Premier League Serie A

ေႏြရာသီမွာ ကူလီေဘလီကို လက္ဦးမွဳ ရယူသြားႏုိင္တဲ့ မန္ခ်က္စတာယူႏုိက္တက္

လာမယ့္ရာသီမွာ နာပိုလီေနာက္ခံလူ ခါလီဒူး ကူလီေဘလီရဲ႕ စာခ်ဳပ္ထဲက ေပါင္ ၁၂၇ သန္းတန္ စာခ်ဳပ္ဖ်က္သိမ္းေၾကး သေဘာတူညီမွဳဟာ စတင္အသက္ဝင္ဖို႔ ရွိေနၿပီး ဒါကို မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ လက္ဦးမွဳ ရယူၿပီး ေခၚယူသြားဖို႔ ရွိေနတယ္လို႔ သတင္းေတြ ထြက္လာခဲ့ပါတယ္။

နာပိုလီရဲ႕ အဓိကေနာက္ခံလူတစ္ဦးျဖစ္တဲ့ ဆီနီေဂါသားႀကီးကို မန္ယူတုိ႔ဘက္က သေဘာက်ေနတာ ၾကာခဲ့ၿပီျဖစ္ၿပီး ေျပာင္းေရႊ႕ေၾကးအတြက္ သေဘာတူညီမွဳ အဆင္မေျပခဲ့လုိ႔ မေခၚယူႏုိင္ခဲ့တာလည္းျဖစ္ၿပီး ဇြန္လကုန္မွာေတာ့ စာခ်ဳပ္ဖ်က္သိမ္းေၾကးကို တစ္နည္းတစ္လမ္းနဲ႔ အသုံးခ်ႏုိင္ဖြယ္ ရွိေနပါတယ္။

ေဘာလုံးေပးပုိ႔မွဳေတြ ေကာင္းမြန္တဲ့ အသက္ ၂၈ ႏွစ္အရြယ္ ဗဟိုေနာက္ခံလူဟာ အသင္းပုိင္ရွင္ ေအာ္ရယ္လီယို ဒီေလာ္ရန္တစ္နဲ႔ ဆက္ဆံေရးအဆင္မေျပတဲ့သူေတြထဲက တစ္ဦးလည္းျဖစ္ၿပီး ပုိင္ရွင္အေနနဲ႔ တစ္သင္းလုံးက ကစားသမားေတြကို ေျမလွန္ပစ္ဖို႔လည္း ႀကိမ္းဝါးထားရာမွာ ႀကဳိက္ေဈးရရင္ေတာ့ ေရာင္းခ်ဖို႔လည္း ရွိေနခဲ့ပါတယ္။

၂၀၁၄ ခုႏွစ္မွာ ဘယ္လ္ဂ်ီယံကလပ္ ဂ်န္႔ခ္အသင္းကေန ေျပာင္းေရႊ႕လာခဲ့တဲ့ ကူလီေဘလီဟာ နာပုိလီအသင္းအတြက္ ပြဲေပါင္း ၂၀၀ ေက်ာ္ ကစားေပးထားခဲ့သူလည္းျဖစ္ၿပီး အဂၤလိပ္၊ အီတာလ်ံနဲ႔ ျပင္သစ္စကားေတြကို က်င္လည္စြာ ေျပာဆုိႏုိင္သူလည္းျဖစ္လို႔ သူ႕အေနနဲ႔ ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႕မယ္ဆုိရင္လည္း ခက္ခဲမွဳနည္းပါးႏုိင္မွာပါ။

လစာေငြျမင့္ျမင့္မားမားေပးအပ္ၿပီး စည္း႐ုံးႏုိင္မယ့္ ဒီဆီနီေဂါသားကို ေခၚယူျဖစ္မယ္ဆုိရင္ မန္ခ်က္စတာယူႏုိက္တက္ေနာက္တန္းဟာ ကမာၻ႕ေဈးအႀကီးဆုံးခံစစ္လည္းျဖစ္လာႏုိင္ၿပီး ဟာရီ မက္ဂြဳိင္းယားနဲ႔ ကူလီေဘလီတုိ႔ရဲ႕ အတြဲအဖက္ကေတာ့ ပရိသတ္ေတြအတြက္ စိတ္လွဳပ္ရွားစရာလည္းျဖစ္ေနႏုိင္ၿပီး သူ႕ကို ဂႏၴဝင္နည္းျပႀကီး ဖာဂူဆန္ကပါ ပါဝင္စည္း႐ုံးဖို႔ ရွိေနေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: လာမယ့်ရာသီမှာ နာပိုလီနောက်ခံလူ ခါလီဒူး ကူလီဘေလီရဲ့ စာချုပ်ထဲက ပေါင် ၁၂၇ သန်းတန် စာချုပ်ဖျက်သိမ်းကြေး သဘောတူညီမှုဟာ စတင်အသက်ဝင်ဖို့ ရှိနေပြီး ဒါကို မန်ချက်စတာယူနိုက်တက်အနေနဲ့ လက်ဦးမှု ရယူပြီး ခေါ်ယူသွားဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။

နာပိုလီရဲ့ အဓိကနောက်ခံလူတစ်ဦးဖြစ်တဲ့ ဆီနီဂေါသားကြီးကို မန်ယူတို့ဘက်က သဘောကျနေတာ ကြာခဲ့ပြီဖြစ်ပြီး ပြောင်းရွှေ့ကြေးအတွက် သဘောတူညီမှု အဆင်မပြေခဲ့လို့ မခေါ်ယူနိုင်ခဲ့တာလည်းဖြစ်ပြီး ဇွန်လကုန်မှာတော့ စာချုပ်ဖျက်သိမ်းကြေးကို တစ်နည်းတစ်လမ်းနဲ့ အသုံးချနိုင်ဖွယ် ရှိနေပါတယ်။

ဘောလုံးပေးပို့မှုတွေ ကောင်းမွန်တဲ့ အသက် ၂၈ နှစ်အရွယ် ဗဟိုနောက်ခံလူဟာ အသင်းပိုင်ရှင် အော်ရယ်လီယို ဒီလော်ရန်တစ်နဲ့ ဆက်ဆံရေးအဆင်မပြေတဲ့သူတွေထဲက တစ်ဦးလည်းဖြစ်ပြီး ပိုင်ရှင်အနေနဲ့ တစ်သင်းလုံးက ကစားသမားတွေကို မြေလှန်ပစ်ဖို့လည်း ကြိမ်းဝါးထားရာမှာ ကြိုက်ဈေးရရင်တော့ ရောင်းချဖို့လည်း ရှိနေခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာ ဘယ်လ်ဂျီယံကလပ် ဂျန့်ခ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ကူလီဘေလီဟာ နာပိုလီအသင်းအတွက် ပွဲပေါင်း ၂၀၀ ကျော် ကစားပေးထားခဲ့သူလည်းဖြစ်ပြီး အင်္ဂလိပ်၊ အီတာလျံနဲ့ ပြင်သစ်စကားတွေကို ကျင်လည်စွာ ပြောဆိုနိုင်သူလည်းဖြစ်လို့ သူ့အနေနဲ့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့မယ်ဆိုရင်လည်း ခက်ခဲမှုနည်းပါးနိုင်မှာပါ။

လစာငွေမြင့်မြင့်မားမားပေးအပ်ပြီး စည်းရုံးနိုင်မယ့် ဒီဆီနီဂေါသားကို ခေါ်ယူဖြစ်မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်နောက်တန်းဟာ ကမ္ဘာ့ဈေးအကြီးဆုံးခံစစ်လည်းဖြစ်လာနိုင်ပြီး ဟာရီ မက်ဂွိုင်းယားနဲ့ ကူလီဘေလီတို့ရဲ့ အတွဲအဖက်ကတော့ ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာလည်းဖြစ်နေနိုင်ပြီး သူ့ကို ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ကပါ ပါဝင်စည်းရုံးဖို့ ရှိနေကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.