Match Report Premier League

ပျားဖွပ်တတ်တဲ့ မြေခွေးတွေကြောင့် အိမ်ကွင်းမှာ လက်စတာကို ရှုံးပွဲတွေ့ခဲ့တဲ့ ဘရန့်ဖို့ဒ်

တန်းတက် ဘရန့်ဖို့ဒ်အသင်းအနေနဲ့ နည်းပြ သောမတ်စ် ဖရန့်ခ်ရဲ့ ဗျူဟာ၊ တစ်သင်းလုံးရဲ့ စုစည်းမှုကောင်းကောင်းနဲ့ မိနစ် ၉၀ လုံးလုံး မလျှော့ချဘဲ ကစားနိုင်တဲ့ ကစားအားတွေကြောင့် ပရီးမီးယားလိဂ်ကို ရောက်လာချိန်မှာ အသင်းကြီးတွေကို အံ့အားသင့်အောင်လုပ်ပြနိုင်ခဲ့ပေမယ့် ဒီနေ့မှာတော့ လက်စတာစီးတီးအသင်းကို အိမ်ကွင်းမှာ အနိမ့်ဆုံးမျှော်လင့်ထားတဲ့ သရေတောင်မရဘဲ အရှုံးပေးခဲ့ရပါတယ်။

ဘရန့်ဖို့ဒ်တို့အနေနဲ့ ဒီနေ့မှာ ၃-၅-၂ ပုံစံနဲ့ ပွဲထွက်လာခဲ့သလို လက်စတာကတော့ ၃-၄-၁-၂ ပုံစံနဲ့ ပွဲထွက်လာခဲ့ပြီး အိမ်ရှင်တွေအနေနဲ့ စဉ်ဆက်မပြတ် ဖိအားပေးပြီး Pressing ကစားဖို့ ကြံခဲ့ချိန်မှာ ဧည့်သည်တွေကတော့ ခံစစ်ကို လုံခြုံအောင် ပိတ်ဆို့ပြီးမှ တိုက်စစ်ကို ပြန်သွားတဲ့ ကောင်တာအားသန်ပုံကို ပြသခဲ့တာပါ။

ပွဲချိန် ၂ မိနစ်မှာ ဘရန့်ဖို့ဒ်ကွင်းလယ်လူ နော်ဂါ့ဒ်ရဲ့ နောက်ပြန်ကန်ချက်ကို ရှမိုက်ကယ် ကာကွယ်ခဲ့ရပြီး ဒီကနေ ရတဲ့ ထောင့်ကန်ဘောကနေ ခေါင်းတိုက်ဖို့ ကြိုးစားတဲ့ နောက်ခံလူ ယွန်ဆွန်ကို ရှမိုက်ကယ်က ဘောလုံးမထိဘဲ လက်နဲ့ ခေါင်းကို ရိုက်မိခဲ့ပေမယ့် လူကျွံနေခဲ့တာကြောင့် ပင်နယ်တီ မပေးရဘဲ လက်စတာတို့ သက်သာခဲ့ရပါတယ်။

ပွဲချိန် ၇ မိနစ်မှာ ဘရန်ဖို့ဒ်အတွက် တိုနီ ဂိုးသွင်းပေမယ့် လူကျွံနေခဲ့သလို ပွဲချိန် ၉ မိနစ်မှာလည်း အမ်ဘူးမိုရဲ့ ကန်ချက်က တိုင်ဘေးက ထွက်သွားခဲ့လို့ အိမ်ရှင်တွေ နစ်နာခဲ့ရပြီး ကံဆိုးခဲ့ရချိန်မှာ ဧည့်သည် လက်စတာတို့ကတော့ သူတို့လို မဟုတ်ဘဲ ထင်တာထက်ပိုပြီး ကံကောင်းနေခဲ့တာပါ။

ပွဲချိန် ၁၄ မိနစ်မှာတော့ လက်စတာတို့ ရတဲ့ ဖရီးကစ်ကို မက်ဒီဆန် ကန်တင်ပေးရာမှာ ဘရန့်ဖို့ဒ်ခံစစ်က ရှင်းထုတ်ပြီး ပြန်ကျလာတာကနေ ကွင်းလယ်လူ တီးလီးမန်းစ်က ပြေးပြီး အဝေးကန်ချက်နဲ့ ကန်သွင်းခဲ့ရာမှာ အံ့ဩဖို့ကောင်းလောက်အောင် ဂိုးသမားမမီနိုင်တဲ့ အပေါ်ထောင့်ထဲကို ကွက်တိ ဝင်သွားခဲ့လို့ ဖိကစားနေတဲ့ အိမ်ရှင်တွေအစား ဧည့်သည်တွေက ဂိုးရခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၅ မိနစ်မှာ အွန်ယီကာရဲ့ ဖြတ်တင်ဘောကို တိုနီရဲ့ ခေါင်းတိုက်ချက် ကောင်းခဲ့ပေမယ့် ရှမိုက်ကယ် ကာကွယ်သွားနိုင်ခဲ့သလို ဟင်နရီရဲ့ ကန်ချက်ကလည်း လွဲချော်သွားခဲ့လို့ ပထမပိုင်းမှာ လက်စတာတို့ ကြံ့ကြံ့ခံနိုင်ခဲ့ပြီး ဘရန့်ဖို့ဒ်တို့ကို တစ်ဂိုး-ဂိုးမရှိနဲ့ အဝေးကွင်းမှာ ဦးဆောင်နိုင်ခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ဘရန့်ဖို့ဒ်ဘက်က ပင်းနော့ခ်အစား အာယေးနဲ့ လက်စတာဘက်က ဗာဒီအစား ဒါကာတို့ ဝင်ကစားခဲ့ပြီး ဂိုးပြန်ရဖို့ ဖိကစားနေတဲ့ အိမ်ရှင် ပျားအုပ်စုကြောင့် ဧည့်သည် မြေခွေးတွေအနေနဲ့ မကြာခဏဆိုသလို ကောင်တာတွေကနေ ထိုးဖောက်နိုင်ခဲ့ပြီး အဆုံးသတ် မသေချာလို့နဲ့ ဂိုးသမား ရာယာ ကာကွယ်နိုင်ခဲ့လို့သာ ဂိုးထပ်မရခဲ့တာပါ။

ပွဲချိန် မိနစ် ၆၀ မှာတော့ ဘရန့်ဖို့ဒ်တို့ ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီး ဘယ်ထောင့်ကန်ဘောကို ကွင်းလယ်လူ ယန်ဆန် ကန်တင်ပေးရာမှာ နောက်ခံလူ ယော်ဂင်ဆန်က နောက်ပြန်ခေါင်းတိုက်ချက်နဲ့ ကြိုးစားခဲ့ရာမှာ ဂိုးသမား ရှမိုက်ကယ်နဲ့ လက်စတာခံစစ်သမားတွေကို ကျော်ပြီး ဝင်သွားခဲ့လို့ တစ်ဂိုးစီသရေဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာတော့ ဘရန့်ဖို့ဒ်တို့ရဲ့ ဖရီးကစ်ကို ရှမိုက်ကယ် ဖမ်းမိရာကနေ အမြန်ကန်တင်ပေးခဲ့ရာမှာ လျင်လျင်မြန်မြန်ပဲ ကောင်တာပြန်စခဲ့သလို တစ်ဖက်ခံစစ်ကို ဖောက်ထွက်ပြီး ဘောလုံးရသွားတဲ့ ဒါကာက ဂိုးသမားနဲ့အတွေ့မှာ ဘေးကို ချိုးပေးရာမှာ မက်ဒီဆန်က ကန်သွင်းနိုင်ခဲ့လို့ ဧည့်သည်တွေ နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်ခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ လက်စတာတို့ ခံစစ်ပဲ ကစားသွားခဲ့သလို ကောင်တာတွေနဲ့ ပြန်ထောက်ဖို့ပဲ ကြိုးစားခဲ့ပြီး ဘရန့်ဖို့ဒ်တို့ကတော့ ဒီနေ့မှာ ဂိုးလာဘ်ကောင်းတဲ့ ဝစ်ဆာလည်း မပါခဲ့တာကြောင့် အပြောင်းအလဲလုပ်လို့ သိပ်မထူးခြားတော့ဘဲ အိမ်ကွင်းမှာ အရှုံးပေးခဲ့ရပြီး ကစားသမား အင်အားချင်း ကွာဟမှုမှာ လက်လျှော့ခဲ့ရတာလည်းဖြစ်ပါတယ်။

ဒီပွဲအနိုင်ရရှိမှုကြောင့် လက်စတာတို့ တဖြည်းဖြည်းနဲ့ နည်းပြ ဘရန်ဒန် ရော့ဂျားစ်ရဲ့ ကိုင်တွယ်မှုမှာ လမ်းကြောင်းမှန်ပေါ်ကို ပြန်တက်လာခဲ့ပြီး အဆင့် ၉ မှာ အာဆင်နယ်ကို ဂိုးကွာခြားချက်နဲ့ ကျော်တက်ရပ်တည်နိုင်ခဲ့သလို ဘရန့်ဖို့ဒ်တို့ကတော့ အိမ်ကွင်းနှစ်ပွဲဆက်အရှုံးနဲ့အတူ အဆင့် ၁၂ နေရာအထိ ရောက်ရှိသွားခဲ့ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: တန္းတက္ ဘရန႔္ဖို႔ဒ္အသင္းအေနနဲ႔ နည္းျပ ေသာမတ္စ္ ဖရန႔္ခ္ရဲ႕ ဗ်ဴဟာ၊ တစ္သင္းလုံးရဲ႕ စုစည္းမႈေကာင္းေကာင္းနဲ႔ မိနစ္ ၉၀ လုံးလုံး မေလွ်ာ့ခ်ဘဲ ကစားႏိုင္တဲ့ ကစားအားေတြေၾကာင့္ ပရီးမီးယားလိဂ္ကို ေရာက္လာခ်ိန္မွာ အသင္းႀကီးေတြကို အံ့အားသင့္ေအာင္လုပ္ျပႏိုင္ခဲ့ေပမယ့္ ဒီေန႔မွာေတာ့ လက္စတာစီးတီးအသင္းကို အိမ္ကြင္းမွာ အနိမ့္ဆုံးေမွ်ာ္လင့္ထားတဲ့ သေရေတာင္မရဘဲ အရႈံးေပးခဲ့ရပါတယ္။

ဘရန႔္ဖို႔ဒ္တို႔အေနနဲ႔ ဒီေန႔မွာ ၃-၅-၂ ပုံစံနဲ႔ ပြဲထြက္လာခဲ့သလို လက္စတာကေတာ့ ၃-၄-၁-၂ ပုံစံနဲ႔ ပြဲထြက္လာခဲ့ၿပီး အိမ္ရွင္ေတြအေနနဲ႔ စဥ္ဆက္မျပတ္ ဖိအားေပးၿပီး Pressing ကစားဖို႔ ႀကံခဲ့ခ်ိန္မွာ ဧည့္သည္ေတြကေတာ့ ခံစစ္ကို လုံၿခဳံေအာင္ ပိတ္ဆို႔ၿပီးမွ တိုက္စစ္ကို ျပန္သြားတဲ့ ေကာင္တာအားသန္ပုံကို ျပသခဲ့တာပါ။

ပြဲခ်ိန္ ၂ မိနစ္မွာ ဘရန႔္ဖို႔ဒ္ကြင္းလယ္လူ ေနာ္ဂါ့ဒ္ရဲ႕ ေနာက္ျပန္ကန္ခ်က္ကို ရွမိုက္ကယ္ ကာကြယ္ခဲ့ရၿပီး ဒီကေန ရတဲ့ ေထာင့္ကန္ေဘာကေန ေခါင္းတိုက္ဖို႔ ႀကိဳးစားတဲ့ ေနာက္ခံလူ ယြန္ဆြန္ကို ရွမိုက္ကယ္က ေဘာလုံးမထိဘဲ လက္နဲ႔ ေခါင္းကို ႐ိုက္မိခဲ့ေပမယ့္ လူကြၽံေနခဲ့တာေၾကာင့္ ပင္နယ္တီ မေပးရဘဲ လက္စတာတို႔ သက္သာခဲ့ရပါတယ္။

ပြဲခ်ိန္ ၇ မိနစ္မွာ ဘရန္ဖို႔ဒ္အတြက္ တိုနီ ဂိုးသြင္းေပမယ့္ လူကြၽံေနခဲ့သလို ပြဲခ်ိန္ ၉ မိနစ္မွာလည္း အမ္ဘူးမိုရဲ႕ ကန္ခ်က္က တိုင္ေဘးက ထြက္သြားခဲ့လို႔ အိမ္ရွင္ေတြ နစ္နာခဲ့ရၿပီး ကံဆိုးခဲ့ရခ်ိန္မွာ ဧည့္သည္ လက္စတာတို႔ကေတာ့ သူတို႔လို မဟုတ္ဘဲ ထင္တာထက္ပိုၿပီး ကံေကာင္းေနခဲ့တာပါ။

ပြဲခ်ိန္ ၁၄ မိနစ္မွာေတာ့ လက္စတာတို႔ ရတဲ့ ဖရီးကစ္ကို မက္ဒီဆန္ ကန္တင္ေပးရာမွာ ဘရန႔္ဖို႔ဒ္ခံစစ္က ရွင္းထုတ္ၿပီး ျပန္က်လာတာကေန ကြင္းလယ္လူ တီးလီးမန္းစ္က ေျပးၿပီး အေဝးကန္ခ်က္နဲ႔ ကန္သြင္းခဲ့ရာမွာ အံ့ဩဖို႔ေကာင္းေလာက္ေအာင္ ဂိုးသမားမမီႏိုင္တဲ့ အေပၚေထာင့္ထဲကို ကြက္တိ ဝင္သြားခဲ့လို႔ ဖိကစားေနတဲ့ အိမ္ရွင္ေတြအစား ဧည့္သည္ေတြက ဂိုးရခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၅ မိနစ္မွာ အြန္ယီကာရဲ႕ ျဖတ္တင္ေဘာကို တိုနီရဲ႕ ေခါင္းတိုက္ခ်က္ ေကာင္းခဲ့ေပမယ့္ ရွမိုက္ကယ္ ကာကြယ္သြားႏိုင္ခဲ့သလို ဟင္နရီရဲ႕ ကန္ခ်က္ကလည္း လြဲေခ်ာ္သြားခဲ့လို႔ ပထမပိုင္းမွာ လက္စတာတို႔ ႀကံ့ႀကံ့ခံႏိုင္ခဲ့ၿပီး ဘရန႔္ဖို႔ဒ္တို႔ကို တစ္ဂိုး-ဂိုးမရွိနဲ႔ အေဝးကြင္းမွာ ဦးေဆာင္ႏိုင္ခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ ဘရန႔္ဖို႔ဒ္ဘက္က ပင္းေနာ့ခ္အစား အာေယးနဲ႔ လက္စတာဘက္က ဗာဒီအစား ဒါကာတို႔ ဝင္ကစားခဲ့ၿပီး ဂိုးျပန္ရဖို႔ ဖိကစားေနတဲ့ အိမ္ရွင္ ပ်ားအုပ္စုေၾကာင့္ ဧည့္သည္ ေျမေခြးေတြအေနနဲ႔ မၾကာခဏဆိုသလို ေကာင္တာေတြကေန ထိုးေဖာက္ႏိုင္ခဲ့ၿပီး အဆုံးသတ္ မေသခ်ာလို႔နဲ႔ ဂိုးသမား ရာယာ ကာကြယ္ႏိုင္ခဲ့လို႔သာ ဂိုးထပ္မရခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ ဘရန႔္ဖို႔ဒ္တို႔ ေခ်ပဂိုး ျပန္လည္သြင္းယူႏိုင္ခဲ့ၿပီး ဘယ္ေထာင့္ကန္ေဘာကို ကြင္းလယ္လူ ယန္ဆန္ ကန္တင္ေပးရာမွာ ေနာက္ခံလူ ေယာ္ဂင္ဆန္က ေနာက္ျပန္ေခါင္းတိုက္ခ်က္နဲ႔ ႀကိဳးစားခဲ့ရာမွာ ဂိုးသမား ရွမိုက္ကယ္နဲ႔ လက္စတာခံစစ္သမားေတြကို ေက်ာ္ၿပီး ဝင္သြားခဲ့လို႔ တစ္ဂိုးစီသေရျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ ဘရန႔္ဖို႔ဒ္တို႔ရဲ႕ ဖရီးကစ္ကို ရွမိုက္ကယ္ ဖမ္းမိရာကေန အျမန္ကန္တင္ေပးခဲ့ရာမွာ လ်င္လ်င္ျမန္ျမန္ပဲ ေကာင္တာျပန္စခဲ့သလို တစ္ဖက္ခံစစ္ကို ေဖာက္ထြက္ၿပီး ေဘာလုံးရသြားတဲ့ ဒါကာက ဂိုးသမားနဲ႔အေတြ႕မွာ ေဘးကို ခ်ိဳးေပးရာမွာ မက္ဒီဆန္က ကန္သြင္းႏိုင္ခဲ့လို႔ ဧည့္သည္ေတြ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ လက္စတာတို႔ ခံစစ္ပဲ ကစားသြားခဲ့သလို ေကာင္တာေတြနဲ႔ ျပန္ေထာက္ဖို႔ပဲ ႀကိဳးစားခဲ့ၿပီး ဘရန႔္ဖို႔ဒ္တို႔ကေတာ့ ဒီေန႔မွာ ဂိုးလာဘ္ေကာင္းတဲ့ ဝစ္ဆာလည္း မပါခဲ့တာေၾကာင့္ အေျပာင္းအလဲလုပ္လို႔ သိပ္မထူးျခားေတာ့ဘဲ အိမ္ကြင္းမွာ အရႈံးေပးခဲ့ရၿပီး ကစားသမား အင္အားခ်င္း ကြာဟမႈမွာ လက္ေလွ်ာ့ခဲ့ရတာလည္းျဖစ္ပါတယ္။

ဒီပြဲအႏိုင္ရရွိမႈေၾကာင့္ လက္စတာတို႔ တျဖည္းျဖည္းနဲ႔ နည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္ရဲ႕ ကိုင္တြယ္မႈမွာ လမ္းေၾကာင္းမွန္ေပၚကို ျပန္တက္လာခဲ့ၿပီး အဆင့္ ၉ မွာ အာဆင္နယ္ကို ဂိုးကြာျခားခ်က္နဲ႔ ေက်ာ္တက္ရပ္တည္ႏိုင္ခဲ့သလို ဘရန႔္ဖို႔ဒ္တို႔ကေတာ့ အိမ္ကြင္းႏွစ္ပြဲဆက္အရႈံးနဲ႔အတူ အဆင့္ ၁၂ ေနရာအထိ ေရာက္ရွိသြားခဲ့ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.