Ligue1 Premier League

ပီအက်စ်ဂျီမှာ မအောင်မြင်ဘဲ ချဲလ်ဆီးမှာ ဘာလို့အောင်မြင်နေလဲဆိုတာ ဖွင့်ပြောလိုက်တဲ့ တူဟယ်

ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်က ခီလီယန် အမ်ဘာပေ၊ နေမာတို့ထက် လူကာကူးက ကိုင်တွယ်ရတာ ပိုမိုလွယ်ကူတယ်လို့ ပြောကြားခဲ့ပြီး အသင်းဟောင်း ပီအက်စ်ဂျီအသင်းကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

တူဟယ်ဟာ ပြင်သစ်လီဂူးဝမ်းထိပ်သီးအသင်းကြီးနဲ့ ၂ နှစ်တာ အချိန်ကုန်ဆုံးခဲ့သူဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်ကို လစ္စဘွန်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ဂျာမန်လူမျိုးနည်းပြကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး တူဟယ်ဟာ ချဲလ်ဆီးအသင်းနဲ့အတူ ချန်ပီယံလိဂ်အောင်ပွဲကို အံ့အားသင့်ဖွယ် ရယူနိုင်ခဲ့သလို ယခုရာသီ ဆုဖလားစိန်ခေါ်သူအဖြစ် ပြုပြင်ပြောင်းလဲပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အီတလီသတင်းဌာန La Gazzetta dello Sport က စီစဉ်တဲ့ ‘Festival dello Sport’ ကို တက်ရောက်ခဲ့တဲ့ တူဟယ်က ချဲလ်ဆီး၊ ပီအက်စ်ဂျီအသင်းနဲ့ ကြယ်ပွင့်ကစားသမားတွေကို ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး ၎င်းရဲ့ ထင်မြင်ယူဆချက်ကို မျှဝေပေးခဲ့တာဖြစ်ပါတယ်။

ဂျာမန်လူမျိုးနည်းပြက ပေါင် ၉၇ သန်းတန် တိုက်စစ်မှူး လူကာကူးကို ပီအက်စ်ဂျီ ကြယ်ပွင့်တွေဖြစ်တဲ့ နေမာ၊ အမ်ဘာပေတို့နဲ့ နှိုင်းယှဉ်ထားတဲ့အမြင်ကို ပြောကြားထားတဲ့ အင်တာဗျူးထဲက စကားအချို့ကို အီတလီသတင်းဌာနက ၎င်းတို့ရဲ့ ‘Sportsweek’ မဂ္ဂဇင်း ထည့်သွင်း ဖော်ပြခဲ့တာဖြစ်ပါတယ်။

“နေမာ ဒါမှမဟုတ် အမ်ဘာပေထက် လူကာကူးက နည်းပြရတာ ပိုပြီး လွယ်ကူပါတယ်”လို့ တူဟယ်က ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီတို့ကြားက ကွာခြားချက်မှုကို သုံးသပ်ရာမှာ တူဟယ်က ပဲရစ်မှာ ရှိနေစဉ်တုန်းက ၎င်းရဲ့ ဆွေးနွေးညှိနှိုင်းရေးစွမ်းရည်ကို အသုံးပြုဖို့ လိုအပ်ခဲ့တယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

“သူတို့တွေက ဟန်ပန်၊ ဖွဲ့စည်းထားပုံနဲ့ပတ်သက်ပြီး လုံးဝကို ကွဲပြားခြားနားတဲ့အသင်း ၂ သင်းပါ။ ပီအက်စ်ဂျီမှာတုန်းက ကျွန်တော်က အားကစားဝန်ကြီးဖြစ်ခဲ့တယ်လို့ ခံစားရပါတယ်။ ကျွန်တော်က ကြယ်ပွင့်ကစားသမားတွေရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေကိုပါ စီမံခန့်ခွဲပေးခဲ့ရပါတယ်။ ချဲလ်ဆီးမှာတော့ ကျွန်တော် အများကြီး ပိုပြီး အေးအေးဆေးဆေး အလုပ်လုပ်နိုင်ပါတယ်”

ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ၉ ပွဲ ကစားထားပြီးနောက် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပြီး ဒုတိယနေရာက မန်ချက်စတာစီးတီးနဲ့ ၂ မှတ်၊ တစ်ပွဲလျော့နေတဲ့ တတိယနေရာက လီဗာပူးလ်အသင်းနဲ့ ၄ မှတ်ကွာဟနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းနည္းၿပ ေသာမတ္စ္ တူဟယ္က ခီလီယန္ အမ္ဘာေပ၊ ေနမာတို႔ထက္ လူကာကူးက ကိုင္တြယ္ရတာ ပိုမိုလြယ္ကူတယ္လို႔ ေျပာၾကားခဲ့ၿပီး အသင္းေဟာင္း ပီအက္စ္ဂ်ီအသင္းကို ေဝဖန္ျပစ္တင္ခဲ့ပါတယ္။

တူဟယ္ဟာ ျပင္သစ္လီဂူးဝမ္းထိပ္သီးအသင္းႀကီးနဲ႔ ၂ ႏွစ္တာ အခ်ိန္ကုန္ဆုံးခဲ့သူျဖစ္ၿပီး ၂၀၁၉ ခုႏွစ္မွာ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို ပို႔ေဆာင္ေပးနိုင္ခဲ့ေပမယ့္ ဘိုင္ယန္ျမဴးနစ္ကို လစၥဘြန္းမွာ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဒုတိယနဲ႔သာ ေက်နပ္ခဲ့ရတာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလမွာ ဂ်ာမန္လူမ်ိဳးနည္းျပကို ရာထူးကေန ထုတ္ပယ္ခဲ့ၿပီး တူဟယ္ဟာ ခ်ဲလ္ဆီးအသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ေအာင္ပြဲကို အံ့အားသင့္ဖြယ္ ရယူနိုင္ခဲ့သလို ယခုရာသီ ဆုဖလားစိန္ေခၚသူအျဖစ္ ျပဳျပင္ေျပာင္းလဲေပးနိုင္ခဲ့တာျဖစ္ပါတယ္။

အီတလီသတင္းဌာန La Gazzetta dello Sport က စီစဥ္တဲ့ ‘Festival dello Sport’ ကို တက္ေရာက္ခဲ့တဲ့ တူဟယ္က ခ်ဲလ္ဆီး၊ ပီအက္စ္ဂ်ီအသင္းနဲ႔ ၾကယ္ပြင့္ကစားသမားေတြကို ကိုင္တြယ္ပုံနဲ႔ပတ္သက္ၿပီး ၎ရဲ့ ထင္ျမင္ယူဆခ်က္ကို မၽွေဝေပးခဲ့တာျဖစ္ပါတယ္။

ဂ်ာမန္လူမ်ိဳးနည္းျပက ေပါင္ ၉၇ သန္းတန္ တိုက္စစ္မႉး လူကာကူးကို ပီအက္စ္ဂ်ီ ၾကယ္ပြင့္ေတြျဖစ္တဲ့ ေနမာ၊ အမ္ဘာေပတို႔နဲ႔ ႏွိုင္းယွဥ္ထားတဲ့အျမင္ကို ေျပာၾကားထားတဲ့ အင္တာဗ်ဴးထဲက စကားအခ်ိဳ႕ကို အီတလီသတင္းဌာနက ၎တို႔ရဲ့ ‘Sportsweek’ မဂၢဇင္း ထည့္သြင္း ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

“ေနမာ ဒါမွမဟုတ္ အမ္ဘာေပထက္ လူကာကူးက နည္းျပရတာ ပိုၿပီး လြယ္ကူပါတယ္”လို႔ တူဟယ္က ေျပာၾကားခဲ့ပါတယ္။ ခ်ဲလ္ဆီးနဲ႔ ပီအက္စ္ဂ်ီတို႔ၾကားက ကြာျခားခ်က္မႈကို သုံးသပ္ရာမွာ တူဟယ္က ပဲရစ္မွာ ရွိေနစဥ္တုန္းက ၎ရဲ့ ေဆြးေႏြးညႇိႏွိုင္းေရးစြမ္းရည္ကို အသုံးျပဳဖို႔ လိုအပ္ခဲ့တယ္လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

“သူတို႔ေတြက ဟန္ပန္၊ ဖြဲ႕စည္းထားပုံနဲ႔ပတ္သက္ၿပီး လုံးဝကို ကြဲျပားျခားနားတဲ့အသင္း ၂ သင္းပါ။ ပီအက္စ္ဂ်ီမွာတုန္းက ကၽြန္ေတာ္က အားကစားဝန္ႀကီးျဖစ္ခဲ့တယ္လို႔ ခံစားရပါတယ္။ ကၽြန္ေတာ္က ၾကယ္ပြင့္ကစားသမားေတြရဲ့ သူငယ္ခ်င္းေတြနဲ႔ မိသားစုဝင္ေတြကိုပါ စီမံခန႔္ခြဲေပးခဲ့ရပါတယ္။ ခ်ဲလ္ဆီးမွာေတာ့ ကၽြန္ေတာ္ အမ်ားႀကီး ပိုၿပီး ေအးေအးေဆးေဆး အလုပ္လုပ္နိုင္ပါတယ္”

ခ်ဲလ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ ၉ ပြဲ ကစားထားၿပီးေနာက္ အမွတ္ေပးဇယား ထိပ္ဆုံးေနရာမွာ ရပ္တည္ေနတာျဖစ္ၿပီး ဒုတိယေနရာက မန္ခ်က္စတာစီးတီးနဲ႔ ၂ မွတ္၊ တစ္ပြဲေလ်ာ့ေနတဲ့ တတိယေနရာက လီဗာပူးလ္အသင္းနဲ႔ ၄ မွတ္ကြာဟေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.