Analysis Premier League

ပွဲကြီးတိုးတဲ့ ကိုနာတေ၊ ဂျိုတာနဲ့ မန်ယူနိုက်တက် 0-5 လီဗာပူးလ်ပွဲအပြီး ပြောစရာ 7 ချက်

၁၈ နှစ်နောက်ပိုင်း အိုးလ်ထရက်ဖို့ဒ်ကို ကျူးကျော်တဲ့ ဟက်ထရစ်
မိုဟာမက် ဆာလားကတော့ ၂၀၀၃ ခုနှစ်က ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ရော်နယ်လ်ဒို လူးဝစ် နာဇာရီယို ဒီလီမာရဲ့ ဟက်ထရစ်နောက်ပိုင်း အိုးလ်ထရက်ဖို့ဒ်ကို ပထမဆုံးအကြိမ်အဖြစ် သုံးဂိုးသွင်းပြီး ကျူးကျော်ရန်စခဲ့တာလည်းဖြစ်ပါတယ်။ ဒီနေ့ပွဲမှာရော ဒီရာသီမှာရော ပြသနေတဲ့ ခြေစွမ်းအရ ဥရောပရွှေဘောလုံး ဘယ်လွန်ဒေါဆုနဲ့ ထိုက်တန်တယ်လို့ ချီးကျူးခဲ့ခဲ့ရတဲ့ အီဂျစ်တိုက်စစ်မှူးဟာ ပွဲချိန် ၃၈၊ ၄၅+၅ နဲ့ ၄၉ မိနစ်တွေမှာ ဟက်ထရစ် ရယူခဲ့ပြီး မန်ချက်စတာယူနိုက်တက်တို့ကို ချေမှုန်းပစ်နိုင်ခဲ့တာဖြစ်သလို ပရီးမီးယားလိဂ် ၉ ပွဲမှာ ၁၀ ဂိုးသွင်းယူပြီး အတောက်ပဆုံး ကြယ်ပွင့်လည်း ဖြစ်ခဲ့တာပါ။

အဝါကတ်တွေ ပလူပျံတဲ့ အိမ်ရှင်အသင်း
မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ အဝါကတ် ၆ ကတ်အထိ စုဆောင်းမိခဲ့ပြီး ပွဲချိန် ၄၁ မိနစ်မှာ လုခ်ရှောက အဖွင့်ရယူခဲ့သလို ဒီနောက်ပိုင်းမှာတော့ ပရမ်းပတာ ကစားဟန်တွေနဲ့ ပထမပိုင်းမပြီးခင် ဖရက်ဒ်နဲ့ ရော်နယ်လ်ဒိုတို့က နောက်ထပ် နှစ်ကတ် ထပ်ထိခဲ့ကြပြီး အိမ်ကွင်းမှာ နည်းပြ ဆိုးလ်ရှားအတွက် ဆိုးရွားတဲ့ ပုံစံကိုပဲ ပြသခဲ့တာပါ။ ဒုတိယပိုင်းမှာလည်း ဘရူနို ဖာနန်ဒက်စ်၊ မက်ဂွိုင်းယားနဲ့ ဝန်ဘစ်ဆာကာတို့က တစ်ဝါစီ ရယူခဲ့သေးပြီး ပေါ့ဘာကတော့ အဝါကတ်အဖွဲ့ထဲမှာ ပါဝင်ဖို့ ကနဦးမှာ စာရင်းပေါက်ခဲ့ပြီး VAR ပြန်ကြည့်အပြီးမှာတော့ အနီကတ်အဖြစ် ပြောင်းလဲသွားခဲ့လို့ အဝါ ၆ ကတ်၊ အနီ ၁ ကတ်နဲ့ စည်းကမ်းပိုင်းမှတ်တမ်း ဆိုးရွားတဲ့ ညလည်းဖြစ်ခဲ့ရပါတယ်။

ကီတာရဲ့ လှပတဲ့ညက ဒဏ်ရာနဲ့ အဆုံးသတ်
အက်သလက်တီကိုနဲ့ပွဲမှာ တစ်ဂိုးသွင်းယူခဲ့ပေမယ့် ပေးလိုက်ရတဲ့ နှစ်ဂိုးအတွက် တာဝန်ရှိတယ်ဆိုပြီး အဆဲခံခဲ့ရတဲ့ ဂီနီယာသားဟာ ဒီနေ့မှာ ကျန်တဲ့ စီနီယာကွင်းလယ်လူတွေ ဒဏ်ရာရနေတာကြောင့် ပွဲထွက်ခွင့်ကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့ပြီး မတူညီတဲ့ ပွဲအဖြစ် အသင်းအတွက် အဖွင့်ဂိုးကို တည်ငြိမ်အေးဆေးစွာနဲ့ သွင်းယူပေးနိုင်ခဲ့သလို အသင်းဖော် ဆာလား ဂိုးသွင်းနိုင်ဖို့လည်း ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်ကွင်းလယ်က သုံးယောက်ထဲမှာ တိုက်စစ်ကို အများဆုံးလိုက်ပါကစားခဲ့တဲ့ ကီတာဟာ ဒီနေ့ပွဲကို လှလှပပ ဝင့်ကြွားစွာ အဆုံးသတ်ရမှာဖြစ်ပေမယ့် မန်ချက်စတာ ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာရဲ့ ဆိုးရွားတဲ့ ဖျက်ထုတ်မှုကြောင့် ထမ်းစင်နဲ့ ထုတ်ခဲ့ရပြီး ကံမကောင်းခဲ့ဘူးလို့ပဲ ဝမ်းနည်းစွာ ဆိုရတော့မှာပါ။

တောင့်တလွန်းလို့ ကိုယ်ထင်ပြတော့လည်း အနီကတ်နဲ့…
ဒီနေ့ပွဲမှာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားအနေနဲ့ ကွင်းလယ်မှာ ဖရက်ဒ်နဲ့ မက်တော်မီနေးတို့ကို လီဗာပူးလ်ရဲ့ တိုက်စစ်ကို ဖြတ်တောက်ဖို့ သုံးစွဲခဲ့ချိန်မှာ ဘရူနို ဖာနန်ဒက်စ်နဲ့ ရက်ရှ်ဖို့ဒ်တို့ကြား ပေါ့ဘာရဲ့နေရာက ပျောက်ဆုံးသွားခဲ့ရပြီး အရန်ခုံပေါ်ကပဲ လိုက်ပါလာခဲ့ရတာပါ။ ပထမပိုင်းမှာ လေးဂိုးအထိ အသွင်းခံရပြီး ပျက်စီးနေတဲ့ ကွင်းလယ်ကို ပေါ့ဘာ ပါလာရင်ကောင်းမယ်လို့ ပရိသတ်တွေက တောင့်တနေခဲ့ကြသလို ဒုတိယပိုင်းမှာတော့ ဂရင်းဝုဒ်ကို ထုတ်ပြီး သူ့ကို ထည့်လိုက်ချိန်မှာ မျှော်လင့်ချက်တွေ ကြီးမားခဲ့ကြတာပါ။ ဒါပေမယ့် ကွင်းထဲ ရောက်ပြီး ၁၅ မိနစ်အကြာမှာတော့ မလိုအပ်ဘဲ ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်မှုကို တစ်ဖက်တိုက်စစ်ဇုန်မှာ ပြုလုပ်ခဲ့ပြီး ရုပ်ဆိုးလွန်းတဲ့ အနီကတ်နဲ့ တွဲမြင်ခဲ့ရတာလည်းဖြစ်ပါတယ်။

ပွဲကြီးတိုးတဲ့ ကိုနာတေနဲ့ ဂျိုတာ
လီဗာပူးလ်အသင်းနည်းပြ ယာဂန် ကလော့ပ်အနေနဲ့ ဒီနေ့မှာ ကစားသမားနှစ်နေရာကို အဓိက အပြောင်းအလဲလုပ်ခဲ့ပြီး မာတစ်ပ်နဲ့ မာနေးတို့ အာဖရိကသားနှစ်ယောက်ကို ချန်လှပ်ထားခဲ့သလို ကိုနာတေနဲ့ ဂျိုတာတို့ ဥရောပသားနှစ်ယောက်ကို ထည့်သွင်းခဲ့ပြီး ဆုံးဖြတ်ချက်နှစ်ခုစလုံးက သူတို့ကို အကျိုးဖြစ်ထွန်းစေခဲ့တာပါ။ မာတစ်ပ်ရဲ့ ပျာယာခတ်ပုံမျိုးနဲ့ဆိုရင် ရက်ရှ်ဖို့ဒ်ကို ထိန်းနိုင်ဖို့ မရှိချိန်မှာ ကိုနာတေက ခြားနားတဲ့ ရလဒ်ထွက်ပေါ်အောင် ကြိုးစားပြသွားနိုင်ခဲ့ပြီး ပွဲထွက်နေရာ ထိုက်တန်ကြောင်း သက်သေပြခဲ့သလို ဂျိုတာကတော့ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပြီး တိုက်စစ်မှာ သူ့ကို သုံးတာက မာနေးထက် ပိုပြီး ထိရောက်တဲ့ အကြောင်း ရှင်းပြသွားနိုင်ခဲ့ကြောင့် ဒီနေ့ညရဲ့ ချီးကျူးရမယ့်သူတွေလည်းဖြစ်ခဲ့ပါတယ်။

နာမည်ပျက်ဖို့ ပြန်လာတာလား ရော်နယ်လ်ဒို
ခရစ္စတီယာနို ရော်နယ်လ်ဒိုအနေနဲ့ သူ့ရဲ့အသင်းက ဒီနေ့လိုမျိုး ငါးဂိုးပြတ် ရှုံးနိမ့်ခဲ့ရတဲ့ ခါးသီးမှုကို မေ့ပျောက်နေခဲ့တာ ကြာပြီဖြစ်ပြီး လွန်ခဲ့တဲ့ ၁၁ နှစ်က အယ်လ်ကလာစီကိုမှာ ဘာစီလိုနာကို ခံစားခဲ့ရပြီးနောက်ပိုင်း မကြုံဘဲ သာယာနေခဲ့ရမှုတွေ ဆုံးရှုံးသွားခဲ့တာပါ။ သူ့လို ကစားသမားမျိုးဟာ ယူနိုက်တက်ရဲ့ အဆင်တန်ဆာအဖြစ် ဒုတိယတစ်ကြိမ် ပြန်လည်ရောက်ရှိလာချိန်မှာ သွင်းဂိုးတွေနဲ့ ဂုဏ်ယူနိုင်ဦးမယ်လို့ ထင်ခဲ့ကြပေမယ့် ဆိုးလ်ရှားလို နည်းပြမျိုးနဲ့အတွဲမှာ အရှက်ကွဲခဲ့ရပြီး ဒီနေ့မှာလည်း သွင်းဂိုးက ပယ်ဖျက်ခံရသလို ပထမပိုင်း ပြီးခါနီးမှာ ကားတစ်ဂျုံးစ်ကို ကျူးလွန်ခဲ့တဲ့ ပြစ်မှုကိုလည်း ဒိုင်လူကြီးက သက်ညှာခဲ့လို့သာ အနီကတ်နဲ့ လွဲခဲ့ရတာဖြစ်ပါတယ်။

ဘုရားစူး အသင်းခေါင်းဆောင် မက်ဂွိုင်းယား
အင်္ဂလန်အသင်းနဲ့ ယူရိုမှာ ခြေစွမ်းပြခဲ့တဲ့ မက်ဂွိုင်းယားကတော့ သူ့ရဲ့ လူကိုယ်တိုင်မဟုတ်ဘဲ တစ္ဆေက လာကစားနေတာလားလို့ မေးရအောင် ခြေစွမ်းက ပျက်စီးနေပြီး ဒီနေ့ပွဲမှာလည်း ဆိုးဆိုးရွားရွား ဖျက်ထုတ်ပုံ၊ နှေးကွေးလေးလံမှု၊ အမှားလုပ်ခဲ့မှုတွေနဲ့ ပေါင်သန်း ၈၀ တန် ခေါ်ယူမှုလားလို့ပါ မေးခွန်းထုတ်ခံခဲ့ရတာပါ။ အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ထားပေမယ့် ခံစစ်ကို ဦးဆောင်နိုင်စွမ်းမရှိသလို တွဲဖက်ကစားသမားတွေနဲ့ စုစည်းဖို့ သူ့ခမျာ ခက်ခဲနေပြီး ပေးလိုက်ရတဲ့ ဂိုးတွေအတွက် အမှားတွေတစ်သီကြီးနဲ့ တာဝန်ရှိခဲ့သလို ဆာလားရဲ့ ဟက်ထရစ်ရစေမယ့် ဂိုးကို ဘောလုံးမရခင်မှာ လျှောထိုးဖျက်ပြီး ဖြတ်တောက်နိုင်ခဲ့သင့်ပေမယ့် အာရုံပျံ့လွင့်နေပုံလည်းရပြီး ပရိသတ် မေတ္တာပို့ခံရသူတွေထဲမှာ ထိပ်ဆုံးက ပါဝင်သွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၁၈ ႏွစ္ေနာက္ပိုင္း အိုးလ္ထရက္ဖို႔ဒ္ကို က်ဴးေက်ာ္တဲ့ ဟက္ထရစ္
မိုဟာမက္ ဆာလားကေတာ့ ၂၀၀၃ ခုႏွစ္က ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉး ေရာ္နယ္လ္ဒို လူးဝစ္ နာဇာရီယို ဒီလီမာရဲ႕ ဟက္ထရစ္ေနာက္ပိုင္း အိုးလ္ထရက္ဖို႔ဒ္ကို ပထမဆုံးအႀကိမ္အျဖစ္ သုံးဂိုးသြင္းၿပီး က်ဴးေက်ာ္ရန္စခဲ့တာလည္းျဖစ္ပါတယ္။ ဒီေန႔ပြဲမွာေရာ ဒီရာသီမွာေရာ ျပသေနတဲ့ ေျခစြမ္းအရ ဥေရာပေ႐ႊေဘာလုံး ဘယ္လြန္ေဒါဆုနဲ႔ ထိုက္တန္တယ္လို႔ ခ်ီးက်ဴးခဲ့ခဲ့ရတဲ့ အီဂ်စ္တိုက္စစ္မႉးဟာ ပြဲခ်ိန္ ၃၈၊ ၄၅+၅ နဲ႔ ၄၉ မိနစ္ေတြမွာ ဟက္ထရစ္ ရယူခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္တို႔ကို ေခ်မႈန္းပစ္ႏိုင္ခဲ့တာျဖစ္သလို ပရီးမီးယားလိဂ္ ၉ ပြဲမွာ ၁၀ ဂိုးသြင္းယူၿပီး အေတာက္ပဆုံး ၾကယ္ပြင့္လည္း ျဖစ္ခဲ့တာပါ။

အဝါကတ္ေတြ ပလူပ်ံတဲ့ အိမ္ရွင္အသင္း
မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ အဝါကတ္ ၆ ကတ္အထိ စုေဆာင္းမိခဲ့ၿပီး ပြဲခ်ိန္ ၄၁ မိနစ္မွာ လုခ္ေရွာက အဖြင့္ရယူခဲ့သလို ဒီေနာက္ပိုင္းမွာေတာ့ ပရမ္းပတာ ကစားဟန္ေတြနဲ႔ ပထမပိုင္းမၿပီးခင္ ဖရက္ဒ္နဲ႔ ေရာ္နယ္လ္ဒိုတို႔က ေနာက္ထပ္ ႏွစ္ကတ္ ထပ္ထိခဲ့ၾကၿပီး အိမ္ကြင္းမွာ နည္းျပ ဆိုးလ္ရွားအတြက္ ဆိုး႐ြားတဲ့ ပုံစံကိုပဲ ျပသခဲ့တာပါ။ ဒုတိယပိုင္းမွာလည္း ဘ႐ူႏို ဖာနန္ဒက္စ္၊ မက္ဂြိဳင္းယားနဲ႔ ဝန္ဘစ္ဆာကာတို႔က တစ္ဝါစီ ရယူခဲ့ေသးၿပီး ေပါ့ဘာကေတာ့ အဝါကတ္အဖြဲ႕ထဲမွာ ပါဝင္ဖို႔ ကနဦးမွာ စာရင္းေပါက္ခဲ့ၿပီး VAR ျပန္ၾကည့္အၿပီးမွာေတာ့ အနီကတ္အျဖစ္ ေျပာင္းလဲသြားခဲ့လို႔ အဝါ ၆ ကတ္၊ အနီ ၁ ကတ္နဲ႔ စည္းကမ္းပိုင္းမွတ္တမ္း ဆိုး႐ြားတဲ့ ညလည္းျဖစ္ခဲ့ရပါတယ္။

ကီတာရဲ႕ လွပတဲ့ညက ဒဏ္ရာနဲ႔ အဆုံးသတ္
အက္သလက္တီကိုနဲ႔ပြဲမွာ တစ္ဂိုးသြင္းယူခဲ့ေပမယ့္ ေပးလိုက္ရတဲ့ ႏွစ္ဂိုးအတြက္ တာဝန္ရွိတယ္ဆိုၿပီး အဆဲခံခဲ့ရတဲ့ ဂီနီယာသားဟာ ဒီေန႔မွာ က်န္တဲ့ စီနီယာကြင္းလယ္လူေတြ ဒဏ္ရာရေနတာေၾကာင့္ ပြဲထြက္ခြင့္ကို ဆက္လက္ဆုပ္ကိုင္ႏိုင္ခဲ့ၿပီး မတူညီတဲ့ ပြဲအျဖစ္ အသင္းအတြက္ အဖြင့္ဂိုးကို တည္ၿငိမ္ေအးေဆးစြာနဲ႔ သြင္းယူေပးႏိုင္ခဲ့သလို အသင္းေဖာ္ ဆာလား ဂိုးသြင္းႏိုင္ဖို႔လည္း ဖန္တီးေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္ကြင္းလယ္က သုံးေယာက္ထဲမွာ တိုက္စစ္ကို အမ်ားဆုံးလိုက္ပါကစားခဲ့တဲ့ ကီတာဟာ ဒီေန႔ပြဲကို လွလွပပ ဝင့္ႂကြားစြာ အဆုံးသတ္ရမွာျဖစ္ေပမယ့္ မန္ခ်က္စတာ ယူႏိုက္တက္ကြင္းလယ္လူ ေပါ့ဘာရဲ႕ ဆိုး႐ြားတဲ့ ဖ်က္ထုတ္မႈေၾကာင့္ ထမ္းစင္နဲ႔ ထုတ္ခဲ့ရၿပီး ကံမေကာင္းခဲ့ဘူးလို႔ပဲ ဝမ္းနည္းစြာ ဆိုရေတာ့မွာပါ။

ေတာင့္တလြန္းလို႔ ကိုယ္ထင္ျပေတာ့လည္း အနီကတ္နဲ႔…
ဒီေန႔ပြဲမွာ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားအေနနဲ႔ ကြင္းလယ္မွာ ဖရက္ဒ္နဲ႔ မက္ေတာ္မီေနးတို႔ကို လီဗာပူးလ္ရဲ႕ တိုက္စစ္ကို ျဖတ္ေတာက္ဖို႔ သုံးစြဲခဲ့ခ်ိန္မွာ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ၾကား ေပါ့ဘာရဲ႕ေနရာက ေပ်ာက္ဆုံးသြားခဲ့ရၿပီး အရန္ခုံေပၚကပဲ လိုက္ပါလာခဲ့ရတာပါ။ ပထမပိုင္းမွာ ေလးဂိုးအထိ အသြင္းခံရၿပီး ပ်က္စီးေနတဲ့ ကြင္းလယ္ကို ေပါ့ဘာ ပါလာရင္ေကာင္းမယ္လို႔ ပရိသတ္ေတြက ေတာင့္တေနခဲ့ၾကသလို ဒုတိယပိုင္းမွာေတာ့ ဂရင္းဝုဒ္ကို ထုတ္ၿပီး သူ႔ကို ထည့္လိုက္ခ်ိန္မွာ ေမွ်ာ္လင့္ခ်က္ေတြ ႀကီးမားခဲ့ၾကတာပါ။ ဒါေပမယ့္ ကြင္းထဲ ေရာက္ၿပီး ၁၅ မိနစ္အၾကာမွာေတာ့ မလိုအပ္ဘဲ ၾကမ္းၾကမ္းတမ္းတမ္း ဖ်က္ထုတ္မႈကို တစ္ဖက္တိုက္စစ္ဇုန္မွာ ျပဳလုပ္ခဲ့ၿပီး ႐ုပ္ဆိုးလြန္းတဲ့ အနီကတ္နဲ႔ တြဲျမင္ခဲ့ရတာလည္းျဖစ္ပါတယ္။

ပြဲႀကီးတိုးတဲ့ ကိုနာေတနဲ႔ ဂ်ိဳတာ
လီဗာပူးလ္အသင္းနည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ ဒီေန႔မွာ ကစားသမားႏွစ္ေနရာကို အဓိက အေျပာင္းအလဲလုပ္ခဲ့ၿပီး မာတစ္ပ္နဲ႔ မာေနးတို႔ အာဖရိကသားႏွစ္ေယာက္ကို ခ်န္လွပ္ထားခဲ့သလို ကိုနာေတနဲ႔ ဂ်ိဳတာတို႔ ဥေရာပသားႏွစ္ေယာက္ကို ထည့္သြင္းခဲ့ၿပီး ဆုံးျဖတ္ခ်က္ႏွစ္ခုစလုံးက သူတို႔ကို အက်ိဳးျဖစ္ထြန္းေစခဲ့တာပါ။ မာတစ္ပ္ရဲ႕ ပ်ာယာခတ္ပုံမ်ိဳးနဲ႔ဆိုရင္ ရက္ရွ္ဖို႔ဒ္ကို ထိန္းႏိုင္ဖို႔ မရွိခ်ိန္မွာ ကိုနာေတက ျခားနားတဲ့ ရလဒ္ထြက္ေပၚေအာင္ ႀကိဳးစားျပသြားႏိုင္ခဲ့ၿပီး ပြဲထြက္ေနရာ ထိုက္တန္ေၾကာင္း သက္ေသျပခဲ့သလို ဂ်ိဳတာကေတာ့ တစ္ဂိုးသြင္း၊ တစ္ဂိုးဖန္တီးၿပီး တိုက္စစ္မွာ သူ႔ကို သုံးတာက မာေနးထက္ ပိုၿပီး ထိေရာက္တဲ့ အေၾကာင္း ရွင္းျပသြားႏိုင္ခဲ့ေၾကာင့္ ဒီေန႔ညရဲ႕ ခ်ီးက်ဴးရမယ့္သူေတြလည္းျဖစ္ခဲ့ပါတယ္။

နာမည္ပ်က္ဖို႔ ျပန္လာတာလား ေရာ္နယ္လ္ဒို
ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအေနနဲ႔ သူ႔ရဲ႕အသင္းက ဒီေန႔လိုမ်ိဳး ငါးဂိုးျပတ္ ရႈံးနိမ့္ခဲ့ရတဲ့ ခါးသီးမႈကို ေမ့ေပ်ာက္ေနခဲ့တာ ၾကာၿပီျဖစ္ၿပီး လြန္ခဲ့တဲ့ ၁၁ ႏွစ္က အယ္လ္ကလာစီကိုမွာ ဘာစီလိုနာကို ခံစားခဲ့ရၿပီးေနာက္ပိုင္း မႀကဳံဘဲ သာယာေနခဲ့ရမႈေတြ ဆုံးရႈံးသြားခဲ့တာပါ။ သူ႔လို ကစားသမားမ်ိဳးဟာ ယူႏိုက္တက္ရဲ႕ အဆင္တန္ဆာအျဖစ္ ဒုတိယတစ္ႀကိမ္ ျပန္လည္ေရာက္ရွိလာခ်ိန္မွာ သြင္းဂိုးေတြနဲ႔ ဂုဏ္ယူႏိုင္ဦးမယ္လို႔ ထင္ခဲ့ၾကေပမယ့္ ဆိုးလ္ရွားလို နည္းျပမ်ိဳးနဲ႔အတြဲမွာ အရွက္ကြဲခဲ့ရၿပီး ဒီေန႔မွာလည္း သြင္းဂိုးက ပယ္ဖ်က္ခံရသလို ပထမပိုင္း ၿပီးခါနီးမွာ ကားတစ္ဂ်ဳံးစ္ကို က်ဴးလြန္ခဲ့တဲ့ ျပစ္မႈကိုလည္း ဒိုင္လူႀကီးက သက္ညႇာခဲ့လို႔သာ အနီကတ္နဲ႔ လြဲခဲ့ရတာျဖစ္ပါတယ္။

ဘုရားစူး အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယား
အဂၤလန္အသင္းနဲ႔ ယူ႐ိုမွာ ေျခစြမ္းျပခဲ့တဲ့ မက္ဂြိဳင္းယားကေတာ့ သူ႔ရဲ႕ လူကိုယ္တိုင္မဟုတ္ဘဲ တေစၦက လာကစားေနတာလားလို႔ ေမးရေအာင္ ေျခစြမ္းက ပ်က္စီးေနၿပီး ဒီေန႔ပြဲမွာလည္း ဆိုးဆိုး႐ြား႐ြား ဖ်က္ထုတ္ပုံ၊ ေႏွးေကြးေလးလံမႈ၊ အမွားလုပ္ခဲ့မႈေတြနဲ႔ ေပါင္သန္း ၈၀ တန္ ေခၚယူမႈလားလို႔ပါ ေမးခြန္းထုတ္ခံခဲ့ရတာပါ။ အသင္းေခါင္းေဆာင္ လက္ပတ္ကို ဝတ္ဆင္ထားေပမယ့္ ခံစစ္ကို ဦးေဆာင္ႏိုင္စြမ္းမရွိသလို တြဲဖက္ကစားသမားေတြနဲ႔ စုစည္းဖို႔ သူ႔ခမ်ာ ခက္ခဲေနၿပီး ေပးလိုက္ရတဲ့ ဂိုးေတြအတြက္ အမွားေတြတစ္သီႀကီးနဲ႔ တာဝန္ရွိခဲ့သလို ဆာလားရဲ႕ ဟက္ထရစ္ရေစမယ့္ ဂိုးကို ေဘာလုံးမရခင္မွာ ေလွ်ာထိုးဖ်က္ၿပီး ျဖတ္ေတာက္ႏိုင္ခဲ့သင့္ေပမယ့္ အာ႐ုံပ်ံ႕လြင့္ေနပုံလည္းရၿပီး ပရိသတ္ ေမတၱာပို႔ခံရသူေတြထဲမွာ ထိပ္ဆုံးက ပါဝင္သြားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.