Match Report Premier League

ပွဲကျပ်နှစ်ပွဲဆက် ကျော်ဖြတ်ပြီး စပါးစ်ကို အနိုင်ယူ၊ အဆင့် ၄ ကို သိမ်းတဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းအသင်းအနေနဲ့ ဒီနေ့ပွဲမှာ လန်ဒန်ဒါဘီကို အိမ်ကွင်းမှာ ကစားရတာနဲ့အညီ ခက်ခဲတဲ့ ပြိုင်ဘက်ကို အနိုင်ယူနိုင်ဖို့ လူစုံထုတ် ပြင်ဆင် လာခဲ့ပြီး ဒဏ်ရာရနေတဲ့ ညာနောက်ခံလူ ဆိုဖာလ်ကလွဲရင် ပထမကစားသမားအစုံအလင် ပါဝင်လာခဲ့သလို ရိုက်စ်၊ ဆိုးချက်၊ ဖော်နယ်လ်စ်တို့ ကွင်းလယ်၊ ဘိုဝင်၊ အန်တိုနီယို၊ ဘန်ရာမာတို့ တိုက်စစ်တွေနဲ့ ခင်းကျင်းလာခဲ့ပါတယ်။

စပါးစ်တို့ကတော့ မော်ရင်ညိုလက်ထက်က အားကိုးခဲ့တဲ့ ဘာ့ဂ်ဗိန်းအစား အန်ဒွမ်ဘီလီကို ပိုသုံးနေတဲ့ နည်းပြ နူနို ဆန်တိုကြောင့် တိုက်စစ်တွေ အရင်လောက် ထက်မြက်ခြင်း မရှိခဲ့သလို နာမည်ကြီး ကောင်တာတွေကို ဆွန်၊ ကိန်း၊ မော်ရာတို့နဲ့ပဲ အကောင်အထည်ဖော်ခဲ့ရပြီး စကစ်ပ်လို လူငယ်ဆီကနေ အများကြီး မရနိုင်ချိန်မှာ သူတို့ရဲ့ လူစာရင်းက လူကောင်းတွေ များပေမယ့် လိုအပ်ချက်တွေလည်း များနေခဲ့တာပါ။

ပွဲစတယ်ဆိုတာနဲ့ ဝက်စ်ဟမ်းတို့ ဖိကစားနိုင်ခဲ့သလို နည်းပြနဲ့ အသင်း ကောင်းကောင်း အစေးမကပ်သေးတဲ့ စပါးစ်တို့ ခုခံကာကွယ်နေရပြီး ဘိုဝင်ရဲ့ ဖြတ်တင်ဘောတွေနဲ့ တည်ကန်ဘောတွေက အန္တရာယ်ကြီးမားနေခဲ့သလို ပွဲချိန် ၇ မိနစ်မှာ ဖော်နယ်လ်စ်ရဲ့ ကန်ချက်ကို လိုရစ် သတိမလွတ်ဘဲ ကာကွယ်နိုင်လို့သာ ဧည့်သည်တွေ ဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၁၂ မိနစ်မှာ ဘောလုံးကို ခလုတ်တိုက်လဲပြီး ပင်နယ်တီတောင်းတဲ့ အန်ဒွမ်ဘီလီတစ်ယောက် နာသွားတာပဲ အဖတ်တင်ခဲ့ပြီး VAR က ပယ်ချခဲ့တာက ရယ်စရာဖြစ်ခဲ့ရသလို ဝက်စ်ဟမ်းတို့ကလည်း ထိုးဖောက်ခြိမ်းခြောက်နိုင်တယ်ဆိုပေမယ့် ဧရိယာနားက ကန်ချက်တွေက ဖြစ်ချင်သလို ဖြစ်နေခဲ့တာကြောင့် လွဲလွဲလေးလည်း ကောင်းပါတယ်လို့ပဲ ဆိုရမလိုဖြစ်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ မြောက်လန်ဒန်ကြယ်ပွင့် ဆွန်ဟောင်မင်ကတော့ သူ့ရဲ့ တွဲဖက်တိုက်စစ်သမားတွေကို စိတ်ပျက်ကြောင်း အတိအလင်း ပြသသွားခဲ့ပြီး လူးကပ်စ် မော်ရာရဲ့ ဘောလုံးမပေးဘဲ တစ်ကိုယ်ကောင်းဆန်မှုနဲ့ ဟာရီကိန်းရဲ့ အတွဲအဖက်တွေကို စိတ်တိုင်းမကျဘဲဖြစ်နေခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ပထမပိုင်းမှာ သိပ်မထိုးဖောက်နိုင်တဲ့ စပါးစ်တို့ကတောင် အဆုံးသတ်ပိုင်းမှာ ပိုကောင်းခဲ့ပြီး ဆွန်ဟောင်မင်နဲ့ ဟာရီကိန်းတို့ရဲ့ ကန်ချက်နဲ့ ခေါင်းတိုက်ချက်တွေကို ဝက်စ်ဟမ်းဂိုးသမား ဖာဘီယန်စကီး ကာကွယ်ခဲ့ရသလို တကယ်တမ်းမှာ လိုရစ်က ဒီလောက် အသည်းအသန်မဖြစ်ခဲ့တာကိုလည်း တွေ့ရပြီး ၄၅ မိနစ်အပြီးမှာတော့ ဂိုးမရှိသရေပဲဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ပွဲက အကြိတ်အနယ်ပိုရှိခဲ့ပြီး စပါးစ်တို့ ဘောလုံးပိုင်ဆိုင်မှု ပိုသာခဲ့ချိန်မှာ အင်္ဂလန်မှာ အသားကျပြီးတဲ့ ဖော်နယ်လ်စ်ကို ဇမရှိဘဲ လာဖြဲတဲ့ ခရစ္စတီယန် ရိုမဲရိုး ထွက်ပြေးခဲ့ရပြီးမှ ဟန်ကိုယ့်ဖို့ လုပ်ရင်း မြည်တွန်တောက်တီးနေတာကလည်း ပွဲကျစရာဖြစ်ခဲ့သလို ဒါဘီပွဲတွေရဲ့ ထုံးစံအတိုင်း လူအုပ်နဲ့ ပွဲဖြစ်သွားခဲ့ချိန်မှာ အာဂျင်တီးနားသား အဝါပါ ထိသွားခဲ့တာပါ။

ပွဲချိန် ၇၁ မိနစ်မှာတော့ ဖော်နယ်လ်စ်ပေးတာကို ကြားက ဖြတ်ယူခဲ့တဲ့ ရက်ဂီယွန်က မပိုင်ဘဲနဲ့ ဘောလုံးဆွဲပြေးခဲ့ရာမှာ ဖော်နယ်လ်စ်ကပဲ ပြန်လည်လုယူပြီး ကန်သွင်းခဲ့ရာမှာ လိုရစ်ပုတ်ထုတ်နိုင်ခဲ့လို့ ထောင့်ကန်ဘောဖြစ်ခဲ့ပြီး ဒီကနေ ရတဲ့ ထောင့်ကန်ဘောကိုတော့ ခရက်စ်ဝဲလ် ကန်ပို့ရာမှာ အန်တိုနီယိုက အနီးတိုင်နားကနေ ကန်သွင်းယူနိုင်ခဲ့ပြီး ဝက်စ်ဟမ်းတို့အတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒီဂိုးမှာ ထောင့်ကန်ဘောပေးရအောင် ဘောလုံးကို ရှင်းမထုတ်ဘဲ ဆွဲပြေးပြီး စမှားတဲ့ ရက်ဂီယွန်နဲ့ လူကပ်ပြီး သေသေချာချာဖျက်ထုတ်ဖို့ မလုပ်ခဲ့တဲ့ ဟာရီကိန်းရဲ့ အမှားတွေက လူပြောစရာလည်းဖြစ်ခဲ့ပြီး တကယ်တမ်းတော့ စပါးစ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ရလဒ်ကောင်းရယူနိုင်ဖို့ အသင်းရဲ့ လိုအပ်တဲ့ စိတ်ဓာတ်ပိုင်းကပါ ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဝက်စ်ဟမ်းတို့ပဲ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပိုလုပ်နိုင်ခဲ့ပြီး စပါးစ်တို့ကတော့ ဘောလုံးပိုင်ဆိုင်မှု သာလွန်ခဲ့ပေမယ့် ဘာမှ ထိထိရောက်ရောက်လုပ်မပြနိုင်ခဲ့တာကြောင့် လန်ဒန်ဒါဘီမှာ အိမ်ရှင်ဟမ်းမားတွေ အောင်ပွဲခံခဲ့ပြီး အဆင့် ၄ နေရာကို တက်ရောက်နိုင်ခဲ့ချိန်မှာ စပါးစ်တို့ကတော့ အဆင့် ၆ နဲ့သာ ကျေနပ်ခဲ့ရကြောင်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဝက္စ္ဟမ္းအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ လန္ဒန္ဒါဘီကို အိမ္ကြင္းမွာ ကစားရတာနဲ႔အညီ ခက္ခဲတဲ့ ၿပိဳင္ဘက္ကို အႏိုင္ယူႏိုင္ဖို႔ လူစုံထုတ္ ျပင္ဆင္ လာခဲ့ၿပီး ဒဏ္ရာရေနတဲ့ ညာေနာက္ခံလူ ဆိုဖာလ္ကလြဲရင္ ပထမကစားသမားအစုံအလင္ ပါဝင္လာခဲ့သလို ႐ိုက္စ္၊ ဆိုးခ်က္၊ ေဖာ္နယ္လ္စ္တို႔ ကြင္းလယ္၊ ဘိုဝင္၊ အန္တိုနီယို၊ ဘန္ရာမာတို႔ တိုက္စစ္ေတြနဲ႔ ခင္းက်င္းလာခဲ့ပါတယ္။

စပါးစ္တို႔ကေတာ့ ေမာ္ရင္ညိဳလက္ထက္က အားကိုးခဲ့တဲ့ ဘာ့ဂ္ဗိန္းအစား အန္ဒြမ္ဘီလီကို ပိုသုံးေနတဲ့ နည္းျပ ႏူႏို ဆန္တိုေၾကာင့္ တိုက္စစ္ေတြ အရင္ေလာက္ ထက္ျမက္ျခင္း မရွိခဲ့သလို နာမည္ႀကီး ေကာင္တာေတြကို ဆြန္၊ ကိန္း၊ ေမာ္ရာတို႔နဲ႔ပဲ အေကာင္အထည္ေဖာ္ခဲ့ရၿပီး စကစ္ပ္လို လူငယ္ဆီကေန အမ်ားႀကီး မရႏိုင္ခ်ိန္မွာ သူတို႔ရဲ႕ လူစာရင္းက လူေကာင္းေတြ မ်ားေပမယ့္ လိုအပ္ခ်က္ေတြလည္း မ်ားေနခဲ့တာပါ။

ပြဲစတယ္ဆိုတာနဲ႔ ဝက္စ္ဟမ္းတို႔ ဖိကစားႏိုင္ခဲ့သလို နည္းျပနဲ႔ အသင္း ေကာင္းေကာင္း အေစးမကပ္ေသးတဲ့ စပါးစ္တို႔ ခုခံကာကြယ္ေနရၿပီး ဘိုဝင္ရဲ႕ ျဖတ္တင္ေဘာေတြနဲ႔ တည္ကန္ေဘာေတြက အႏၲရာယ္ႀကီးမားေနခဲ့သလို ပြဲခ်ိန္ ၇ မိနစ္မွာ ေဖာ္နယ္လ္စ္ရဲ႕ ကန္ခ်က္ကို လိုရစ္ သတိမလြတ္ဘဲ ကာကြယ္ႏိုင္လို႔သာ ဧည့္သည္ေတြ ဂိုးမေပးခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၂ မိနစ္မွာ ေဘာလုံးကို ခလုတ္တိုက္လဲၿပီး ပင္နယ္တီေတာင္းတဲ့ အန္ဒြမ္ဘီလီတစ္ေယာက္ နာသြားတာပဲ အဖတ္တင္ခဲ့ၿပီး VAR က ပယ္ခ်ခဲ့တာက ရယ္စရာျဖစ္ခဲ့ရသလို ဝက္စ္ဟမ္းတို႔ကလည္း ထိုးေဖာက္ၿခိမ္းေျခာက္ႏိုင္တယ္ဆိုေပမယ့္ ဧရိယာနားက ကန္ခ်က္ေတြက ျဖစ္ခ်င္သလို ျဖစ္ေနခဲ့တာေၾကာင့္ လြဲလြဲေလးလည္း ေကာင္းပါတယ္လို႔ပဲ ဆိုရမလိုျဖစ္ခဲ့ပါတယ္။

ဒီေန႔ပြဲမွာ ေျမာက္လန္ဒန္ၾကယ္ပြင့္ ဆြန္ေဟာင္မင္ကေတာ့ သူ႔ရဲ႕ တြဲဖက္တိုက္စစ္သမားေတြကို စိတ္ပ်က္ေၾကာင္း အတိအလင္း ျပသသြားခဲ့ၿပီး လူးကပ္စ္ ေမာ္ရာရဲ႕ ေဘာလုံးမေပးဘဲ တစ္ကိုယ္ေကာင္းဆန္မႈနဲ႔ ဟာရီကိန္းရဲ႕ အတြဲအဖက္ေတြကို စိတ္တိုင္းမက်ဘဲျဖစ္ေနခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ပထမပိုင္းမွာ သိပ္မထိုးေဖာက္ႏိုင္တဲ့ စပါးစ္တို႔ကေတာင္ အဆုံးသတ္ပိုင္းမွာ ပိုေကာင္းခဲ့ၿပီး ဆြန္ေဟာင္မင္နဲ႔ ဟာရီကိန္းတို႔ရဲ႕ ကန္ခ်က္နဲ႔ ေခါင္းတိုက္ခ်က္ေတြကို ဝက္စ္ဟမ္းဂိုးသမား ဖာဘီယန္စကီး ကာကြယ္ခဲ့ရသလို တကယ္တမ္းမွာ လိုရစ္က ဒီေလာက္ အသည္းအသန္မျဖစ္ခဲ့တာကိုလည္း ေတြ႕ရၿပီး ၄၅ မိနစ္အၿပီးမွာေတာ့ ဂိုးမရွိသေရပဲျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ပြဲက အႀကိတ္အနယ္ပိုရွိခဲ့ၿပီး စပါးစ္တို႔ ေဘာလုံးပိုင္ဆိုင္မႈ ပိုသာခဲ့ခ်ိန္မွာ အဂၤလန္မွာ အသားက်ၿပီးတဲ့ ေဖာ္နယ္လ္စ္ကို ဇမရွိဘဲ လာၿဖဲတဲ့ ခရစၥတီယန္ ႐ိုမဲ႐ိုး ထြက္ေျပးခဲ့ရၿပီးမွ ဟန္ကိုယ့္ဖို႔ လုပ္ရင္း ျမည္တြန္ေတာက္တီးေနတာကလည္း ပြဲက်စရာျဖစ္ခဲ့သလို ဒါဘီပြဲေတြရဲ႕ ထုံးစံအတိုင္း လူအုပ္နဲ႔ ပြဲျဖစ္သြားခဲ့ခ်ိန္မွာ အာဂ်င္တီးနားသား အဝါပါ ထိသြားခဲ့တာပါ။

ပြဲခ်ိန္ ၇၁ မိနစ္မွာေတာ့ ေဖာ္နယ္လ္စ္ေပးတာကို ၾကားက ျဖတ္ယူခဲ့တဲ့ ရက္ဂီယြန္က မပိုင္ဘဲနဲ႔ ေဘာလုံးဆြဲေျပးခဲ့ရာမွာ ေဖာ္နယ္လ္စ္ကပဲ ျပန္လည္လုယူၿပီး ကန္သြင္းခဲ့ရာမွာ လိုရစ္ပုတ္ထုတ္ႏိုင္ခဲ့လို႔ ေထာင့္ကန္ေဘာျဖစ္ခဲ့ၿပီး ဒီကေန ရတဲ့ ေထာင့္ကန္ေဘာကိုေတာ့ ခရက္စ္ဝဲလ္ ကန္ပို႔ရာမွာ အန္တိုနီယိုက အနီးတိုင္နားကေန ကန္သြင္းယူႏိုင္ခဲ့ၿပီး ဝက္စ္ဟမ္းတို႔အတြက္ ဦးေဆာင္ဂိုး သြင္းယူေပးႏိုင္ခဲ့ပါတယ္။

ဒီဂိုးမွာ ေထာင့္ကန္ေဘာေပးရေအာင္ ေဘာလုံးကို ရွင္းမထုတ္ဘဲ ဆြဲေျပးၿပီး စမွားတဲ့ ရက္ဂီယြန္နဲ႔ လူကပ္ၿပီး ေသေသခ်ာခ်ာဖ်က္ထုတ္ဖို႔ မလုပ္ခဲ့တဲ့ ဟာရီကိန္းရဲ႕ အမွားေတြက လူေျပာစရာလည္းျဖစ္ခဲ့ၿပီး တကယ္တမ္းေတာ့ စပါးစ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ရလဒ္ေကာင္းရယူႏိုင္ဖို႔ အသင္းရဲ႕ လိုအပ္တဲ့ စိတ္ဓာတ္ပိုင္းကပါ ေပ်ာက္ဆုံးေနခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဝက္စ္ဟမ္းတို႔ပဲ ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြ ပိုလုပ္ႏိုင္ခဲ့ၿပီး စပါးစ္တို႔ကေတာ့ ေဘာလုံးပိုင္ဆိုင္မႈ သာလြန္ခဲ့ေပမယ့္ ဘာမွ ထိထိေရာက္ေရာက္လုပ္မျပႏိုင္ခဲ့တာေၾကာင့္ လန္ဒန္ဒါဘီမွာ အိမ္ရွင္ဟမ္းမားေတြ ေအာင္ပြဲခံခဲ့ၿပီး အဆင့္ ၄ ေနရာကို တက္ေရာက္ႏိုင္ခဲ့ခ်ိန္မွာ စပါးစ္တို႔ကေတာ့ အဆင့္ ၆ နဲ႔သာ ေက်နပ္ခဲ့ရေၾကာင္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.