Premier League

ချဲလ်ဆီးအတွက် နောက်ထပ်တစ်ကြိမ် သူရဲကောင်းဖြစ်ခဲ့ပြီးနောက် အနာဂတ်ကို အဖြေပေးခဲ့တဲ့ ကီပါ

ချဲလ်ဆီးအသင်းဂိုးသမား ကီပါဟာ ဆောက်သမ်တန်အသင်းနဲ့ ကစားခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ်အတွင်း ပင်နယ်တီအဆုံးအဖြတ်မှာ ကမ္ဘာ့ထိပ်တန်းလက်စွမ်းပြသခဲ့ပြီးနောက် စိတ်ဖတ်နိုင်သူအဖြစ် ချီးကျူးခြင်းခံနေရပါတယ်။

ကီပါဟာ သီယို ဝဲလ်ကော့တ်ရဲ့ ပင်နယ်တီ ကန်သွင်းမှုကို ကာကွယ်နိုင်ခဲ့ပြီး စမောဘုန်းရဲ့ ကန်သွင်းမှုက ဂိုးဘားတန်းအပေါ် ကျော်သွားခဲ့တာကြောင့် ချဲလ်ဆီးအသင်းဟာ ကာရာဘောင်ဖလား ပဥ္စမအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး အသင်းဖော် ဘန် ချေးဝဲလ်က စပိန်ဂိုးသမားဟာ စိတ်ဖတ်နိုင်သူထင်တယ်လို့ ပွဲအပြီး တွစ်တာမှာ ရေးသားချီးကျူးခဲ့ပါတယ်။

ကီပါဟာ ယခုရာသီမှာ ပင်နယ်တီအဆုံးအဖြတ်မှာ သူရဲကောင်းဖြစ်ခဲ့တာ ၂ ကြိမ်ရှိခဲ့ပြီဖြစ်ပြီး ချဲလ်ဆီးအသင်း စူပါဖလားရရှိခဲ့တဲ့ပွဲစဉ်နဲ့ အက်စ်တန် ဗီလာနဲ့ ကာရာဘောင်ဖလား ပြီးခဲ့တဲ့အဆင့်မှာ ကစားခဲ့တဲ့ ပွဲစဉ်တို့မှာ ပင်နယ်တီကန်သွင်းမှုကို ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းနဲ့ ကစားခဲ့တဲ့ ကာရာဘောင်ဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ ချဲလ်ဆီးအသင်းကို အလွန်ကောင်းမွန်တဲ့ ကာကွယ်မှု ၂ ကြိမ်နဲ့ ကယ်တင်ခဲ့ပြီးနောက် နည်းပြ သောမတ်စ် တူဟယ်က စပိန်လက်ရွေးစင်ဂိုးသမားရဲ့ လက်စွမ်းကို ချီးကျူး ပြောကြားခဲ့တာဖြစ်ပါတယ်။

“အားလုံးက နာကျင်အချိန်ပိုအကြာင်းနဲ့ ပင်နယ်တီအကြောင်း စဉ်းစားနေချိန်မှာ အဲဒါက အန္တရာယ်ရှိတဲ့ အခိုက်အတံ့ပါ။ ခင်ဗျား အာရုံစိုက်မှု ဆုံးရှုံးသွားနိုင်တယ်။ တည်ကန်ဘောကနေ ခေါင်းတိုက်ချက် ၂ ကြိမ်ကို ကာကွယ်နိုင်ခဲ့ပြီး ကီပါက ကျွန်တော်တို့ကို ပြိုင်ပွဲထဲမှာ ဆက်ရှိနေအောင် စွမ်းဆောင်ပေးခဲ့တာက အရေးပါပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ကီပါက ဆောက်သမ်တန်အသင်းနဲ့ပွဲစဉ်အပြီးမှာ ၎င်းရဲ့ ယုံကြည်ချက်ဟာ နောက်ထပ်တစ်ကြိမ် မြင့်မားနေပြီဖြစ်ပြီး ချဲလ်ဆီးရဲ့ ကျောနံပါတ် ၂ အဖြစ်နဲ့ ဖလား ၂ လုံး ရယူသွားချင်တယ်လို့ ပြောကြားခဲ့ပါတယ်။ စပိန်လက်ရွေးစင်ဂိုးသမားဟာ အေဒူယာ မန်ဒီရဲ့ နောက် ဒုတိယပွဲထွက်ဂိုးသမားအဖြစ် ကစားနေရတာကြောင့် စတမ်းဖို့ဒ် ဘရစ်ချ်ကနေ ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ကီပါက ချဲလ်ဆီးရဲ့ အရန်ဂိုးသမားဖြစ်နေရတာက အလွန်ကောင်းမွန်တယ်လို့ ခံစားရကြောင်း ဝန်ခံ ပြောကြားခဲ့ပါတယ်။

“ခင်ဗျား နှစ်တွေအကြာကြီး တူညီတဲ့နေရာမှာ ရှိနေတဲ့အခါမှာ ခင်ဗျား ယုံကြည်မှုကို ခံစားရမှာပါ။ ခင်ဗျားက အိမ်မှာရှိနေသလို ပိုပြီး ခံစားရပြီး ပိုပြီး သက်တောင့်သက်သာရှိလာပါမယ်။ ကျွန်တော် နှစ်ပေါင်းများစွာ ဒီလူတွေနဲ့ ကစားခဲ့ရပြီး အဲဒါက ကောင်းမွန်ပါတယ်။ အခုအချိန် ဒီအသင်းမှာ ရှိနေရတာ အရမ်းကောင်းတယ်လို့ ခံစားနေရပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ကီပါဟာ ၂၀၁၈ ခုနှစ်မှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၁.၆ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပေမယ့် စတမ်းဖို့ဒ် ဘရစ်ချ်မှာ ခက်ခဲကြမ်းတမ်းတဲ့ကာလတွေကို ရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းက ပြီးခဲ့တဲ့နှစ်နွေရာသီမှာ ရင်းနေးစ်အသင်းကနေ အေဒူယာ မန်ဒီကို ပေါင် ၂၂ သန်းနဲ့ ခေါ်ယူခဲ့ပြီး ဆီနီဂေါလက်ရွေးစင်ဂိုးသမားက သိပ်မကြာမီမှာပဲ ကျောနံပါတ် ၁ ဂိုးသမားအဖြစ် သက်သေပြသနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် ကီပါဟာ ဒုတိယပွဲထွက်ဂိုးသမားဘဝ ရောက်ခဲ့ရပြီး ဖလားပွဲစဉ်တွေမှာသာ ပါဝင်ကစားခွင့်ရတဲ့အထိ ပွဲကစားချိန် လျော့ကျသွားခဲ့တာဖြစ်ပေမယ့် အက်သလက်တစ် ဘီလ်ဘာအိုဂိုးသမားဟောင်းက ၎င်းရဲ့ အခန်းကဏ္ဍကို လက်ခံထားတာဖြစ်ပါတယ်။

ကာရာဘောင်နဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲတို့မှာ ရှုံးပွဲကြုံတွေ့ခဲ့ပြီး ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရပြီးနောက် ကီပါက ယခုရာသီမှာ ပြည်တွင်းဖလားတွေကို ရယူသွားဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ “ဒီမှာ၊ ကျွန်တော် ဒီဖလားကို လိုချင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဥရောပမှာ ရှိတဲ့ ဖလားတွေအကုန်လုံးဖြစ်တဲ့ ယူရိုပါလိဂ်ဖလားကို ရခဲ့တယ်။ ချန်ပီယံလိဂ်ဖလားကို ရခဲ့တယ်။ စူပါဖလားကို ရခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ ကာရာဘောင်ဖလား ဗိုလ်လုပွဲနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ ၂ ကြိမ်မှာ ရှုံးနိမ့်ခဲ့တယ်”

“အဲဒီတော့ ဒီဖလားတွေက ကျွန်တော့်စိတ်ထဲမှာ ရှိနေတယ်။ ကျွန်တော်တို့ ဒီဖလားတွေကို လက်ထဲ ရောက်လာစေချင်တယ်။ ကျွန်တော်တို့ တစ်လှမ်းချင်းစီ သွားရမှာပါ။ မှန်ကန်တဲ့အရာတွေကို လုပ်ဆောင်ပြီးတော့ပေါ့။ ဒါပေမယ့် ကျွန်တော်တို့ အဲဒီဖလားတွေကို ရယူဖို့ တိုက်ပွဲဝင်သွားချင်တယ်ဆိုတာ အမှန်ပါပဲ”လို့ ပြောကြားခဲ့ပါတယ်။ ကီပါဟာ ယခုရာသီ ပြိုင်ပွဲစုံမှာ စုစုပေါင်း ၃ ကြိမ်သာ ပါဝင်ကစားပေးရသေးပြီး ကာရာဘောင်ဖလား၊ စူပါဖလားနဲ့ ပရီးမီးယားလိဂ်တို့မှာ တစ်ကြိမ်စီ ပါဝင်ကစားခဲ့ရတာဖြစ်ပါတယ်။

အဲဒါကြောင့် ကီပါအနေနဲ့ အသင်းကို စွန့်ခွာဖို့ ကြိုးပမ်းသွားဖွယ်ရှိတယ်လို့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့ပြီး အီတလီထိပ်သီးအသင်းတွေဖြစ်တဲ့ ဂျူဗင်တပ်၊ လာဇီယိုအသင်းတို့နဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကီပါက အခုအချိန်အထိ တစ်ခါတလေမှ ပွဲထွက်ခွင့် ရရှိနေပေမယ့် ပင်နယ်တီအဆုံးအဖြတ်က သူရဲကောင်း ၂ ကြိမ်ဖြစ်ခဲ့ပြီးနောက် ၎င်းရဲ့ ယုံကြည်ချက်ဟာ မိုးလောက်မြင့်မားနေတယ်လို့ ပြောကြားခဲ့ပါတယ်။ “ကျွန်တော် အခု အရာအားလုံးမှာ ပိုပြီးတော့ စိတ်အေးလက်အေး ခံစားနေရပါတယ်။ အရာအားလုံးက မှန်ကန်တဲ့ပုံစံနဲ့ သွားနေတယ်လို့ ခံစားနေရပါတယ်။ ပြီးတော့ ယုံကြည်ချက်လည်း ရှိနေပါတယ်”

“ကျွန်တော့်ရဲ့ ယုံကြည်ချက်တွေက နောက်ထပ်တစ်ကြိမ် မြင့်မားနေတယ်လို့ ခံစားခဲ့ရပြီး စတမ်းဖို့ဒ် ဘရစ်ချ်မှာ ကျွန်တော်တို့ နောက်ထပ်တစ်ကြိမ် ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုကို ပြန်ရနေပြီလို့ ခံစားရပါတယ်။ အဲဒီတော့ တစ်ဆင့်ချင်းစီသွားတာပေါ့။ ကျွန်တော်တို့က မှန်ကန်တဲ့ ဦးတည်ချက်အတိုင်း သွားနေပါတယ်”လို့ ကီပါက ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းဂိုးသမား ကီပါဟာ ေဆာက္သမ္တန္အသင္းနဲ႔ ကစားခဲ့တဲ့ ကာရာေဘာင္ဖလားပြဲစဥ္အတြင္း ပင္နယ္တီအဆုံးအျဖတ္မွာ ကမၻာ့ထိပ္တန္းလက္စြမ္းျပသခဲ့ၿပီးေနာက္ စိတ္ဖတ္နိုင္သူအျဖစ္ ခ်ီးက်ဴးျခင္းခံေနရပါတယ္။

ကီပါဟာ သီယို ဝဲလ္ေကာ့တ္ရဲ့ ပင္နယ္တီ ကန္သြင္းမႈကို ကာကြယ္နိုင္ခဲ့ၿပီး စေမာဘုန္းရဲ့ ကန္သြင္းမႈက ဂိုးဘားတန္းအေပၚ ေက်ာ္သြားခဲ့တာေၾကာင့္ ခ်ဲလ္ဆီးအသင္းဟာ ကာရာေဘာင္ဖလား ပဥၥမအဆင့္ကို တက္လွမ္းနိုင္ခဲ့ၿပီျဖစ္ၿပီး အသင္းေဖာ္ ဘန္ ေခ်းဝဲလ္က စပိန္ဂိုးသမားဟာ စိတ္ဖတ္နိုင္သူထင္တယ္လို႔ ပြဲအၿပီး တြစ္တာမွာ ေရးသားခ်ီးက်ဴးခဲ့ပါတယ္။

ကီပါဟာ ယခုရာသီမွာ ပင္နယ္တီအဆုံးအျဖတ္မွာ သူရဲေကာင္းျဖစ္ခဲ့တာ ၂ ႀကိမ္ရွိခဲ့ၿပီျဖစ္ၿပီး ခ်ဲလ္ဆီးအသင္း စူပါဖလားရရွိခဲ့တဲ့ပြဲစဥ္နဲ႔ အက္စ္တန္ ဗီလာနဲ႔ ကာရာေဘာင္ဖလား ၿပီးခဲ့တဲ့အဆင့္မွာ ကစားခဲ့တဲ့ ပြဲစဥ္တို႔မွာ ပင္နယ္တီကန္သြင္းမႈကို ကာကြယ္နိုင္ခဲ့တာျဖစ္ပါတယ္။

ေဆာက္သမ္တန္အသင္းနဲ႔ ကစားခဲ့တဲ့ ကာရာေဘာင္ဖလား စတုတၳအဆင့္ပြဲစဥ္မွာ ခ်ဲလ္ဆီးအသင္းကို အလြန္ေကာင္းမြန္တဲ့ ကာကြယ္မႈ ၂ ႀကိမ္နဲ႔ ကယ္တင္ခဲ့ၿပီးေနာက္ နည္းၿပ ေသာမတ္စ္ တူဟယ္က စပိန္လက္ေရြးစင္ဂိုးသမားရဲ့ လက္စြမ္းကို ခ်ီးက်ဴး ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“အားလုံးက နာက်င္အခ်ိန္ပိုအၾကာင္းနဲ႔ ပင္နယ္တီအေၾကာင္း စဥ္းစားေနခ်ိန္မွာ အဲဒါက အႏၲရာယ္ရွိတဲ့ အခိုက္အတံ့ပါ။ ခင္ဗ်ား အာ႐ုံစိုက္မႈ ဆုံးရႈံးသြားနိုင္တယ္။ တည္ကန္ေဘာကေန ေခါင္းတိုက္ခ်က္ ၂ ႀကိမ္ကို ကာကြယ္နိုင္ခဲ့ၿပီး ကီပါက ကၽြန္ေတာ္တို႔ကို ၿပိဳင္ပြဲထဲမွာ ဆက္ရွိေနေအာင္ စြမ္းေဆာင္ေပးခဲ့တာက အေရးပါပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ကီပါက ေဆာက္သမ္တန္အသင္းနဲ႔ပြဲစဥ္အၿပီးမွာ ၎ရဲ့ ယုံၾကည္ခ်က္ဟာ ေနာက္ထပ္တစ္ႀကိမ္ ျမင့္မားေနၿပီျဖစ္ၿပီး ခ်ဲလ္ဆီးရဲ့ ေက်ာနံပါတ္ ၂ အျဖစ္နဲ႔ ဖလား ၂ လုံး ရယူသြားခ်င္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ စပိန္လက္ေရြးစင္ဂိုးသမားဟာ ေအဒူယာ မန္ဒီရဲ့ ေနာက္ ဒုတိယပြဲထြက္ဂိုးသမားအျဖစ္ ကစားေနရတာေၾကာင့္ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကေန ထြက္ခြာဖို႔ သတင္းေတြ ထြက္ေပၚေနေပမယ့္လည္း ကီပါက ခ်ဲလ္ဆီးရဲ့ အရန္ဂိုးသမားျဖစ္ေနရတာက အလြန္ေကာင္းမြန္တယ္လို႔ ခံစားရေၾကာင္း ဝန္ခံ ေျပာၾကားခဲ့ပါတယ္။

“ခင္ဗ်ား ႏွစ္ေတြအၾကာႀကီး တူညီတဲ့ေနရာမွာ ရွိေနတဲ့အခါမွာ ခင္ဗ်ား ယုံၾကည္မႈကို ခံစားရမွာပါ။ ခင္ဗ်ားက အိမ္မွာရွိေနသလို ပိုၿပီး ခံစားရၿပီး ပိုၿပီး သက္ေတာင့္သက္သာရွိလာပါမယ္။ ကၽြန္ေတာ္ ႏွစ္ေပါင္းမ်ားစြာ ဒီလူေတြနဲ႔ ကစားခဲ့ရၿပီး အဲဒါက ေကာင္းမြန္ပါတယ္။ အခုအခ်ိန္ ဒီအသင္းမွာ ရွိေနရတာ အရမ္းေကာင္းတယ္လို႔ ခံစားေနရပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ကီပါဟာ ၂၀၁၈ ခုႏွစ္မွာ ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္ ၇၁.၆ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ေပမယ့္ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ခက္ခဲၾကမ္းတမ္းတဲ့ကာလေတြကို ရင္ဆိုင္ခဲ့ရသူျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းက ၿပီးခဲ့တဲ့ႏွစ္ေႏြရာသီမွာ ရင္းေနးစ္အသင္းကေန ေအဒူယာ မန္ဒီကို ေပါင္ ၂၂ သန္းနဲ႔ ေခၚယူခဲ့ၿပီး ဆီနီေဂါလက္ေရြးစင္ဂိုးသမားက သိပ္မၾကာမီမွာပဲ ေက်ာနံပါတ္ ၁ ဂိုးသမားအျဖစ္ သက္ေသျပသနိုင္ခဲ့တာျဖစ္ပါတယ္။ အဲဒါေၾကာင့္ ကီပါဟာ ဒုတိယပြဲထြက္ဂိုးသမားဘဝ ေရာက္ခဲ့ရၿပီး ဖလားပြဲစဥ္ေတြမွာသာ ပါဝင္ကစားခြင့္ရတဲ့အထိ ပြဲကစားခ်ိန္ ေလ်ာ့က်သြားခဲ့တာျဖစ္ေပမယ့္ အက္သလက္တစ္ ဘီလ္ဘာအိုဂိုးသမားေဟာင္းက ၎ရဲ့ အခန္းက႑ကို လက္ခံထားတာျဖစ္ပါတယ္။

ကာရာေဘာင္နဲ႔ အက္ဖ္ေအဖလား ဗိုလ္လုပြဲတို႔မွာ ရႈံးပြဲၾကဳံေတြ႕ခဲ့ၿပီး ဒုတိယဆုနဲ႔သာ ေက်နပ္ခဲ့ရၿပီးေနာက္ ကီပါက ယခုရာသီမွာ ျပည္တြင္းဖလားေတြကို ရယူသြားဖို႔ ေမၽွာ္လင့္ေနတာျဖစ္ပါတယ္။ “ဒီမွာ၊ ကၽြန္ေတာ္ ဒီဖလားကို လိုခ်င္တယ္။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္တို႔ ဥေရာပမွာ ရွိတဲ့ ဖလားေတြအကုန္လုံးျဖစ္တဲ့ ယူရိုပါလိဂ္ဖလားကို ရခဲ့တယ္။ ခ်န္ပီယံလိဂ္ဖလားကို ရခဲ့တယ္။ စူပါဖလားကို ရခဲ့တယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ ကာရာေဘာင္ဖလား ဗိုလ္လုပြဲနဲ႔ အက္ဖ္ေအဖလား ဗိုလ္လုပြဲ ၂ ႀကိမ္မွာ ရႈံးနိမ့္ခဲ့တယ္”

“အဲဒီေတာ့ ဒီဖလားေတြက ကၽြန္ေတာ့္စိတ္ထဲမွာ ရွိေနတယ္။ ကၽြန္ေတာ္တို႔ ဒီဖလားေတြကို လက္ထဲ ေရာက္လာေစခ်င္တယ္။ ကၽြန္ေတာ္တို႔ တစ္လွမ္းခ်င္းစီ သြားရမွာပါ။ မွန္ကန္တဲ့အရာေတြကို လုပ္ေဆာင္ၿပီးေတာ့ေပါ့။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ အဲဒီဖလားေတြကို ရယူဖို႔ တိုက္ပြဲဝင္သြားခ်င္တယ္ဆိုတာ အမွန္ပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။ ကီပါဟာ ယခုရာသီ ၿပိဳင္ပြဲစုံမွာ စုစုေပါင္း ၃ ႀကိမ္သာ ပါဝင္ကစားေပးရေသးၿပီး ကာရာေဘာင္ဖလား၊ စူပါဖလားနဲ႔ ပရီးမီးယားလိဂ္တို႔မွာ တစ္ႀကိမ္စီ ပါဝင္ကစားခဲ့ရတာျဖစ္ပါတယ္။

အဲဒါေၾကာင့္ ကီပါအေနနဲ႔ အသင္းကို စြန႔္ခြာဖို႔ ႀကိဳးပမ္းသြားဖြယ္ရွိတယ္လို႔ ေကာလာဟလေတြ ထြက္ေပၚလာခဲ့ၿပီး အီတလီထိပ္သီးအသင္းေတြျဖစ္တဲ့ ဂ်ဴဗင္တပ္၊ လာဇီယိုအသင္းတို႔နဲ႔ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ကီပါက အခုအခ်ိန္အထိ တစ္ခါတေလမွ ပြဲထြက္ခြင့္ ရရွိေနေပမယ့္ ပင္နယ္တီအဆုံးအျဖတ္က သူရဲေကာင္း ၂ ႀကိမ္ျဖစ္ခဲ့ၿပီးေနာက္ ၎ရဲ့ ယုံၾကည္ခ်က္ဟာ မိုးေလာက္ျမင့္မားေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ “ကၽြန္ေတာ္ အခု အရာအားလုံးမွာ ပိုၿပီးေတာ့ စိတ္ေအးလက္ေအး ခံစားေနရပါတယ္။ အရာအားလုံးက မွန္ကန္တဲ့ပုံစံနဲ႔ သြားေနတယ္လို႔ ခံစားေနရပါတယ္။ ၿပီးေတာ့ ယုံၾကည္ခ်က္လည္း ရွိေနပါတယ္”

“ကၽြန္ေတာ့္ရဲ့ ယုံၾကည္ခ်က္ေတြက ေနာက္ထပ္တစ္ႀကိမ္ ျမင့္မားေနတယ္လို႔ ခံစားခဲ့ရၿပီး စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ကၽြန္ေတာ္တို႔ ေနာက္ထပ္တစ္ႀကိမ္ ပရိသတ္ေတြရဲ့ အားေပးေထာက္ခံမႈကို ျပန္ရေနၿပီလို႔ ခံစားရပါတယ္။ အဲဒီေတာ့ တစ္ဆင့္ခ်င္းစီသြားတာေပါ့။ ကၽြန္ေတာ္တို႔က မွန္ကန္တဲ့ ဦးတည္ခ်က္အတိုင္း သြားေနပါတယ္”လို႔ ကီပါက ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.