La Liga Premier League

ရိုက်စ်ကို စျေးပေါပေါနဲ့မရဘူးလို့ သတိပေးခံခဲ့ရလို့ ကြယ်ပွင့်ဟောင်းကို ခေါ်ဖို့ ပိုနီးစပ်လာတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အင်္ဂလန်ကွင်းလယ်ကစားသမား ဒီကလန် ရိုက်စ်ကို အနည်းဆုံးပေါင်သန်း ၁၀၀ ကျော်မှ မရရင် ရောင်းထုတ်သွားမှာမဟုတ်ဘူးလို့ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ် မွိုက်စ်က ပြောကြားခဲ့ပါတယ်။

ယခုရာသီမှာ ကောင်းမွန်တဲ့ခြေစွမ်း ဆက်လက်ပြသနေတဲ့ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီတလျှောက်လုံး အရှေ့လန်ဒန်ကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ အခိုင်အမာထွက်ပေါ်ခဲ့သူဖြစ်ပြီး နောက်ဆုံးမှာတော့ အသင်းမှာပဲ ဆက်လက်ရှိနေခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဒီကလန် ရိုက်စ်ကို ကာလရှည် နှစ်သက်နေခဲ့တဲ့အသင်းဖြစ်ပေမယ့်လည်း ၎င်းတို့ရဲ့အကယ်ဒမီကနေ ထွက်ခွာခွင့်ပေးခဲ့တဲ့ ကစားသမားတစ်ဦးအတွက် ကြီးမားတဲ့ပမာဏပေးပြီး ပြန်လည်ခေါ်ယူဖို့တော့ တွန့်ဆုတ်နေလိမ့်မယ်လို့ ယူဆချက်တွေ ရှိနေခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ဝက်စ်ဟမ်းအသင်းကနေ ဒီကလန် ရိုက်စ်ကို ခေါ်ယူချင်တယ်ဆိုရင် စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ လိုအပ်မှာဖြစ်ပြီး ဒေးဗစ် မိုရက်စ်က ပြီးခဲ့တဲ့နွေရာသီတုန်းက ပေါင်သန်း ၁၀၀ လောက်နဲ့ ခေါ်ယူလို့ ရခဲ့ပေမယ့် လက်ရှိမှာတော့ စျေးတက်သွားခဲ့ပြီလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ရိုက်စ်ကို ခေါ်ယူမယ့် အသင်းတွေ ပေါ်လာမှာကို စိုးရိမ်လားလို့ မေးမြန်းခဲ့ရာမှာ ဒေးဗစ် မွိုက်စ်က “ဟင့်အင်း။ ကျွန်တော် စိတ်မပူပါဘူး။ ဘာလို့လဲဆိုတော့ ဒီကလန် ရိုက်စ်ကို ပေါင်သန်း ၁၀၀ နဲ့ စျေးသက်သက်သာသာနဲ့ရနိုင်ခဲ့ပြီး အခု အဲဒီစျေးသက်သက်သာသာနဲ့ ရောင်းမယ့်အစီအစဉ်က မရှိတော့ပါဘူး”

“အဲဒီတော့ ဒီအသင်းမှာ ကျွန်တော်တို့ အရမ်းကောင်းတဲ့ကစားသမားအများကြီးရှိနေပါတယ်။ ခင်ဗျား တည်ဆောက်ပြီး တိုးတက်အောင်လုပ်နေချိန်မှာ လူတွေက အမြဲတမ်းလာပြီး ခင်ဗျား ကစားသမားတွေကို ကြည့်ကြမယ် ထင်ပါတယ်။ ဒါပေမယ့် အဲဒါက ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါတွေက သူတို့တွေ ကောင်းကောင်းလုပ်နေတယ်ဆိုတာ ကျွန်တော်တို့ကို ပြောနေတာမို့လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ကြယ်ပွင့်ကစားသမားဟောင်းဖြစ်တဲ့ အီဒင် ဟာဇက်ကို ပြန်လည်ခေါ်ယူဖို့လည်း စောင့်ကြည့်နေတယ်လို့ El Nacional က ဖော်ပြခဲ့ပြီး ယခုရာသီကုန်မှာ ဘာနေဗျူးကို စွန့်ခွာမယ်လို့ မျှော်မှန်းခြင်းခံထားရတဲ့ ဘယ်လ်ဂျီယမ်ကြယ်ပွင့်အတွက် ရီးရဲလ်မက်ဒရစ်နဲ့ ဆွေးနွေးနေတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက ၎င်းတို့ရဲ့ တောင်ပံကစားသမားအတွက် ငွေကြေးရရှိလိုနေတာဖြစ်ပြီး ချဲလ်ဆီးအသင်း ယူရို သန်း ၅၀ ပေးချေသွားဖို့ ဆန္ဒရှိနေပေမယ့်လည်း လာလီဂါထိပ်သီးအသင်းကြီးက အဲဒီထက်ပိုမိုမြင့်မားတဲ့ တန်ဖိုး ရရှိလိုနေတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ပေါင်သန်း ၁၀၀ ကျော် သုံးစွဲနိုင်မှ ခေါ်ယူနိုင်မယ့် ဒီကလန် ရိုက်စ်အစား စတမ်းဖို့ဒ် ဘရစ်ချ်မှာ အောင်မြင်တဲ့ကာလတွေကို ပိုင်ဆိုင်ခဲ့ဖူးတဲ့ ကြယ်ပွင့်ကစားသမားအတွက် ပေါင်သန်း ၅၀ ဝန်းကျင် သုံးစွဲပြီး ခေါ်ယူသွားဖို့က ပိုမိုလက်တွေ့ဆန်တယ်လို့ ယူဆခြင်း ခံနေရပြီး အီဒင် ဟာဇက်ဟာ ၂၀၁၉ ခုနှစ်မှာ ယူရို ၁၁၅ သန်းနဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ပြီးကတည်းက ပရီးမီးယားလိဂ်မှာတုန်း ခြေစွမ်းအတိုင်း ပြန်လည်ပြသဖို့အတွက် ရုန်းကန်နေခဲ့ရသူဖြစ်ပါတယ်။ ဘယ်လ်ဂျီယမ်ကြယ်ပွင့်တောင်ပံကစားသမားဟာ ဒဏ်ရာပြဿနာတွေကြောင့် အရင်တုန်းကလို ခြေစွမ်းတည်ငြိမ်မှုမျိုး ပြန်လည်ရရှိခဲ့ခြင်းမရှိသူဖြစ်ပြီး လာလီဂါက အခြေအနေကြောင့် လက်ရွေးစင်အသင်းနဲ့ပါ အကျိုးသက်ရောက်မှုတွေ ရှိခဲ့သူဖြစ်ပါတယ်။

ဘယ်လ်ဂျီယမ်အသင်းဟာ ဟာဇက်ကို တိုက်စစ် အဓိကဆုံချက်အဖြစ် အားထားလို့ မရတာကြောင့် ကီဗင် ဒီဘရိုင်းနားနဲ့ လူကာကူးတို့အပေါ်မှာသာ အားထားနေခဲ့ရတာဖြစ်ပြီး ရလဒ်အနေနဲ့ ရီးရဲလ်မက်ဒရစ်ဟာ လာမယ့်နွေရာသီမှာ ဟာဇက်ကို ရောင်းထုတ်သွားဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ ဒါကြောင့် ချဲလ်ဆီးအသင်းဟာ ကြယ်ပွင့်ကစားသမားနဲ့ ပြန်လည်ဆုံစည်းနိုင်ဖို့ အခွင့်အရေး ရှိနေတာဖြစ်ပြီး ဟာဇက်ရဲ့ ကစားသမားဘဝကို စတမ်းဖို့ဒ် ဘရစ်ချ်မှာ ပြန်လည်အသက်သွင်းဖို့ အခွင့်အရေးပေးသွားဖွယ် ရှိနေတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ လက်ရှိ တိုက်စစ်မှာ အရည်အသွေးမြင့် ကစားသမားတွေရှိနေပေမယ့်လည်း နည်းပြ သောမတ်စ် တူဟယ်အနေနဲ့ ရော့စ် ဘာကလေ၊ ဟာကင်း ဇီယက်ရှ်တို့လို ကစားသမားတွေက ပထမအသင်းအတွက် အကျိုးသက်ရောက်မှု ပြသခဲတာကြောင့် တိုက်စစ်အင်အားဖြည့်တင်းတာကို အမြဲတမ်း ကြိုဆိုနေမှာဖြစ်ပါတယ်။ ဟာဇက် ပြန်လည်ရောက်ရှိလာမှုက အပြောင်းအရွှေ့ကောင်း ဖြစ်လာဖွယ်ရှိနေပြီး ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ တိုက်စစ် ညာတောင်ပံမှာ ခိုင် ဟားဗတ်ဇ်၊ တီမို ဗာနာတို့ ၂ ဦးစလုံးရဲ့ နေရာအတွက် စစ်မှန်တဲ့ နောက်ထပ်ရွေးချယ်စရာဖြစ်လာမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းက ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ အဂၤလန္ကြင္းလယ္ကစားသမား ဒီကလန္ ရိုက္စ္ကို အနည္းဆုံးေပါင္သန္း ၁၀၀ ေက်ာ္မွ မရရင္ ေရာင္းထုတ္သြားမွာမဟုတ္ဘူးလို႔ ဝက္စ္ဟမ္းနည္းၿပ ေဒးဗစ္ မြိဳက္စ္က ေျပာၾကားခဲ့ပါတယ္။

ယခုရာသီမွာ ေကာင္းမြန္တဲ့ေျခစြမ္း ဆက္လက္ျပသေနတဲ့ အဂၤလန္လက္ေရြးစင္ကြင္းလယ္ကစားသမားဟာ ၿပီးခဲ့တဲ့ေႏြရာသီတေလၽွာက္လုံး အေရွ႕လန္ဒန္ကေန ထြက္ခြာေတာ့မယ္လို႔ သတင္းေတြ အခိုင္အမာထြက္ေပၚခဲ့သူျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ အသင္းမွာပဲ ဆက္လက္ရွိေနခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ဒီကလန္ ရိုက္စ္ကို ကာလရွည္ ႏွစ္သက္ေနခဲ့တဲ့အသင္းျဖစ္ေပမယ့္လည္း ၎တို႔ရဲ့အကယ္ဒမီကေန ထြက္ခြာခြင့္ေပးခဲ့တဲ့ ကစားသမားတစ္ဦးအတြက္ ႀကီးမားတဲ့ပမာဏေပးၿပီး ျပန္လည္ေခၚယူဖို႔ေတာ့ တြန႔္ဆုတ္ေနလိမ့္မယ္လို႔ ယူဆခ်က္ေတြ ရွိေနခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဝက္စ္ဟမ္းအသင္းကေန ဒီကလန္ ရိုက္စ္ကို ေခၚယူခ်င္တယ္ဆိုရင္ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူဖို႔ လိုအပ္မွာျဖစ္ၿပီး ေဒးဗစ္ မြိဳက္စ္က ၿပီးခဲ့တဲ့ေႏြရာသီတုန္းက ေပါင္သန္း ၁၀၀ ေလာက္နဲ႔ ေခၚယူလို႔ ရခဲ့ေပမယ့္ လက္ရွိမွာေတာ့ ေစ်းတက္သြားခဲ့ၿပီလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ရိုက္စ္ကို ေခၚယူမယ့္ အသင္းေတြ ေပၚလာမွာကို စိုးရိမ္လားလို႔ ေမးျမန္းခဲ့ရာမွာ ေဒးဗစ္ မိုရက္စ္က “ဟင့္အင္း။ ကၽြန္ေတာ္ စိတ္မပူပါဘူး။ ဘာလို႔လဲဆိုေတာ့ ဒီကလန္ ရိုက္စ္ကို ေပါင္သန္း ၁၀၀ နဲ႔ ေစ်းသက္သက္သာသာနဲ႔ရနိုင္ခဲ့ၿပီး အခု အဲဒီေစ်းသက္သက္သာသာနဲ႔ ေရာင္းမယ့္အစီအစဥ္က မရွိေတာ့ပါဘူး”

“အဲဒီေတာ့ ဒီအသင္းမွာ ကၽြန္ေတာ္တို႔ အရမ္းေကာင္းတဲ့ကစားသမားအမ်ားႀကီးရွိေနပါတယ္။ ခင္ဗ်ား တည္ေဆာက္ၿပီး တိုးတက္ေအာင္လုပ္ေနခ်ိန္မွာ လူေတြက အျမဲတမ္းလာၿပီး ခင္ဗ်ား ကစားသမားေတြကို ၾကည့္ၾကမယ္ ထင္ပါတယ္။ ဒါေပမယ့္ အဲဒါက ေကာင္းပါတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒါေတြက သူတို႔ေတြ ေကာင္းေကာင္းလုပ္ေနတယ္ဆိုတာ ကၽြန္ေတာ္တို႔ကို ေျပာေနတာမို႔လို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ၾကယ္ပြင့္ကစားသမားေဟာင္းျဖစ္တဲ့ အီဒင္ ဟာဇက္ကို ျပန္လည္ေခၚယူဖို႔လည္း ေစာင့္ၾကည့္ေနတယ္လို႔ El Nacional က ေဖာ္ျပခဲ့ၿပီး ယခုရာသီကုန္မွာ ဘာေနဗ်ဴးကို စြန႔္ခြာမယ္လို႔ ေမၽွာ္မွန္းျခင္းခံထားရတဲ့ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္အတြက္ ရီးရဲလ္မက္ဒရစ္နဲ႔ ေဆြးေႏြးေနတာျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းက ၎တို႔ရဲ့ ေတာင္ပံကစားသမားအတြက္ ေငြေၾကးရရွိလိုေနတာျဖစ္ၿပီး ခ်ဲလ္ဆီးအသင္း ယူရို သန္း ၅၀ ေပးေခ်သြားဖို႔ ဆႏၵရွိေနေပမယ့္လည္း လာလီဂါထိပ္သီးအသင္းႀကီးက အဲဒီထက္ပိုမိုျမင့္မားတဲ့ တန္ဖိုး ရရွိလိုေနတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေပါင္သန္း ၁၀၀ ေက်ာ္ သုံးစြဲနိုင္မွ ေခၚယူနိုင္မယ့္ ဒီကလန္ ရိုက္စ္အစား စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ေအာင္ျမင္တဲ့ကာလေတြကို ပိုင္ဆိုင္ခဲ့ဖူးတဲ့ ၾကယ္ပြင့္ကစားသမားအတြက္ ေပါင္သန္း ၅၀ ဝန္းက်င္ သုံးစြဲၿပီး ေခၚယူသြားဖို႔က ပိုမိုလက္ေတြ႕ဆန္တယ္လို႔ ယူဆျခင္း ခံေနရၿပီး အီဒင္ ဟာဇက္ဟာ ၂၀၁၉ ခုႏွစ္မွာ ယူရို ၁၁၅ သန္းနဲ႔ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေရႊ႕ခဲ့ၿပီးကတည္းက ပရီးမီးယားလိဂ္မွာတုန္း ေျခစြမ္းအတိုင္း ျပန္လည္ျပသဖို႔အတြက္ ႐ုန္းကန္ေနခဲ့ရသူျဖစ္ပါတယ္။ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ေတာင္ပံကစားသမားဟာ ဒဏ္ရာျပႆနာေတြေၾကာင့္ အရင္တုန္းကလို ေျခစြမ္းတည္ၿငိမ္မႈမ်ိဳး ျပန္လည္ရရွိခဲ့ျခင္းမရွိသူျဖစ္ၿပီး လာလီဂါက အေျခအေနေၾကာင့္ လက္ေရြးစင္အသင္းနဲ႔ပါ အက်ိဳးသက္ေရာက္မႈေတြ ရွိခဲ့သူျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယမ္အသင္းဟာ ဟာဇက္ကို တိုက္စစ္ အဓိကဆုံခ်က္အျဖစ္ အားထားလို႔ မရတာေၾကာင့္ ကီဗင္ ဒီဘရိုင္းနားနဲ႔ လူကာကူးတို႔အေပၚမွာသာ အားထားေနခဲ့ရတာျဖစ္ၿပီး ရလဒ္အေနနဲ႔ ရီးရဲလ္မက္ဒရစ္ဟာ လာမယ့္ေႏြရာသီမွာ ဟာဇက္ကို ေရာင္းထုတ္သြားဖို႔ ျပင္ဆင္ေနၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ ခ်ဲလ္ဆီးအသင္းဟာ ၾကယ္ပြင့္ကစားသမားနဲ႔ ျပန္လည္ဆုံစည္းနိုင္ဖို႔ အခြင့္အေရး ရွိေနတာျဖစ္ၿပီး ဟာဇက္ရဲ့ ကစားသမားဘဝကို စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ျပန္လည္အသက္သြင္းဖို႔ အခြင့္အေရးေပးသြားဖြယ္ ရွိေနတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းရဲ့ လက္ရွိ တိုက္စစ္မွာ အရည္အေသြးျမင့္ ကစားသမားေတြရွိေနေပမယ့္လည္း နည္းၿပ ေသာမတ္စ္ တူဟယ္အေနနဲ႔ ေရာ့စ္ ဘာကေလ၊ ဟာကင္း ဇီယက္ရွ္တို႔လို ကစားသမားေတြက ပထမအသင္းအတြက္ အက်ိဳးသက္ေရာက္မႈ ျပသခဲတာေၾကာင့္ တိုက္စစ္အင္အားျဖည့္တင္းတာကို အျမဲတမ္း ႀကိဳဆိုေနမွာျဖစ္ပါတယ္။ ဟာဇက္ ျပန္လည္ေရာက္ရွိလာမႈက အေျပာင္းအေရႊ႕ေကာင္း ျဖစ္လာဖြယ္ရွိေနၿပီး ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ တိုက္စစ္ ညာေတာင္ပံမွာ ခိုင္ ဟားဗတ္ဇ္၊ တီမို ဗာနာတို႔ ၂ ဦးစလုံးရဲ့ ေနရာအတြက္ စစ္မွန္တဲ့ ေနာက္ထပ္ေရြးခ်ယ္စရာျဖစ္လာမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.