုင္းနားအစား ဂရီးလစ္ရွ္တို႔ကို ထည့္သြင္းခဲ့ၿပီး တိုက္စစ္ကို ပိုမိုဖိကစားလာႏိုင္ခဲ့သလို ဝက္စ္ဟမ္းတို႔ကေတာ့ ေဖာ္နယ္လ္စ္၊ ဘင္ရာမာ၊ ဘိုဝင္၊ ဆိုဖာလ္တို႔ကို ထည့္သြင္းၿပီး တုံ႔ျပန္သြားခဲ့ေပမယ့္ တစ္ဖက္ကမွ ဂိုးမသြင္းႏိုင္ခဲ့လို႔ ဂိုးမရွိသေရနဲ႔ ပင္နယ္တီကန္ဖို႔ျဖစ္လာခဲ့တာပါ။

ဝက္စ္ဟမ္းတို႔ဘက္က စတင္ကန္ခြင့္ရရွိခဲ့တဲ့ ပင္နယ္တီအဆုံးအျဖတ္မွာေတာ့ အသင္းေခါင္းေဆာင္ ႏိုဘယ္လ္က အလယ္တည့္တည့္ကို ကန္သြင္းၿပီး ဖြင့္လွစ္ႏိုင္ခဲ့သလို မန္စီးတီးတို႔ဘက္ေတာ့ ဖိုဒန္ စတင္ကန္ရာမွာ တိုင္ေဘးက ထြက္သြားၿပီး လြဲေခ်ာ္ခဲ့လို႔ အိမ္ရွင္ေတြက စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဆက္လက္ကန္သြင္းရာမွာေတာ့ လက္က်န္ပင္နယ္တီေတြကို မန္စီးတီးဘက္က ကန္ဆယ္လို၊ ေဂ်ဆူးစ္နဲ႔ ဂရီးလစ္ရွ္တို႔ အားလုံးဝင္ခဲ့ၿပီး ဝက္စ္ဟမ္းဘက္ကေတာ့ ဘိုဝင္၊ ေဒၚဆန္နဲ႔ ခရက္စ္ဝဲလ္တို႔ ကန္သြင္းၿပီးခ်ိန္မွာ ငါးလုံးေျမာက္ကိုေတာ့ ဘင္ရာမာက ကန္သြင္းႏိုင္ခဲ့လို႔ လက္ရွိခ်န္ပီယံေတြ လိုက္မီဖို႔ မျဖစ္ႏိုင္ေတာ့ဘဲ ငါးဂိုး-သုံးဂိုးနဲ႔ အေျဖေပၚသြားခဲ့တာပါ။

ဒီပြဲအႏိုင္ေၾကာင့္ ဝက္စ္ဟမ္းတို႔ မန္ခ်က္စတာႏွစ္သင္းကို ဆက္တိုက္ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီး ကြာတားဖိုင္နယ္အဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့သလို ကာရာေဘာင္းဖလားကို ငါးႏွစ္ဆက္ ရယူမယ့္ စီးတီးတို႔ရဲ႕ ေမွ်ာ္လင့္ခ်က္ကေတာ့ လန္ဒန္ကြင္းမွာပဲ ရပ္တန႔္သြားခဲ့ရၿပီျဖစ္ၿပီး ေဒးဗစ္မြိဳက္စ္ကေတာ့ သူ႔ရဲ႕ တိုးတက္လာခဲ့တဲ့ ခံစစ္ကစားပုံေကာင္းနဲ႔ ဂြါဒီယိုလာရဲ႕ ေလးစားမႈကို ရယူသြားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.