Ligue1

ပီအက်စ်ဂျီက အမ်ဘာပေရဲ့အသင်းဖြစ်နေလို့ မက်ဆီ သင်းကွဲဖြစ်နေတယ်လို့ ပြောလိုက်တဲ့ အွန်နရီ

အာဆင်နယ်ဂန္တဝင်တိုက်စစ်မှူး သီယာရီ အွန်နရီက ပီအက်စ်ဂျီအသင်းဟာ ခီလီယန် အမ်ဘာပေကို ဦးတည်ပြီး တည်ဆောက်ထားတဲ့အတွက် ၎င်းရဲ့ အသင်းဖော်ဟောင်း လီယွန်နယ် မက်ဆီဟာ တစ်ဦးတည်း သင်းကွဲဖြစ်နေတယ်လို့ ခံစားနေရပါတယ်။

လီယွန်နယ် မက်ဆီဟာ ယခုနွေရာသီမှာ ပီအက်စ်ဂျီအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဘာစီလိုနာအသင်းက လာလီဂါရဲ့ စည်းမျဉ်းကြောင့် အသင်းရဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင်ကို စာချုပ်သစ် ကမ်းလှမ်းနိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

မက်ဆီ ရောက်ရှိလာမှုက ပီအက်စ်ဂျီအသင်းလိုအပ်နေတဲ့ ချန်ပီယံလိဂ်ဖလား ရယူဖို့ ပဟေဠိရဲ့နောက်ဆုံးအပိုင်းအစကို ရရှိသွားခဲ့ပုံပေါ်ခဲ့ပြီး ပြင်သစ်လီဂူးဝမ်းထိပ်သီးအသင်းကြီးဟာ မက်ဆီ၊ အမ်ဘာပေ၊ နေမာတို့ ၃ ဦးတိုက်စစ်အတွဲကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသင်းအတွက် သို့မဟုတ် ကစားသမားအတွက် မျှော်မှန်းထားသလောက်တော့ အရာအားလုံးက အလုပ်မဖြစ်သေးဘဲ မက်ဆီဟာ ပီအက်စ်ဂျီအတွက် လီဂူးဝမ်းမှာ မိနစ် ၂၈၀ ပါဝင်ကစားပေးထားပေမယ့် သွင်းဂိုး သွင်းယူပေးနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။

မက်ဆီဟာ မာဆေးလ်အသင်းနဲ့ ကစားခဲ့တဲ့ လီဂူးဝမ်း ဒါဘီပွဲစဉ်မှာ နေမာ၊ အမ်ဘာပေတို့နဲ့အတူ ပွဲထွက်ပါဝင်ခဲ့ပေမယ့် ဂိုးမရှိသရေရလဒ်နဲ့သာ ပွဲပြီးဆုံးသွားခဲ့ပြီး ပြင်သစ်မှာ မက်ဆီရုန်းကန်နေရတာနဲ့ပတ်သက်ပြီး အွန်နရီက ပွဲအပြီးမှာ RMC Sport ကို အခုလိုပဲ ပြောကြားခဲ့တာဖြစ်ပါတယ်။

“သူက သင်းကွဲဖြစ်နေခဲ့ပါတယ်။ သူ ဘောလုံးကိုင်ထားရတာ နည်းပါတယ်။ သူ ဝမ်းနည်းနေတယ်လို့တော့ ကျွန်တော် မပြောပါဘူး။ ဒါပေမယ့် သူ သင်းကွဲဖြစ်နေခဲ့တယ်။ ကျွန်တော်ကတော့ သူ့ကို အလယ်မှာ ပိုပြီး ကစားစေချင်တယ်”

အွန်နရီက မက်ဆီအနေနဲ့ အလယ်မှာ ကစားတာက ကစားသမားတွေအတွက် ပွဲအရှိန်ကို ထိန်းသိမ်းနိုင်စေလိမ့်မယ်လို့ ခံစားနေရပြီး နေမာနဲ့ အမ်ဘာပေတို့ ဖောက်ထွက်နိုင်ဖို့အတွက် နေရာလွတ်တွေလည်း ဖွင့်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ကျွန်တော်ကတော့ လီယိုနဲ့ပတ်သက်ပြီး ညာတောင်ပံမှာ ကစားတာကို ပြဿနာရှိပါတယ်။ အလယ်မှာဆိုရင် သူက ပွဲအရှိန်ကို ချိန်ညှိနိုင်တယ်။ အမ်ဘာပေ၊ နေမာနဲ့ မက်ဆီတို့ အတူတူ ကစားနိုင်ဖို့ တစ်စုံတရာကို ရှာဖွေဖို့ လိုအပ်နေပါတယ်”

ပြင်သစ်ဂန္တဝင် အွန်နရီက မက်ဆီဟာ အထူးသဖြင့် တစ်ဦးချင်း ပွင့်ပွင့်လင်းလင်း ပြောတတ်သူမဟုတ်ဘဲ ၎င်းရဲ့ စွမ်းဆောင်ရည်နဲ့ စကားပြောရတာကို ပိုမိုနှစ်သက်သူဖြစ်တယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။ အွန်နရီက အမ်ဘာပေက အသင်းရဲ့ခြေစွမ်းအတည်ငြိမ်ဆုံး စွမ်းဆောင်ရှင်ဖြစ်ခဲ့တာကြောင့် လက်ရှိမှာ ပီအက်စ်ဂျီအသင်းကို ဦးဆောင်နေတယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

“မက်ဆီက စကားအများကြီး မပြောတတ်ပါဘူး။ သူက ဘောလုံးနဲ့ပဲ စကားပြောတယ်။ အခုအချိန်အထိတော့ ပီအက်စ်ဂျီက ခီလီယန်ရဲ့အသင်းပါ။ ခီလီယန်က အချိန်အများစုမှာ အသင်းအတွက် တောက်ပပေးခဲ့တဲ့ ကစားသမားပါ။ အဲဒီတော့ ဘောလုံးက သူ့ဆီပိုပြီး ရောက်တာများပါတယ်။ ဘယ်လိုအချိန်မျိုးမှာမဆို အဖွဲ့ကို ဦးဆောင်တဲ့သူ တစ်ယောက်ပဲ ရှိနိုင်တယ်။ အဲဒီလိုမှ မဟုတ်ရင် ခင်ဗျား တူညီတဲ့ အရှိန်နဲ့ ကစားနိုင်မှာမဟုတ်ပါဘူး။ ပြီးတော့ ဒီအသင်းထဲမှာ ဦးဆောင်သူတွေက အရမ်းများနေတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္ဂႏၲဝင္တိုက္စစ္မႉး သီယာရီ အြန္နရီက ပီအက္စ္ဂ်ီအသင္းဟာ ခီလီယန္ အမ္ဘာေပကို ဦးတည္ၿပီး တည္ေဆာက္ထားတဲ့အတြက္ ၎ရဲ့ အသင္းေဖာ္ေဟာင္း လီယြန္နယ္ မက္ဆီဟာ တစ္ဦးတည္း သင္းကြဲျဖစ္ေနတယ္လို႔ ခံစားေနရပါတယ္။

လီယြန္နယ္ မက္ဆီဟာ ယခုေႏြရာသီမွာ ပီအက္စ္ဂ်ီအသင္းကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းေရႊ႕ခဲ့သူျဖစ္ၿပီး ဘာစီလိုနာအသင္းက လာလီဂါရဲ့ စည္းမ်ဥ္းေၾကာင့္ အသင္းရဲ့ တသက္တာထိပ္တန္းဂိုးသြင္းရွင္ကို စာခ်ဳပ္သစ္ ကမ္းလွမ္းနိုင္ခဲ့ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

မက္ဆီ ေရာက္ရွိလာမႈက ပီအက္စ္ဂ်ီအသင္းလိုအပ္ေနတဲ့ ခ်န္ပီယံလိဂ္ဖလား ရယူဖို႔ ပေဟဠိရဲ့ေနာက္ဆုံးအပိုင္းအစကို ရရွိသြားခဲ့ပုံေပၚခဲ့ၿပီး ျပင္သစ္လီဂူးဝမ္းထိပ္သီးအသင္းႀကီးဟာ မက္ဆီ၊ အမ္ဘာေပ၊ ေနမာတို႔ ၃ ဦးတိုက္စစ္အတြဲကို ပိုင္ဆိုင္နိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အသင္းအတြက္ သို႔မဟုတ္ ကစားသမားအတြက္ ေမၽွာ္မွန္းထားသေလာက္ေတာ့ အရာအားလုံးက အလုပ္မျဖစ္ေသးဘဲ မက္ဆီဟာ ပီအက္စ္ဂ်ီအတြက္ လီဂူးဝမ္းမွာ မိနစ္ ၂၈၀ ပါဝင္ကစားေပးထားေပမယ့္ သြင္းဂိုး သြင္းယူေပးနိုင္ျခင္းမရွိေသးတာျဖစ္ပါတယ္။

မက္ဆီဟာ မာေဆးလ္အသင္းနဲ႔ ကစားခဲ့တဲ့ လီဂူးဝမ္း ဒါဘီပြဲစဥ္မွာ ေနမာ၊ အမ္ဘာေပတို႔နဲ႔အတူ ပြဲထြက္ပါဝင္ခဲ့ေပမယ့္ ဂိုးမရွိသေရရလဒ္နဲ႔သာ ပြဲၿပီးဆုံးသြားခဲ့ၿပီး ျပင္သစ္မွာ မက္ဆီ႐ုန္းကန္ေနရတာနဲ႔ပတ္သက္ၿပီး အြန္နရီက ပြဲအၿပီးမွာ RMC Sport ကို အခုလိုပဲ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“သူက သင္းကြဲျဖစ္ေနခဲ့ပါတယ္။ သူ ေဘာလုံးကိုင္ထားရတာ နည္းပါတယ္။ သူ ဝမ္းနည္းေနတယ္လို႔ေတာ့ ကၽြန္ေတာ္ မေျပာပါဘူး။ ဒါေပမယ့္ သူ သင္းကြဲျဖစ္ေနခဲ့တယ္။ ကၽြန္ေတာ္ကေတာ့ သူ႔ကို အလယ္မွာ ပိုၿပီး ကစားေစခ်င္တယ္”

အြန္နရီက မက္ဆီအေနနဲ႔ အလယ္မွာ ကစားတာက ကစားသမားေတြအတြက္ ပြဲအရွိန္ကို ထိန္းသိမ္းနိုင္ေစလိမ့္မယ္လို႔ ခံစားေနရၿပီး ေနမာနဲ႔ အမ္ဘာေပတို႔ ေဖာက္ထြက္နိုင္ဖို႔အတြက္ ေနရာလြတ္ေတြလည္း ဖြင့္ေပးနိုင္လိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ကၽြန္ေတာ္ကေတာ့ လီယိုနဲ႔ပတ္သက္ၿပီး ညာေတာင္ပံမွာ ကစားတာကို ျပႆနာရွိပါတယ္။ အလယ္မွာဆိုရင္ သူက ပြဲအရွိန္ကို ခ်ိန္ညႇိနိုင္တယ္။ အမ္ဘာေပ၊ ေနမာနဲ႔ မက္ဆီတို႔ အတူတူ ကစားနိုင္ဖို႔ တစ္စုံတရာကို ရွာေဖြဖို႔ လိုအပ္ေနပါတယ္”

ျပင္သစ္ဂႏၲဝင္ အြန္နရီက မက္ဆီဟာ အထူးသျဖင့္ တစ္ဦးခ်င္း ပြင့္ပြင့္လင္းလင္း ေျပာတတ္သူမဟုတ္ဘဲ ၎ရဲ့ စြမ္းေဆာင္ရည္နဲ႔ စကားေျပာရတာကို ပိုမိုႏွစ္သက္သူျဖစ္တယ္လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။ အြန္နရီက အမ္ဘာေပက အသင္းရဲ့ေျခစြမ္းအတည္ၿငိမ္ဆုံး စြမ္းေဆာင္ရွင္ျဖစ္ခဲ့တာေၾကာင့္ လက္ရွိမွာ ပီအက္စ္ဂ်ီအသင္းကို ဦးေဆာင္ေနတယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။

“မက္ဆီက စကားအမ်ားႀကီး မေျပာတတ္ပါဘူး။ သူက ေဘာလုံးနဲ႔ပဲ စကားေျပာတယ္။ အခုအခ်ိန္အထိေတာ့ ပီအက္စ္ဂ်ီက ခီလီယန္ရဲ့အသင္းပါ။ ခီလီယန္က အခ်ိန္အမ်ားစုမွာ အသင္းအတြက္ ေတာက္ပေပးခဲ့တဲ့ ကစားသမားပါ။ အဲဒီေတာ့ ေဘာလုံးက သူ႔ဆီပိုၿပီး ေရာက္တာမ်ားပါတယ္။ ဘယ္လိုအခ်ိန္မ်ိဳးမွာမဆို အဖြဲ႕ကို ဦးေဆာင္တဲ့သူ တစ္ေယာက္ပဲ ရွိနိုင္တယ္။ အဲဒီလိုမွ မဟုတ္ရင္ ခင္ဗ်ား တူညီတဲ့ အရွိန္နဲ႔ ကစားနိုင္မွာမဟုတ္ပါဘူး။ ၿပီးေတာ့ ဒီအသင္းထဲမွာ ဦးေဆာင္သူေတြက အရမ္းမ်ားေနတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.