Ligue1 Premier League

ပီအက်စ်ဂျီကြယ်ပွင့် ၃ ယောက်ကို ထိန်းပြပြီးနောက် ဆာလီဘာအတွက် အငြင်းအခုံဖြစ်နေကြတဲ့ အာဆင်နယ်ပရိသတ်များ

ဝီလီယံ ဆာလီဘာဟာ အာဆင်နယ်အသင်းကနေ ၃ ကြိမ်ဆက် အငှားထွက်ကစားပြီးနောက်ပိုင်း မာဆေးလ်အသင်းမှာ အထင်ကြီးဖွယ်ခြေစွမ်း ဆက်လက်ပြသနေပေမယ့်လည်း အာဆင်နယ်ပရိသတ်အများစုကတော့ အမ်းမရိတ်စ်မှာ ၎င်းရဲ့အနာဂတ်ရှိလိမ့်မယ်လို့ မယုံကြည်ကြတာဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာကတော့ အသင်းမှာ ဝီလီယံ ဆာလီဘာအတွက် အစီအစဉ်ရှိတယ်လို့ ပြောကြားထားပေမယ့် ပရိသတ်တွေကတော့ အမ်းမရိတ်စ်မှာ ပြင်သစ်လူငယ်နောက်ခံကစားသမားရဲ့အနာဂတ်ရှိ၊ မရှိ မသေချာကြတာဖြစ်ပါတယ်။ ဆာလီဘာဟာ ပြီးခဲ့တဲ့ သောကြာနေ့က ပီအက်စ်ဂျီအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်အတွင်း လီယွန်နယ် မက်ဆီ၊ ခီလီယန် အမ်ဘာပေ၊ နေမာတို့ကို ဂိုးမသွင်းနိုင်အောင် ထိန်းချုပ်ပြပြီး အထင်ကြီးဖွယ် စွမ်းဆောင်ရည်ကို ပြသပြီးနောက်ပိုင်း သတင်းခေါင်းစည်းတွေမှာ ပြန်လည်နေရာယူလာခဲ့တာဖြစ်ပါတယ်။

မာဆေးလ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ဂိုးမရှိသရေပွဲစဉ်အပြီးမှာ အာဆင်နယ် ပရိသတ်အများအပြားဟာ ဘာကြောင့် အသက် ၂၀ အရွယ်ကစားသမားအနေနဲ့ စန်အီတျန်နဲ့ နိစ်တို့မှာ အငှားနဲ့ သွားရောက်ကစားပြီးနောက်ပိုင်း ယခုနွေရာသီမှာ တတိယအကြိမ်မြောက် အငှားထွက်ကစားရတာလဲဆိုတဲ့ မေးခွန်းထုတ်ခဲ့ကြပါတယ်။

အများစုကတော့ ဆာလီဘာအနေနဲ့ အာဆင်နယ်ကို ပြန်လာပြီး ဂါဘရီယယ်လ်၊ ဘန် ဝှိုက်တို့နဲ့ ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်တာကို မြင်ချင်နေကြပေမယ့် အခြားပရိသတ်တွေကတော့ ပြင်သစ်နောက်ခံကစားသမားအတွက် အာတီတာရဲ့ အစီအစဉ်ကို အယုံအကြည်မရှိဖြစ်နေကြဆဲဖြစ်ပါတယ်။

အာတီတာရဲ့ ထူးဆန်းတဲ့ ဆက်ဆံပုံလို့ ပြောဆိုမှုကို ပရိသတ်တစ်ဦးက “အဲဒါက ပြင်းထန်တဲ့ ကာကွယ်မှုပဲ ဖြစ်လိမ့်မယ်။ ဘာလို့လဲဆိုတော့ ဘယ်သူကမှ သူက ရော့ဘ် ဟိုးလ်ဒင်းထက် ပိုကောင်းတယ်ဆိုပြီး ပြောနိုင်တဲ့သူမရှိဘူးဆိုတာ ကျွန်တော် သိနေလို့ပါ”လို့ မေးခွန်းထုတ်ခဲ့ပါတယ်။ နောက်ထပ်ပရိသတ်တစ်ဦးကလည်း အာတီတာကို ထောက်ခံတဲ့သဘောနဲ့ “လူငယ်ကစားသမားကို ပွဲကစားချိန်ရပြီး ခြေစွမ်း ဆက်လက်တိုးတက်အောင် အငှားချတာက ဘယ်လိုလုပ်ပြီး ထူးဆန်းသွားတာလဲဆိုတာ တစ်ယောက်လောက် ရှင်းပြကြပါဦး”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဝီလီယံ ဆာလီဘာဟာ ၂၀၁၈ ခုနှစ်မှာ စန်အီတျန်ကနေ အမ်းမရိတ်စ်ကို ပြောင်းရွှေ့လာပြီးကတည်းက အာဆင်နယ်အတွက် အဓိကပြိုင်ပွဲမှာ တစ်မိနစ်မှ ကစားပေးရခြင်းမရှိသေးသူဖြစ်ပြီး ၃ ရာသီစလုံး အငှားကစားသမားအဖြစ် ထွက်ကစားခဲ့ရတာဖြစ်ပါတယ်။ အသက် ၂၀ အရွယ်နောက်ခံကစားသမားဟာ ယခုရာသီမှာ မာဆေးလ်အသင်းကို အငှားနဲ့ ထွက်ကစားနေပြီး နည်းပြ ဆန်ပါအိုလီလက်အောက်မှာ အထင်ကြီးဖွယ် ခြေစွမ်းပြသနေတာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းနဲ့ပွဲစဉ်က အမ်ဘာပေရဲ့ ဂိုးသွင်းဖို့ ကြိုးပမ်းမှုကို အလွန်ကောင်းမွန်တဲ့ နောက်ဆုံးနောက်ခံလူအဖြစ် ဖျက်ထုတ်ခဲ့တဲ့ ဆာလီဘာကို ဗဟိုခံစစ် အမ်ဘာပေလို့ ပရိသတ်တစ်ဦးကလည်း ချီးကျူးခဲ့ပေမယ့် BT Sport မှ ဘောလုံးကျွမ်းကျင်သူနဲ့ပွဲစီစဉ်တင်ဆက်သူ ဂျော်နသန် ပီးယာ့စ်ကတော့ ပြင်သစ်ကစားသမားအနေနဲ့ ခြေစွမ်းကောင်း ပြသနေပေမယ့် ပရီးမီးယားလိဂ်မှာ ကစားဖို့အတွက် အဆင်သင့်မဖြစ်သေးဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဆာလီဘာက ပရီးမီးယားလိဂ်မှာ ကစားဖို့အတွက် အဆင်သင့်မဖြစ်သေးပါဘူး။ ပွဲတွေအားလုံးကို ခြုံကြည့်ရင် သူ အမှားတွေ အများကြီး ပြုလုပ်နေပါသေးတယ် ”လို့ ဂျော်နသန် ပီးယာ့စ်က ပြောကြားခဲ့တဲ့အတွက် အသက်၂၀ အရွယ်ပြင်သစ်သားအနေနဲ့ ပရီးမီးယားလိဂ်အတွက် အဆင်သင့်မဖြစ်သေးလို့ အာတီတာက အသုံးမပြုသေးပဲ ပွဲအတွေ့အကြုံရရှိစေရန် အငှားနဲ့ထွက်ကစားစေပြီး အနာဂတ်အစီအစဉ်ရှိတယ်လို့ ပြောကြားထားခဲ့တာက အမှန်ကိုပြောခဲ့တာလားဆိုတာ စဉ်းစားတွေးစရာ ဖြစ်လာစေကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဝီလီယံ ဆာလီဘာဟာ အာဆင္နယ္အသင္းကေန ၃ ႀကိမ္ဆက္ အငွားထြက္ကစားၿပီးေနာက္ပိုင္း မာေဆးလ္အသင္းမွာ အထင္ႀကီးဖြယ္ေျခစြမ္း ဆက္လက္ျပသေနေပမယ့္လည္း အာဆင္နယ္ပရိသတ္အမ်ားစုကေတာ့ အမ္းမရိတ္စ္မွာ ၎ရဲ့အနာဂတ္ရွိလိမ့္မယ္လို႔ မယုံၾကည္ၾကတာျဖစ္ပါတယ္။

အာဆင္နယ္နည္းၿပ အာတီတာကေတာ့ အသင္းမွာ ဝီလီယံ ဆာလီဘာအတြက္ အစီအစဥ္ရွိတယ္လို႔ ေျပာၾကားထားေပမယ့္ ပရိသတ္ေတြကေတာ့ အမ္းမရိတ္စ္မွာ ျပင္သစ္လူငယ္ေနာက္ခံကစားသမားရဲ့အနာဂတ္ရွိ၊ မရွိ မေသခ်ာၾကတာျဖစ္ပါတယ္။ ဆာလီဘာဟာ ၿပီးခဲ့တဲ့ ေသာၾကာေန႔က ပီအက္စ္ဂ်ီအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္အတြင္း လီယြန္နယ္ မက္ဆီ၊ ခီလီယန္ အမ္ဘာေပ၊ ေနမာတို႔ကို ဂိုးမသြင္းနိုင္ေအာင္ ထိန္းခ်ဳပ္ျပၿပီး အထင္ႀကီးဖြယ္ စြမ္းေဆာင္ရည္ကို ျပသၿပီးေနာက္ပိုင္း သတင္းေခါင္းစည္းေတြမွာ ျပန္လည္ေနရာယူလာခဲ့တာျဖစ္ပါတယ္။

မာေဆးလ္နဲ႔ ပီအက္စ္ဂ်ီတို႔ရဲ့ ဂိုးမရွိသေရပြဲစဥ္အၿပီးမွာ အာဆင္နယ္ ပရိသတ္အမ်ားအျပားဟာ ဘာေၾကာင့္ အသက္ ၂၀ အရြယ္ကစားသမားအေနနဲ႔ စန္အီတ်န္နဲ႔ နိစ္တို႔မွာ အငွားနဲ႔ သြားေရာက္ကစားၿပီးေနာက္ပိုင္း ယခုေႏြရာသီမွာ တတိယအႀကိမ္ေျမာက္ အငွားထြက္ကစားရတာလဲဆိုတဲ့ ေမးခြန္းထုတ္ခဲ့ၾကပါတယ္။

အမ်ားစုကေတာ့ ဆာလီဘာအေနနဲ႔ အာဆင္နယ္ကို ျပန္လာၿပီး ဂါဘရီယယ္လ္၊ ဘန္ ဝွိုက္တို႔နဲ႔ ပြဲထြက္ခြင့္အတြက္ ယွဥ္ၿပိဳင္တာကို ျမင္ခ်င္ေနၾကေပမယ့္ အျခားပရိသတ္ေတြကေတာ့ ျပင္သစ္ေနာက္ခံကစားသမားအတြက္ အာတီတာရဲ့ အစီအစဥ္ကို အယုံအၾကည္မရွိျဖစ္ေနၾကဆဲျဖစ္ပါတယ္။

အာတီတာရဲ့ ထူးဆန္းတဲ့ ဆက္ဆံပုံလို႔ ေျပာဆိုမႈကို ပရိသတ္တစ္ဦးက “အဲဒါက ျပင္းထန္တဲ့ ကာကြယ္မႈပဲ ျဖစ္လိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ ဘယ္သူကမွ သူက ေရာ့ဘ္ ဟိုးလ္ဒင္းထက္ ပိုေကာင္းတယ္ဆိုၿပီး ေျပာနိုင္တဲ့သူမရွိဘူးဆိုတာ ကၽြန္ေတာ္ သိေနလို႔ပါ”လို႔ ေမးခြန္းထုတ္ခဲ့ပါတယ္။ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း အာတီတာကို ေထာက္ခံတဲ့သေဘာနဲ႔ “လူငယ္ကစားသမားကို ပြဲကစားခ်ိန္ရၿပီး ေျခစြမ္း ဆက္လက္တိုးတက္ေအာင္ အငွားခ်တာက ဘယ္လိုလုပ္ၿပီး ထူးဆန္းသြားတာလဲဆိုတာ တစ္ေယာက္ေလာက္ ရွင္းျပၾကပါဦး”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

ဝီလီယံ ဆာလီဘာဟာ ၂၀၁၈ ခုႏွစ္မွာ စန္အီတ်န္ကေန အမ္းမရိတ္စ္ကို ေျပာင္းေရႊ႕လာၿပီးကတည္းက အာဆင္နယ္အတြက္ အဓိကၿပိဳင္ပြဲမွာ တစ္မိနစ္မွ ကစားေပးရျခင္းမရွိေသးသူျဖစ္ၿပီး ၃ ရာသီစလုံး အငွားကစားသမားအျဖစ္ ထြက္ကစားခဲ့ရတာျဖစ္ပါတယ္။ အသက္ ၂၀ အရြယ္ေနာက္ခံကစားသမားဟာ ယခုရာသီမွာ မာေဆးလ္အသင္းကို အငွားနဲ႔ ထြက္ကစားေနၿပီး နည္းၿပ ဆန္ပါအိုလီလက္ေအာက္မွာ အထင္ႀကီးဖြယ္ ေျခစြမ္းျပသေနတာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းနဲ႔ပြဲစဥ္က အမ္ဘာေပရဲ႕ ဂိုးသြင္းဖို႔ ႀကိဳးပမ္းမႈကို အလြန္ေကာင္းမြန္တဲ့ ေနာက္ဆုံးေနာက္ခံလူအျဖစ္ ဖ်က္ထုတ္ခဲ့တဲ့ ဆာလီဘာကို ဗဟိုခံစစ္ အမ္ဘာေပလို႔ ပရိသတ္တစ္ဦးကလည္း ခ်ီးက်ဴးခဲ့ေပမယ့္ BT Sport မွ ေဘာလုံးကြၽမ္းက်င္သူနဲ႔ပြဲစီစဥ္တင္ဆက္သူ ေဂ်ာ္နသန္ ပီးယာ့စ္ကေတာ့ ျပင္သစ္ကစားသမားအေနနဲ႔ ေျခစြမ္းေကာင္း ျပသေနေပမယ့္ ပရီးမီးယားလိဂ္မွာ ကစားဖို႔အတြက္ အဆင္သင့္မျဖစ္ေသးဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ဆာလီဘာက ပရီးမီးယားလိဂ္မွာ ကစားဖို႔အတြက္ အဆင္သင့္မျဖစ္ေသးပါဘူး။ ပြဲေတြအားလုံးကို ၿခဳံၾကည့္ရင္ သူ အမွားေတြ အမ်ားႀကီး ျပဳလုပ္ေနပါေသးတယ္ ”လို႔ ေဂ်ာ္နသန္ ပီးယာ့စ္က ေျပာၾကားခဲ့တဲ့အတြက္ အသက္၂၀ အ႐ြယ္ျပင္သစ္သားအေနနဲ႔ ပရီးမီးယားလိဂ္အတြက္ အဆင္သင့္မျဖစ္ေသးလို႔ အာတီတာက အသုံးမျပဳေသးပဲ ပြဲအေတြ႕အႀကဳံရရွိေစရန္ အငွားနဲ႔ထြက္ကစားေစၿပီး အနာဂတ္အစီအစဥ္ရွိတယ္လို႔ ေျပာၾကားထားခဲ့တာက အမွန္ကိုေျပာခဲ့တာလားဆိုတာ စဥ္းစားေတြးစရာ ျဖစ္လာေစေၾကာင္း ေရးသားေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.