La Liga

ဘာစီလိုနာအသင္းသားငါးဦးမွာ ကို႐ိုနာဗိုင္းရပ္စ္ ေတြ႕ခဲ့ရေပမယ့္ ေလ့က်င့္ခန္းဆက္ဆင္းခဲ့ၾက

ဘာစီလိုနာအသင္းရဲ႕ ကစားသမား ၅ ဦးမွာ ကို႐ိုနာဗုိင္းရပ္စ္ ေပါ့စစ္တစ္ေတြ႕ရွိထားခဲ့ေပမယ့္ ဘယ္သူေတြ ဆုိတာကို အတိအလင္း ထုတ္ျပန္ျခင္း မရွိဘဲ အသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီနဲ႔ က်န္ကစားသမားေတြအေနနဲ႔ ထရိန္နင္ဆင္းၿပီး ျပန္လည္ကစားႏုိင္ဖို႔အတြက္ လုပ္ေဆာင္ေနၾကတယ္လို႔ သိရပါတယ္။

ကာတာလန္ေဒသအေျခစိုက္ ေရဒီယိုတစ္ခုျဖစ္တဲ့ RAC1 က Tu Diras (You Say) လို႔ အမည္ရတဲ့ အစီအစဥ္မွာ ဘာစီလိုနာအသင္းရဲ႕ ကစားသမားေတြက ဘယ္သူေတြဆုိတာက မထုတ္ျပန္ခဲ့တာဟာ ေဘာလုံးကစားဖို႔ကိုပဲ အရမ္း အာ႐ုံစိုက္ၿပီး က်န္းမာေရးကိစၥေတြကို ဂ႐ုမစိုက္သလို ျဖစ္ေနတယ္လုိ႔လည္း စြပ္စြဲေျပာၾကားလိုက္ပါတယ္။

ဘာစီလိုနာရဲ႕ ကစားသမား ၅ ဦးမွာ ဒီေရာဂါပုိး ေတြ႕ရွိခဲ့ေပမယ့္ အားလုံးဟာ က်န္းမာေရးေကာင္းမြန္လ်က္ရွိသလို ဒီေရာဂါပုိး တုိက္ခိုက္မွဳေၾကာင့္ ျပတဲ့ လကၡဏာမ်ဳိး တစ္ခုမွ မေတြ႕ရဘူးလို႔ ဆုိခဲ့သလို ပုံမွန္လုပ္ေဆာင္ခဲ့တဲ့ ေသြးစစ္မွဳ အေျဖမွာ ေတြ႕ရခဲ့တာျဖစ္ၿပီး တျခား အသင္းဝန္ထမ္းႏွစ္ဦးမွာလည္း ေတြ႕ရွိထားတယ္လို႔ ဆုိပါတယ္။

တျခားကာတာလန္မီဒီယာတစ္ခုကေတာ့ တာဝန္ရွိသူေတြအေနနဲ႔ ၿပဳိင္ပြဲေတြ ျပန္လည္က်င္းပဖို႔ စိုးရိမ္ေနၾကတယ္လို႔ ဆုိခဲ့ၾကၿပီး ကစားသမားေတြအေနနဲ႔ ပြဲတြင္းမွာ မလိုလားအပ္တဲ့ က်န္းမာေရး ျပႆနာေတြနဲ႔ ထိခိုက္နာက်င္မွဳေတြ ရွိလာမွာကို ထည့္သြင္းစဥ္းစားသင့္တယ္လို႔ ဖိအားေပးမွဳေတြလည္း ရွိေနခဲ့တယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။

ေနာက္ဆုံးသတင္းေတြအရေတာ့ ဒီကစားသမား ၅ ဦးလုံးဟာ ဗုိင္းရပ္စ္ပုိးကူးစက္မွဳကေန ျပန္လည္ေကာင္းမြန္ေနၿပီလို႔လည္း သိရၿပီး RAC1 ရဲ႕ စြပ္စြဲမွဳေတြကိုေတာ့ ဘာစီလိုနာအသင္းဘက္က တစ္စုံတစ္ရာ မွတ္ခ်က္ေပးခဲ့ျခင္းမရွိသလို ဇြန္လ ၁၃ ရက္ေန႔မွာ ယွဥ္ၿပဳိင္ကစားမယ့္ မာေယာ့ကာနဲ႔ အေဝးကြင္းပြဲစဥ္ကိုပဲ ယွဥ္ၿပဳိင္ႏုိင္ဖို႔ ပစ္မွတ္ထားေနေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဘာစီလိုနာအသင်းရဲ့ ကစားသမား ၅ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ပေါ့စစ်တစ်တွေ့ရှိထားခဲ့ပေမယ့် ဘယ်သူတွေ ဆိုတာကို အတိအလင်း ထုတ်ပြန်ခြင်း မရှိဘဲ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီနဲ့ ကျန်ကစားသမားတွေအနေနဲ့ ထရိန်နင်ဆင်းပြီး ပြန်လည်ကစားနိုင်ဖို့အတွက် လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

ကာတာလန်ဒေသအခြေစိုက် ရေဒီယိုတစ်ခုဖြစ်တဲ့ RAC1 က Tu Diras (You Say) လို့ အမည်ရတဲ့ အစီအစဉ်မှာ ဘာစီလိုနာအသင်းရဲ့ ကစားသမားတွေက ဘယ်သူတွေဆိုတာက မထုတ်ပြန်ခဲ့တာဟာ ဘောလုံးကစားဖို့ကိုပဲ အရမ်း အာရုံစိုက်ပြီး ကျန်းမာရေးကိစ္စတွေကို ဂရုမစိုက်သလို ဖြစ်နေတယ်လို့လည်း စွပ်စွဲပြောကြားလိုက်ပါတယ်။

ဘာစီလိုနာရဲ့ ကစားသမား ၅ ဦးမှာ ဒီရောဂါပိုး တွေ့ရှိခဲ့ပေမယ့် အားလုံးဟာ ကျန်းမာရေးကောင်းမွန်လျက်ရှိသလို ဒီရောဂါပိုး တိုက်ခိုက်မှုကြောင့် ပြတဲ့ လက္ခဏာမျိုး တစ်ခုမှ မတွေ့ရဘူးလို့ ဆိုခဲ့သလို ပုံမှန်လုပ်ဆောင်ခဲ့တဲ့ သွေးစစ်မှု အဖြေမှာ တွေ့ရခဲ့တာဖြစ်ပြီး တခြား အသင်းဝန်ထမ်းနှစ်ဦးမှာလည်း တွေ့ရှိထားတယ်လို့ ဆိုပါတယ်။

တခြားကာတာလန်မီဒီယာတစ်ခုကတော့ တာဝန်ရှိသူတွေအနေနဲ့ ပြိုင်ပွဲတွေ ပြန်လည်ကျင်းပဖို့ စိုးရိမ်နေကြတယ်လို့ ဆိုခဲ့ကြပြီး ကစားသမားတွေအနေနဲ့ ပွဲတွင်းမှာ မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာတွေနဲ့ ထိခိုက်နာကျင်မှုတွေ ရှိလာမှာကို ထည့်သွင်းစဉ်းစားသင့်တယ်လို့ ဖိအားပေးမှုတွေလည်း ရှိနေခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

နောက်ဆုံးသတင်းတွေအရတော့ ဒီကစားသမား ၅ ဦးလုံးဟာ ဗိုင်းရပ်စ်ပိုးကူးစက်မှုကနေ ပြန်လည်ကောင်းမွန်နေပြီလို့လည်း သိရပြီး RAC1 ရဲ့ စွပ်စွဲမှုတွေကိုတော့ ဘာစီလိုနာအသင်းဘက်က တစ်စုံတစ်ရာ မှတ်ချက်ပေးခဲ့ခြင်းမရှိသလို ဇွန်လ ၁၃ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် မာယော့ကာနဲ့ အဝေးကွင်းပွဲစဉ်ကိုပဲ ယှဉ်ပြိုင်နိုင်ဖို့ ပစ်မှတ်ထားနေကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.