Premier League

ဆာလားရဲ့ ပွဲအပြီး အပြုအမူကြောင့် လေးစားမြတ်နိုးမိခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားခဲ့တဲ့ ဘန် ဖော်စတာ

ဝက်ဖို့ဒ်အသင်းဂိုးသမား ဘန် ဖော်စတာက မိုဟာမက် ဆာလားဟာ လီဗာပူးလ်အသင်းက ၅-၀ နဲ့ ဝက်ဖို့ဒ်အိမ်ကွင်းမှာ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီး ၎င်းရဲ့ စွမ်းဆောင်ရည်ကို ထိပ်တန်းမှာဆက်ရှိနေဖို့ အကူအညီဖြစ်အောင် ၎င်းကို ဘာလာ မေးမြန်းခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဝက်ဖို့ဒ်ဂိုးသမားက ကြီးမားတဲ့ နိုင်ပွဲကို ရယူခဲ့ပြီးဖြစ်တာတောင်မှ ထိပ်တန်းအဆင့်မှာ ဆက်လက်ရှိနေချင်တဲ့ စိတ်ဆန္ဒအတွက် အီဂျစ်လက်ရွေးစင်တိုက်စစ်မှူးကို ချီးကျူးခဲ့ပြီး ဆာလား၊ မာနေး၊ ဖာမီနိုရဲ့ဟက်ထရစ်သွင်းဂိုးတွေနဲ့အတူ လီဗာပူးလ်အသင်းက အဝေးကွင်းမှာ အနိုင် ၃ မှတ်ကို ရရှိခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းက သွင်းဂိုး ၅ ဂိုးနဲ့ အပြတ်အသတ် ဂိုးသွင်းသွားခဲ့တာကို ခွင့်ပြုခဲ့ရပေမယ့်လည်း ဖော်စတာက ဘာမှ ပြောစရာမရှိခဲ့ပေမယ့် လီဗာပူးလ်ကို လေးစားခဲ့ပြီး အထူးသဖြင့် မိုဟာမက် ဆာလားကို ဖြစ်ခဲ့ပါတယ်။

Cycling GK မှာ စကားပြောဆိုရာမှာ ဘန် ဖော်စတာက မိုဟာမက် ဆာလားက ၎င်းကို တကယ်လို့ ပင်နယ်တီသာ ပေးခဲ့ရမယ်ဆိုရင် ဘယ်ဘက်ကို ဒိုင်ဗင်ပစ်မှာလဲလို့ မေးမြန်းခဲ့တဲ့အကြောင်းကို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ “ဘုရားသခင်။ လီဗာပူးလ်က အချောမွေ့ဆုံးလုပ်ဆောင်နိုင်တဲ့ ယန္တရားပဲ။ ကောင်းကောင်း လေ့ကျင့်သားရနေတဲ့အသင်းပဲ။ ကျွန်တော့် ကစားသမားဘဝတစ်ခုလုံး ရင်ဆိုင်ခဲ့ရတဲ့ အသင်းတွေထဲမှာတောင်မှ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အထူးသဖြင့် ကျွန်တော် နည်းနည်းပြောချင်တာက မိုဟာမက် ဆာလားအကြောင်းပါ”

“ပွဲအပြီး သူ ကျွန်တော့်ကို ပြောခဲ့တာက ကျွန်တော့်ကို ‘ဘုရားရေ၊ မင်းက သိပ် ပရော်ဖက်ရှင်နယ်ဆန်တာပဲ။ အရမ်းကို မဆုတ်မနစ် ကြိုးစားချင်စိတ်ရှိတာပဲ။ မင်းက ဖြစ်နိုင်သမျှ အကောင်းဆုံးဖြစ်ချင်တာပဲ’လို့ တွေးမိစေခဲ့ပါတယ်။ သူတို့တွေ ၅-၀ နဲ့ ပွဲစဉ်ကို အနိုင်ရခဲ့တယ်။ မို ဆာလားက အဲဒီပွဲမှာ တစ်ဂိုးသွင်းခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် သူ ပွဲအပြီးမှာ ကျွန်တော့်ဆီကို ရောက်လာခဲ့တယ်။ သူပြောတာကို ကင်မရာက အများကြီး မဖမ်းမိသွားစေချင်တဲ့အတွက် သူ့လက်ကို ပါးစပ်ပေါ် နည်းနည်းအုပ်ထားခဲ့ပါတယ်”

“ဒါပေမယ့် သူ ရောက်လာပြီး ‘ဘန်၊ ဘန်ရေ’တဲ့။ ကျွန်တော်ကလည်း ‘အိုကေ အေး။ မင်း အဆင်ပြေရဲ့လား’ပေါ့။ ပြီးတော့ သူက ‘တကယ်လို့ ကျွန်တော်သာ ပင်နယ်တီကန်ခဲ့ရရင် ခင်ဗျား ဘယ်ဘက်ကို ဒိုင်ဗစ်ပစ်မှာလဲ’တဲ့။ သူ အဲဒါကို ပြောပြီးပြီးချင်းပဲ ကျွန်တော် တွေးခဲ့မိတာက အိုး မင်းက တော်လိုက်တာ။ တော်လိုက်တဲ့ ကောင်လေးလို့ပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ လေ့လာဆန်းစစ်မှုတွေ လုပ်တယ်။ ဂိုးသမားတွေအားလုံးက တိုက်စစ်မှူးတွေအပေါ်မှာ လေ့လာဆန်းစစ်မှုတွေ လုပ်ရတယ်။ ကျွန်တော်တို့က သူတို့ နောက်ဆုံးကန်ခဲ့တဲ့ ပင်နယ်တီ ၁၀ ကြိမ် ဒါမှမဟုတ် နောက်ဆုံး ၄ ကြိမ်မှာ ဘယ်ဘက်ကို ကန်သွားလဲဆိုတာကို သိဖို့ ကြိုးစားရတယ်”

“ဥပမာအားဖြင့် မို ဆာလားရဲ့နောက်ဆုံး ပင်နယ်တီ ၅ ကြိမ်က ဂိုးသမားရဲ့ ညာဘက်ကို ကန်သွင်းယူခဲ့တယ်။ အဲဒီတော့ ကျွန်တော် သူ့ကို ကြည့်လိုက်ပြီး ‘ငါကတော့ ငါ့ညာဘက်ကိုပဲ ဒိုင်ဗစ်ပစ်မှာပေါ့။ ညာဘက်ကို ဘာလို့ပစ်လဲဆိုတော့ မင်း နောက်ဆုံး ပင်နယ်တီ ၅ ကြိမ်ကို ညာဘက်ပဲ ကန်သွင်းခဲ့တာလေ’လို့ ပြောလိုက်တယ်။ အဲဒီတော့ သူ့မျက်နှာမှာ အားရပါးရ ပြုံးလိုက်တဲ့အပြုံး ပေါ်လာပြီး သွားတွေပါ ဖြီးပြီးတော့ ‘ဟုတ်တယ်။ ကျေးဇူးပဲဗျာ။ ကျွန်တော် အဲဒါကို သိချင်တာ။ ကျွန်တော် အဲဒါကို သိဖို့လိုတာ’လို့ ပြောခဲ့ပါတယ်”

“အဲဒီတော့ ၅-၀ နဲ့ အနိုင်ရရှိပြီး ဂိုးသွင်းယူနိုင်ခဲ့သလို ပွဲစဉ်တလျှောက်အကောင်းဆုံးကစားသမားဖြစ်ခဲ့တာတောင် မကျေနပ်နိုင်သေးဘူး။ မယုံနိုင်ဖွယ်ဂိုးကိုလည်း သွင်းယူခဲ့တာနော်။ သူက သူ့ရဲ့နောက်ထပ်လာမယ့်ပွဲစဉ်နဲ့ပတ်သက်ပြီး အသေးစိတ်ကျတဲ့အရာ သေးသေးလေးကို သိချင်တာ။ သူသာ ပင်နယ်တီကန်ရရင် ဘယ်ဘက်ကို ကန်ရမလဲ ဆိုတာကိုပေါ့။ အဲဒါက ကျွန်တော့်အတွက်တော့ အဲဒါကြောင့်ပဲ မို ဆာလားဟာ ထိပ်တန်းအဆင့်ကစားသမားဖြစ်နေတာပါလားဆိုပြီး ဖြစ်သွားခဲ့တယ်။ သူက ထိပ်တန်းကစားသမားပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဝက္ဖို႔ဒ္အသင္းဂိုးသမား ဘန္ ေဖာ္စတာက မိုဟာမက္ ဆာလားဟာ လီဗာပူးလ္အသင္းက ၅-၀ နဲ႔ ဝက္ဖို႔ဒ္အိမ္ကြင္းမွာ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္အၿပီး ၎ရဲ့ စြမ္းေဆာင္ရည္ကို ထိပ္တန္းမွာဆက္ရွိေနဖို႔ အကူအညီျဖစ္ေအာင္ ၎ကို ဘာလာ ေမးျမန္းခဲ့လဲဆိုတာကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ဝက္ဖို႔ဒ္ဂိုးသမားက ႀကီးမားတဲ့ နိုင္ပြဲကို ရယူခဲ့ၿပီးျဖစ္တာေတာင္မွ ထိပ္တန္းအဆင့္မွာ ဆက္လက္ရွိေနခ်င္တဲ့ စိတ္ဆႏၵအတြက္ အီဂ်စ္လက္ေရြးစင္တိုက္စစ္မႉးကို ခ်ီးက်ဴးခဲ့ၿပီး ဆာလား၊ မာေနး၊ ဖာမီနိုရဲ့ဟက္ထရစ္သြင္းဂိုးေတြနဲ႔အတူ လီဗာပူးလ္အသင္းက အေဝးကြင္းမွာ အနိုင္ ၃ မွတ္ကို ရရွိခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းက သြင္းဂိုး ၅ ဂိုးနဲ႔ အျပတ္အသတ္ ဂိုးသြင္းသြားခဲ့တာကို ခြင့္ျပဳခဲ့ရေပမယ့္လည္း ေဖာ္စတာက ဘာမွ ေျပာစရာမရွိခဲ့ေပမယ့္ လီဗာပူးလ္ကို ေလးစားခဲ့ၿပီး အထူးသျဖင့္ မိုဟာမက္ ဆာလားကို ျဖစ္ခဲ့ပါတယ္။

Cycling GK မွာ စကားေျပာဆိုရာမွာ ဘန္ ေဖာ္စတာက မိုဟာမက္ ဆာလားက ၎ကို တကယ္လို႔ ပင္နယ္တီသာ ေပးခဲ့ရမယ္ဆိုရင္ ဘယ္ဘက္ကို ဒိုင္ဗင္ပစ္မွာလဲလို႔ ေမးျမန္းခဲ့တဲ့အေၾကာင္းကို ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။ “ဘုရားသခင္။ လီဗာပူးလ္က အေခ်ာေမြ႕ဆုံးလုပ္ေဆာင္နိုင္တဲ့ ယႏၲရားပဲ။ ေကာင္းေကာင္း ေလ့က်င့္သားရေနတဲ့အသင္းပဲ။ ကၽြန္ေတာ့္ ကစားသမားဘဝတစ္ခုလုံး ရင္ဆိုင္ခဲ့ရတဲ့ အသင္းေတြထဲမွာေတာင္မွ ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္။ ဒါေပမယ့္ အထူးသျဖင့္ ကၽြန္ေတာ္ နည္းနည္းေျပာခ်င္တာက မိုဟာမက္ ဆာလားအေၾကာင္းပါ”

“ပြဲအၿပီး သူ ကၽြန္ေတာ့္ကို ေျပာခဲ့တာက ကၽြန္ေတာ့္ကို ‘ဘုရားေရ၊ မင္းက သိပ္ ပေရာ္ဖက္ရွင္နယ္ဆန္တာပဲ။ အရမ္းကို မဆုတ္မနစ္ ႀကိဳးစားခ်င္စိတ္ရွိတာပဲ။ မင္းက ျဖစ္နိုင္သမၽွ အေကာင္းဆုံးျဖစ္ခ်င္တာပဲ’လို႔ ေတြးမိေစခဲ့ပါတယ္။ သူတို႔ေတြ ၅-၀ နဲ႔ ပြဲစဥ္ကို အနိုင္ရခဲ့တယ္။ မို ဆာလားက အဲဒီပြဲမွာ တစ္ဂိုးသြင္းခဲ့တယ္လို႔ ကၽြန္ေတာ္ ထင္ပါတယ္။ ဒါေပမယ့္ သူ ပြဲအၿပီးမွာ ကၽြန္ေတာ့္ဆီကို ေရာက္လာခဲ့တယ္။ သူေျပာတာကို ကင္မရာက အမ်ားႀကီး မဖမ္းမိသြားေစခ်င္တဲ့အတြက္ သူ႔လက္ကို ပါးစပ္ေပၚ နည္းနည္းအုပ္ထားခဲ့ပါတယ္”

“ဒါေပမယ့္ သူ ေရာက္လာၿပီး ‘ဘန္၊ ဘန္ေရ’တဲ့။ ကၽြန္ေတာ္ကလည္း ‘အိုေက ေအး။ မင္း အဆင္ေျပရဲ့လား’ေပါ့။ ၿပီးေတာ့ သူက ‘တကယ္လို႔ ကၽြန္ေတာ္သာ ပင္နယ္တီကန္ခဲ့ရရင္ ခင္ဗ်ား ဘယ္ဘက္ကို ဒိုင္ဗစ္ပစ္မွာလဲ’တဲ့။ သူ အဲဒါကို ေျပာၿပီးၿပီးခ်င္းပဲ ကၽြန္ေတာ္ ေတြးခဲ့မိတာက အိုး မင္းက ေတာ္လိုက္တာ။ ေတာ္လိုက္တဲ့ ေကာင္ေလးလို႔ပါ။ ဘာလို႔လဲဆိုေတာ့ ကၽြန္ေတာ္တို႔ ေလ့လာဆန္းစစ္မႈေတြ လုပ္တယ္။ ဂိုးသမားေတြအားလုံးက တိုက္စစ္မႉးေတြအေပၚမွာ ေလ့လာဆန္းစစ္မႈေတြ လုပ္ရတယ္။ ကၽြန္ေတာ္တို႔က သူတို႔ ေနာက္ဆုံးကန္ခဲ့တဲ့ ပင္နယ္တီ ၁၀ ႀကိမ္ ဒါမွမဟုတ္ ေနာက္ဆုံး ၄ ႀကိမ္မွာ ဘယ္ဘက္ကို ကန္သြားလဲဆိုတာကို သိဖို႔ ႀကိဳးစားရတယ္”

“ဥပမာအားျဖင့္ မို ဆာလားရဲ့ေနာက္ဆုံး ပင္နယ္တီ ၅ ႀကိမ္က ဂိုးသမားရဲ့ ညာဘက္ကို ကန္သြင္းယူခဲ့တယ္။ အဲဒီေတာ့ ကၽြန္ေတာ္ သူ႔ကို ၾကည့္လိုက္ၿပီး ‘ငါကေတာ့ ငါ့ညာဘက္ကိုပဲ ဒိုင္ဗစ္ပစ္မွာေပါ့။ ညာဘက္ကို ဘာလို႔ပစ္လဲဆိုေတာ့ မင္း ေနာက္ဆုံး ပင္နယ္တီ ၅ ႀကိမ္ကို ညာဘက္ပဲ ကန္သြင္းခဲ့တာေလ’လို႔ ေျပာလိုက္တယ္။ အဲဒီေတာ့ သူ႔မ်က္ႏွာမွာ အားရပါးရ ျပဳံးလိုက္တဲ့အျပဳံး ေပၚလာၿပီး သြားေတြပါ ၿဖီးၿပီးေတာ့ ‘ဟုတ္တယ္။ ေက်းဇူးပဲဗ်ာ။ ကၽြန္ေတာ္ အဲဒါကို သိခ်င္တာ။ ကၽြန္ေတာ္ အဲဒါကို သိဖို႔လိုတာ’လို႔ ေျပာခဲ့ပါတယ္”

“အဲဒီေတာ့ ၅-၀ နဲ႔ အနိုင္ရရွိၿပီး ဂိုးသြင္းယူနိုင္ခဲ့သလို ပြဲစဥ္တေလၽွာက္အေကာင္းဆုံးကစားသမားျဖစ္ခဲ့တာေတာင္ မေက်နပ္နိုင္ေသးဘူး။ မယုံနိုင္ဖြယ္ဂိုးကိုလည္း သြင္းယူခဲ့တာေနာ္။ သူက သူ႔ရဲ့ေနာက္ထပ္လာမယ့္ပြဲစဥ္နဲ႔ပတ္သက္ၿပီး အေသးစိတ္က်တဲ့အရာ ေသးေသးေလးကို သိခ်င္တာ။ သူသာ ပင္နယ္တီကန္ရရင္ ဘယ္ဘက္ကို ကန္ရမလဲ ဆိုတာကိုေပါ့။ အဲဒါက ကၽြန္ေတာ့္အတြက္ေတာ့ အဲဒါေၾကာင့္ပဲ မို ဆာလားဟာ ထိပ္တန္းအဆင့္ကစားသမားျဖစ္ေနတာပါလားဆိုၿပီး ျဖစ္သြားခဲ့တယ္။ သူက ထိပ္တန္းကစားသမားပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.