Premier League

ရော်နယ်လ်ဒိုက ပရိသတ်တွေကို တောင်းပန်နေချိန်မှာ အော်တိုထိုးပြီး ဆယ််လ်ဖီဆွဲမပျက်တဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့ညနေက အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ လီဗာပူးလ်အသင်းကို ၅-၀ နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီး နည်းပြဆိုးလ်ရှားက ဘဝရဲ့အမှောင်မိုက်ဆုံးနေ့တွေထဲက တစ်နေ့ဖြစ်တယ်လို့ ပြောကြားခဲ့ပေမယ့် ပွဲအပြီးမှာ ပြုလုပ်ခဲ့တဲ့ အပြုအမူတွေကြောင့် မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းအတွက် မိုဟာမက် ဆာလားက တစ်ဦးတည်း ၃ ဂိုး ဟက်ထရစ် သွင်းယူခဲ့ပြီး ကီတာနဲ့ ဂျိုတာတို့ရဲ့ သွင်းဂိုးကြောင့် အဓိကပြိုင်ဘက်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ကို ၅-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ရော်နယ်လ်ဒိုဟာ အသင်းအတွက် ချေပဂိုး ၁ ဂိုး သွင်းယူပေးခဲ့ပေမယ့်လည်း လူကျွံဘောဖြစ်နေတာကြောင့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာဖြစ်ပြီး ကျန်ပွဲကစားချိန်တွေမှာလည်း ထိရောက်တဲ့ခြိမ်းခြောက်မှုမျိုး မပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာဟာ ပွဲကစားချိန် မိနစ် ၆၀ မှာ ကီတာကို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ကနဦးမှာ အဝါကတ်ပြားသာ ပြသခဲ့ပေမယ့် ကွင်းဘေးမော်နီတာမှာ ပြန်လည်စစ်ဆေးကြည့်ရှုခဲ့ပြီးနောက် တိုက်ရိုက်အနီကတ် ပြောင်းလဲပြသခဲ့တာကြောင့် ယူနိုက်တက်ဟာ ၁ ယောက်လျော့နဲ့ ဒုတိယပိုင်းပွဲချိန်အများစုကို ဆက်လက်ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဆိုးရွားတဲ့စွမ်းဆောင်ရည်အတွက် ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူး ရော်နယ်လ်ဒိုက ပွဲအပြီးမှာ အင်စတာဂရမ်ကနေတဆင့် ပရိသတ်တွေကို အသင်းသားတွေကိုယ်စား တောင်းပန်စကားပြောကြားခဲ့ပါတယ်။

“တစ်ခါတရံမှာ ရလဒ်က ကျွန်တော်တို့ တိုက်ပွဲဝင်ခဲ့တဲ့ ရလဒ်မျိုး မဟုတ်ပါဘူး။ တစ်ခါတရံ ဂိုးအရေအတွက်က ကျွန်တော်တို့ လိုချင်တဲ့ဂိုးအရေအတွက် မဟုတ်ပါဘူး။ ပြီးတော့ ဒီဟာက ကျွန်တော်တို့နဲ့ပဲ ဆိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အပြစ်တင်ရမယ့်သူ ဘယ်သူမှ မရှိလို့ပါ။ ကျွန်တော်တို့ ပရိသတ်တွေက သူတို့ရဲ့ အဆက်မပြတ်အားပေးမှုတွေကို အံ့အားသင့်ဖွယ် နောက်ထပ်တစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ သူတို့တွေအနေနဲ့ ဒီထက်ပိုကောင်းတာနဲ့ ထိုက်တန်ပါတယ်။ အများကြီး ပိုကောင်းတာနဲ့ ထိုက်တန်ပါတယ်။ အဲဒါကို ရယူပေးဖို့က ကျွန်တော်တို့ တာဝန်ပါ။ အခု အချိန်တန်ပြီ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

အမှန်တော့ လီဗာပူးလ်နဲ့ပွဲစဉ်အတွက် ရှုံးပွဲဟာ နည်းပြ ဆိုးလ်ရှားအပေါ်မှာ အဓိကတာဝန်ရှိခဲ့တာဖြစ်ပေမယ့် ယူနိုက်တက်နည်းပြဟာ ပွဲအပြီးမှာ မယုံနိုင်ဖွယ် အပြုအမူတွေကို ပြုလုပ်ခဲ့တာကို မြင်တွေ့ခဲ့ရပြီး လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေ ခံနေရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အိုလေ ဂန်နာ ဆိုးလ်ရှားက လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့တဲ့ တနင်္ဂနွေနေ့ညဟာ ၎င်းဘဝရဲ့ အမှောင်မိုက်ဆုံး ညတွေထဲက တစ်ညဖြစ်တယ်လို့ ပြောကြားခဲ့ပေမယ့် နည်းပြရာထူးကနေ နုတ်ထွက်သွားမှာမဟုတ်ဘူးလို့ ကြေညာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပွဲအပြီး ကွင်းအတွင်းကနေ ထွက်ခွာချိန်မှာ ပရိသတ်တွေအတွက် အော်တိုတောင် ထိုးပေးခဲ့ပြီး ဆယ်လ်ဖီ ဆွဲချင်တဲ့ပရိသတ်တစ်ဦးအလိုကျ ဓာတ်ပုံအရိုက်ခံခဲ့တာကို အံ့အားသင့်ဖွယ် မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

“ကျွန်တော်တို့က သန်းခေါင်ထက် ညဉ့်မနက်တော့တဲ့အခြေအနေကို ရောက်နေတယ်ဆိုတာ သိပါတယ်။ ဒီထက်လည်း ပိုပြီး ဆိုးတာ ခံစားစရာမရှိတော့ပါဘူး။ ကျွန်တော် စိတ်ပျက်စရာပုံစံမျိုး ပြုမူခဲ့တယ်။ ကျွန်တော်တို့ အစုအဖွဲ့အနေနဲ့ စိတ်ပျက်စရာပုံစံမျို ပြုမူခဲ့တယ်။ ကျွန်တော်တို့ အခုအချိန်မှာ အရှုံးပေးလိုက်ရတာ ဒေါသဖြစ်မိပါတယ်။ ဒီလိုကစားသမားတွေကို ကျွန်တော် ဦးဆောင်ခဲ့သမျှမှာ အမှောင်မိုက်ဆုံးနေ့ဆိုတဲ့အကြောင်းကနေ တခြားဟာပြောဖို့ မလွယ်ကူပါဘူး”

“ကျွန်တော်တို့ တစ်ဦးချင်းစီ ကောင်းသင့်သလောက် မကောင်းခဲ့ပါဘူး။ ကျွန်တော်တို့ ခံစစ်ကို ပွင့်လာအောင် ဖန်တီးနိုင်ခဲ့တယ်။ သူတို့တွေ အခွင့်အရေးရခဲ့ပြီး ပိုပြီး အဆုံးသတ်သေချာခဲ့တယ်။ တတိယဂိုးက ပွဲကို ဆုံးဖြတ်ပေးသွားခဲ့ပါတယ်”လို့ ပွဲအပြီးမှာ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။ တနင်္ဂနွေနေ့ညမှာပဲ ယှဉ်ပြိုင်ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ အယ်လ်ကလက်စီကိုပွဲစဉ်မှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် ဘာစီလိုနာနည်းပြ ကိုးမန်းရဲ့ကားကို ကွင်းပြင်ပမှာ စောင့်ဆိုင်းနေတဲ့ ပရိသတ်တွေက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ပြီး ဆိုးလ်ရှားကတော့ ဘာစီလိုနာနည်းပြနဲ့ မတူညီတဲ့အခြေအနေနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္အသင္းဟာ တနဂၤေႏြေန႔ညေနက အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ လီဗာပူးလ္အသင္းကို ၅-၀ နဲ႔ အရွက္တကြဲ ရႈံးနိမ့္ခဲ့ၿပီး နည္းျပဆိုးလ္ရွားက ဘဝရဲ့အေမွာင္မိုက္ဆုံးေန႔ေတြထဲက တစ္ေန႔ျဖစ္တယ္လို႔ ေျပာၾကားခဲ့ေပမယ့္ ပြဲအၿပီးမွာ ျပဳလုပ္ခဲ့တဲ့ အျပဳအမူေတြေၾကာင့္ ေမးခြန္းထုတ္စရာျဖစ္ခဲ့ပါတယ္။

လီဗာပူးလ္အသင္းအတြက္ မိုဟာမက္ ဆာလားက တစ္ဦးတည္း ၃ ဂိုး ဟက္ထရစ္ သြင္းယူခဲ့ၿပီး ကီတာနဲ႔ ဂ်ိဳတာတို႔ရဲ့ သြင္းဂိုးေၾကာင့္ အဓိကၿပိဳင္ဘက္ျဖစ္တဲ့ မန္ခ်က္စတာယူနိုက္တက္ကို ၅-၀ နဲ႔ အနိုင္ရရွိခဲ့တာျဖစ္ပါတယ္။ ဒုတိယပိုင္းမွာ မန္ခ်က္စတာယူနိုက္တက္တိုက္စစ္မႉး ေရာ္နယ္လ္ဒိုဟာ အသင္းအတြက္ ေခ်ပဂိုး ၁ ဂိုး သြင္းယူေပးခဲ့ေပမယ့္လည္း လူကၽြံေဘာျဖစ္ေနတာေၾကာင့္ ဂိုးအျဖစ္ မေျပာင္းလဲနိုင္ခဲ့တာျဖစ္ၿပီး က်န္ပြဲကစားခ်ိန္ေတြမွာလည္း ထိေရာက္တဲ့ၿခိမ္းေျခာက္မႈမ်ိဳး မျပဳလုပ္နိုင္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ လူစားဝင္ကစားခဲ့တဲ့ မန္ခ်က္စတာယူနိုက္တက္ကြင္းလယ္ကစားသမား ေပါ့ဂ္ဘာဟာ ပြဲကစားခ်ိန္ မိနစ္ ၆၀ မွာ ကီတာကို ဖ်က္ထုတ္ပုံၾကမ္းတမ္းခဲ့တာေၾကာင့္ ကြင္းလယ္ဒိုင္က ကနဦးမွာ အဝါကတ္ျပားသာ ျပသခဲ့ေပမယ့္ ကြင္းေဘးေမာ္နီတာမွာ ျပန္လည္စစ္ေဆးၾကည့္ရႈခဲ့ၿပီးေနာက္ တိုက္ရိုက္အနီကတ္ ေျပာင္းလဲျပသခဲ့တာေၾကာင့္ ယူနိုက္တက္ဟာ ၁ ေယာက္ေလ်ာ့နဲ႔ ဒုတိယပိုင္းပြဲခ်ိန္အမ်ားစုကို ဆက္လက္ယွဥ္ၿပိဳင္ခဲ့ရတာျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ ဆိုးရြားတဲ့စြမ္းေဆာင္ရည္အတြက္ ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉး ေရာ္နယ္လ္ဒိုက ပြဲအၿပီးမွာ အင္စတာဂရမ္ကေနတဆင့္ ပရိသတ္ေတြကို အသင္းသားေတြကိုယ္စား ေတာင္းပန္စကားေျပာၾကားခဲ့ပါတယ္။

“တစ္ခါတရံမွာ ရလဒ္က ကၽြန္ေတာ္တို႔ တိုက္ပြဲဝင္ခဲ့တဲ့ ရလဒ္မ်ိဳး မဟုတ္ပါဘူး။ တစ္ခါတရံ ဂိုးအေရအတြက္က ကၽြန္ေတာ္တို႔ လိုခ်င္တဲ့ဂိုးအေရအတြက္ မဟုတ္ပါဘူး။ ၿပီးေတာ့ ဒီဟာက ကၽြန္ေတာ္တို႔နဲ႔ပဲ ဆိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ အျပစ္တင္ရမယ့္သူ ဘယ္သူမွ မရွိလို႔ပါ။ ကၽြန္ေတာ္တို႔ ပရိသတ္ေတြက သူတို႔ရဲ့ အဆက္မျပတ္အားေပးမႈေတြကို အံ့အားသင့္ဖြယ္ ေနာက္ထပ္တစ္ႀကိမ္ ျပဳလုပ္ခဲ့ပါတယ္။ သူတို႔ေတြအေနနဲ႔ ဒီထက္ပိုေကာင္းတာနဲ႔ ထိုက္တန္ပါတယ္။ အမ်ားႀကီး ပိုေကာင္းတာနဲ႔ ထိုက္တန္ပါတယ္။ အဲဒါကို ရယူေပးဖို႔က ကၽြန္ေတာ္တို႔ တာဝန္ပါ။ အခု အခ်ိန္တန္ၿပီ”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

အမွန္ေတာ့ လီဗာပူးလ္နဲ႔ပြဲစဥ္အတြက္ ရႈံးပြဲဟာ နည္းၿပ ဆိုးလ္ရွားအေပၚမွာ အဓိကတာဝန္ရွိခဲ့တာျဖစ္ေပမယ့္ ယူနိုက္တက္နည္းျပဟာ ပြဲအၿပီးမွာ မယုံနိုင္ဖြယ္ အျပဳအမူေတြကို ျပဳလုပ္ခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး လူမႈကြန္ရက္ေပၚမွာ ေဝဖန္မႈေတြ ခံေနရတာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္းနည္းၿပ အိုေလ ဂန္နာ ဆိုးလ္ရွားက လီဗာပူးလ္ကို ရႈံးနိမ့္ခဲ့တဲ့ တနဂၤေႏြေန႔ညဟာ ၎ဘဝရဲ့ အေမွာင္မိုက္ဆုံး ညေတြထဲက တစ္ညျဖစ္တယ္လို႔ ေျပာၾကားခဲ့ေပမယ့္ နည္းျပရာထူးကေန ႏုတ္ထြက္သြားမွာမဟုတ္ဘူးလို႔ ေၾကညာခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ပြဲအၿပီး ကြင္းအတြင္းကေန ထြက္ခြာခ်ိန္မွာ ပရိသတ္ေတြအတြက္ ေအာ္တိုေတာင္ ထိုးေပးခဲ့ၿပီး ဆယ္လ္ဖီ ဆြဲခ်င္တဲ့ပရိသတ္တစ္ဦးအလိုက် ဓာတ္ပုံအရိုက္ခံခဲ့တာကို အံ့အားသင့္ဖြယ္ ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔က သန္းေခါင္ထက္ ညဉ့္မနက္ေတာ့တဲ့အေျခအေနကို ေရာက္ေနတယ္ဆိုတာ သိပါတယ္။ ဒီထက္လည္း ပိုၿပီး ဆိုးတာ ခံစားစရာမရွိေတာ့ပါဘူး။ ကၽြန္ေတာ္ စိတ္ပ်က္စရာပုံစံမ်ိဳး ျပဳမူခဲ့တယ္။ ကၽြန္ေတာ္တို႔ အစုအဖြဲ႕အေနနဲ႔ စိတ္ပ်က္စရာပုံစံမ်ိဳ ျပဳမူခဲ့တယ္။ ကၽြန္ေတာ္တို႔ အခုအခ်ိန္မွာ အရႈံးေပးလိုက္ရတာ ေဒါသျဖစ္မိပါတယ္။ ဒီလိုကစားသမားေတြကို ကၽြန္ေတာ္ ဦးေဆာင္ခဲ့သမၽွမွာ အေမွာင္မိုက္ဆုံးေန႔ဆိုတဲ့အေၾကာင္းကေန တျခားဟာေျပာဖို႔ မလြယ္ကူပါဘူး”

“ကၽြန္ေတာ္တို႔ တစ္ဦးခ်င္းစီ ေကာင္းသင့္သေလာက္ မေကာင္းခဲ့ပါဘူး။ ကၽြန္ေတာ္တို႔ ခံစစ္ကို ပြင့္လာေအာင္ ဖန္တီးနိုင္ခဲ့တယ္။ သူတို႔ေတြ အခြင့္အေရးရခဲ့ၿပီး ပိုၿပီး အဆုံးသတ္ေသခ်ာခဲ့တယ္။ တတိယဂိုးက ပြဲကို ဆုံးျဖတ္ေပးသြားခဲ့ပါတယ္”လို႔ ပြဲအၿပီးမွာ ဆိုးလ္ရွားက ေျပာၾကားခဲ့ပါတယ္။ တနဂၤေႏြေန႔ညမွာပဲ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာအသင္းတို႔ရဲ့ အယ္လ္ကလက္စီကိုပြဲစဥ္မွာ ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့အတြက္ ဘာစီလိုနာနည္းၿပ ကိုးမန္းရဲ့ကားကို ကြင္းျပင္ပမွာ ေစာင့္ဆိုင္းေနတဲ့ ပရိသတ္ေတြက ဝိုင္းဝန္းတိုက္ခိုက္ခဲ့ၿပီး ဆိုးလ္ရွားကေတာ့ ဘာစီလိုနာနည္းျပနဲ႔ မတူညီတဲ့အေျခအေနနဲ႔ ၾကဳံေတြ႕ခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.