Premier League

ရောဘတ်ဆန်နဲ့ ဒေါသတကြီး ရင်ဆိုင်နေရာကနေ ဗန်ဒိုက် ရောက်လာလို့ နောက်ဆုတ်ခဲ့ရတဲ့ ရော်နယ်လ်ဒို

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုအနေနဲ့ တနင်္ဂနွေနေ့ညနေက လီဗာပူးလ်အသင်းကို ၅-၀ နဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ အရှက်ရဖွယ်ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ် ဒုတိယပိုင်းအထိ ကွင်းထဲမှာ ဆက်ရှိနေသေးတာက တော်တော်လေး ကံကောင်းခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်။

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးဟာ ပထမပိုင်း မပြီးဆုံးခင်မှာပဲ ၃-၀ နဲ့ အသင်းက ရှုံးနိမ့်နေခဲ့တာကို စိတ်ပျက်နေတာကြောင့် လဲကျနေတဲ့ ကာတစ် ဂျုံးစ်ရဲ့ ခြေထောက်နားမှာရှိနေတဲ့ ဘောလုံးကို ရည်ရွယ်ချက်ရှိရှိနဲ့ပိတ်ကန်ပြီး အားကစားသမားမပီသတဲ့ အပြုအမူကို ပြသခဲ့တာဖြစ်ပါတယ်။

ဂျုံးစ်ရဲ့အသင်းဖော်တွေက ချက်ချင်းပဲ ရော်နယ်လ်ဒိုကို ထိပ်တိုက်ရင်ဆိုင်ခဲ့ကြပြီး ရောဘတ်ဆန်က ရော်နယ်လ်ဒိုကို ၎င်းရဲ့အပြုအမူဟာ လက်မခံနိုင်စရာဖြစ်တယ်လို့ ပထမဆုံး ဝင်ပြောခဲ့တာဖြစ်ပါတယ်။

ပြီးတဲ့နောက်မှာ လီဗာပူးလ် လူကောင်အကြီးဆုံးဖြစ်တဲ့ ဗန်ဒိုက်က ဒေါသတကြီးနဲ့ ရောက်လာပြီး အသင်းဖော်တွေနဲ့ အချင်းများနေတဲ့ ရော်နယ်လ်ဒိုရဲ့ ရင်ဘတ်ကို တွန်းထုတ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ရော်နယ်လ်ဒိုဟာ ရောဘတ်ဆန်နဲ့တုန်းကတော့ ရောဘတ်ဆန်နဲ့ ထိပ်တိုက်တွေ့နေရာကနေ ဒတ်ချ် နောက်ခံကစားသမားရောက်လာတဲ့အချိန်မှာ ဆက်မပြောတော့ဘဲ နောက်ပြန်လှည့်သွားခဲ့တာက ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိလို့လားဆိုတာတော့ မသေချာပါဘူး။

အဲဒီအချိန်မှာပဲ ရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းဖော်ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ်က ရန်ပွဲထဲကို ဝင်ရောက်လာခဲ့ပြီး ရော်နယ်လ်ဒိုကို ဒေါသတကြီး ပြောဆိုနေတဲ့ ဗန်ဒိုက်ကို တွန်းထုတ်ဖို့ ကြိုးပမ်းခဲ့ပြီးနောက် အီဘရာဟီမာ ကိုနာတေက ပေါ်တူဂီကွင်းလယ်ကစားသမားကို ပြန်တွန်းထုတ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

တော်တော်များများက ရော်နယ်လ်ဒိုအနေနဲ့ ကာတစ် ဂျုံးစ်ကို ပြုလုပ်ခဲ့တဲ့ အားကစားသမားမပီသတဲ့ အပြုအမူကြောင့် အနီကတ်ပြသခံရဖို့ ထိုက်တန်ခဲ့တယ်လို့ ယုံကြည်ခဲ့ကြပေမယ့် ဒိုင်လူကြီး အန်သိုနီ တေလာက ပေါ်တူဂီကြယ်ပွင့်ရဲ့ ပြစ်ဒဏ်ကျူးလွန်မှုအတွက် အဝါကတ်ပြား ပြသရင် လုံလောက်တယ်လို့ ခံစားခဲ့ရတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုလို အတွေ့အကြုံရှိတဲ့ ကစားသမားဆီကနေ ပရိသတ်တွေအနေနဲ့ ပိုမိုကောင်းမွန်တဲ့အရာတွေကို မျှော်လင့်ခဲ့မှာဖြစ်ပေမယ့် မမျှော်လင့်ထားတဲ့အရာတွေကိုသာ ရရှိခဲ့ပြီး တစ်ဖက်မှာလည်း ရှုံးနိမ့်မှုကို မုန်းတီးပြီး အနိုင်ရရှိသူအဖြစ် မွေးဖွားလာတဲ့ ပေါ်တူဂီကြယ်ပွင့်အတွက်တော့ ဒီရှုံးနိမ့်မှုက ကျန်တဲ့သူတွေအားလုံးထက် ပိုမိုနာကျင်ခဲ့တာကြောင့် မပြုလုပ်သင့်တဲ့အရာတွေကို ပြုလုပ်မိခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္တိုက္စစ္မႉး ခရစၥတီယာနို ေရာ္နယ္လ္ဒိုအေနနဲ႔ တနဂၤေႏြေန႔ညေနက လီဗာပူးလ္အသင္းကို ၅-၀ နဲ႔ အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ အရွက္ရဖြယ္ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္ ဒုတိယပိုင္းအထိ ကြင္းထဲမွာ ဆက္ရွိေနေသးတာက ေတာ္ေတာ္ေလး ကံေကာင္းခဲ့တယ္လို႔ ေျပာရမွာျဖစ္ပါတယ္။

ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉးဟာ ပထမပိုင္း မၿပီးဆုံးခင္မွာပဲ ၃-၀ နဲ႔ အသင္းက ရႈံးနိမ့္ေနခဲ့တာကို စိတ္ပ်က္ေနတာေၾကာင့္ လဲက်ေနတဲ့ ကာတစ္ ဂ်ဳံးစ္ရဲ့ ေျခေထာက္နားမွာရွိေနတဲ့ ေဘာလုံးကို ရည္ရြယ္ခ်က္ရွိရွိနဲ႔ပိတ္ကန္ၿပီး အားကစားသမားမပီသတဲ့ အျပဳအမူကို ျပသခဲ့တာျဖစ္ပါတယ္။

ဂ်ဳံးစ္ရဲ့အသင္းေဖာ္ေတြက ခ်က္ခ်င္းပဲ ေရာ္နယ္လ္ဒိုကို ထိပ္တိုက္ရင္ဆိုင္ခဲ့ၾကၿပီး ေရာဘတ္ဆန္က ေရာ္နယ္လ္ဒိုကို ၎ရဲ့အျပဳအမူဟာ လက္မခံနိုင္စရာျဖစ္တယ္လို႔ ပထမဆုံး ဝင္ေျပာခဲ့တာျဖစ္ပါတယ္။

ၿပီးတဲ့ေနာက္မွာ လီဗာပူးလ္ လူေကာင္အႀကီးဆုံးျဖစ္တဲ့ ဗန္ဒိုက္က ေဒါသတႀကီးနဲ႔ ေရာက္လာၿပီး အသင္းေဖာ္ေတြနဲ႔ အခ်င္းမ်ားေနတဲ့ ေရာ္နယ္လ္ဒိုရဲ့ ရင္ဘတ္ကို တြန္းထုတ္ခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ေရာ္နယ္လ္ဒိုဟာ ေရာဘတ္ဆန္နဲ႔တုန္းကေတာ့ ေရာဘတ္ဆန္နဲ႔ ထိပ္တိုက္ေတြ႕ေနရာကေန ဒတ္ခ်္ ေနာက္ခံကစားသမားေရာက္လာတဲ့အခ်ိန္မွာ ဆက္မေျပာေတာ့ဘဲ ေနာက္ျပန္လွည့္သြားခဲ့တာက ကိုယ့္ကိုကိုယ္ ယုံၾကည္မႈမရွိလို႔လားဆိုတာေတာ့ မေသခ်ာပါဘူး။

အဲဒီအခ်ိန္မွာပဲ ေရာ္နယ္လ္ဒိုရဲ့ ေပၚတူဂီလက္ေရြးစင္အသင္းေဖာ္ျဖစ္တဲ့ ဘ႐ူနို ဖာနန္ဒက္စ္က ရန္ပြဲထဲကို ဝင္ေရာက္လာခဲ့ၿပီး ေရာ္နယ္လ္ဒိုကို ေဒါသတႀကီး ေျပာဆိုေနတဲ့ ဗန္ဒိုက္ကို တြန္းထုတ္ဖို႔ ႀကိဳးပမ္းခဲ့ၿပီးေနာက္ အီဘရာဟီမာ ကိုနာေတက ေပၚတူဂီကြင္းလယ္ကစားသမားကို ျပန္တြန္းထုတ္ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။

ေတာ္ေတာ္မ်ားမ်ားက ေရာ္နယ္လ္ဒိုအေနနဲ႔ ကာတစ္ ဂ်ဳံးစ္ကို ျပဳလုပ္ခဲ့တဲ့ အားကစားသမားမပီသတဲ့ အျပဳအမူေၾကာင့္ အနီကတ္ျပသခံရဖို႔ ထိုက္တန္ခဲ့တယ္လို႔ ယုံၾကည္ခဲ့ၾကေပမယ့္ ဒိုင္လူႀကီး အန္သိုနီ ေတလာက ေပၚတူဂီၾကယ္ပြင့္ရဲ့ ျပစ္ဒဏ္က်ဴးလြန္မႈအတြက္ အဝါကတ္ျပား ျပသရင္ လုံေလာက္တယ္လို႔ ခံစားခဲ့ရတာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုလို အေတြ႕အၾကဳံရွိတဲ့ ကစားသမားဆီကေန ပရိသတ္ေတြအေနနဲ႔ ပိုမိုေကာင္းမြန္တဲ့အရာေတြကို ေမၽွာ္လင့္ခဲ့မွာျဖစ္ေပမယ့္ မေမၽွာ္လင့္ထားတဲ့အရာေတြကိုသာ ရရွိခဲ့ၿပီး တစ္ဖက္မွာလည္း ရႈံးနိမ့္မႈကို မုန္းတီးၿပီး အနိုင္ရရွိသူအျဖစ္ ေမြးဖြားလာတဲ့ ေပၚတူဂီၾကယ္ပြင့္အတြက္ေတာ့ ဒီရႈံးနိမ့္မႈက က်န္တဲ့သူေတြအားလုံးထက္ ပိုမိုနာက်င္ခဲ့တာေၾကာင့္ မျပဳလုပ္သင့္တဲ့အရာေတြကို ျပဳလုပ္မိခဲ့တာ ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.