Premier League

ရော်နယ်လ်ဒိုလည်း ယူနိုက်တက်ကို မကယ်နိုင်တော့ဘူးလို့ ပြောလိုက်တဲ့ ကာရေဂါ

လီဗာပူးလ်ဂန္တဝင်နောက်ခံကစားသမား ဂျေမီ ကာရေဂါက ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပရီးမီးယားလိဂ်ဖလား သို့မဟုတ် ချန်ပီယံလိဂ်ဖလားကို အနိုင်ရဖို့နေနေသာသာ အဲဒီအနားလေးတောင် ပို့ဆောင်ပေးနိုင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ရော်နယ်လ်ဒိုရဲ့ ဂိုးသွင်းမှတ်တမ်းတွေနဲ့ပတ်သက်ပြီး သံသယဖြစ်စရာ အနည်းငယ်ရှိနေပြီး ပေါ်တူဂီကြယ်ပွင့်ဟာ အိုးထရက်ဖို့ဒ်ကို ပြန်လည်ပြောင်းရွှေ့ခဲ့ပြီးကတည်းက ယူနိုက်တက်အတွက် ၉ ပွဲပါဝင်ကစားပေးခဲ့ရာမှာ ၆ ဂိုးသွငး်ယူပေးထားခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသက် ၃၆ နှစ်အရွယ်တိုက်စစ်မှူးရဲ့ ပြိုင်ဘက်ခံစစ်ကို ဖိအားပေးနိုင်စွမ်းမရှိခြင်းနဲ့ အဲဒါက အသင်းအပေါ်မှာ အကျိုးသက်ရောက်မှုတွေရှိလာမှာနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်လာနေတာဖြစ်ပါတယ်။

ကာရေဂါက ဒီကိစ္စဟာ ဖြစ်ရပ်ဆန်းအသစ်မဟုတ်ဘူးဆိုတာကို ညွှန်ပြခဲ့ပြီး ဟိုဆေး မော်ရင်ညိုဟာ ရီးရဲလ် မက်ဒရစ်မှာတုန်းက တချို့ပွဲစဉ်တွေမှာ ရော်နယ်လ်ဒိုကို ဖုန်းကွယ်ထားပေးဖို့ လုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။ “ဂယ်ရီရဲ့အသင်းမှာ ကစားခဲ့တဲ့အချိန် ၂၀၀၈-၂၀၀၉ တုန်းက ရော်နယ်လ်ဒိုက ရှေ့တန်းမှာပဲ ကစားနေခဲ့တယ်။ သူ နောက်ပိုင်းမှာ အဲဒီလို မလုပ်တော့ပါဘူး။ သူ ဟိုဆေး မော်ရင်ညိုလက်အောက် ရီးရဲလ်မှာ ဘာစီလိုနာအသင်းနဲ့ သူတို့တွေ ကစားနေတဲ့အခါမှာ သူ အဲဒါကို မလုပ်တော့ပါဘူး”

“ဟိုဆေးက ရော်နယ်လ်ဒိုကို ဖျောက်ထားဖို့ အစီအစဉ်ကို ကြံစည်ဖို့ လုပ်ခဲ့တယ်။ ခင်ဗျား ရော်နယ်လ်ဒိုလိုမျိုး ကစားသမားနဲ့အတူ အလုပ်လုပ်နိုင်ပါသေးတယ်။ ရော်နယ်လ်ဒိုက သူ သွားခဲ့တဲ့နေရာတိုင်းမှာ အောင်မြင်မှုရခဲ့လို့ ဝေဖန်မှုတွေက သူ့ကို စိတ်ပျက်စေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”

“သူက သွင်းဂိုး ၂၅ ဂိုး၊ ဂိုး ၃၀ လောက် သွင်းလိမ့်မယ်။ ဒါပေမယ့် သူက ယူနိုက်တက်ကို ပရီးမီးယားလိဂ်ဖလား ရရှိနိုင်တဲ့နေရာနား ဒါမှမဟုတ် ချန်ပီယံလိဂ်ဖလားရရှိနိုင်တဲ့နေရာနားကို ပို့ဆောင်ပေးနိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး။သူက အမြဲတမ်း အဲဒီလိုမျိုး ကစားသမားဖြစ်ခဲ့တဲ့အတွက် သူ့အပေါ်ကို အခု အာရုံစိုက်နေတာကို ကျွန်တော် နားမလည်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ ရော်နယ်လ်ဒို၊ ဗာရိန်း၊ ဂျေဒန် ဆန်ချိုတို့လို ကြီးမားတဲ့ ကစားသမားခေါ်ယူမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ရာသီအစောပိုင်းမှာ ခြေစွမ်းတည်ငြိမ်မှုရရှိဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။

ဂရေမီ ဆောင်းနက်စ်ကလည်း ပေါ်တူဂီကြယ်ပွင့်ရဲ့ အရည်အသွေးကို ယုံကြည်ပေမယ့်လည်း ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်ကို ပိုမိုကောင်းမွန်တဲ့အသင်းဖြစ်လာအောင် ပြုလုပ်ပေးနိုင်တော့မှာမဟုတ်ဘူးလို့ ခံစားနေရတာဖြစ်ပါတယ်။ ဆောင်းနက်စ်က အသင်းကို ပိုမိုကောင်းမွန်တဲ့ဟန်ချက် ရရှိအောင် ရော်နယ်လ်ဒိုအနေနဲ့ အသင်း ပွဲထွက်လူစာရင်းကနေ အချိန်အချို့လောက် ချန်လှပ်ထားခြင်း ခံရသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္ဂႏၲဝင္ေနာက္ခံကစားသမား ေဂ်မီ ကာေရဂါက ခရစၥတီယာနို ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူနိုက္တက္အသင္းကို ပရီးမီးယားလိဂ္ဖလား သို႔မဟုတ္ ခ်န္ပီယံလိဂ္ဖလားကို အနိုင္ရဖို႔ေနေနသာသာ အဲဒီအနားေလးေတာင္ ပို႔ေဆာင္ေပးနိုင္မွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုရဲ့ ဂိုးသြင္းမွတ္တမ္းေတြနဲ႔ပတ္သက္ၿပီး သံသယျဖစ္စရာ အနည္းငယ္ရွိေနၿပီး ေပၚတူဂီၾကယ္ပြင့္ဟာ အိုးထရက္ဖို႔ဒ္ကို ျပန္လည္ေျပာင္းေရႊ႕ခဲ့ၿပီးကတည္းက ယူနိုက္တက္အတြက္ ၉ ပြဲပါဝင္ကစားေပးခဲ့ရာမွာ ၆ ဂိုးသြငး္ယူေပးထားခဲ့ၿပီးျဖစ္ပါတယ္။ ဒါေပမယ့္လည္း အသက္ ၃၆ ႏွစ္အရြယ္တိုက္စစ္မႉးရဲ့ ၿပိဳင္ဘက္ခံစစ္ကို ဖိအားေပးနိုင္စြမ္းမရွိျခင္းနဲ႔ အဲဒါက အသင္းအေပၚမွာ အက်ိဳးသက္ေရာက္မႈေတြရွိလာမွာနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈေတြ ျမင့္တက္လာေနတာျဖစ္ပါတယ္။

ကာေရဂါက ဒီကိစၥဟာ ျဖစ္ရပ္ဆန္းအသစ္မဟုတ္ဘူးဆိုတာကို ညႊန္ျပခဲ့ၿပီး ဟိုေဆး ေမာ္ရင္ညိဳဟာ ရီးရဲလ္ မက္ဒရစ္မွာတုန္းက တခ်ိဳ႕ပြဲစဥ္ေတြမွာ ေရာ္နယ္လ္ဒိုကို ဖုန္းကြယ္ထားေပးဖို႔ လုပ္ေဆာင္ခဲ့ရတာျဖစ္ပါတယ္။ “ဂယ္ရီရဲ့အသင္းမွာ ကစားခဲ့တဲ့အခ်ိန္ ၂၀၀၈-၂၀၀၉ တုန္းက ေရာ္နယ္လ္ဒိုက ေရွ႕တန္းမွာပဲ ကစားေနခဲ့တယ္။ သူ ေနာက္ပိုင္းမွာ အဲဒီလို မလုပ္ေတာ့ပါဘူး။ သူ ဟိုေဆး ေမာ္ရင္ညိဳလက္ေအာက္ ရီးရဲလ္မွာ ဘာစီလိုနာအသင္းနဲ႔ သူတို႔ေတြ ကစားေနတဲ့အခါမွာ သူ အဲဒါကို မလုပ္ေတာ့ပါဘူး”

“ဟိုေဆးက ေရာ္နယ္လ္ဒိုကို ေဖ်ာက္ထားဖို႔ အစီအစဥ္ကို ႀကံစည္ဖို႔ လုပ္ခဲ့တယ္။ ခင္ဗ်ား ေရာ္နယ္လ္ဒိုလိုမ်ိဳး ကစားသမားနဲ႔အတူ အလုပ္လုပ္နိုင္ပါေသးတယ္။ ေရာ္နယ္လ္ဒိုက သူ သြားခဲ့တဲ့ေနရာတိုင္းမွာ ေအာင္ျမင္မႈရခဲ့လို႔ ေဝဖန္မႈေတြက သူ႔ကို စိတ္ပ်က္ေစတာ ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္”

“သူက သြင္းဂိုး ၂၅ ဂိုး၊ ဂိုး ၃၀ ေလာက္ သြင္းလိမ့္မယ္။ ဒါေပမယ့္ သူက ယူနိုက္တက္ကို ပရီးမီးယားလိဂ္ဖလား ရရွိနိုင္တဲ့ေနရာနား ဒါမွမဟုတ္ ခ်န္ပီယံလိဂ္ဖလားရရွိနိုင္တဲ့ေနရာနားကို ပို႔ေဆာင္ေပးနိုင္မယ္လို႔ ကၽြန္ေတာ္ မထင္ပါဘူး။သူက အျမဲတမ္း အဲဒီလိုမ်ိဳး ကစားသမားျဖစ္ခဲ့တဲ့အတြက္ သူ႔အေပၚကို အခု အာ႐ုံစိုက္ေနတာကို ကၽြန္ေတာ္ နားမလည္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္မွာ ေရာ္နယ္လ္ဒို၊ ဗာရိန္း၊ ေဂ်ဒန္ ဆန္ခ်ိဳတို႔လို ႀကီးမားတဲ့ ကစားသမားေခၚယူမႈေတြ ျပဳလုပ္ခဲ့ေပမယ့္လည္း ရာသီအေစာပိုင္းမွာ ေျခစြမ္းတည္ၿငိမ္မႈရရွိဖို႔ ႐ုန္းကန္ေနခဲ့ရတာျဖစ္ပါတယ္။

ဂေရမီ ေဆာင္းနက္စ္ကလည္း ေပၚတူဂီၾကယ္ပြင့္ရဲ့ အရည္အေသြးကို ယုံၾကည္ေပမယ့္လည္း ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူနိုက္တက္ကို ပိုမိုေကာင္းမြန္တဲ့အသင္းျဖစ္လာေအာင္ ျပဳလုပ္ေပးနိုင္ေတာ့မွာမဟုတ္ဘူးလို႔ ခံစားေနရတာျဖစ္ပါတယ္။ ေဆာင္းနက္စ္က အသင္းကို ပိုမိုေကာင္းမြန္တဲ့ဟန္ခ်က္ ရရွိေအာင္ ေရာ္နယ္လ္ဒိုအေနနဲ႔ အသင္း ပြဲထြက္လူစာရင္းကေန အခ်ိန္အခ်ိဳ႕ေလာက္ ခ်န္လွပ္ထားျခင္း ခံရသင့္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.