Analysis Premier League

အာစင်ဝင်းဂါး ပြောပြခဲ့တဲ့ အကောင်းဆုံးကစားကွက်ကို အာတီတာ ထုတ်သုံးနေပြီလား

အာဆင်နယ်နည်းပြ အာတီတာဟာ နည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရတဲ့အချိန်ကတည်းက ကစားကွက်တွေနဲ့ပတ်သက်ပြီး ဘယ်တုန်းကမှ စမ်းသပ်ဖို့ ကြောက်ရွံ့ခဲ့တဲ့သူမဟုတ်ခဲ့တာဖြစ်ပါတယ်။

စပိန်လူမျိုးနည်းပြဟာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ဘောလုံးပွဲစဉ်တွေ မရပ်နားမီ ၂၀၁၉ ဒီဇင်ဘာကနေ ၂၀၂၀ မတ်လအထိ အိုဇေးလ်ကို ကျောနံပါတ် ၁၀ နေရာထားပြီး ၄-၂-၃-၁ ကစားကွက်ကို အသုံးပြုဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ လော့ခ်ဒေါင်းကာလအပြီးမှာ အာတီတာက အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပြီး ၂၀၂၀ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ချဲလ်ဆီးကို အနိုင်ယူနိုင်ခဲ့တဲ့ ၃-၄-၃ ကစားကွက်ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်အတွက် အဲဒီကစားကွက်ဟာ ရေရှည်အတွက် အဖြေမဟုတ်ခဲ့တာကြာင့် ပြီးခဲ့တဲ့ရာသီ ခရစ်စမတ်အပြီးမှာ ၄-၂-၃-၁ ကိုပဲ ပိုမို အသုံးပြုခဲ့ပြီး အဲဒီအချိန်ကတည်းက ပွဲစဉ်အချို့မှာသာ အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ အာတီတာက စောစောက ပြောခဲ့တဲ့ ကစားကွက် ၂ ခုစလုံးကို အသုံးမပြုတော့ဘဲ အလုပ်များခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလနောက်ပိုင်း ၎င်းရဲ့အိပ်မက်ဖြစ်တဲ့ ၄-၃-၃ ကစားကွက်ကို အခြေကျအောင် လုပ်ခဲ့ပါတယ်။

“ကျွန်တော့်အမြင်ကတော့ ကျွန်တော်တို့ နေရာလွတ်တွေ ရယူပြီး အဲဒီနေရာလွတ်ထဲကို သွားတဲ့နည်းလမ်းက ကစားကွက်ထက် ပိုပြီးတော့ အရေးပါပါတယ်။ ပြီးတော့ အဲဒီကနေ ဒီလိုနေရာမျိုးမှာ ကစားနေကျမဟုတ်တဲ့ အရမ်းတူညီတဲ့ကစားသမားအချို့ ကျွန်တော်တို့မှာ ရှိနေတာကြောင့် ကစားကွက်ကို နည်းနည်းလေး အပြောင်းအလဲ ဆက်လုပ်ရမှာပါ”

“ကျွန်တော်တို့ ၄-၃-၃ ကို ပြောင်းပြီး ကစားသွားချင်တယ်။ ဒါပေမယ့် အဲဒီလို ကစားဖို့အတွက် ခင်ဗျား နေရာတိုင်းမှာ အရည်အသွေးအများကြီးရှိတဲ့ ကစားသမားတွေ လိုအပ်မှာဖြစ်ပေမယ့် အခု ၅ နေရာ ဒါမှမဟုတ် ၆ နေရာမှာပဲ ရှိတယ်။ ကျွန်တော်တို့မှာ အဲဒီလိုကစားသမားမျိုးမရှိပါဘူး”လို့ မနှစ်က DAZN ကို ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ကာလမှာ တိုမီယာစု၊ ဘန် ဝှိုက်၊ လိုကွန်ဂါ၊ အိုဒီဂွါဒ်တို့ကို ခေါ်ယူခဲ့ပြီး ယခုရာသီ အချိန်ကာလအများအပြားမှာ ၎င်းလိုချင်တဲ့ စနစ်အတိုင်း လူစာရင်းထုတ်နိုင်ခဲ့ပြီဖြစ်တဲ့အတွက် အာတီတာရဲ့ အိပ်မက်ဟာ အမှန်တကယ်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက စပါးအသင်းကို ၄-၂-၃-၁ ကစားကွက်နဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ အနိုင်ရရှိခဲ့တာက အဲဒီကစားကွက်ကို အပြီးတိုင် စွန့်ပစ်ခဲ့တာမဟုတ်ဘူးဆိုတာ ပြသခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့ညက အက်စ်တန် ဗီလာအသင်းကို အာဆင်နယ်အသင်းက ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အာတီတာက ၄-၄-၂ ကစားကွက်ကို အသုံးပြုခဲ့ပြီး ၎င်းအနေနဲ့ ပြီးပြည့်စုံတဲ့ ကစားကွက်ကို ရှာတွေ့ခဲ့ပြီလားလို့ မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ “ကျွန်တော်တို့ ပြိုင်ဘက်တွေ ကစားမယ်လို့ ထင်တဲ့ကစားကွက်နဲ့ ရင်ဆိုင်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်တဲ့ ကစားကွက်ကို ပုံဖော်ဖို့ ကြိုးပမ်းနေခဲ့တာပါ။ ပြီးတဲ့နောက်မှာ အဲဒါကို အဆုံးသတ်ဖို့က ကစားသမားတွေရဲ့ ကိစ္စဖြစ်ပြီး သူတို့တွေ ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

၄-၄-၂ ကစားကွက်ဟာ အာဆင်နယ်ရဲ့ ကစားကွက်အဖြစ် ဆက်မြင်ရဦးမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး အာတီတာအနေနဲ့ အဲဒီကစားကွက်ကို နောက်ထပ်တစ်ကြိမ် ဆက်သုံးဖို့ စီစဉ်မလားမသိပေမယ့် နည်းပြဟောင်း အာစင်ဝင်းဂါးက ဘာကြောင့် အဲဒီကစားကွက်ဟာ အသုံးပြုသင့်လဲဆိုတာ ပြောကြားခဲ့ပြီးဖြစ်ပါတယ်။

“၄-၄-၂ ကစားကွက်က ဘောလုံးကွင်းရဲ့ ရှုထောင့်တွေအရ အကောင်းဆုံး သင့်တော်တဲ့ ကစားကွက်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ခင်ဗျားအသင်းရဲ့ ၆၀ ရာခိုင်နှုန်းကြောင့်ပါ။ အဲဒီ ၆၀ ရာခိုင်နှုန်းဆိုတာ ဗဟိုခံစစ်ကစားသမား ၂ ဦး၊ ကွင်းလယ်ဗဟို ၂ ဦးနဲ့ တိုက်စစ်မှူး ၂ ဦးကို ဆိုလိုတာပါ။ အဲဒီကစားကွက်က ကွင်းမျက်နှာပြင်ရဲ့ ၆၀ ရာခိုင်နှုန်းအထိ ပုံမှန်အားဖြင့် လွှမ်းခြုံထားတယ်”

“၄၀ ရာခိုင်နှုန်းကတော့ တောင်ပံတစ်ဖက်စီမှာရှိတဲ့ တောင်ပံကစားသမား ၂ ဦးစီဖြစ်ပြီး အဲဒီကစားသမား ၄ ဦးက ကွင်းရဲ့ ၄၀ ရာခိုင်နှုန်းကို လွှမ်းခြုံထားပါတယ်။ အဲဒါက ဒီကစားကွက်ဟာ ကွင်းရဲ့ မျက်နှာပြင်ကို အချိုးကျပုံစံနဲ့ လွှမ်းခြုံနိုင်ဖို့ ယုတ္တိဗေဒအရနဲ့ သချင်္ာဆိုင်ရာကိန်းဂဏန်းတွေအရပါ အကောင်းဆုံးသင့်တော်တဲ့စနစ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ”လို့ ၂၀၁၂ ခုနှစ်တုန်းက အာစင်ဝင်းဂါးက FIFA TV ကို ပြောကြားခဲ့ဖူးတာဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ၄-၄-၂ ကစားကွက်ကို အာဆင်နယ်အသင်း ပုံမှန်ကစားရမယ့် ကစားကွက်အဖြစ် ထုတ်ခဲ့တဲ့ ဝင်းဂါးဟာ ဟိုက်ဘူရီမှာ နောက်ဆုံးရာသီ ကစားပြီးကတည်းက သိပ်မသုံးတော့တာဖြစ်ပါတယ်။

အဲဒါကြောင့်ပဲ အာတီတာအနေနဲ့ အက်စ်တန် ဗီလာနဲ့ပွဲမှာ အဲဒီကစားကွက်ကို ပြန်ထုတ်သုံးတာက အံ့အားသင့်စရာဖြစ်ခဲ့ပြီး ၎င်းလူစာရင်းထဲမှာ အူဘာမီယန်း၊ မာတီနယ်လီ၊ နကီးတီးယား၊ လာကာဇက်၊ ဘာလိုဂန်တို့လို ကစားသမားတွေ ပါဝင်နေခဲ့ချိန်မှာ စပိန်လူမျိုးနည်းပြအတွက် တိုက်စစ်မှာ တိုက်စစ်မှူး ၂ ဦးသုံးဖို့အတွက် ကျိန်းသေပေါက် လုံလောက်တဲ့ အင်အားရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္နည္းၿပ အာတီတာဟာ နည္းျပအျဖစ္ ခန႔္အပ္ျခင္းခံခဲ့ရတဲ့အခ်ိန္ကတည္းက ကစားကြက္ေတြနဲ႔ပတ္သက္ၿပီး ဘယ္တုန္းကမွ စမ္းသပ္ဖို႔ ေၾကာက္ရြံ့ခဲ့တဲ့သူမဟုတ္ခဲ့တာျဖစ္ပါတယ္။

စပိန္လူမ်ိဳးနည္းျပဟာ ကိုဗစ္-၁၉ ကမၻာ့ကပ္ေရာဂါေၾကာင့္ ေဘာလုံးပြဲစဥ္ေတြ မရပ္နားမီ ၂၀၁၉ ဒီဇင္ဘာကေန ၂၀၂၀ မတ္လအထိ အိုေဇးလ္ကို ေက်ာနံပါတ္ ၁၀ ေနရာထားၿပီး ၄-၂-၃-၁ ကစားကြက္ကို အသုံးျပဳဖို႔ ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။ ေလာ့ခ္ေဒါင္းကာလအၿပီးမွာ အာတီတာက အေျပာင္းအလဲေတြ ျပဳလုပ္ခဲ့ၿပီး ၂၀၂၀ အက္ဖ္ေအဖလားဗိုလ္လုပြဲမွာ ခ်ဲလ္ဆီးကို အနိုင္ယူနိုင္ခဲ့တဲ့ ၃-၄-၃ ကစားကြက္ကို အသုံးျပဳခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာဆင္နယ္အတြက္ အဲဒီကစားကြက္ဟာ ေရရွည္အတြက္ အေျဖမဟုတ္ခဲ့တာၾကာင့္ ၿပီးခဲ့တဲ့ရာသီ ခရစ္စမတ္အၿပီးမွာ ၄-၂-၃-၁ ကိုပဲ ပိုမို အသုံးျပဳခဲ့ၿပီး အဲဒီအခ်ိန္ကတည္းက ပြဲစဥ္အခ်ိဳ႕မွာသာ အသုံးျပဳခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီရာသီမွာေတာ့ အာတီတာက ေစာေစာက ေျပာခဲ့တဲ့ ကစားကြက္ ၂ ခုစလုံးကို အသုံးမျပဳေတာ့ဘဲ အလုပ္မ်ားခဲ့တဲ့ ေႏြရာသီအေျပာင္းအေရႊ႕ကာလေနာက္ပိုင္း ၎ရဲ့အိပ္မက္ျဖစ္တဲ့ ၄-၃-၃ ကစားကြက္ကို အေျခက်ေအာင္ လုပ္ခဲ့ပါတယ္။

“ကၽြန္ေတာ့္အျမင္ကေတာ့ ကၽြန္ေတာ္တို႔ ေနရာလြတ္ေတြ ရယူၿပီး အဲဒီေနရာလြတ္ထဲကို သြားတဲ့နည္းလမ္းက ကစားကြက္ထက္ ပိုၿပီးေတာ့ အေရးပါပါတယ္။ ၿပီးေတာ့ အဲဒီကေန ဒီလိုေနရာမ်ိဳးမွာ ကစားေနက်မဟုတ္တဲ့ အရမ္းတူညီတဲ့ကစားသမားအခ်ိဳ႕ ကၽြန္ေတာ္တို႔မွာ ရွိေနတာေၾကာင့္ ကစားကြက္ကို နည္းနည္းေလး အေျပာင္းအလဲ ဆက္လုပ္ရမွာပါ”

“ကၽြန္ေတာ္တို႔ ၄-၃-၃ ကို ေျပာင္းၿပီး ကစားသြားခ်င္တယ္။ ဒါေပမယ့္ အဲဒီလို ကစားဖို႔အတြက္ ခင္ဗ်ား ေနရာတိုင္းမွာ အရည္အေသြးအမ်ားႀကီးရွိတဲ့ ကစားသမားေတြ လိုအပ္မွာျဖစ္ေပမယ့္ အခု ၅ ေနရာ ဒါမွမဟုတ္ ၆ ေနရာမွာပဲ ရွိတယ္။ ကၽြန္ေတာ္တို႔မွာ အဲဒီလိုကစားသမားမ်ိဳးမရွိပါဘူး”လို႔ မႏွစ္က DAZN ကို ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ တိုမီယာစု၊ ဘန္ ဝွိုက္၊ လိုကြန္ဂါ၊ အိုဒီဂြါဒ္တို႔ကို ေခၚယူခဲ့ၿပီး ယခုရာသီ အခ်ိန္ကာလအမ်ားအျပားမွာ ၎လိုခ်င္တဲ့ စနစ္အတိုင္း လူစာရင္းထုတ္နိုင္ခဲ့ၿပီျဖစ္တဲ့အတြက္ အာတီတာရဲ့ အိပ္မက္ဟာ အမွန္တကယ္ျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။ ၿပီးခဲ့တဲ့လက စပါးအသင္းကို ၄-၂-၃-၁ ကစားကြက္နဲ႔ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္မွာ အနိုင္ရရွိခဲ့တာက အဲဒီကစားကြက္ကို အၿပီးတိုင္ စြန႔္ပစ္ခဲ့တာမဟုတ္ဘူးဆိုတာ ျပသခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ေသာၾကာေန႔ညက အက္စ္တန္ ဗီလာအသင္းကို အာဆင္နယ္အသင္းက ၃-၁ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ အာတီတာက ၄-၄-၂ ကစားကြက္ကို အသုံးျပဳခဲ့ၿပီး ၎အေနနဲ႔ ၿပီးျပည့္စုံတဲ့ ကစားကြက္ကို ရွာေတြ႕ခဲ့ၿပီလားလို႔ ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ “ကၽြန္ေတာ္တို႔ ၿပိဳင္ဘက္ေတြ ကစားမယ္လို႔ ထင္တဲ့ကစားကြက္နဲ႔ ရင္ဆိုင္နိုင္မယ္လို႔ ကၽြန္ေတာ္တို႔ ယုံၾကည္တဲ့ ကစားကြက္ကို ပုံေဖာ္ဖို႔ ႀကိဳးပမ္းေနခဲ့တာပါ။ ၿပီးတဲ့ေနာက္မွာ အဲဒါကို အဆုံးသတ္ဖို႔က ကစားသမားေတြရဲ့ ကိစၥျဖစ္ၿပီး သူတို႔ေတြ ေကာင္းေကာင္းလုပ္နိုင္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

၄-၄-၂ ကစားကြက္ဟာ အာဆင္နယ္ရဲ့ ကစားကြက္အျဖစ္ ဆက္ျမင္ရဦးမလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး အာတီတာအေနနဲ႔ အဲဒီကစားကြက္ကို ေနာက္ထပ္တစ္ႀကိမ္ ဆက္သုံးဖို႔ စီစဥ္မလားမသိေပမယ့္ နည္းျပေဟာင္း အာစင္ဝင္းဂါးက ဘာေၾကာင့္ အဲဒီကစားကြက္ဟာ အသုံးျပဳသင့္လဲဆိုတာ ေျပာၾကားခဲ့ၿပီးျဖစ္ပါတယ္။

“၄-၄-၂ ကစားကြက္က ေဘာလုံးကြင္းရဲ့ ရႈေထာင့္ေတြအရ အေကာင္းဆုံး သင့္ေတာ္တဲ့ ကစားကြက္ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ခင္ဗ်ားအသင္းရဲ့ ၆၀ ရာခိုင္ႏႈန္းေၾကာင့္ပါ။ အဲဒီ ၆၀ ရာခိုင္ႏႈန္းဆိုတာ ဗဟိုခံစစ္ကစားသမား ၂ ဦး၊ ကြင္းလယ္ဗဟို ၂ ဦးနဲ႔ တိုက္စစ္မႉး ၂ ဦးကို ဆိုလိုတာပါ။ အဲဒီကစားကြက္က ကြင္းမ်က္ႏွာျပင္ရဲ့ ၆၀ ရာခိုင္ႏႈန္းအထိ ပုံမွန္အားျဖင့္ လႊမ္းျခဳံထားတယ္”

“၄၀ ရာခိုင္ႏႈန္းကေတာ့ ေတာင္ပံတစ္ဖက္စီမွာရွိတဲ့ ေတာင္ပံကစားသမား ၂ ဦးစီျဖစ္ၿပီး အဲဒီကစားသမား ၄ ဦးက ကြင္းရဲ့ ၄၀ ရာခိုင္ႏႈန္းကို လႊမ္းျခဳံထားပါတယ္။ အဲဒါက ဒီကစားကြက္ဟာ ကြင္းရဲ့ မ်က္ႏွာျပင္ကို အခ်ိဳးက်ပုံစံနဲ႔ လႊမ္းျခဳံနိုင္ဖို႔ ယုတၱိေဗဒအရနဲ႔ သခ်ၤာဆိုင္ရာကိန္းဂဏန္းေတြအရပါ အေကာင္းဆုံးသင့္ေတာ္တဲ့စနစ္ဆိုတဲ့အဓိပၸာယ္ပါပဲ”လို႔ ၂၀၁၂ ခုႏွစ္တုန္းက အာစင္ဝင္းဂါးက FIFA TV ကို ေျပာၾကားခဲ့ဖူးတာျဖစ္ပါတယ္။ စိတ္ဝင္စားစရာေကာင္းတာက ၄-၄-၂ ကစားကြက္ကို အာဆင္နယ္အသင္း ပုံမွန္ကစားရမယ့္ ကစားကြက္အျဖစ္ ထုတ္ခဲ့တဲ့ ဝင္းဂါးဟာ ဟိုက္ဘူရီမွာ ေနာက္ဆုံးရာသီ ကစားၿပီးကတည္းက သိပ္မသုံးေတာ့တာျဖစ္ပါတယ္။

အဲဒါေၾကာင့္ပဲ အာတီတာအေနနဲ႔ အက္စ္တန္ ဗီလာနဲ႔ပြဲမွာ အဲဒီကစားကြက္ကို ျပန္ထုတ္သုံးတာက အံ့အားသင့္စရာျဖစ္ခဲ့ၿပီး ၎လူစာရင္းထဲမွာ အူဘာမီယန္း၊ မာတီနယ္လီ၊ နကီးတီးယား၊ လာကာဇက္၊ ဘာလိုဂန္တို႔လို ကစားသမားေတြ ပါဝင္ေနခဲ့ခ်ိန္မွာ စပိန္လူမ်ိဳးနည္းျပအတြက္ တိုက္စစ္မွာ တိုက္စစ္မႉး ၂ ဦးသုံးဖို႔အတြက္ က်ိန္းေသေပါက္ လုံေလာက္တဲ့ အင္အားရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.