Match Report Premier League

ဆိုးလ်ရှားကို အသင်းမှာဆက်နေစေချင်နေတဲ့ ပြိုင်ဘက်အသင်း ပရိသတ်များ

မန်ချက်စတာယူနိုက်တက်နည်းပြ အိုလေ ဂန်နာ ဆိုးလ်ရှားဟာ လီဗာပူးလ်ကို ၅-၀ နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်မှာ ဖိအားတွေ ကြီးထွားလာနေချိန်မှာ မြို့ခံပြိုင်ဘက်တွေဆီကနေ မမျှော်လင့်ထားတဲ့ ထောက်ခံမှုအချို့ ရရှိလာခဲ့ပါတယ်။

မန်ချက်စတာဒါဘီပွဲစဉ် ယှဉ်ပြိုင်ကစားဖို့ ၂ ပတ်တောင် မလိုတော့တဲ့အချိန်မှာ မန်ချက်စတာစီးတီးအသင်း ပရိသတ်တွေက စိုးရိမ်နေကြတာဖြစ်ပြီး ဘာကို စိုးရိမ်နေတာလဲဆိုတော့ နိုဝင်ဘာ ၇ ရက်နေ့မှာ ကစားရမယ့် မန်ချက်စတာဒါဘီမှာ မန်ချက်စတာယူနိုက်တက်ကို နော်ဝေလူမျိုး နည်းပြ တာဝန်ယူမကိုင်တွယ်နိုင်တော့မှာကို ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးပရိသတ်တွေက ၎င်းတို့ရဲ့ ခါးသီးပြိုင်ဘက်တွေအနေနဲ့ ဖရိုဖရဲဖြစ်နေတဲ့လူစာရင်းကို အမြင့်မားဆုံး စွမ်းဆောင်ရည်ရရှိအောင် တိုးမြှင့်ပေးနိုင်တဲ့ နည်းပြ ခန့်အပ်သွားမှာကို စိုးရိမ်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အမြဲတမ်း မန်စီးတီးရဲ့ အမုန်းတီးဆုံးပြိုင်ဘက်ဖြစ်ခဲ့တာဖြစ်ပေမယ့် မြို့ခံ ၂ သင်းကြားက စိန်ခေါ်မှုဟာ တခါတရံမှာ အရေးမပါလုနီးပါး ဖြစ်လာခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ၂၀၁၃ ခုနှစ်တုန်းက နောက်ဆုံး ပရီးမီးယားလိဂ်ဖလား အပြင်းအထန် စိန်ခေါ်မှုဖြစ်ခဲ့စဉ် နေ့ရက်တွေမှာ ယူနိုက်တက်ဟာ လီဗာပူးလ်၊ ချဲလ်ဆီးတို့လို အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး မန်စီးတီးပရိသတ်တွေက မြို့ခံပြိုင်ဘက်အသင်းကို ယေဘုယျအားဖြင့် အနိုင်ရရှိစေချင်ခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ယာဂန် ကလော့ပ်ရဲ့အသင်းကို အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ရုပ်သံထုတ်လွှင့်မှုဟာ အိုးထရက်ဖို့ဒ််ကွင်းအထက်ကနေ ကင်မရာကို ကွင်းအပြင်ကို ဆွဲထုတ်ရိုက်ကူးခဲ့ပြီး ပထမပိုင်းမှာ အိမ်ကွင်းပရိသတ်တွေ တဖွဲဖွဲ အိမ်ပြန်နေကြတဲ့မြင်ကွင်းကို ပြသခဲ့တာစြဖ်ပါတယ်။ အဲဒီအခြေအနေဟာ ပိုဆိုးရွားလာမှာကို စိုးရိမ်မှုတွေ ရှိနေပြီး အရှက်ရဖွယ် ရှုံးပွဲကြောင့် ယူနိုက်တက်ဘုတ်အဖွဲ့အနေနဲ့ မဖြစ်မနေ လုပ်ဆောင်စရာရှိတာတွေ လုပ်ဆောင်သွားရတော့မှာဖြစ်ပါတယ်။

“ကျွန်တော်တို့ နောက်ဆုံးလိုအပ်တဲ့အရာက စပါးအသင်းက ယူနိုက်တက်ကို အနိုင်ယူခဲ့ရင် ယူနိုက်တက်နည်းပြသစ်ဖြစ်ပြီး ဂလေဇာအနေနဲ့ အိုလေကို ဒါဘီပွဲစဉ်မတိုင်မီ ထုတ်လိုက်ပါ”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး “သူတို့ကို ဒီလောက်ထိ စိတ်ပျက်လက်ပျက်ပုံစံနဲ့ ပြင်ရတာ စိတ်ကျေနပ်သလောက် နည်းပြနေရာမှာ ကွန်တီ ရောက်လာမှာကို ကျွန်တော် တကယ်ကို လုံးဝ မလိုချင်ပါဘူး”လို့ နောက်ထပ် လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။

ဆိုးလ်ရှားအနေနဲ့ လက်ရှိအချိန်မှာတော့ ၎င်းရဲ့ရှေ့က နည်းပြခဲ့တဲ့ မော်ရင်ညို၊ ဗန် ဟားလ်၊ ဒေးဗစ် မွိုက်စ်တို့ရဲ့လမ်းစဉ်အတိုင်း လိုက်ရမယ့်အခြေအနေမှာ ရှိနေပုံရပြီး အသင်းဘုတ်အဖွဲ့ထဲက အချို့ကတော့ အိုလေကို ထောက်ခံနေကြဆဲဖြစ်ပေမယ့် အများစုကတော့ အသင်းရဲ့အနာဂတ်ကို စဉ်းစားနေကြပြီဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီတွေမှာ တဖြည်းဖြည်းနဲ့ မှန်ကန်တဲ့ဦးတည်ရာကို ရွေ့လျားလာနိုင်ခဲ့ပေမယ့်လည်း ဆိုးလ်ရှားက ဘယ်တုန်းကမှ ပြိုင်ဘက်အသင်းတွေရဲ့ အလေးအနက်ထားစရာမဖြစ်ခဲ့တာဖြစ်ပါတယ်။

တကယ်လို့သာ ဆိုးလ်ရှားကို အသင်းမှာ ၃ နှစ်ပြည့်မြောက်တဲ့အထိ ဆက်ထားထားမယ်ဆိုရင် မန်ချက်စတာယူနိုက်တက်အနေနဲ့ ယခုရာသီမှာလည်း နောက်ထပ်ဖလားတစ်လုံးမှမရဘဲ အဆုံးသတ်ရမှာဖြစ်ပြီး ယခုရာသီ ပရီးမီးယားလိဂ်ဖလားစိန်ခေါ်မှုကလည်း ပြီးဆုံးသွားမှာဖြစ်ပါတယ်။ အကျိုးသက်ရောက်မှုရှိရှိ ဖိအားမပေးနိုင်တဲ့ တိုက်စစ်၊ နေရာလွတ်တွေ အများကြီး ချန်ထားခဲ့တဲ့ ကွင်းလယ်၊ အလွယ်တကူ နေရာယူပုံ ပျက်သွားအောင် လုပ်လို့ရတဲ့ ခံစစ် စတာတွေဟာ လာမယ့် ၁၃ ရက်အတွင်း မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာအတွက် အခွင့်ကောင်းယူစရာ အားနည်းချက်တွေ ဖြစ်လာတော့မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆိုးလ်ရှားဟာ ဂွါဒီယိုလာနဲ့ ရင်ဆိုင်ခဲ့တဲ့ နည်းပြတွေထဲမှာ ပိုမိုအောင်မြင်တဲ့ နည်းပြတွေထဲက တစ်ဦးဖြစ်နေပြီး ဂွါဒီယိုလာရဲ့ နည်းပြဘဝတလျှောက်လုံးမှာ ၂ ကြိမ်ထက် ပိုမိုတွေ့ဆုံပြီး ရှုံးပွဲထက် နိုင်ပွဲပိုမိုရရှိထားတဲ့ တစ်ဦးတည်းသော နည်းပြဖြစ်နေတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ဂွါဒီယိုလာနဲ့ ၈ ကြိမ်တွေ့ဆုံခဲ့ရာမှာ ၄ ပွဲနိုင်(အီတီဟတ်မှာ ၃ ပွဲကစား ၃ ပွဲနိုင်)နဲ့ ၁ ပွဲသရေရလဒ် ရယူထားနိုင်ခဲ့တာဖြစ်ပြီး နိုင်ပွဲတိုင်းမှာ ဆိုးလ်ရှားရဲ့အသင်းက ခံစစ်အထိုင်ချပြီး ဖိအားတွေကို လျှော့ချရင်း မန်စီးတီးကို ရက်ရှ်ဖို့ဒ်၊ ဒန်နီရယ် ဂျိမ်းစ်တို့လို ကစားသမားတွေရဲ့ မြန်နှုန်းတွေ အသုံးပြုပြီး လျှပ်တပြက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

၂၀၂၁-၂၀၂၂ ရာသီအစတုန်းက ပြိုင်ဘက်အသင်းပရိသတ်တွေအနေနဲ့ ယူနိုက်တက် လူစာရင်းမှာ ဆန်ချို၊ ဗာရိန်းနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ ထပ်မံရောက်ရှိလာတာကြောင့် အမြင့်ကို တက်လှမ်းနိုင်ဖို့ အရည်အသွေးရှိလာပြီဆိုပြီး ကြောက်ရွံ့မှုတွေ ရှိခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဗာရိန်းဟာ ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ခြင်းမရှိသလို ဆန်ချိုကလည်း လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ကို အရန်ခုံကနေသာ ကြည့်ရှုခဲ့ရပြီး အချို့က ဒေါ့မွန်ကြယ်ပွင့်ဟောင်းဟာ မန်ချက်စတာမှာ ရှုပ်ထွေးတဲ့ ၁၅ လကို ဖြတ်သန်းခဲ့ရတဲ့ ဗန်ဒီဘိခ်အတိုင်းပဲ စတေးခံနေရပြီလို့ ပြောဆိုမှုတွေ ရှိနေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းမှာ တစ်ဦးချင်း နိုင်ပွဲရယူပေးနိုင်သူတွေ အပြည့်ရှိနေသေးပြီး ဒါဘီနိုင်ပွဲဟာ သာမန်နိုင်ပွဲနဲ့ မတူညီတဲ့ အောင်ပွဲတစ်ခုဖြစ်ပေမယ့် ဆိုးလ်ရှားလို နည်းပြလက်အောက်က လူစာရင်းအနေနဲ့ ဂွါဒီယိုလာ၊ ကလော့ပ်၊ တူဟယ်တို့လို နည်းပြမျိုးတွေနဲ့ ယှဉ်ပြိုင်ဖို့က ပိုလို့တောင် စိုးရိမ်စရာ ဖြစ်လာတော့မှာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးကို ရှုံးနိမ့်ခဲ့မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်ဟာ အမှတ်ပေးဇယားဝက်နေရာလောက်ကို ကျဆင်းသွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက အိုးထရက်ဖို့ဒ်ကို လာရောက်ယှဉ်ပြိုင်ခဲ့တဲ့အချိန်တုန်းက မန်စီးတီးပရိသတ်တွေက ဆိုးလ်ရှားကို ‘ငါတို့ မင်းကို ဆက်နေစေချင်တယ်’လို့ သီဆိုခဲ့ကြဖူးပြီး နောက်ထပ်တစ်ကြိမ် အဲဒီတုန်းကအတိုင်း ထပ်မံသီဆိုနိုင်ဖို့ မျှော်လင့်နေကြမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္နည္းၿပ အိုေလ ဂန္နာ ဆိုးလ္ရွားဟာ လီဗာပူးလ္ကို ၅-၀ နဲ႔ အရွက္တကြဲ ရႈံးနိမ့္ခဲ့ၿပီးေနာက္ အိုးထရက္ဖို႔ဒ္မွာ ဖိအားေတြ ႀကီးထြားလာေနခ်ိန္မွာ ၿမိဳ႕ခံၿပိဳင္ဘက္ေတြဆီကေန မေမၽွာ္လင့္ထားတဲ့ ေထာက္ခံမႈအခ်ိဳ႕ ရရွိလာခဲ့ပါတယ္။

မန္ခ်က္စတာဒါဘီပြဲစဥ္ ယွဥ္ၿပိဳင္ကစားဖို႔ ၂ ပတ္ေတာင္ မလိုေတာ့တဲ့အခ်ိန္မွာ မန္ခ်က္စတာစီးတီးအသင္း ပရိသတ္ေတြက စိုးရိမ္ေနၾကတာျဖစ္ၿပီး ဘာကို စိုးရိမ္ေနတာလဲဆိုေတာ့ နိုဝင္ဘာ ၇ ရက္ေန႔မွာ ကစားရမယ့္ မန္ခ်က္စတာဒါဘီမွာ မန္ခ်က္စတာယူနိုက္တက္ကို ေနာ္ေဝလူမ်ိဳး နည္းၿပ တာဝန္ယူမကိုင္တြယ္နိုင္ေတာ့မွာကို ျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးပရိသတ္ေတြက ၎တို႔ရဲ့ ခါးသီးၿပိဳင္ဘက္ေတြအေနနဲ႔ ဖရိုဖရဲျဖစ္ေနတဲ့လူစာရင္းကို အျမင့္မားဆုံး စြမ္းေဆာင္ရည္ရရွိေအာင္ တိုးျမႇင့္ေပးနိုင္တဲ့ နည္းၿပ ခန႔္အပ္သြားမွာကို စိုးရိမ္ေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ဟာ အျမဲတမ္း မန္စီးတီးရဲ့ အမုန္းတီးဆုံးၿပိဳင္ဘက္ျဖစ္ခဲ့တာျဖစ္ေပမယ့္ ၿမိဳ႕ခံ ၂ သင္းၾကားက စိန္ေခၚမႈဟာ တခါတရံမွာ အေရးမပါလုနီးပါး ျဖစ္လာခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ ၂၀၁၃ ခုႏွစ္တုန္းက ေနာက္ဆုံး ပရီးမီးယားလိဂ္ဖလား အျပင္းအထန္ စိန္ေခၚမႈျဖစ္ခဲ့စဥ္ ေန႔ရက္ေတြမွာ ယူနိုက္တက္ဟာ လီဗာပူးလ္၊ ခ်ဲလ္ဆီးတို႔လို အသင္းေတြနဲ႔ ရင္ဆိုင္ခဲ့ရၿပီး မန္စီးတီးပရိသတ္ေတြက ၿမိဳ႕ခံၿပိဳင္ဘက္အသင္းကို ေယဘုယ်အားျဖင့္ အနိုင္ရရွိေစခ်င္ခဲ့ၾကတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ယာဂန္ ကေလာ့ပ္ရဲ့အသင္းကို အရွက္တကြဲ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ ႐ုပ္သံထုတ္လႊင့္မႈဟာ အိုးထရက္ဖို႔ဒ္္ကြင္းအထက္ကေန ကင္မရာကို ကြင္းအျပင္ကို ဆြဲထုတ္ရိုက္ကူးခဲ့ၿပီး ပထမပိုင္းမွာ အိမ္ကြင္းပရိသတ္ေတြ တဖြဲဖြဲ အိမ္ျပန္ေနၾကတဲ့ျမင္ကြင္းကို ျပသခဲ့တာျစဖ္ပါတယ္။ အဲဒီအေျခအေနဟာ ပိုဆိုးရြားလာမွာကို စိုးရိမ္မႈေတြ ရွိေနၿပီး အရွက္ရဖြယ္ ရႈံးပြဲေၾကာင့္ ယူနိုက္တက္ဘုတ္အဖြဲ႕အေနနဲ႔ မျဖစ္မေန လုပ္ေဆာင္စရာရွိတာေတြ လုပ္ေဆာင္သြားရေတာ့မွာျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔ ေနာက္ဆုံးလိုအပ္တဲ့အရာက စပါးအသင္းက ယူနိုက္တက္ကို အနိုင္ယူခဲ့ရင္ ယူနိုက္တက္နည္းျပသစ္ျဖစ္ၿပီး ဂေလဇာအေနနဲ႔ အိုေလကို ဒါဘီပြဲစဥ္မတိုင္မီ ထုတ္လိုက္ပါ”လို႔ ပရိသတ္တစ္ဦးက ေရးသားခဲ့ၿပီး “သူတို႔ကို ဒီေလာက္ထိ စိတ္ပ်က္လက္ပ်က္ပုံစံနဲ႔ ျပင္ရတာ စိတ္ေက်နပ္သေလာက္ နည္းျပေနရာမွာ ကြန္တီ ေရာက္လာမွာကို ကၽြန္ေတာ္ တကယ္ကို လုံးဝ မလိုခ်င္ပါဘူး”လို႔ ေနာက္ထပ္ လူမႈကြန္ရက္အသုံးျပဳသူတစ္ဦးက မွတ္ခ်က္ေပးခဲ့ပါတယ္။

ဆိုးလ္ရွားအေနနဲ႔ လက္ရွိအခ်ိန္မွာေတာ့ ၎ရဲ့ေရွ႕က နည္းျပခဲ့တဲ့ ေမာ္ရင္ညိဳ၊ ဗန္ ဟားလ္၊ ေဒးဗစ္ မြိဳက္စ္တို႔ရဲ့လမ္းစဥ္အတိုင္း လိုက္ရမယ့္အေျခအေနမွာ ရွိေနပုံရၿပီး အသင္းဘုတ္အဖြဲ႕ထဲက အခ်ိဳ႕ကေတာ့ အိုေလကို ေထာက္ခံေနၾကဆဲျဖစ္ေပမယ့္ အမ်ားစုကေတာ့ အသင္းရဲ့အနာဂတ္ကို စဥ္းစားေနၾကၿပီျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္ဟာ ၿပီးခဲ့တဲ့ရာသီေတြမွာ တျဖည္းျဖည္းနဲ႔ မွန္ကန္တဲ့ဦးတည္ရာကို ေရြ႕လ်ားလာနိုင္ခဲ့ေပမယ့္လည္း ဆိုးလ္ရွားက ဘယ္တုန္းကမွ ၿပိဳင္ဘက္အသင္းေတြရဲ့ အေလးအနက္ထားစရာမျဖစ္ခဲ့တာျဖစ္ပါတယ္။

တကယ္လို႔သာ ဆိုးလ္ရွားကို အသင္းမွာ ၃ ႏွစ္ျပည့္ေျမာက္တဲ့အထိ ဆက္ထားထားမယ္ဆိုရင္ မန္ခ်က္စတာယူနိုက္တက္အေနနဲ႔ ယခုရာသီမွာလည္း ေနာက္ထပ္ဖလားတစ္လုံးမွမရဘဲ အဆုံးသတ္ရမွာျဖစ္ၿပီး ယခုရာသီ ပရီးမီးယားလိဂ္ဖလားစိန္ေခၚမႈကလည္း ၿပီးဆုံးသြားမွာျဖစ္ပါတယ္။ အက်ိဳးသက္ေရာက္မႈရွိရွိ ဖိအားမေပးနိုင္တဲ့ တိုက္စစ္၊ ေနရာလြတ္ေတြ အမ်ားႀကီး ခ်န္ထားခဲ့တဲ့ ကြင္းလယ္၊ အလြယ္တကူ ေနရာယူပုံ ပ်က္သြားေအာင္ လုပ္လို႔ရတဲ့ ခံစစ္ စတာေတြဟာ လာမယ့္ ၁၃ ရက္အတြင္း မန္ခ်က္စတာစီးတီးနည္းၿပ ပက္ ဂြါဒီယိုလာအတြက္ အခြင့္ေကာင္းယူစရာ အားနည္းခ်က္ေတြ ျဖစ္လာေတာ့မွာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဆိုးလ္ရွားဟာ ဂြါဒီယိုလာနဲ႔ ရင္ဆိုင္ခဲ့တဲ့ နည္းျပေတြထဲမွာ ပိုမိုေအာင္ျမင္တဲ့ နည္းျပေတြထဲက တစ္ဦးျဖစ္ေနၿပီး ဂြါဒီယိုလာရဲ့ နည္းျပဘဝတေလၽွာက္လုံးမွာ ၂ ႀကိမ္ထက္ ပိုမိုေတြ႕ဆုံၿပီး ရႈံးပြဲထက္ နိုင္ပြဲပိုမိုရရွိထားတဲ့ တစ္ဦးတည္းေသာ နည္းျပျဖစ္ေနတာျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္နည္းၿပ ဆိုးလ္ရွားဟာ ဂြါဒီယိုလာနဲ႔ ၈ ႀကိမ္ေတြ႕ဆုံခဲ့ရာမွာ ၄ ပြဲနိုင္(အီတီဟတ္မွာ ၃ ပြဲကစား ၃ ပြဲနိုင္)နဲ႔ ၁ ပြဲသေရရလဒ္ ရယူထားနိုင္ခဲ့တာျဖစ္ၿပီး နိုင္ပြဲတိုင္းမွာ ဆိုးလ္ရွားရဲ့အသင္းက ခံစစ္အထိုင္ခ်ၿပီး ဖိအားေတြကို ေလၽွာ့ခ်ရင္း မန္စီးတီးကို ရက္ရွ္ဖို႔ဒ္၊ ဒန္နီရယ္ ဂ်ိမ္းစ္တို႔လို ကစားသမားေတြရဲ့ ျမန္ႏႈန္းေတြ အသုံးျပဳၿပီး လၽွပ္တျပက္တိုက္ခိုက္ခဲ့တာျဖစ္ပါတယ္။

၂၀၂၁-၂၀၂၂ ရာသီအစတုန္းက ၿပိဳင္ဘက္အသင္းပရိသတ္ေတြအေနနဲ႔ ယူနိုက္တက္ လူစာရင္းမွာ ဆန္ခ်ိဳ၊ ဗာရိန္းနဲ႔ ခရစၥတီယာနို ေရာ္နယ္လ္ဒိုတို႔ ထပ္မံေရာက္ရွိလာတာေၾကာင့္ အျမင့္ကို တက္လွမ္းနိုင္ဖို႔ အရည္အေသြးရွိလာၿပီဆိုၿပီး ေၾကာက္ရြံ့မႈေတြ ရွိခဲ့ၾကတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဗာရိန္းဟာ ဒဏ္ရာေၾကာင့္ ပါဝင္ကစားနိုင္ျခင္းမရွိသလို ဆန္ခ်ိဳကလည္း လီဗာပူးလ္ကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္ကို အရန္ခုံကေနသာ ၾကည့္ရႈခဲ့ရၿပီး အခ်ိဳ႕က ေဒါ့မြန္ၾကယ္ပြင့္ေဟာင္းဟာ မန္ခ်က္စတာမွာ ရႈပ္ေထြးတဲ့ ၁၅ လကို ျဖတ္သန္းခဲ့ရတဲ့ ဗန္ဒီဘိခ္အတိုင္းပဲ စေတးခံေနရၿပီလို႔ ေျပာဆိုမႈေတြ ရွိေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းမွာ တစ္ဦးခ်င္း နိုင္ပြဲရယူေပးနိုင္သူေတြ အျပည့္ရွိေနေသးၿပီး ဒါဘီနိုင္ပြဲဟာ သာမန္နိုင္ပြဲနဲ႔ မတူညီတဲ့ ေအာင္ပြဲတစ္ခုျဖစ္ေပမယ့္ ဆိုးလ္ရွားလို နည္းျပလက္ေအာက္က လူစာရင္းအေနနဲ႔ ဂြါဒီယိုလာ၊ ကေလာ့ပ္၊ တူဟယ္တို႔လို နည္းျပမ်ိဳးေတြနဲ႔ ယွဥ္ၿပိဳင္ဖို႔က ပိုလို႔ေတာင္ စိုးရိမ္စရာ ျဖစ္လာေတာ့မွာျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးကို ရႈံးနိမ့္ခဲ့မယ္ဆိုရင္ မန္ခ်က္စတာယူနိုက္တက္ဟာ အမွတ္ေပးဇယားဝက္ေနရာေလာက္ကို က်ဆင္းသြားမွာျဖစ္ၿပီး ၿပီးခဲ့တဲ့ ဇန္နဝါရီလတုန္းက အိုးထရက္ဖို႔ဒ္ကို လာေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့အခ်ိန္တုန္းက မန္စီးတီးပရိသတ္ေတြက ဆိုးလ္ရွားကို ‘ငါတို႔ မင္းကို ဆက္ေနေစခ်င္တယ္’လို႔ သီဆိုခဲ့ၾကဖူးၿပီး ေနာက္ထပ္တစ္ႀကိမ္ အဲဒီတုန္းကအတိုင္း ထပ္မံသီဆိုနိုင္ဖို႔ ေမၽွာ္လင့္ေနၾကမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.