Carabao & FA Match Report Premier League

ပရက်စ်တန်ကို အဝေးကွင်းမှာ အရန်တွေနဲ့ ကျော်ဖြတ်ခဲ့တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ကာရာဘောင်းဖလားပွဲစဉ်ကို ဂိုးသမား အက်ဒရီယန်၊ နောက်တန်းမှာ ဂျိုးဂိုမက်ဇ်၊ မာတစ်ပ်၊ ဆီမီကတ်စ်နဲ့ နီကို ဝီလီယမ်စ်၊ ကွင်းလယ်မှာ ချိမ်ဘာလိန်၊ ကားတစ်ဂျုံးစ်နဲ့ လူငယ်ကစားသမား မော်တန်၊ တိုက်စစ်မှာ အိုရီဂီ၊ မီနာမီနိုနဲ့ နောက်ထပ်လူငယ်တစ်ဦးဖြစ်တဲ့ ဘလဲရ်တို့ကို ထည့်သွင်းခဲ့ပြီး ချန်ပီယံရှစ်က ပရက်စ်တန်ကို သူတို့ရဲ့ ဒီးပ်ဒေးလ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ဘောလုံးပိုင်ဆိုင်မှု အများစုကို ထိန်းချုပ်ကစားနေတဲ့ လီဗာပူးလ်ကို အိမ်ရှင် ပရက်စ်တန်တို့က တန်ပြန်တိုက်စစ်တွေနဲ့ ထိုးဖောက်နေခဲ့ပြီး လျင်မြန်တဲ့ တိုက်စစ်မှူးတွေက ခြိမ်းခြောက်နေခဲ့သလို ပွဲချိန် ၂၄ မိနစ်မှာတော့ ကျွံထွက်သွားတဲ့ ဘောလုံးကို ကွင်းလယ်လူ ပေါ့တ်စ်က ကန်သွင်းခဲ့ပေမယ့် ဂိုးသမား အက်ဒရီယန် ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။

ဂျိုးဂိုမက်ဇ်ကတော့ မကစားရတာကြာပြီး ပွဲကြောင်နေလို့ ပရက်စ်တန်တိုက်စစ်ရဲ့ ဖိအားကိုတောင် ရုန်းကန်နေခဲ့ရပြီး ပွဲချိန် ၂၈ မိနစ်မှာ သူ့ရဲ့ အမှားကနေ အသင်းကို မျက်ကလဲဆန်ပြာဖြစ်အောင်လုပ်ခဲ့မိသလို လီဗာပူးလ်တို့ဘက်က ဂိုးသမား အက်ဒရီယန် ပုတ်ထုတ်ခဲ့ရပြီး ထပ်ဆင့်ကန်ချက်ကို နီကို ဝီလီယမ်စ်က ဂိုးစည်းပေါ်က မျက်နှာနဲ့ ခံခဲ့ရပြီး နောက်ထပ်ပိတ်ချက်က ဂိုးဘားကျော်သွားခဲ့လို့သာ သူတို့တွေ သက်သာခဲ့ရတာပါ။

ပထမပိုင်းမှာ လီဗာပူးလ်တို့ ဘောလုံးကိုင်ထားနိုင်ပေမယ့် အိမ်ရှင် ပရက်စ်တန်တို့ဘက်ကို ထိုးဖောက်ခွင့်နဲ့ အပိုင်အခွင့်အရေး သိပ်မရခဲ့ဘဲ ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်နေခဲ့ပြီး ဒုတိယပိုင်း ပြန်အစမှာတော့ နောက်ခံလူ မာတစ်ပ်အစား နာသန် ဖိလစ်ကို နည်းပြ ကလော့ပ်က လူစားပြောင်းလဲ ထည့်သွင်းသွားခဲ့ပါတယ်။

ပွဲချိန် ၄၇ မိနစ်မှာ ညာတောင်ပံကနေ တင်ပေးလိုက်တဲ့ ဖြတ်တင်ဘောကနေ လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းခွင့်ကို မီနာမီနို ချိန်သားမကိုက်ဘဲ လွဲချော်ခဲ့အပြီး ပွဲချိန် ၅၄ မိနစ်မှာတော့ ကွင်းလယ်ကနေ တစ်ကိုယ်တော် ရုန်းပြီး ကန်သွင်းခဲ့တဲ့ ချိမ်ဘာလိန်ရဲ့ ကန်ချက်ကလည်း ဂိုးဘေးကပဲ လွဲချော်သွားခဲ့တာပါ။

ပွဲချိန် ၆၂ မိနစ်မှာတော့ လီဗာပူးလ်တို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ပြီး ညာတောင်ပံကနေ ဧရိယာထဲ ဆွဲဝင်ပြီး ဂိုးစည်းနားက ပြန်တင်ပေးတဲ့ နောက်ခံလူ နီကို ဝီလီယမ်စ်ရဲ့ ဖြတ်တင်မှုကို မီနာမီနိုက ပရက်စ်တန်နောက်ခံလူနှစ်ယောက်ကြားကနေ ကြုံသလို အလျင်အမြန် ပိတ်သွင်းနိုင်ခဲ့လို့ အိမ်ရှင်ဂိုးသမား ဒက်ကလန် ရပ်ဒ် အငိုက်မိခဲ့ပြီး ဂိုးပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ပွဲချိန် ၈၄ မိနစ်မှာ လီဗာပူးလ်တို့ နောက်ထပ် ဦးဆောင်ဂိုးတစ်ဂိုးကို ထပ်မံရယူနိုင်ခဲ့သလို ဒီတစ်ကြိမ်မှာတော့ ဘယ်တောင်ပံက နောက်ခံလူ ဆီမီကတ်စ်ရဲ့ ဖြတ်တင်ဘောက ဂိုးဘားထိပြီး ပြန်ထွက်လာတာကို နီကို ဝီလီယမ်စ်က ကန်သွင်းဖို့ ကြိုးစားခဲ့ရာမှာ ပရက်စ်တန်နောက်ခံလူတစ်ဦးနဲ့ထိပြီး ထွက်လာခဲ့တဲ့ ဘောလုံးကို တိုက်စစ်မှူး အိုရီဂီက နောက်ပေါက်နဲ့ချိတ်ပြီး အဆုံးသတ်သွားနိုင်ခဲ့တာပါ။

ပွဲချိန် မိနစ် ၉၀ မှာတော့ တန်ပြန်တိုက်စစ်ကနေ အိုရီဂီပေးတဲ့ ဘောလုံးနဲ့ ပရက်စ်တန်ခံစစ်ကို ကျော်ဖြတ်သွားခဲ့တဲ့ နီကို ဝီလီယမ်စ်အနေနဲ့ ဘယ်ခြမ်းက လိုက်လာတဲ့ မီနာမီနိုဆီ ချိုးပေးရမယ့်အစား ကိုယ်တိုင် ဂိုးသွင်းဖို့ ကြိုးစားခဲ့မှုက ဂိုးသမား ပိတ်ဆို့ခံခဲ့ရပြီး မအောင်မြင်ခဲ့လို့ လီဗာပူးလ်တို့ ဂိုးထပ်မရခဲ့ဘဲ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ လီဗာပူးလ်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ အဝေးကွင်း ဒီးပ်ဒေးလ်မှာ အောင်ပွဲခံနိုင်ခဲ့ကြပြီး ကာရာဘောင်းဖလားရဲ့ ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ကြသလို နောက်တစ်ဆင့်မှာ ဘယ်အသင်းနဲ့ တွေ့ဆုံမလဲဆိုတာကိုတော့ လာမယ့် စနေနေ့ ပွဲစဉ်ရေးဆွဲမှုကျမှ သိရှိရမှာ ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ ကာရာေဘာင္းဖလားပြဲစဥ္ကို ဂိုးသမား အက္ဒရီယန္၊ ေနာက္တန္းမွာ ဂ်ိဳးဂိုမက္ဇ္၊ မာတစ္ပ္၊ ဆီမီကတ္စ္နဲ႔ နီကို ဝီလီယမ္စ္၊ ကြင္းလယ္မွာ ခ်ိမ္ဘာလိန္၊ ကားတစ္ဂ်ဳံးစ္နဲ႔ လူငယ္ကစားသမား ေမာ္တန္၊ တိုက္စစ္မွာ အိုရီဂီ၊ မီနာမီႏိုနဲ႔ ေနာက္ထပ္လူငယ္တစ္ဦးျဖစ္တဲ့ ဘလဲရ္တို႔ကို ထည့္သြင္းခဲ့ၿပီး ခ်န္ပီယံရွစ္က ပရက္စ္တန္ကို သူတို႔ရဲ႕ ဒီးပ္ေဒးလ္ကြင္းမွာ သြားေရာက္ယွဥ္ၿပိဳင္ခဲ့ပါတယ္။

ေဘာလုံးပိုင္ဆိုင္မႈ အမ်ားစုကို ထိန္းခ်ဳပ္ကစားေနတဲ့ လီဗာပူးလ္ကို အိမ္ရွင္ ပရက္စ္တန္တို႔က တန္ျပန္တိုက္စစ္ေတြနဲ႔ ထိုးေဖာက္ေနခဲ့ၿပီး လ်င္ျမန္တဲ့ တိုက္စစ္မႉးေတြက ၿခိမ္းေျခာက္ေနခဲ့သလို ပြဲခ်ိန္ ၂၄ မိနစ္မွာေတာ့ ကြၽံထြက္သြားတဲ့ ေဘာလုံးကို ကြင္းလယ္လူ ေပါ့တ္စ္က ကန္သြင္းခဲ့ေပမယ့္ ဂိုးသမား အက္ဒရီယန္ ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့ပါတယ္။

ဂ်ိဳးဂိုမက္ဇ္ကေတာ့ မကစားရတာၾကာၿပီး ပြဲေၾကာင္ေနလို႔ ပရက္စ္တန္တိုက္စစ္ရဲ႕ ဖိအားကိုေတာင္ ႐ုန္းကန္ေနခဲ့ရၿပီး ပြဲခ်ိန္ ၂၈ မိနစ္မွာ သူ႔ရဲ႕ အမွားကေန အသင္းကို မ်က္ကလဲဆန္ျပာျဖစ္ေအာင္လုပ္ခဲ့မိသလို လီဗာပူးလ္တို႔ဘက္က ဂိုးသမား အက္ဒရီယန္ ပုတ္ထုတ္ခဲ့ရၿပီး ထပ္ဆင့္ကန္ခ်က္ကို နီကို ဝီလီယမ္စ္က ဂိုးစည္းေပၚက မ်က္ႏွာနဲ႔ ခံခဲ့ရၿပီး ေနာက္ထပ္ပိတ္ခ်က္က ဂိုးဘားေက်ာ္သြားခဲ့လို႔သာ သူတို႔ေတြ သက္သာခဲ့ရတာပါ။

ပထမပိုင္းမွာ လီဗာပူးလ္တို႔ ေဘာလုံးကိုင္ထားႏိုင္ေပမယ့္ အိမ္ရွင္ ပရက္စ္တန္တို႔ဘက္ကို ထိုးေဖာက္ခြင့္နဲ႔ အပိုင္အခြင့္အေရး သိပ္မရခဲ့ဘဲ ဂိုးမရွိသေရရလဒ္သာ ထြက္ေပၚေနခဲ့ၿပီး ဒုတိယပိုင္း ျပန္အစမွာေတာ့ ေနာက္ခံလူ မာတစ္ပ္အစား နာသန္ ဖိလစ္ကို နည္းျပ ကေလာ့ပ္က လူစားေျပာင္းလဲ ထည့္သြင္းသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၄၇ မိနစ္မွာ ညာေတာင္ပံကေန တင္ေပးလိုက္တဲ့ ျဖတ္တင္ေဘာကေန လြတ္လြတ္ကြၽတ္ကြၽတ္ ပိတ္သြင္းခြင့္ကို မီနာမီႏို ခ်ိန္သားမကိုက္ဘဲ လြဲေခ်ာ္ခဲ့အၿပီး ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ ကြင္းလယ္ကေန တစ္ကိုယ္ေတာ္ ႐ုန္းၿပီး ကန္သြင္းခဲ့တဲ့ ခ်ိမ္ဘာလိန္ရဲ႕ ကန္ခ်က္ကလည္း ဂိုးေဘးကပဲ လြဲေခ်ာ္သြားခဲ့တာပါ။

ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ၿပီး ညာေတာင္ပံကေန ဧရိယာထဲ ဆြဲဝင္ၿပီး ဂိုးစည္းနားက ျပန္တင္ေပးတဲ့ ေနာက္ခံလူ နီကို ဝီလီယမ္စ္ရဲ႕ ျဖတ္တင္မႈကို မီနာမီႏိုက ပရက္စ္တန္ေနာက္ခံလူႏွစ္ေယာက္ၾကားကေန ႀကဳံသလို အလ်င္အျမန္ ပိတ္သြင္းႏိုင္ခဲ့လို႔ အိမ္ရွင္ဂိုးသမား ဒက္ကလန္ ရပ္ဒ္ အငိုက္မိခဲ့ၿပီး ဂိုးေပးခဲ့ရတာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၄ မိနစ္မွာ လီဗာပူးလ္တို႔ ေနာက္ထပ္ ဦးေဆာင္ဂိုးတစ္ဂိုးကို ထပ္မံရယူႏိုင္ခဲ့သလို ဒီတစ္ႀကိမ္မွာေတာ့ ဘယ္ေတာင္ပံက ေနာက္ခံလူ ဆီမီကတ္စ္ရဲ႕ ျဖတ္တင္ေဘာက ဂိုးဘားထိၿပီး ျပန္ထြက္လာတာကို နီကို ဝီလီယမ္စ္က ကန္သြင္းဖို႔ ႀကိဳးစားခဲ့ရာမွာ ပရက္စ္တန္ေနာက္ခံလူတစ္ဦးနဲ႔ထိၿပီး ထြက္လာခဲ့တဲ့ ေဘာလုံးကို တိုက္စစ္မႉး အိုရီဂီက ေနာက္ေပါက္နဲ႔ခ်ိတ္ၿပီး အဆုံးသတ္သြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၉၀ မွာေတာ့ တန္ျပန္တိုက္စစ္ကေန အိုရီဂီေပးတဲ့ ေဘာလုံးနဲ႔ ပရက္စ္တန္ခံစစ္ကို ေက်ာ္ျဖတ္သြားခဲ့တဲ့ နီကို ဝီလီယမ္စ္အေနနဲ႔ ဘယ္ျခမ္းက လိုက္လာတဲ့ မီနာမီႏိုဆီ ခ်ိဳးေပးရမယ့္အစား ကိုယ္တိုင္ ဂိုးသြင္းဖို႔ ႀကိဳးစားခဲ့မႈက ဂိုးသမား ပိတ္ဆို႔ခံခဲ့ရၿပီး မေအာင္ျမင္ခဲ့လို႔ လီဗာပူးလ္တို႔ ဂိုးထပ္မရခဲ့ဘဲ ေက်နပ္ခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ လီဗာပူးလ္တို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အေဝးကြင္း ဒီးပ္ေဒးလ္မွာ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ကာရာေဘာင္းဖလားရဲ႕ ကြာတားဖိုင္နယ္ အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၾကသလို ေနာက္တစ္ဆင့္မွာ ဘယ္အသင္းနဲ႔ ေတြ႕ဆုံမလဲဆိုတာကိုေတာ့ လာမယ့္ စေနေန႔ ပြဲစဥ္ေရးဆြဲမႈက်မွ သိရွိရမွာ ျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.