Ligue1

ဂိုးပေါက်ရှာမတွေ့ခဲ့ကြတဲ့ လီဂူးဝမ်း ဒါဘီပွဲစဉ် မာဆေးလ် ၀-၀ ပီအက်စ်ဂျီပွဲအပြီး ပြောစရာအချက် ၇ ချက်

ပီအက်စ်ဂျီအသင်းဟာ တနင်္ဂနွေနေ့က လီဂူးဝမ်း ဒါဘီပွဲစဉ်အဖြစ် မာဆေးလ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဂိုးမရှိသရေကျခဲ့ပြီး ၂ သင်းစလုံးဟာ ပထမပိုင်းမှာ သွင်းယူခဲ့တဲ့သွင်းဂိုးကို ခွင့်ပြုခြင်းမခံခဲ့ရဘဲ ဒုတိယပိုင်းမှာ ဟာကီမီဟာ ဂျင်ဂစ်ဇ် အန်ဒါကို နောက်ကနေ ဆွဲခဲ့တဲ့အတွက် တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ပီအက်စ်ဂျီဟာ မာဆေးလ်အသင်းရဲ့ ဂိုးပေါက်ကို အကြိမ်အနည်းငယ် ခြိမ်းခြောက်နိုင်ခဲ့တာဖြစ်ပြီး မက်ဆီရဲ့ အနီးကပ် ခေါင်းတိုက်ချက်ဟာ ဂိုးဘားတန်းပေါ် ကျော်သွားခဲ့တာဖြစ်ပါတယ်။ မာဆေးလ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ လီဂူးဝမ်းဒါဘီပွဲစဉ်မှာ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့တာဟာ ၁၉၉၈ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ခဲ့ပြီး ဒီပွဲစဉ်မှာ အဓိက ပြောစရာအချက် ၇ ချက်ရှိနေပါတယ်။

၇။ ဂိုးငြင်းပယ်ခံခဲ့ရသလို ရေသန့်ဗူးတွေနဲ့ ပစ်ပေါက်ခံခဲ့ရတဲ့ နေမာ

ဘရာဇီးလ်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီအတွက် အဖွင့်ဂိုး ရရှိအောင် ကူညီနိုင်ခဲ့ပြီလို့ ထင်ခဲ့ပေမယ့် တိုက်စစ်စချိန်မှာ လူကျွံနေခဲ့တယ်ဆိုပြီး ဂိုးအဖြစ် ခွင့်ပြုဖို့ ငြင်းပယ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။ တနင်္ဂနွေနေ့ညမှာ ဘောလုံးပိုင်ဆိုင်မှု အားနည်းနေခဲ့တဲ့အပြင် နေမာအတွက် ထောင့်ကန်ဘော ကန်ချိန်မှာ အကာအကွယ်တွေလည်း လိုအပ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မာဆေးလ်ပရိသတ်တွေက ထောင့်ကန်ဘောကန်ဖို့ လုပ်နေတဲ့ နေမာဆီကို ရေသန့်ဗူးတွေနဲ့ ပစ်ပေါက်နှောင့်ယှက်ခဲ့ကြတာကြောင့်ဖြစ်ပါတယ်။

၆။ ခံစစ်ကျောက်ဆောင်ဖြစ်ခဲ့တဲ့ ဆာလီဘာ

လူငယ်ကြယ်ပွင့်နောက်ခံကစားသမားဟာ မာဆေးလ်အသင်းအတွက် အံ့အားသင့်ဖွယ် ခြေစွမ်းနဲ့ ထွက်ပေါ်လာခဲ့ပြီး ဘောလုံးကို အလွန်ကောင်းမွန်စွာ အသုံးချနိုင်ခဲ့ပြီးတော့ ပီအက်စ်ဂျီရဲ့သွင်းဂိုးဖြစ်လာနိုင်တဲ့ အမ်ဘာပေရဲ့ ဂိုးသွင်းယူဖို့ ကြိုးပမ်းမှုကို ဖျက်ထုတ်နိုင်ခဲ့ပါတယ်။

ဝီလီယံ ဆာလီဘာဟာ ပီအက်စ်ဂျီနဲ့ပွဲစဉ်အတွင်း ရှင်းထုတ်မှု ၁ ကြိမ်၊ ကြားဝင်ဖျက်ထုတ်မှု ၁ ကြိမ်၊ ဘောလုံးလုယူမှု ၃ ကြိမ်၊ နောက်ဆုံးလူအဖြစ် ဘောလုံးလုယူမှု ၁ ကြိမ်၊ မြေပြင်မှာ တစ်ဦးချင်းရင်ဆိုင်ရာမှာ အောင်မြင်မှု ၅ ကြိမ်(၈၀ ရာခိုင်နှုန်းအောင်မြင်)၊ လေထဲမှာ ရင်ဆိုင်ရာမှာ အောင်မြင်မှု ၁ ကြိမ်(၁၀၀ ရာခိုင်နှုန်း အောင်မြင်)၊ ဘောလုံးပေးပို့မှု ၅၄ ကြိမ်(၉၆.၄ ရာခိုင်နှုန်းတိကျ)၊ မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ကို လှုပ်မရအောင် ထိန်းချုပ်ပြီး ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ပွဲစဉ်တလျှောက်အကောင်းဆုံးကစားသမားဆု စတဲ့ မှတ်တမ်းတွေကို ပိုင်ဆိုင်ခဲ့ပါတယ်။

၅။ ပထမပိုင်းမှာ VAR ကြောင့် အရှိန်သေခဲ့တဲ့ လီဂူးဝမ်းဒါဘီ

လီဂူးဝမ်းဒါဘီဟာ မာဆေးလ်နဲ့ ပီအက်စ်ဂျီတို့ကြား နှစ်ပေါင်းများစွာ ယှဉ်ပြိုင်မှု ပြင်းထန်တဲ့ ပွဲစဉ်ဖြစ်ခဲ့ပြီး တနင်္ဂနွေနေ့က ပွဲစဉ်မှာတော့ ၂ သင်းစလုံးဟာ အဖွင့်မိနစ် ၂၀ အတွင်း VAR ရဲ့ ဂိုးခွင့်ပြုဖို့ ငြင်းပယ်ခြင်း ခံခဲ့ရပြီး အဲဒါက လီဂူးဝမ်းဒါဘီရဲ့ အရှိန်ကို သေစေခဲ့တာဖြစ်ပါတယ်။ နေမာက အမ်ဘာပေဆီ ဖြတ်တင်ပေးပို့ပြီးနောက် ပီးရက်စ်ကို ကိုယ့်ဂိုးကိုယ်သွင်းမိအောင် လုပ်နိုင်ခဲ့ပြီလို့ ထင်ခဲ့ပေမယ့် ဘရာဇီးလ်ကြယ်ပွင့်ဟာ တိုက်စစ်စတင်ချိန်ကတည်းက လူကျွံနေခဲ့တာကို တွေ့ရှိခဲ့တာကြောင့် VAR က ဂိုးကို ခွင့်မပြုခဲ့တာဖြစ်ပါတယ်။ မာဆေးလ်အသင်းကလည်း နောက်ထပ် ၅ မိနစ်အကြာမှာ မီလစ်က အနီးကပ် ဂိုးကန်သွင်းယူပြီး အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပြီထင်ခဲ့ပေမယ့် VAR က ပိုလန်တိုက်စစ်မှူးဆီ ဘောလုံးပေးပို့ခဲ့တဲ့ လီရိုလာက တိုက်စစ်စချိန်မှာ လူကျွံနေခဲ့တယ်ဆိုပြီး ဂိုးကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

၄။ ဟာကီမီကို တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ဖို့ တကယ်ထိုက်တန်ခဲ့ရဲ့လား

ပွဲကစားချိန် တစ်နာရီမပြည့်ခင်မှာ ဟာကီမီ ထုတ်ပယ်ခံလိုက်ရတာက ပီအက်စ်ဂျီအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့ပြီး မော်ရိုကိုလက်ရွေးစင်နောက်ခံကစားသမားဟာ ဂျင်ဂစ်ဇ် အန်ဒါဆီကနေ ဘောလုံးပြန်ဆယ်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး အစပိုင်းမှာ အပြစ်ပေးခြင်းမခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် ဒိုင်လူကြီးက VAR ကို အလျင်အမြန်ကြည့်ရှုခဲ့ပြီးနောက် ဟာကီမီကို တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ဟာကီမီဟာ ပင်နယ်တီဧရိယာပြင်ပမှာ ထိတွေ့မှုဖြစ်ခဲ့တာကြောင့် ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ဟာ ပြင်းထန်လွန်းခဲ့တယ်လို့ ထင်မြင်ရပြီး ပင်နယ်တီဧရိယာထဲမှာဆိုရင်တော့ တရားမျှတကောင်း တရားမျှတတယ်လို့ ဆိုနိုင်မှာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြင်သစ်ကစားသမားအနေနဲ့ ဂိုးဆီ လွတ်လွတ်လပ်လပ် ပြေးသွားခွင့်ပေးခြင်းခံရမယ်ဆိုရင် ဂိုးအဖြစ် ပြောင်းလဲနိုင်တာကြောင့် ဟာကီမီရဲ့ ပြစ်ဒဏ်ကျူးလွန်မှုဟာ ရှင်းရှင်းလင်းလင်း ဂိုးသွင်းနိုင်တဲ့အခွင့်အလမ်းကို ငြင်းပယ်မှုအဖြစ် ရှုမြင်ခြင်းခံခဲ့ရပုံ ပေါ်ပါတယ်။

၃။ ဒါနီလိုရဲ့ပြစ်ဒဏ်ကျူးလွန်မှုအတွက် မာဆေးလ်အသင်းအနေနဲ့ ပင်နယ်တီပေးခြင်းခံခဲ့ရသင့်လား

ဒုတိယပိုင်းအစောပိုင်းမှာ မာဆေးလ်အသင်းဟာ ဒါနီလိုက ပါရက်တ်ကို ပင်နယ်တီဧရိယာထဲမှာ လဲကျအောင်ပြုလုပ်ခဲ့ပြီးနောက် ပင်နယ်တီပြစ်ဒဏ်သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒိုင်လူကြီးက လက်ခါပြပြီး ဆက်ကစားစေခဲ့တာဖြစ်ပြီး ရုပ်သံအနှေးပြကွက်မှာ ပေါ်တူဂီကစားသမားဟာ မာဆေးလ်တိုက်စစ်မှူးရဲ့ ဘေးနားကို ပြေးလာပြီး နောက်ကနေ လက်နဲ့ ဆွဲထားပြီး တားဆီးဖို့ ကြိုးပမ်းခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ အဲဒါကြောင့် ပါရက်တ်ဟာ မြေကြီးပေါ် လဲကျသွားခဲ့ပြီး ဒိုင်လူကြီးကတော့ ထိတွေ့မှုဟာ အရမ်းနည်းပါးလွန်းတာကြောင့် ပင်နယ်တီပေးဖို့ မသင့်ဘူးလို့ ယူဆခဲ့တဲ့အတွက် ပွဲကို ဆက်လက်ကစားစေခဲ့တာဖြစ်ပါတယ်။

၂။ ထိန်းလို့မရခဲ့တဲ့ ပါရက်တ်

ပရီးမီးယားလိဂ်ကို စွန့်ခွာခဲ့ပြီးကတည်းက လူအများ အာရုံစိုက်ခြင်း များစွာ မခံခဲ့ရပေမယ့်လည်း ပါရက်တ်ဟာ ၎င်းက ထူးခြားတဲ့ကစားသမားဖြစ်တယ်ဆိုတာကို ဆက်လက်ပြသနေတာဖြစ်ပါတယ်။ ပြင်သစ်ကစားသမားဟာ လီဂူးဝမ်း ဒါဘီရဲ့ ကြယ်ပွင့်ဆိုတာ ငြင်းပယ်လို့မရခဲ့ဘဲ ပီအက်စ်ဂျီကြယ်ပွင့်တွေဆီ ကျရောက်နေတဲ့ အာရုံစိုက်မှုတွေကို အလွန်ကောင်းမွန်တဲ့တိုက်စစ်စွမ်းရည်နဲ့ လုယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပါရက်တ်ဟာ ပွဲစဉ်အတွင် မာဆေးလ်အသင်းရဲ့ ကောင်းမွန်တဲ့စွမ်းဆောင်ရည်အတွက် ဗဟိုချက်ဖြစ်ခဲ့ပြီး အခွင့်အရေးများစွာ ဖန်တီးပေးခဲ့သလို လှပသေသပ်တဲ့ တည်ကန်ဘော ကန်တင်မှုတွေလည်း ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ပါရက်တ်ဟာ ပီအက်စ်ဂျီနဲ့ပွဲမှာ ဘောလုံးထိတွေ့မှု ၈၄ ကြိမ်၊ တိကျတဲ့ဘောလုံးပေးပို့မှု ၅၂ ကြိမ်၊ အဓိကကျတဲ့ပေးပို့မှု ၅ ကြိမ်၊ ကြီးမားတဲ့အခွင့်အရေးဖန်တီးမှု ၂ ကြိမ်၊ ဖြတ်တင်ဘော ၁၂ ကြိမ်၊ အဝေးဘောပေးပို့မှု ၇ ကြိမ်နဲ့ မြေပြင်တစ်ဦးချင်းရင်ဆိုင်ရာမှာ ၃ ကြိမ်ကို ၂ ကြိမ် အနိုင်ရရှိခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ ပါရက်တ်အတွက် အကောင်းဆုံးအခိုက်အတံ့ကတော့ မက်ဆီဆီကနေ ဘောလုံးကို ဖြတ်ယူပြီး အာဂျင်တီးနားကြယ်ပွင့် စိတ်ပျက်လက်ပျက်နဲ့ ကျန်ခဲ့အောင် အံ့အားသင့်ဖွယ် ပြေးလွှားမှု ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

၁။ ပီအက်စ်ဂျီအတွက် လီဂူးဝမ်းဂိုးမသွင်းနိုင်သေးတဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ လီဂူးဝမ်းပြိုင်ပွဲမှာ ၄ ပွဲမြောက် ပါဝင်ကစားပေးခဲ့ပေမယ့်လည်း ဂိုးသွင်းယူနိုင်ခြင်းမရှိသေးဘဲ လီဂူးဝမ်းဒါဘီပွဲဦးထွက်ပွဲစဉ်မှာ အကောင်းဆုံးပုံစံနဲ့ တောက်ပနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ မက်ဆီရဲ့ ကောင်းမွန်တဲ့ ဂိုးသွင်းမှု ၂ ကြိမ်ကို မာဆေးလ်ဂိုးသမား ပါအူ လိုပက်ဇ်က ကာကွယ်နိုင်ခဲ့ပြီး ပထမဂိုးသွင်းယူဖို့ ကြိုးပမ်းမှုဟာ အားပါတဲ့အနီးကပ်ခေါင်းတိုက်ချက်ဖြစ်ပေမယ့်လည်း စပိန်ဂိုးသမားက ဂိုးဘားတန်းပေါ် ကျော်သွားအောင် ပုတ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီရဲ့သွင်းဂိုးအတွက် အောင်ပွဲခံဖို့ စောင့်ဆိုင်းနေခဲ့ကြတဲ့ ပရိသတ်တွေအတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ပြီး နောက်ဆုံးမှာတော့ အာဂျင်တီးနားကြယ်ပွင့်ရဲ့ ဂိုးတွေ မြင်တွေ့ရမယ်လို့ မျှော်မှန်းရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပီအက္စ္ဂ်ီအသင္းဟာ တနဂၤေႏြေန႔က လီဂူးဝမ္း ဒါဘီပြဲစဥ္အျဖစ္ မာေဆးလ္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ဂိုးမရွိသေရက်ခဲ့ၿပီး ၂ သင္းစလုံးဟာ ပထမပိုင္းမွာ သြင္းယူခဲ့တဲ့သြင္းဂိုးကို ခြင့္ျပဳျခင္းမခံခဲ့ရဘဲ ဒုတိယပိုင္းမွာ ဟာကီမီဟာ ဂ်င္ဂစ္ဇ္ အန္ဒါကို ေနာက္ကေန ဆြဲခဲ့တဲ့အတြက္ တိုက္ရိုက္ အနီကတ္ၿပ ထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

ပီအက္စ္ဂ်ီဟာ မာေဆးလ္အသင္းရဲ့ ဂိုးေပါက္ကို အႀကိမ္အနည္းငယ္ ၿခိမ္းေျခာက္နိုင္ခဲ့တာျဖစ္ၿပီး မက္ဆီရဲ့ အနီးကပ္ ေခါင္းတိုက္ခ်က္ဟာ ဂိုးဘားတန္းေပၚ ေက်ာ္သြားခဲ့တာျဖစ္ပါတယ္။ မာေဆးလ္နဲ႔ ပီအက္စ္ဂ်ီတို႔ရဲ့ လီဂူးဝမ္းဒါဘီပြဲစဥ္မွာ ဂိုးမရွိသေရနဲ႔ ၿပီးဆုံးခဲ့တာဟာ ၁၉၉၈ ခုႏွစ္ နိုဝင္ဘာလေနာက္ပိုင္း ပထမဆုံးအႀကိမ္ျဖစ္ခဲ့ၿပီး ဒီပြဲစဥ္မွာ အဓိက ေျပာစရာအခ်က္ ၅ ခ်က္ရွိေနပါတယ္။

၇။ ဂိုးျငင္းပယ္ခံခဲ့ရသလို ေရသန႔္ဗူးေတြနဲ႔ ပစ္ေပါက္ခံခဲ့ရတဲ့ ေနမာ

ဘရာဇီးလ္တိုက္စစ္မႉးဟာ ပီအက္စ္ဂ်ီအတြက္ အဖြင့္ဂိုး ရရွိေအာင္ ကူညီနိုင္ခဲ့ၿပီလို႔ ထင္ခဲ့ေပမယ့္ တိုက္စစ္စခ်ိန္မွာ လူကၽြံေနခဲ့တယ္ဆိုၿပီး ဂိုးအျဖစ္ ခြင့္ျပဳဖို႔ ျငင္းပယ္ျခင္းခံခဲ့ရသူျဖစ္ပါတယ္။ တနဂၤေႏြေန႔ညမွာ ေဘာလုံးပိုင္ဆိုင္မႈ အားနည္းေနခဲ့တဲ့အျပင္ ေနမာအတြက္ ေထာင့္ကန္ေဘာ ကန္ခ်ိန္မွာ အကာအကြယ္ေတြလည္း လိုအပ္ခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ မာေဆးလ္ပရိသတ္ေတြက ေထာင့္ကန္ေဘာကန္ဖို႔ လုပ္ေနတဲ့ ေနမာဆီကို ေရသန႔္ဗူးေတြနဲ႔ ပစ္ေပါက္ေႏွာင့္ယွက္ခဲ့ၾကတာေၾကာင့္ျဖစ္ပါတယ္။

၆။ ခံစစ္ေက်ာက္ေဆာင္ျဖစ္ခဲ့တဲ့ ဆာလီဘာ

လူငယ္ၾကယ္ပြင့္ေနာက္ခံကစားသမားဟာ မာေဆးလ္အသင္းအတြက္ အံ့အားသင့္ဖြယ္ ေျခစြမ္းနဲ႔ ထြက္ေပၚလာခဲ့ၿပီး ေဘာလုံးကို အလြန္ေကာင္းမြန္စြာ အသုံးခ်နိုင္ခဲ့ၿပီးေတာ့ ပီအက္စ္ဂ်ီရဲ့သြင္းဂိုးျဖစ္လာနိုင္တဲ့ အမ္ဘာေပရဲ့ ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းမႈကို ဖ်က္ထုတ္နိုင္ခဲ့ပါတယ္။

ဝီလီယံ ဆာလီဘာဟာ ပီအက္စ္ဂ်ီနဲ႔ပြဲစဥ္အတြင္း ရွင္းထုတ္မႈ ၁ ႀကိမ္၊ ၾကားဝင္ဖ်က္ထုတ္မႈ ၁ ႀကိမ္၊ ေဘာလုံးလုယူမႈ ၃ ႀကိမ္၊ ေနာက္ဆုံးလူအျဖစ္ ေဘာလုံးလုယူမႈ ၁ ႀကိမ္၊ ေျမျပင္မွာ တစ္ဦးခ်င္းရင္ဆိုင္ရာမွာ ေအာင္ျမင္မႈ ၅ ႀကိမ္(၈၀ ရာခိုင္ႏႈန္းေအာင္ျမင္)၊ ေလထဲမွာ ရင္ဆိုင္ရာမွာ ေအာင္ျမင္မႈ ၁ ႀကိမ္(၁၀၀ ရာခိုင္ႏႈန္း ေအာင္ျမင္)၊ ေဘာလုံးေပးပို႔မႈ ၅၄ ႀကိမ္(၉၆.၄ ရာခိုင္ႏႈန္းတိက်)၊ မက္ဆီ၊ ေနမာ၊ အမ္ဘာေပတို႔ကို လႈပ္မရေအာင္ ထိန္းခ်ဳပ္ၿပီး ေပးဂိုးမရွိေအာင္ စြမ္းေဆာင္နိုင္ခဲ့တဲ့အတြက္ ပြဲစဥ္တေလၽွာက္အေကာင္းဆုံးကစားသမားဆု စတဲ့ မွတ္တမ္းေတြကို ပိုင္ဆိုင္ခဲ့ပါတယ္။

၅။ ပထမပိုင္းမွာ VAR ေၾကာင့္ အရွိန္ေသခဲ့တဲ့ လီဂူးဝမ္းဒါဘီ

လီဂူးဝမ္းဒါဘီဟာ မာေဆးလ္နဲ႔ ပီအက္စ္ဂ်ီတို႔ၾကား ႏွစ္ေပါင္းမ်ားစြာ ယွဥ္ၿပိဳင္မႈ ျပင္းထန္တဲ့ ပြဲစဥ္ျဖစ္ခဲ့ၿပီး တနဂၤေႏြေန႔က ပြဲစဥ္မွာေတာ့ ၂ သင္းစလုံးဟာ အဖြင့္မိနစ္ ၂၀ အတြင္း VAR ရဲ့ ဂိုးခြင့္ျပဳဖို႔ ျငင္းပယ္ျခင္း ခံခဲ့ရၿပီး အဲဒါက လီဂူးဝမ္းဒါဘီရဲ့ အရွိန္ကို ေသေစခဲ့တာျဖစ္ပါတယ္။ ေနမာက အမ္ဘာေပဆီ ျဖတ္တင္ေပးပို႔ၿပီးေနာက္ ပီးရက္စ္ကို ကိုယ့္ဂိုးကိုယ္သြင္းမိေအာင္ လုပ္နိုင္ခဲ့ၿပီလို႔ ထင္ခဲ့ေပမယ့္ ဘရာဇီးလ္ၾကယ္ပြင့္ဟာ တိုက္စစ္စတင္ခ်ိန္ကတည္းက လူကၽြံေနခဲ့တာကို ေတြ႕ရွိခဲ့တာေၾကာင့္ VAR က ဂိုးကို ခြင့္မျပဳခဲ့တာျဖစ္ပါတယ္။ မာေဆးလ္အသင္းကလည္း ေနာက္ထပ္ ၅ မိနစ္အၾကာမွာ မီလစ္က အနီးကပ္ ဂိုးကန္သြင္းယူၿပီး အဖြင့္ဂိုး သြင္းယူနိုင္ခဲ့ၿပီထင္ခဲ့ေပမယ့္ VAR က ပိုလန္တိုက္စစ္မႉးဆီ ေဘာလုံးေပးပို႔ခဲ့တဲ့ လီရိုလာက တိုက္စစ္စခ်ိန္မွာ လူကၽြံေနခဲ့တယ္ဆိုၿပီး ဂိုးကို ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။

၄။ ဟာကီမီကို တိုက္ရိုက္အနီကတ္ၿပ ထုတ္ပယ္ဖို႔ တကယ္ထိုက္တန္ခဲ့ရဲ့လား

ပြဲကစားခ်ိန္ တစ္နာရီမျပည့္ခင္မွာ ဟာကီမီ ထုတ္ပယ္ခံလိုက္ရတာက ပီအက္စ္ဂ်ီအတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္ခဲ့ၿပီး ေမာ္ရိုကိုလက္ေရြးစင္ေနာက္ခံကစားသမားဟာ ဂ်င္ဂစ္ဇ္ အန္ဒါဆီကေန ေဘာလုံးျပန္ဆယ္ဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ၿပီး အစပိုင္းမွာ အျပစ္ေပးျခင္းမခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္ ဒိုင္လူႀကီးက VAR ကို အလ်င္အျမန္ၾကည့္ရႈခဲ့ၿပီးေနာက္ ဟာကီမီကို တိုက္ရိုက္အနီကတ္ၿပ ထုတ္ပယ္ခဲ့တာျဖစ္ပါတယ္။ ဟာကီမီဟာ ပင္နယ္တီဧရိယာျပင္ပမွာ ထိေတြ႕မႈျဖစ္ခဲ့တာေၾကာင့္ ဒိုင္လူႀကီးရဲ့ဆုံးျဖတ္ခ်က္ဟာ ျပင္းထန္လြန္းခဲ့တယ္လို႔ ထင္ျမင္ရၿပီး ပင္နယ္တီဧရိယာထဲမွာဆိုရင္ေတာ့ တရားမၽွတေကာင္း တရားမၽွတတယ္လို႔ ဆိုနိုင္မွာျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ျပင္သစ္ကစားသမားအေနနဲ႔ ဂိုးဆီ လြတ္လြတ္လပ္လပ္ ေျပးသြားခြင့္ေပးျခင္းခံရမယ္ဆိုရင္ ဂိုးအျဖစ္ ေျပာင္းလဲနိုင္တာေၾကာင့္ ဟာကီမီရဲ့ ျပစ္ဒဏ္က်ဴးလြန္မႈဟာ ရွင္းရွင္းလင္းလင္း ဂိုးသြင္းနိုင္တဲ့အခြင့္အလမ္းကို ျငင္းပယ္မႈအျဖစ္ ရႈျမင္ျခင္းခံခဲ့ရပုံ ေပၚပါတယ္။

၃။ ဒါနီလိုရဲ့ျပစ္ဒဏ္က်ဴးလြန္မႈအတြက္ မာေဆးလ္အသင္းအေနနဲ႔ ပင္နယ္တီေပးျခင္းခံခဲ့ရသင့္လား

ဒုတိယပိုင္းအေစာပိုင္းမွာ မာေဆးလ္အသင္းဟာ ဒါနီလိုက ပါရက္တ္ကို ပင္နယ္တီဧရိယာထဲမွာ လဲက်ေအာင္ျပဳလုပ္ခဲ့ၿပီးေနာက္ ပင္နယ္တီျပစ္ဒဏ္သတ္မွတ္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ ဒါေပမယ့္ ဒိုင္လူႀကီးက လက္ခါျပၿပီး ဆက္ကစားေစခဲ့တာျဖစ္ၿပီး ႐ုပ္သံအေႏွးျပကြက္မွာ ေပၚတူဂီကစားသမားဟာ မာေဆးလ္တိုက္စစ္မႉးရဲ့ ေဘးနားကို ေျပးလာၿပီး ေနာက္ကေန လက္နဲ႔ ဆြဲထားၿပီး တားဆီးဖို႔ ႀကိဳးပမ္းခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ အဲဒါေၾကာင့္ ပါရက္တ္ဟာ ေျမႀကီးေပၚ လဲက်သြားခဲ့ၿပီး ဒိုင္လူႀကီးကေတာ့ ထိေတြ႕မႈဟာ အရမ္းနည္းပါးလြန္းတာေၾကာင့္ ပင္နယ္တီေပးဖို႔ မသင့္ဘူးလို႔ ယူဆခဲ့တဲ့အတြက္ ပြဲကို ဆက္လက္ကစားေစခဲ့တာျဖစ္ပါတယ္။

၂။ ထိန္းလို႔မရခဲ့တဲ့ ပါရက္တ္

ပရီးမီးယားလိဂ္ကို စြန႔္ခြာခဲ့ၿပီးကတည္းက လူအမ်ား အာ႐ုံစိုက္ျခင္း မ်ားစြာ မခံခဲ့ရေပမယ့္လည္း ပါရက္တ္ဟာ ၎က ထူးျခားတဲ့ကစားသမားျဖစ္တယ္ဆိုတာကို ဆက္လက္ျပသေနတာျဖစ္ပါတယ္။ ျပင္သစ္ကစားသမားဟာ လီဂူးဝမ္း ဒါဘီရဲ့ ၾကယ္ပြင့္ဆိုတာ ျငင္းပယ္လို႔မရခဲ့ဘဲ ပီအက္စ္ဂ်ီၾကယ္ပြင့္ေတြဆီ က်ေရာက္ေနတဲ့ အာ႐ုံစိုက္မႈေတြကို အလြန္ေကာင္းမြန္တဲ့တိုက္စစ္စြမ္းရည္နဲ႔ လုယူနိုင္ခဲ့တာျဖစ္ပါတယ္။ ပါရက္တ္ဟာ ပြဲစဥ္အတြင္ မာေဆးလ္အသင္းရဲ့ ေကာင္းမြန္တဲ့စြမ္းေဆာင္ရည္အတြက္ ဗဟိုခ်က္ျဖစ္ခဲ့ၿပီး အခြင့္အေရးမ်ားစြာ ဖန္တီးေပးခဲ့သလို လွပေသသပ္တဲ့ တည္ကန္ေဘာ ကန္တင္မႈေတြလည္း ျပဳလုပ္နိုင္ခဲ့တာျဖစ္ပါတယ္။

ပါရက္တ္ဟာ ပီအက္စ္ဂ်ီနဲ႔ပြဲမွာ ေဘာလုံးထိေတြ႕မႈ ၈၄ ႀကိမ္၊ တိက်တဲ့ေဘာလုံးေပးပို႔မႈ ၅၂ ႀကိမ္၊ အဓိကက်တဲ့ေပးပို႔မႈ ၅ ႀကိမ္၊ ႀကီးမားတဲ့အခြင့္အေရးဖန္တီးမႈ ၂ ႀကိမ္၊ ျဖတ္တင္ေဘာ ၁၂ ႀကိမ္၊ အေဝးေဘာေပးပို႔မႈ ၇ ႀကိမ္နဲ႔ ေျမျပင္တစ္ဦးခ်င္းရင္ဆိုင္ရာမွာ ၃ ႀကိမ္ကို ၂ ႀကိမ္ အနိုင္ရရွိခဲ့တဲ့ကစားသမားျဖစ္ပါတယ္။ ပါရက္တ္အတြက္ အေကာင္းဆုံးအခိုက္အတံ့ကေတာ့ မက္ဆီဆီကေန ေဘာလုံးကို ျဖတ္ယူၿပီး အာဂ်င္တီးနားၾကယ္ပြင့္ စိတ္ပ်က္လက္ပ်က္နဲ႔ က်န္ခဲ့ေအာင္ အံ့အားသင့္ဖြယ္ ေျပးလႊားမႈ ျပဳလုပ္နိုင္ခဲ့တာျဖစ္ပါတယ္။

၁။ ပီအက္စ္ဂ်ီအတြက္ လီဂူးဝမ္းဂိုးမသြင္းနိုင္ေသးတဲ့ မက္ဆီ

လီယြန္နယ္ မက္ဆီဟာ လီဂူးဝမ္းၿပိဳင္ပြဲမွာ ၄ ပြဲေျမာက္ ပါဝင္ကစားေပးခဲ့ေပမယ့္လည္း ဂိုးသြင္းယူနိုင္ျခင္းမရွိေသးဘဲ လီဂူးဝမ္းဒါဘီပြဲဦးထြက္ပြဲစဥ္မွာ အေကာင္းဆုံးပုံစံနဲ႔ ေတာက္ပနိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။ မက္ဆီရဲ့ ေကာင္းမြန္တဲ့ ဂိုးသြင္းမႈ ၂ ႀကိမ္ကို မာေဆးလ္ဂိုးသမား ပါအူ လိုပက္ဇ္က ကာကြယ္နိုင္ခဲ့ၿပီး ပထမဂိုးသြင္းယူဖို႔ ႀကိဳးပမ္းမႈဟာ အားပါတဲ့အနီးကပ္ေခါင္းတိုက္ခ်က္ျဖစ္ေပမယ့္လည္း စပိန္ဂိုးသမားက ဂိုးဘားတန္းေပၚ ေက်ာ္သြားေအာင္ ပုတ္ထုတ္နိုင္ခဲ့တာျဖစ္ပါတယ္။ မက္ဆီရဲ့သြင္းဂိုးအတြက္ ေအာင္ပြဲခံဖို႔ ေစာင့္ဆိုင္းေနခဲ့ၾကတဲ့ ပရိသတ္ေတြအတြက္ေတာ့ စိတ္ပ်က္စရာျဖစ္ခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ အာဂ်င္တီးနားၾကယ္ပြင့္ရဲ့ ဂိုးေတြ ျမင္ေတြ႕ရမယ္လို႔ ေမၽွာ္မွန္းရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.