Analysis La Liga

မတူညီတဲ့ကစားကွက် ၃ ခု၊ ကစားသမား ၈ ဦး၊ သွင်းဂိုး ၁ ဂိုးနဲ့ အဖြေရှာမတွေ့သေးတဲ့ ကိုးမန်း

ဘာစီလိုနာအသင်းရဲ့ ထိပ်တန်းအသင်းကြီးတွေနဲ့ အိပ်မက်ဆိုးဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ရီးရဲလ်မက်ဒရစ်ကို အယ်လ်ကလက်စီကိုပွဲစဉ်မှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဆက်လက်မြင်မက်နေခဲ့ရပြီဖြစ်ပါတယ်။

ယခုရာသီမှာ ခက်ခဲတဲ့ပြိုင်ဘက်တွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်၊ ဘင်ဖီကာ၊ အက်သလက်တီကို မက်ဒရစ်၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ ရင်ဆိုင်ခဲ့ရပြီးဖြစ်တဲ့ ဘာစီလိုနာဟာ ၁ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပြီး အဲဒီသွင်းဂိုးကလည်း အယ်လ်ကလက်စီကိုပွဲစဉ်မှာ ပြန်လည်ပါဝင်လာတဲ့ ဆာဂျီယို အဂူရိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

တိုက်စစ်မှာ ခြိမ်းခြောက်နိုင်စွမ်း ကင်းမဲ့နေခဲ့တာကို တနင်္ဂနွေနေ့ပွဲစဉ်ကို ကြည့်ရှုခဲ့တဲ့သူတွေအားလုံး ရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရပြီး ဆာဂျီနို ဒက်စ်တ်၊ ပီကေးနဲ့ ဖာတီတို့ရဲ့.ဂိုးကံခေခဲ့ပေမယ့်လည်း ဘာစီလိုနာဟာ ဂိုးရှေ့မှာ အန္တရာယ်အရမ်းကြီးတဲ့ပုံ ဘယ်တုန်းကမှ မပေါ်ခဲ့တာဖြစ်ပါတယ်။

“ဘောလုံးမှာ ခင်ဗျားအနေနဲ့ ဧရိယာတွေကို ထိန်းချုပ်ထားနိုင်ရမယ်”လို့ ရီးရဲလ်မက်ဒရစ်နဲ့ပွဲအပြီးမှာ ဘတ်စ်ကွက်က ပြောကြားခဲ့ပေမယ့် ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်အထိ အသင်းကြီးတွေနဲ့ ယှဉ်ပြိုင်ကစားတဲ့အခါကျရင် အဲဒီအတိုင်း လိုက်လုပ်ဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။

ရော်နယ် ကိုးမန်းဟာ ၎င်းရဲ့ တိုက်စစ်မှာ အခြားရွေးချယ်စရာတွေကို ရှာဖွေနေခဲ့ပြီး ယခုရာသီ ဒဏ်ရာပြဿနာတွေက ရှိနေဆဲဖြစ်တာကိုတော့ ငြင်းပယ်လို့မရဘဲ အဂူရိုဟာ ရာသီရဲ့အချိန်အများစုကို လွဲချော်ခဲ့သလို ဒမ်ဘီလီကလည်း အခုအချိန်အထိ တစ်မိနစ်လေးတောင် ကစားပေးနိုင်ခြင်း မရှိသေးတာဖြစ်ပါတယ်။

တခြားကစားသမားတွေလည်း မပါဝင်နိုင်တာက ကိုးမန်းကို ကော်တင်ညို၊ ဂါဗီ၊ ဒက်စ်တ်တို့လို ကစားသမားတွေကို မဖြစ်မနေ စမ်းသပ်ရမယ့် အခြေအနေဆိုက်စေခဲ့ပေမယ့် လက်ရှိအချိန်အထိတော့ အဖြေရှာမတွေ့သေးတာဖြစ်ပါတယ်။

ဘိုင်ယန်၊ ဘင်ဖီကာနဲ့ပွဲစဉ်က ၃-၅-၂ ကစားကွက်

ဘိုင်ယန်မြူးနစ်၊ ဘင်ဖီကာတို့နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ အသုံးပြုခဲ့တဲ့ ကစားသမားကွက်ဟာ တိုက်စစ်အင်အားနည်းနေမှုကို တုံ့ပြန်ဖို့အတွက် ကွင်းလယ်နဲ့ ခံစစ်မှာ အင်အားဖြည့်ပေးတဲ့ ပုံစံဖြစ်ပါတယ်။ ၂ ပွဲစလုံးမှာ မန်းဖစ် ဒီပိုင်း၊ ဒီ ယောင်တို့ ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခဲ့ပြီး ယူဆွတ်ဖ် ဒီမီယာနဲ့ ကော်တင်ညိုတို့က ဘိုင်ယန်နဲ့ပွဲမှာ ဒုတိယပိုင်း လူစားဝင်ကစားပေးခဲ့ပါတယ်။ ဘင်ဖီကာနဲ့ပွဲမှာ အန်ဆူ ဖာတီနဲ့ ကော်တင်ညိုတို့ဟာ တိုက်စစ်ကို ပိုမိုတောင့်တင်းစေဖို့ ကစားခဲ့ကြပေမယ့် ၂ ပွဲစလုံးမှာ ဒီကစားကွက်က အလုပ်မဖြစ်ခဲ့ဘဲ ကိုးမန်းရဲ့အသင်းဟာ မိနစ် ၁၈၀ စလုံးမှာ တစ်ဂိုးတောင် မသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

အက်သလက်တီကိုနဲ့ပွဲစဉ်က ၄-၂-၃-၁ ကစားကွက်

ချန်ပီယံလိဂ် ရှုံးပွဲအပြီးမှာ ကိုးမန်းဟာ အက်သလက်တီကို မက်ဒရစ်နဲ့ပွဲမှာတော့ ကစားကွက်ကို ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ပြီး မန်းဖစ် ဒီပိုင်းကို တိုက်စစ်ပိုင်းကို တစ်ဦးတည်း ဦးဆောင်စေတဲ့ ၄-၂-၃-၁ ကစားကွက်ကို အသုံးပြုခဲ့ပါတယ်။ ဒတ်ချ်တိုက်စစ်မှူးရဲ့နောက်မှာ ဒီ ယောင်၊ ကော်တင်ညိုနဲ့ ဂါဗီတို့ ရှိနေပြီး နောက်ပိုင်းမှာ အန်ဆူ ဖာတီ ဝင်ကစားခဲ့ပြီးနောက် ဂါဗီက ညာတောင်ပံ ရောက်သွားတာကြောင့် ကစားကွက်က ၄-၃-၃ ပုံစံ ပြောင်းသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ထပ်တစ်ကြိမ် ကိုးမန်းရဲ့အသင်းဟာ ဂိုးမသွင်းနိုင်ခဲ့ဘဲ ထိပ်တန်းအသင်းတွေနဲ့ ဆက်လက်ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်က ၄-၃-၃ ကစားကွက်

အယ်လ်ကလက်စီကိုပွဲစဉ်မှာတော့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက ပက် ဂွါဒီယိုလာရဲ့ဘာစီလိုနာအသင်း တော်လှန်ခဲ့တဲ့ ရှေးရိုးအစဉ်အလာမပျက် ၄-၃-၃ ကစားကွက်ထဲကို ကစားကွက်သစ် သွတ်သွင်းခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ကိုးမန်းရဲ့ ရီးရဲလ်နဲ့့ပွဲစဉ်က ၄-၃-၃ နဲ့ အက်သလက်တီကို မက်ဒရစ်နဲ့ပွဲစဉ်က ၄-၃-၃ ကြားမှာ ကွာခြားချက်တစ်ခုရှိခဲ့ပြီး မန်းဖစ် ဒီပိုင်းနဲ့ ဖာတီတို့ ၂ ဦးစလုံးက အခြား တိုက်စစ် ၂ နေရာကို ဖြည့်ကစားချိန်မှာ ဒက်စ်တ်ကို ညာတောင်ပံမှာ စကစားစေခဲ့တာဖြစ်ပါတယ်။

ဒက်စ်တ်ဟာ မန်းဖစ်ဆီကနေ ကောင်းမွန်တဲ့ ပြေးထွက်မှု အပြီးမှာ ပထမပိုင်းအတွင်း အဖွင့်ဂိုးရရှိဖို့ အလွန်ကောင်းမွန်တဲ့ အခွင့်အရေးရခဲ့ပေမယ့် အမေရိကန်လက်ရွေးစင်ကစားသမားဟာ ဂိုးဘားတန်းပေါ် ကျော်သွားခဲ့ပြီး ဘာစီလိုနာကစားသမားတွေကတော့ နဖူးရိုက်ပြီး ငုတ်တုတ်မေ့ခဲ့ရပါတယ်။ ဒီပွဲစဉ်မှာ အဂူရိုနဲ့ ဒီ ယောင်တို့ ပါဝင်ခဲ့ပြီး အာဂျင်တီးနားတိုက်စစ်မှူးဟာ အသင်းအတွက် ၂ ပွဲမြောက်ပွဲစဉ်ကို ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ ကိုးမန်းအတွက် ကံကောင်းထောက်မစွာနဲ့ အဂူရိုက ဂိုးသွင်းယူနိုင်ခဲ့ပြီး ဘာစီလိုနာမှာ ဂိုးပေါက်ခြိမ်းခြောက်နိုင်စွမ်း ရှိသေးတယ်ဆိုတဲ့ မျှော်လင့်ချက်ရောင်နီလေးသမ်းစေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာအနေနဲ့ ဆက်လုပ်စရာအများကြီး ရှိနေသေးပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘာစီလိုနာအသင္းရဲ့ ထိပ္တန္းအသင္းႀကီးေတြနဲ႔ အိပ္မက္ဆိုးဟာ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ရီးရဲလ္မက္ဒရစ္ကို အယ္လ္ကလက္စီကိုပြဲစဥ္မွာ ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဆက္လက္ျမင္မက္ေနခဲ့ရၿပီျဖစ္ပါတယ္။

ယခုရာသီမွာ ခက္ခဲတဲ့ၿပိဳင္ဘက္ေတြျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္၊ ဘင္ဖီကာ၊ အက္သလက္တီကို မက္ဒရစ္၊ ရီးရဲလ္မက္ဒရစ္တို႔နဲ႔ ရင္ဆိုင္ခဲ့ရၿပီးျဖစ္တဲ့ ဘာစီလိုနာဟာ ၁ ဂိုးသာ သြင္းယူထားနိုင္ခဲ့ၿပီး အဲဒီသြင္းဂိုးကလည္း အယ္လ္ကလက္စီကိုပြဲစဥ္မွာ ျပန္လည္ပါဝင္လာတဲ့ ဆာဂ်ီယို အဂူရိုက သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

တိုက္စစ္မွာ ၿခိမ္းေျခာက္နိုင္စြမ္း ကင္းမဲ့ေနခဲ့တာကို တနဂၤေႏြေန႔ပြဲစဥ္ကို ၾကည့္ရႈခဲ့တဲ့သူေတြအားလုံး ရွင္းရွင္းလင္းလင္းျမင္ေတြ႕ခဲ့ရၿပီး ဆာဂ်ီနို ဒက္စ္တ္၊ ပီေကးနဲ႔ ဖာတီတို႔ရဲ့.ဂိုးကံေခခဲ့ေပမယ့္လည္း ဘာစီလိုနာဟာ ဂိုးေရွ႕မွာ အႏၲရာယ္အရမ္းႀကီးတဲ့ပုံ ဘယ္တုန္းကမွ မေပၚခဲ့တာျဖစ္ပါတယ္။

“ေဘာလုံးမွာ ခင္ဗ်ားအေနနဲ႔ ဧရိယာေတြကို ထိန္းခ်ဳပ္ထားနိုင္ရမယ္”လို႔ ရီးရဲလ္မက္ဒရစ္နဲ႔ပြဲအၿပီးမွာ ဘတ္စ္ကြက္က ေျပာၾကားခဲ့ေပမယ့္ ဘာစီလိုနာအသင္းဟာ လက္ရွိအခ်ိန္အထိ အသင္းႀကီးေတြနဲ႔ ယွဥ္ၿပိဳင္ကစားတဲ့အခါက်ရင္ အဲဒီအတိုင္း လိုက္လုပ္ဖို႔ ႐ုန္းကန္ေနခဲ့ရတာျဖစ္ပါတယ္။

ေရာ္နယ္ ကိုးမန္းဟာ ၎ရဲ့ တိုက္စစ္မွာ အျခားေရြးခ်ယ္စရာေတြကို ရွာေဖြေနခဲ့ၿပီး ယခုရာသီ ဒဏ္ရာျပႆနာေတြက ရွိေနဆဲျဖစ္တာကိုေတာ့ ျငင္းပယ္လို႔မရဘဲ အဂူရိုဟာ ရာသီရဲ့အခ်ိန္အမ်ားစုကို လြဲေခ်ာ္ခဲ့သလို ဒမ္ဘီလီကလည္း အခုအခ်ိန္အထိ တစ္မိနစ္ေလးေတာင္ ကစားေပးနိုင္ျခင္း မရွိေသးတာျဖစ္ပါတယ္။

တျခားကစားသမားေတြလည္း မပါဝင္နိုင္တာက ကိုးမန္းကို ေကာ္တင္ညိဳ၊ ဂါဗီ၊ ဒက္စ္တ္တို႔လို ကစားသမားေတြကို မျဖစ္မေန စမ္းသပ္ရမယ့္ အေျခအေနဆိုက္ေစခဲ့ေပမယ့္ လက္ရွိအခ်ိန္အထိေတာ့ အေျဖရွာမေတြ႕ေသးတာျဖစ္ပါတယ္။

ဘိုင္ယန္၊ ဘင္ဖီကာနဲ႔ပြဲစဥ္က ၃-၅-၂ ကစားကြက္

ဘိုင္ယန္ျမဴးနစ္၊ ဘင္ဖီကာတို႔နဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ အသုံးျပဳခဲ့တဲ့ ကစားသမားကြက္ဟာ တိုက္စစ္အင္အားနည္းေနမႈကို တုံ႔ျပန္ဖို႔အတြက္ ကြင္းလယ္နဲ႔ ခံစစ္မွာ အင္အားျဖည့္ေပးတဲ့ ပုံစံျဖစ္ပါတယ္။ ၂ ပြဲစလုံးမွာ မန္းဖစ္ ဒီပိုင္း၊ ဒီ ေယာင္တို႔ ပြဲထြက္ကစားသမားစာရင္းမွာ ပါဝင္ခဲ့ၿပီး ယူဆြတ္ဖ္ ဒီမီယာနဲ႔ ေကာ္တင္ညိဳတို႔က ဘိုင္ယန္နဲ႔ပြဲမွာ ဒုတိယပိုင္း လူစားဝင္ကစားေပးခဲ့ပါတယ္။ ဘင္ဖီကာနဲ႔ပြဲမွာ အန္ဆူ ဖာတီနဲ႔ ေကာ္တင္ညိဳတို႔ဟာ တိုက္စစ္ကို ပိုမိုေတာင့္တင္းေစဖို႔ ကစားခဲ့ၾကေပမယ့္ ၂ ပြဲစလုံးမွာ ဒီကစားကြက္က အလုပ္မျဖစ္ခဲ့ဘဲ ကိုးမန္းရဲ့အသင္းဟာ မိနစ္ ၁၈၀ စလုံးမွာ တစ္ဂိုးေတာင္ မသြင္းနိုင္ခဲ့တာျဖစ္ပါတယ္။

အက္သလက္တီကိုနဲ႔ပြဲစဥ္က ၄-၂-၃-၁ ကစားကြက္

ခ်န္ပီယံလိဂ္ ရႈံးပြဲအၿပီးမွာ ကိုးမန္းဟာ အက္သလက္တီကို မက္ဒရစ္နဲ႔ပြဲမွာေတာ့ ကစားကြက္ကို ေျပာင္းလဲဖို႔ ဆုံးျဖတ္ခဲ့ၿပီး မန္းဖစ္ ဒီပိုင္းကို တိုက္စစ္ပိုင္းကို တစ္ဦးတည္း ဦးေဆာင္ေစတဲ့ ၄-၂-၃-၁ ကစားကြက္ကို အသုံးျပဳခဲ့ပါတယ္။ ဒတ္ခ်္တိုက္စစ္မႉးရဲ့ေနာက္မွာ ဒီ ေယာင္၊ ေကာ္တင္ညိဳနဲ႔ ဂါဗီတို႔ ရွိေနၿပီး ေနာက္ပိုင္းမွာ အန္ဆူ ဖာတီ ဝင္ကစားခဲ့ၿပီးေနာက္ ဂါဗီက ညာေတာင္ပံ ေရာက္သြားတာေၾကာင့္ ကစားကြက္က ၄-၃-၃ ပုံစံ ေျပာင္းသြားခဲ့ပါတယ္။ ဒါေပမယ့္လည္း ေနာက္ထပ္တစ္ႀကိမ္ ကိုးမန္းရဲ့အသင္းဟာ ဂိုးမသြင္းနိုင္ခဲ့ဘဲ ထိပ္တန္းအသင္းေတြနဲ႔ ဆက္လက္႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္နဲ႔ပြဲစဥ္က ၄-၃-၃ ကစားကြက္

အယ္လ္ကလက္စီကိုပြဲစဥ္မွာေတာ့ လြန္ခဲ့တဲ့ ၁၀ ႏွစ္ေလာက္တုန္းက ပက္ ဂြါဒီယိုလာရဲ့ဘာစီလိုနာအသင္း ေတာ္လွန္ခဲ့တဲ့ ေရွးရိုးအစဥ္အလာမပ်က္ ၄-၃-၃ ကစားကြက္ထဲကို ကစားကြက္သစ္ သြတ္သြင္းခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ကိုးမန္းရဲ့ ရီးရဲလ္နဲ႔့ပြဲစဥ္က ၄-၃-၃ နဲ႔ အက္သလက္တီကို မက္ဒရစ္နဲ႔ပြဲစဥ္က ၄-၃-၃ ၾကားမွာ ကြာျခားခ်က္တစ္ခုရွိခဲ့ၿပီး မန္းဖစ္ ဒီပိုင္းနဲ႔ ဖာတီတို႔ ၂ ဦးစလုံးက အျခား တိုက္စစ္ ၂ ေနရာကို ျဖည့္ကစားခ်ိန္မွာ ဒက္စ္တ္ကို ညာေတာင္ပံမွာ စကစားေစခဲ့တာျဖစ္ပါတယ္။

ဒက္စ္တ္ဟာ မန္းဖစ္ဆီကေန ေကာင္းမြန္တဲ့ ေျပးထြက္မႈ အၿပီးမွာ ပထမပိုင္းအတြင္း အဖြင့္ဂိုးရရွိဖို႔ အလြန္ေကာင္းမြန္တဲ့ အခြင့္အေရးရခဲ့ေပမယ့္ အေမရိကန္လက္ေရြးစင္ကစားသမားဟာ ဂိုးဘားတန္းေပၚ ေက်ာ္သြားခဲ့ၿပီး ဘာစီလိုနာကစားသမားေတြကေတာ့ နဖူးရိုက္ၿပီး ငုတ္တုတ္ေမ့ခဲ့ရပါတယ္။ ဒီပြဲစဥ္မွာ အဂူရိုနဲ႔ ဒီ ေယာင္တို႔ ပါဝင္ခဲ့ၿပီး အာဂ်င္တီးနားတိုက္စစ္မႉးဟာ အသင္းအတြက္ ၂ ပြဲေျမာက္ပြဲစဥ္ကို ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။ ကိုးမန္းအတြက္ ကံေကာင္းေထာက္မစြာနဲ႔ အဂူရိုက ဂိုးသြင္းယူနိုင္ခဲ့ၿပီး ဘာစီလိုနာမွာ ဂိုးေပါက္ၿခိမ္းေျခာက္နိုင္စြမ္း ရွိေသးတယ္ဆိုတဲ့ ေမၽွာ္လင့္ခ်က္ေရာင္နီေလးသမ္းေစခဲ့ပါတယ္။ ဒါေပမယ့္လည္း ဘာစီလိုနာအေနနဲ႔ ဆက္လုပ္စရာအမ်ားႀကီး ရွိေနေသးပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.