La Liga Premier League

ပါေတးကို ေလ်ာ္ေၾကးအတုိင္း အာဆင္နယ္ေခၚႏိုင္ရင္ တန္ေနၿပီလို႔ သိရ

အာဆင္နယ္အသင္းက ေခၚယူဖို႔ ႀကဳိးစားေနၿပီး အေျပာင္းအေရႊ႕ ေဈးကြက္ဖြင့္ခ်ိန္ေလာက္က်မွ လွဳပ္ရွားႏုိင္တဲ့ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးအတြက္ အက္သလက္တီကို မက္ဒရစ္ဘက္ ထည့္သြင္းထားတဲ့ စာခ်ဳပ္ေလ်ာ္ေၾကးအတုိင္း ရရွိမယ္ဆုိရင္ ေလွ်ာ့ေဈးနဲ႔ရတာျဖစ္လို႔ တန္ေနၿပီလို႔ စာရင္းအင္းျပဳစုေရးအခ်က္အလက္ေတြအရ သိရပါတယ္။

နာမည္ႀကီး စာရင္းအင္းျပဳစုေရးအဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ CIES ရဲ႕ ေဘာလုံးသမားေတြကို သူတုိ႔ရဲ႕ ေျခစြမ္း၊ ေျပာင္းေရႊ႕ေၾကး၊ လက္က်န္စာခ်ဳပ္၊ အသက္အရြယ္ စတာေတြအေပၚ အေျခခံၿပီး တြက္ခ်က္မွဳေတြအရ အာဆင္နယ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ပစ္မွတ္ ဂါနာသားအတြက္ ေခၚယူႏုိင္မယ့္ စာခ်ဳပ္ေလ်ာ္ေၾကးက ဒီက သတ္မွတ္တဲ့ တန္ေၾကးထက္ ေလ်ာ့နည္းေနတာလည္းျဖစ္ပါတယ္။

PSG အသင္းရဲ႕ လူငယ္တုိက္စစ္မွဴး ကိုင္လ်န္ အမ္ဘာေပ(ေပါင္ ၂၅၉.၂ သန္း)ဦးေဆာင္ေနတဲ့ ေဘာလုံးသမား ၁၀၀ စာရင္းမွာ အာဆင္နယ္အသင္းက နီကိုလတ္စ္ ေပေပ (ေပါင္ ၇၃.၁ သန္း)နဲ႔ မက္တီယို ဂန္ဒူဇီ (ေပါင္ ၅၃ သန္း)တုိ႔ ႏွစ္ဦးသာ ပါဝင္ၿပီး ပါေတးကေတာ့ ေနာက္ဆုံးနားက ၉၉ ေနရာမွာ ရွိခဲ့တာျဖစ္ပါတယ္။

သူ႕အတြက္ တန္ဖိုးကိုေတာ့ CIES က ေပါင္ ၄၈.၅ သန္း သတ္မွတ္ထားၿပီး လက္ရွိစာခ်ဳပ္ေလ်ာ္ေၾကးက ေပါင္ ၄၂ သန္း(တခ်ဳိ႕က ေပါင္ ၄၃.၅ သန္းဟု ေဖာ္ျပ)ျဖစ္ေနတဲ့အတြက္ အာဆင္နယ္အသင္းအေနနဲ႔ ဒီအတုိင္း ေခၚယူႏုိင္ခဲ့ရင္ သက္သာတဲ့ ေဈးနဲ႔ ရရွိတယ္လို႔ ဆုိႏုိင္မွာျဖစ္ေၾကာင္းလည္း သိရပါတယ္။

အက္သလက္တီကို မက္ဒရစ္အသင္းအေနနဲ႔ အြန္ထြာ ဂရစ္ဇ္မန္းကို ဘာစီလိုနာဆီ ေဈးေကာင္းရလို႔ ေရာင္းခ်ခဲ့အၿပီးမွာ သူ႕ေနရာကို အစားထိုးခဲ့တဲ့ ေပါင္ ၁၁၃ သန္းတန္ ဂ်ဳိအာအုိ ဖဲလစၥကေတာ့ သာမန္ေျခစြမ္းသာရွိခဲ့လို႔ တုိက္စစ္ပုိင္း ထိခိုက္ေနရခ်ိန္မွာ အာဆင္နယ္ရဲ႕ အလက္ဇန္းဒါး လာကာဇက္ကို ျပန္လည္ျဖည့္ဆည္းဖို႔ အလိုရွိေနဆဲျဖစ္ၿပီး အသင္းႏွစ္သင္းၾကားမွာ ပါေတးနဲ႔ အလဲအထပ္အတြက္ သေဘာတူညီမွဳ တစ္စုံတစ္ရာ ျပဳလုပ္သြားႏုိင္ဖြယ္ရွိတယ္လုိ႔လည္း ကၽြမ္းက်င္သူေတြက ေမွ်ာ္လင့္ေနၾကေၾကာင္း သိရွိရပါတယ္။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းက ခေါ်ယူဖို့ ကြိုးစားနေပြီး အပြောင်းအရွှေ့ ဈေးကွက်ဖွင့်ချိန်လောက်ကျမှ လှုပ်ရှားနိုင်တဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေးအတွက် အက်သလက်တီကို မက်ဒရစ်ဘက် ထည့်သွင်းထားတဲ့ စာချုပ်လျော်ကြေးအတိုင်း ရရှိမယ်ဆိုရင် လျှော့ဈေးနဲ့ရတာဖြစ်လို့ တန်နေပြီလို့ စာရင်းအင်းပြုစုရေးအချက်အလက်တွေအရ သိရပါတယ်။

နာမည်ကြီး စာရင်းအင်းပြုစုရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ CIES ရဲ့ ဘောလုံးသမားတွေကို သူတို့ရဲ့ ခြေစွမ်း၊ ပြောင်းရွှေ့ကြေး၊ လက်ကျန်စာချုပ်၊ အသက်အရွယ် စတာတွေအပေါ် အခြေခံပြီး တွက်ချက်မှုတွေအရ အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ပစ်မှတ် ဂါနာသားအတွက် ခေါ်ယူနိုင်မယ့် စာချုပ်လျော်ကြေးက ဒီက သတ်မှတ်တဲ့ တန်ကြေးထက် လျော့နည်းနေတာလည်းဖြစ်ပါတယ်။

PSG အသင်းရဲ့ လူငယ်တိုက်စစ်မှူး ကိုင်လျန် အမ်ဘာပေ(ပေါင် ၂၅၉.၂ သန်း)ဦးဆောင်နေတဲ့ ဘောလုံးသမား ၁၀၀ စာရင်းမှာ အာဆင်နယ်အသင်းက နီကိုလတ်စ် ပေပေ (ပေါင် ၇၃.၁ သန်း)နဲ့ မက်တီယို ဂန်ဒူဇီ (ပေါင် ၅၃ သန်း)တို့ နှစ်ဦးသာ ပါဝင်ပြီး ပါတေးကတော့ နောက်ဆုံးနားက ၉၉ နေရာမှာ ရှိခဲ့တာဖြစ်ပါတယ်။

သူ့အတွက် တန်ဖိုးကိုတော့ CIES က ပေါင် ၄၈.၅ သန်း သတ်မှတ်ထားပြီး လက်ရှိစာချုပ်လျော်ကြေးက ပေါင် ၄၂ သန်း(တချို့က ပေါင် ၄၃.၅ သန်းဟု ဖော်ပြ)ဖြစ်နေတဲ့အတွက် အာဆင်နယ်အသင်းအနေနဲ့ ဒီအတိုင်း ခေါ်ယူနိုင်ခဲ့ရင် သက်သာတဲ့ ဈေးနဲ့ ရရှိတယ်လို့ ဆိုနိုင်မှာဖြစ်ကြောင်းလည်း သိရပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်းအနေနဲ့ အွန်ထွာ ဂရစ်ဇ်မန်းကို ဘာစီလိုနာဆီ ဈေးကောင်းရလို့ ရောင်းချခဲ့အပြီးမှာ သူ့နေရာကို အစားထိုးခဲ့တဲ့ ပေါင် ၁၁၃ သန်းတန် ဂျိုအာအို ဖဲလစ္စကတော့ သာမန်ခြေစွမ်းသာရှိခဲ့လို့ တိုက်စစ်ပိုင်း ထိခိုက်နေရချိန်မှာ အာဆင်နယ်ရဲ့ အလက်ဇန်းဒါး လာကာဇက်ကို ပြန်လည်ဖြည့်ဆည်းဖို့ အလိုရှိနေဆဲဖြစ်ပြီး အသင်းနှစ်သင်းကြားမှာ ပါတေးနဲ့ အလဲအထပ်အတွက် သဘောတူညီမှု တစ်စုံတစ်ရာ ပြုလုပ်သွားနိုင်ဖွယ်ရှိတယ်လို့လည်း ကျွမ်းကျင်သူတွေက မျှော်လင့်နေကြကြောင်း သိရှိရပါတယ်။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.