Serie A

အင်တာမီလန်ရဲ့ တိုက်ပွဲဝင်စိတ်နဲ့ အနိုင်ရခဲ့တဲ့ ဒါဘီဒယ်လာမက်ဒွန်နီနာ(မီလန်ဒါဘီ)


အင်တာနည်းပြ ကွန်တီကတော့ လော်တာရို မာတီနက်ဇ် ပွဲပယ်ခံထားခဲ့ရလို့ လူကာကူနဲ့ အလက်ဆစ် ဆန်းချက်ဇ်တို့ကို တိုက်စစ်မှာ တွဲဖက်ပေးခဲ့ပြီး အေစီမီလန်ကတော့ အီဘရာဟီမိုဗစ်ခ်ျနဲ့ ရီဘစ်ခ်ျတို့ကို ရှေ့တင်ပြီး နောက်ကနေ ချယ်လ်ဟာနိုးလူးက ထောက်ပံ့ပေးသွားတဲ့ ပုံစံနဲ့ ပြန်လည်ရင်ဆိုင်လာခဲ့ပါတယ်။

ဒါဘီဆိုပေမယ့်လည်း ဒီကွင်းတစ်ကွင်းကိုပဲ ပရိသတ်အနည်းအများ လက်မှတ်ခွဲတမ်းသာ ကွာဟတဲ့အတွက် အေစီမီလန်တို့အတွက်တော့ ထူးခြားမှုမရှိခဲ့ဘဲ အင်တာဘက်ကို ဖိကစားခဲ့သလို နောက်ခံလူတွေဖြစ်ကြတဲ့ ဂိုဒင်၊ ရှကရီညာနဲ့ ဒီဘရိုင်းတို့ဟာ အီဘရာမိုဗစ်ခ်ျရဲ့ ကြံ့ခိုင်မှုနဲ့ တိုးအားကို မယှဉ်နိုင်ခဲ့ဘဲ ဖရိုဖရဲဖြစ်နေခဲ့သလို ဂိုးသမား ဟန်ဒါနိုဗစ်ခ်ျရဲ့ ကျဆင်းလာမှုတွေကလည်း အေစီမီလန်တို့အတွက် အခွင့်ကောင်းဖြစ်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ စတင်ဦးဆောင်နိုင်ခဲ့တာကတော့ ရော့ဆိုနီရီလို့ ခေါ်တဲ့ အနီအနက်ကြား အေစီတို့ဖြစ်ပြီး မိနစ် ၄၀ မှာ အီဘရာဟီမိုဗစ်ခ်ျ ခေါင်းတိုက်ချပေးတာကို ရီဘစ်ခ်ျက ပိတ်သွင်းခဲ့သလို ၄၅ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ အီဘရာဟီမိုဗစ်ခ်ျက ကိုယ်တိုင်ခေါင်းတိုက်သွားခဲ့ပါတယ်။

ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်နေလို့ နီရာဇူရီတွေကို အထင်သေးခဲ့ကြပေမယ့် ဒုတိယပိုင်းရဲ့ ရုန်းအားအတွက် နည်းပြ ကွန်တီကို ချီးကျူးရမှာလည်းဖြစ်ပြီး ပွဲချိန် ၅၁ မိနစ်မှာ အသင်းခေါင်းဆောင် ဘရိုဇိုဗစ်ခ်ျနဲ့ ၅၃ မိနစ်မှာ ဗက်ချီနိုတို့က သုံးမိနစ်အတွင်း နှစ်ဂိုးသွင်းယူပြီး ချေပနိုင်ခဲ့ပါတယ်။



By KIZARNO
SPORTS A2Z.

UNICODE: မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အီတလီ စီးရီးအေရဲ့ ဒါဘီတွေထဲက အကြီးကျယ်ဆုံး ဒါဘီတစ်ခုဖြစ်တဲ့ ဒါဘီဒယ်လာမက်ဒွန်နီနာလို့ ဒေသခံတွေ အသိများကြပြီး ကမ္ဘာအနှံ့မှာတော့ မီလန်ဒါဘီလို့ လူသိများကြတဲ့ အင်တာမီလန်နဲ့ အေစီမီလန်တို့ ကစားခဲ့ကြတဲ့ပွဲမှာ အိမ်ရှင်တွေရဲ့ တိုက်ပွဲဝင်စိတ်နဲ့ နောက်ကနေလိုက်ပြီး အနိုင်ယူခဲ့တဲ့ Come Back ပွဲတစ်ပွဲကို မြင်တွေ့ခဲ့ရပါတယ်။

အင်တာနည်းပြ ကွန်တီကတော့ လော်တာရို မာတီနက်ဇ် ပွဲပယ်ခံထားခဲ့ရလို့ လူကာကူနဲ့ အလက်ဆစ် ဆန်းချက်ဇ်တို့ကို တိုက်စစ်မှာ တွဲဖက်ပေးခဲ့ပြီး အေစီမီလန်ကတော့ အီဘရာဟီမိုဗစ်ချ်နဲ့ ရီဘစ်ချ်တို့ကို ရှေ့တင်ပြီး နောက်ကနေ ချယ်လ်ဟာနိုးလူးက ထောက်ပံ့ပေးသွားတဲ့ ပုံစံနဲ့ ပြန်လည်ရင်ဆိုင်လာခဲ့ပါတယ်။

ဒါဘီဆိုပေမယ့်လည်း ဒီကွင်းတစ်ကွင်းကိုပဲ ပရိသတ်အနည်းအများ လက်မှတ်ခွဲတမ်းသာ ကွာဟတဲ့အတွက် အေစီမီလန်တို့အတွက်တော့ ထူးခြားမှုမရှိခဲ့ဘဲ အင်တာဘက်ကို ဖိကစားခဲ့သလို နောက်ခံလူတွေဖြစ်ကြတဲ့ ဂိုဒင်၊ ရှကရီညာနဲ့ ဒီဘရိုင်းတို့ဟာ အီဘရာမိုဗစ်ချ်ရဲ့ ကြံ့ခိုင်မှုနဲ့ တိုးအားကို မယှဉ်နိုင်ခဲ့ဘဲ ဖရိုဖရဲဖြစ်နေခဲ့သလို ဂိုးသမား ဟန်ဒါနိုဗစ်ချ်ရဲ့ ကျဆင်းလာမှုတွေကလည်း အေစီမီလန်တို့အတွက် အခွင့်ကောင်းဖြစ်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ စတင်ဦးဆောင်နိုင်ခဲ့တာကတော့ ရော့ဆိုနီရီလို့ ခေါ်တဲ့ အနီအနက်ကြား အေစီတို့ဖြစ်ပြီး မိနစ် ၄၀ မှာ အီဘရာဟီမိုဗစ်ချ် ခေါင်းတိုက်ချပေးတာကို ရီဘစ်ချ်က ပိတ်သွင်းခဲ့သလို ၄၅ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ အီဘရာဟီမိုဗစ်ချ်က ကိုယ်တိုင်ခေါင်းတိုက်သွားခဲ့ပါတယ်။

ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်နေလို့ နီရာဇူရီတွေကို အထင်သေးခဲ့ကြပေမယ့် ဒုတိယပိုင်းရဲ့ ရုန်းအားအတွက် နည်းပြ ကွန်တီကို ချီးကျူးရမှာလည်းဖြစ်ပြီး ပွဲချိန် ၅၁ မိနစ်မှာ အသင်းခေါင်းဆောင် ဘရိုဇိုဗစ်ချ်နဲ့ ၅၃ မိနစ်မှာ ဗက်ချီနိုတို့က သုံးမိနစ်အတွင်း နှစ်ဂိုးသွင်းယူပြီး ချေပနိုင်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာ ကန်ဒရီးဗားရဲ့ ထောင့်ကန်ဘောကနေ အင်တာနောက်ခံလူ ဒီဘရိုင်းက အနိုင်ဂိုးသွင်းယူသွားခဲ့သလို ဆန်းချက်ဇ်အစား လူစားဝင်ကစားတဲ့ အဲရစ်ဆင်ရဲ့ ဖရီးကစ်ကလည်း တိုင်ထိထွက်သွားခဲ့လို့သာ အေစီတို့ ချေပဂိုးရဖို့အတွက် ပြန်လည်တိုက်စစ်ဆင်နိုင်ခဲ့ကြတာပါ။

ဒါပေမယ့် ဒီနေ့ရဲ့ ကံလိုက်မှုကတော့ အေစီမီလန်ဘက်ကို မဟုတ်ဘဲ အိမ်ရှင်အင်တာတို့ဘက်က ဖြစ်ခဲ့ပြီး ပွဲချိန် ၉၃ မိနစ်မှာတော့ လူစားဝင်ကစားသမား ဗစ်တာ မိုးဆက်စ် အလိုက်သင့်မ,ပေးတဲ့ ဘောလုံးကို လူကာကူးက ပွဲသိမ်းအနိုင်ဂိုးအဖြစ် ခေါင်းတိုက်သွင်းယူခဲ့အပြီးမှာတော့ ကွန်တီနဲ့ အဖွဲ့သားတွေ လေးဂိုး-နှစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြတဲ့ Fighting Spirit အပြည့်နဲ့ ပြီးပြည့်စုံတဲ့ Complete Come Back ဒါဘီပွဲအကြောင်း ရေးသားလိုက်ရပါတယ်။

By KIZARNO
PHOTOS CREDIT TO OWNERS
SPORTS A2Z.