La Liga Premier League Transfer News

ရာသီကုန္မွာ အာဆင္နယ္ကို ေျပာင္းႏုိင္ဖို႔ ေမွ်ာ္လင့္ေနဆဲ ေသာမတ္စ္ ပါေတး

အက္သလက္တီကို မက္ဒရစ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးကို စာခ်ဳပ္သစ္ ကမ္းလွမ္းထားခဲ့ေပမယ့္ ကစားသမားကေတာ့ စိတ္မဝင္စားသလို သူ႕ရဲ႕ အနာဂတ္ကို ပရီးမီးယားလိဂ္က အာဆင္နယ္အသင္းမွာ ကစားႏုိင္ဖို႔ပဲ ေမွ်ာ္လင့္ခ်က္ထားေနတယ္လို႔ နီးစပ္ရာ အသုိင္းအဝိုင္းေန သတင္းေတြ ထြက္ေပၚေနခဲ့ပါတယ္။

အသက္ ၂၆ ႏွစ္အရြယ္ ကစားသမားဟာ ဝန္တ မက္ထ႐ိုပိုလီတာႏိုကြင္းႀကီးမွာ တစ္ပတ္လုပ္ခ ေပါင္ ၆၅၀၀၀ ရရွိေနသူျဖစ္ၿပီး အသင္းက လစာႏွစ္ဆနဲ႔ ေလ်ာ္ေၾကးစာခ်ဳပ္ႏွစ္ဆ တုိးဖို႔ ကမ္းလွမ္းခဲ့ေပမယ့္ အသင္းသစ္ေျပာင္းဖို႔ ခက္ခဲမွာအတြက္ေၾကာင့္ လက္မခံခဲ့သူလည္းျဖစ္ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ကေတာ့ ဒီရာသီ မကုန္ခင္အထိ ကစားသမားသစ္ေခၚယူဖို႔အတြက္ ရန္ပုံေငြ ဘယ္ေလာက္သုံးႏုိင္မယ္ဆုိတာကို မဆုံးျဖတ္ႏိုင္ေသးဘဲ လာမယ့္ရာသီအတြက္ ေရာင္းခ်ရမယ့္ ကစားသမားေတြနဲ႔ ထိန္းသိမ္းရမယ့္ ကစားသမားေတြ အားလုံးကို တြက္စစ္ၿပီးမွ ေျပာႏုိင္မွာျဖစ္လို႔ ဒီအခ်ိန္မွာ ပါေတးကို ကမ္းလွမ္းဖို႔ကေတာ့ မျဖစ္ႏုိင္ေသးတာပဲ ျဖစ္ပါတယ္။

ဂါနာကြင္းလယ္အဖ်က္ကစားသမားဟာ နည္းျပ မီခယ္လ္ အာတီတာရဲ႕ အလိုအပ္ဆုံး ကစားသမားမ်ဳိးျဖစ္ၿပီး သူ႕ရဲ႕ ခံစစ္ေရွ႕က ကာကြယ္ ေပးႏိုင္မွဳဟာ စပိန္သားနည္းျပအတြက္ အလြန္အသုံးဝင္ႏုိင္မွာျဖစ္သလို စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၄၃.၅ သန္းဆုိတာကလည္း အသင္းက ကစားသမား တခ်ဳိ႕ကိုသာ ေရာင္းထုတ္ႏုိင္ခဲ့ရင္ ျပန္လည္သုံးစြဲႏုိင္မွာမို႔ သူ႕အေနနဲ႔ ရာသီသစ္မွာ အသင္းေျပာင္းႏိုင္ဖို႔ ေမွ်ာ္လင့္ေနတာလည္းျဖစ္ပါတယ္။

အက္သလက္တီကို မက္ဒရစ္အသင္းအေနနဲ႔ကေတာ့ အာဆင္နယ္ဆီက ကစားသမားအလဲအထပ္ကို စိတ္ဝင္စားေကာင္း စိတ္ဝင္စားႏုိင္ၿပီး တုိက္စစ္မွဴး အလက္ဇန္းဒါး လာကာဇက္နဲ႔ ေနာက္ခံလူ ဟက္တာ ဘယ္လာရင္တုိ႔ကို လိုခ်င္ေၾကာင္း သတင္းထြက္ေပၚဖူးတာျဖစ္လုိ႔ ဒီကစားသမား တစ္ဦးနဲ႔ ေငြေၾကးေပါင္သန္းအနည္းငယ္ အလိုက္ေပးႏိုင္ရင္ ပါေတးကို လက္လႊတ္သြားဖြယ္ရွိေၾကာင္းလည္း ခန္႔မွန္းေနၾကၿပီး ရာသီကုန္ခ်ိန္ကိုသာ ေစာင့္ၾကည့္ရဖြယ္ရွိေၾကာင္း သိရွိရပါတယ္။

REF: SPORT MOLE
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အက်သလက်တီကို မက်ဒရစ်အသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေးကို စာချုပ်သစ် ကမ်းလှမ်းထားခဲ့ပေမယ့် ကစားသမားကတော့ စိတ်မဝင်စားသလို သူ့ရဲ့ အနာဂတ်ကို ပရီးမီးယားလိဂ်က အာဆင်နယ်အသင်းမှာ ကစားနိုင်ဖို့ပဲ မျှော်လင့်ချက်ထားနေတယ်လို့ နီးစပ်ရာ အသိုင်းအဝိုင်းနေ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ ဝန်တ မက်ထရိုပိုလီတာနိုကွင်းကြီးမှာ တစ်ပတ်လုပ်ခ ပေါင် ၆၅၀၀၀ ရရှိနေသူဖြစ်ပြီး အသင်းက လစာနှစ်ဆနဲ့ လျော်ကြေးစာချုပ်နှစ်ဆ တိုးဖို့ ကမ်းလှမ်းခဲ့ပေမယ့် အသင်းသစ်ပြောင်းဖို့ ခက်ခဲမှာအတွက်ကြောင့် လက်မခံခဲ့သူလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ကတော့ ဒီရာသီ မကုန်ခင်အထိ ကစားသမားသစ်ခေါ်ယူဖို့အတွက် ရန်ပုံငွေ ဘယ်လောက်သုံးနိုင်မယ်ဆိုတာကို မဆုံးဖြတ်နိုင်သေးဘဲ လာမယ့်ရာသီအတွက် ရောင်းချရမယ့် ကစားသမားတွေနဲ့ ထိန်းသိမ်းရမယ့် ကစားသမားတွေ အားလုံးကို တွက်စစ်ပြီးမှ ပြောနိုင်မှာဖြစ်လို့ ဒီအချိန်မှာ ပါတေးကို ကမ်းလှမ်းဖို့ကတော့ မဖြစ်နိုင်သေးတာပဲ ဖြစ်ပါတယ်။

ဂါနာကွင်းလယ်အဖျက်ကစားသမားဟာ နည်းပြ မီခယ်လ် အာတီတာရဲ့ အလိုအပ်ဆုံး ကစားသမားမျိုးဖြစ်ပြီး သူ့ရဲ့ ခံစစ်ရှေ့က ကာကွယ် ပေးနိုင်မှုဟာ စပိန်သားနည်းပြအတွက် အလွန်အသုံးဝင်နိုင်မှာဖြစ်သလို စာချုပ်လျော်ကြေး ပေါင် ၄၃.၅ သန်းဆိုတာကလည်း အသင်းက ကစားသမား တချို့ကိုသာ ရောင်းထုတ်နိုင်ခဲ့ရင် ပြန်လည်သုံးစွဲနိုင်မှာမို့ သူ့အနေနဲ့ ရာသီသစ်မှာ အသင်းပြောင်းနိုင်ဖို့ မျှော်လင့်နေတာလည်းဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်းအနေနဲ့ကတော့ အာဆင်နယ်ဆီက ကစားသမားအလဲအထပ်ကို စိတ်ဝင်စားကောင်း စိတ်ဝင်စားနိုင်ပြီး တိုက်စစ်မှူး အလက်ဇန်းဒါး လာကာဇက်နဲ့ နောက်ခံလူ ဟက်တာ ဘယ်လာရင်တို့ကို လိုချင်ကြောင်း သတင်းထွက်ပေါ်ဖူးတာဖြစ်လို့ ဒီကစားသမား တစ်ဦးနဲ့ ငွေကြေးပေါင်သန်းအနည်းငယ် အလိုက်ပေးနိုင်ရင် ပါတေးကို လက်လွှတ်သွားဖွယ်ရှိကြောင်းလည်း ခန့်မှန်းနေကြပြီး ရာသီကုန်ချိန်ကိုသာ စောင့်ကြည့်ရဖွယ်ရှိကြောင်း သိရှိရပါတယ်။

REF: SPORT MOLE
PHOTOS CREDIT TO OWNERS
SPORTS A2Z.