La Liga Match Report

GOAT တွေ မရှိတော့တဲ့ El Clasico မှာ နူးကမ့်အောင်ပွဲဆင်တဲ့ ရီးရဲလ်မက်ဒရစ်

စပိန်ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး ထိပ်တိုက်တွေ့တဲ့ ပွဲစဉ်ဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ အယ်လ်ကလာစီကို ပွဲစဉ်ကို တနင်္ဂနွေနေ့ညမှာ ကစားခဲ့ရာမှာ နှစ်ဖက်အသင်းတွေအနေနဲ့ သူတို့ရဲ့ အကောင်းဆုံး နာမည်ကြီး ကစားသမားတွေကို ထုတ်သုံးခဲ့ပေမယ့် လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ GOAT နှစ်ဦးစလုံး မပါတဲ့ ပထမဆုံးပွဲစဉ်ဖြစ်ခဲ့တဲ့အတွက် အနည်းငယ်ဆားပေါ့သလိုတော့ဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၂၁ မိနစ်မှာ ဘယ်ခြမ်းကနေ အတွင်းကို ဆွဲဝင်ဖို့ ကြိုးစားတဲ့ ဗီနီးရှပ်စ် ဂျူနီယာကို နောက်ကနေ ဘာစီလိုနာခံစစ်မှူး မင်ဂွယ်ဇာက လက်နဲ့ ဆွဲဖက်လို့ လဲကျသွားခဲ့ပေမယ့် ဒိုင်လူကြီး ဟိုဆေး ဆန်ချက်ဇ်က ထိတွေ့မှု မလုံလောက်ဘူးလို့ လျစ်လျူရှုသွားခဲ့လို့ ရီးရဲလ်မက်ဒရစ်တို့ နစ်နာခဲ့ရသလို နည်းပြ အန်ဆယ်လော့တီကတောင် ပေါက်ကွဲခဲ့ရသေးတာပါ။

ပွဲချိန် ၂၅ မိနစ်မှာတော့ ဘယ်တောင်ပံကနေ ဒီပိုင်းတစ်ကိုယ်တော် ထိုးဖောက်လာပြီး ဧရိယာအတွင်းကို ပြန်ချိုးပေးတဲ့ ဘောလုံးကို အန်ဆူ ဖာတီက နောက်ပေါက်နဲ့ ချပေးရာမှာ ညာနောက်ခံလူ ဒက်စ်က သိပ်ကောင်းတဲ့ အခွင့်အရေးကို ဖြုန်းတီးပစ်ခဲ့တာကြောင့် ပြုတ်စော်နံနေတဲ့ နည်းပြ ကိုးမန်း စိတ်ပျက်ခဲ့ရပါတယ်။

ပွဲချိန် ၃၂ မိနစ်မှာတော့ ရီးရဲလ်မက်ဒရစ်တို့ တန်ပြန်တိုက်စစ်ကနေ ထိုးဖောက်လာခဲ့ရင်း ရိုဒရီဂိုကို ဘယ်ခြမ်းကို ချပေးခဲ့ရာမှာ ဒီနေ့ပွဲမှာမှ ပထမဆုံး အယ်လ်ကလာစီကို,ကို ကစားဖူးတဲ့ လူသစ် ဒေးဗစ် အလာဘာက ဘယ်ခြေနဲ့ ထောင့်ဖြတ်ကန်သွင်းခဲ့ရာမှာ ဂိုးသမား တာစတီဂန်ကို အနိုင်ယူပြီး ဧည့်သည်တွေ စတင်ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာတော့ ပီကေးရဲ့ ခေါင်းတိုက်ချက်နဲ့ အန်ဆူ ဖာတီရဲ့ လူကြားထဲက ကန်ချက်တွေက အန္တရာယ်ပေးနိုင်ရုံအဆင့်ထက် မပိုခဲ့ဘဲ ဂိုးပေါက်နဲ့ လွဲချော်ခဲ့တာကြောင့် ဘာစီလိုနာတို့ ချေပဂိုး ပြန်လည်သွင်းယူနိုင်ခြင်းမရှိဘဲ ရီးရဲလ်မက်ဒရစ်တို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်အစမှာတော့ ဘာစီလိုနာဘက်က မင်ဂွယ်ဇာအစား ကော်တင်ညိုဝင်ကစားပြီး တိုက်စစ်မြှင့်ခဲ့သလို အန်ဆူ ဖာတီရဲ့ ကန်ချက်ကို ရီးရဲလ်ဂိုးသမား ကူတွာ ကာကွယ်သွားနိုင်ခဲ့ချိန်မှာ ဘန်ဇီးမားရဲ့ Volley ကန်ချက်ကိုလည်း ဘာဆာဂိုးသမား တာစတီဂန် ကာကွယ်နိုင်ခဲ့ပြီး ပွဲချိန် ၇၄ မိနစ်မှာတော့ ဖာတီအစား ကော်တင်ညို လူစားဝင်ကစားလာခဲ့ပါတယ်။

ဘာစီလိုနာတို့ ဆက်တိုက်ဆိုသလို ဖိကစားနေခဲ့ချိန်မှာ ရီးရဲလ်မက်ဒရစ်တို့ ခံစစ်နဲ့ တန်ပြန်တိုက်စစ်ကို ကစားခဲ့ရပြီး နာကျင်အချိန်ပို ၇ မိနစ်အထိ သတ်မှတ်ပေးခဲ့တဲ့ပွဲမှာ အိမ်ရှင်တွေရဲ့ ကစားပုံနဲ့ နည်းပြ ကိုးမန်းရဲ့ တစ်လမ်းသွားလုပ်နေပြီး စိတ်ဝင်စားစရာမရှိတဲ့ နည်းဗျူဟာတွေက အန်ဆယ်လော့တီကို နှပ်ပစ်နိုင်ဖို့တော့ ခက်ခဲခဲ့တာပါ။

နာကျင်အချိန်ပို ၃ မိနစ်မှာတော့ ဘာစီလိုနာတို့ တက်ဖိပြီး ရီးရဲလ်ဂိုးဧရိယာထဲ ပီကေးလဲကျခဲ့ချိန်မှာ ဒိုင်လူကြီးကတော့ ဆက်ကစားဖို့ အချက်ပြခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ လူစားဝင်ကစားသမား မာကို အဆန်စီယိုက ဘယ်ခြမ်းကနေ အနိမ့်ဘောကန်သွင်းခဲ့ရာမှာ ဂိုးသမား တာစတီဂန် ပုတ်ထုတ်နိုင်ခဲ့ပေမယ့် နောက်က ပါလာတဲ့ လူးကပ်စ် ဗက်ဇ်ကက်ဇ်က ယှဉ်ဖျက်တဲ့ အဲရစ် ဂါစီယာထက်ဦးအောင် ပိတ်သွင်းနိုင်ခဲ့လို့ ရီးရဲလ်တို့ ဒုတိယမြောက် ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဘာစီလိုနာတို့ ဂုဏ်သိက္ခာအတွက် ထပ်မံကြိုးစားခဲ့ပြီး နာကျင်အချိန်ပို ၇ မိနစ်မှာတော့ ညာခြမ်းကနေ နောက်ခံလူ ဒက်စ်ရဲ့ ဖြတ်တင်ဘောကို ရီးရဲလ်ခံစစ်က အလာဘာ ခြေချော်ပြီး မဖျက်နိုင်ဘဲ လွတ်သွားခဲ့တာကို အဂွေရိုက အနီးကပ် Volley ကန်သွင်းပြီး သူ့ရဲ့ ကာတာလန်ကစားသမားဘဝ ပထမဆုံးဂိုးနဲ့ တစ်ဂိုး ပြန်လည်ချေပနိုင်ခဲ့လို့ ပွဲအပြီးမှာ နှစ်ဂိုး-တစ်ဂိုးရလဒ် ထွက်ပေါ်ခဲ့တာပါ။

ဒီပွဲအပြီးမှာတော့ အနိုင်ရရှိခဲ့တဲ့ ရီးရဲလ်မက်ဒရစ်တို့ အဖိုးတန်သုံးမှတ်ကို ဆုပ်ကိုင်ပြီး လာလီဂါအမှတ်ပေးဇယားမှာ ဦးဆောင်သူ ဆိုစီဒက်ထက် တစ်ပွဲလျှော့ကစားပြီး တစ်မှတ်အကွာကနေ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို ပြန်လည်ရောက်ရှိလာနိုင်ခဲ့သလို ဘာစီလိုနာကတော့ အဆင့် ၉ နေရာကို ဆင်းပေးလိုက်ရပြီး ပရိသတ်တွေအတွက် စိတ်ပျက်စရာပဲဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: စပိန္ေဘာလုံးေလာကရဲ႕ အႀကီးက်ယ္ဆုံး ထိပ္တိုက္ေတြ႕တဲ့ ပြဲစဥ္ျဖစ္တဲ့ ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္တို႔ရဲ႕ အယ္လ္ကလာစီကို ပြဲစဥ္ကို တနဂၤေႏြေန႔ညမွာ ကစားခဲ့ရာမွာ ႏွစ္ဖက္အသင္းေတြအေနနဲ႔ သူတို႔ရဲ႕ အေကာင္းဆုံး နာမည္ႀကီး ကစားသမားေတြကို ထုတ္သုံးခဲ့ေပမယ့္ လီယြန္နယ္ မက္ဆီနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ GOAT ႏွစ္ဦးစလုံး မပါတဲ့ ပထမဆုံးပြဲစဥ္ျဖစ္ခဲ့တဲ့အတြက္ အနည္းငယ္ဆားေပါ့သလိုေတာ့ျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၁ မိနစ္မွာ ဘယ္ျခမ္းကေန အတြင္းကို ဆြဲဝင္ဖို႔ ႀကိဳးစားတဲ့ ဗီနီးရွပ္စ္ ဂ်ဴနီယာကို ေနာက္ကေန ဘာစီလိုနာခံစစ္မႉး မင္ဂြယ္ဇာက လက္နဲ႔ ဆြဲဖက္လို႔ လဲက်သြားခဲ့ေပမယ့္ ဒိုင္လူႀကီး ဟိုေဆး ဆန္ခ်က္ဇ္က ထိေတြ႕မႈ မလုံေလာက္ဘူးလို႔ လ်စ္လ်ဴရႈသြားခဲ့လို႔ ရီးရဲလ္မက္ဒရစ္တို႔ နစ္နာခဲ့ရသလို နည္းျပ အန္ဆယ္ေလာ့တီကေတာင္ ေပါက္ကြဲခဲ့ရေသးတာပါ။

ပြဲခ်ိန္ ၂၅ မိနစ္မွာေတာ့ ဘယ္ေတာင္ပံကေန ဒီပိုင္းတစ္ကိုယ္ေတာ္ ထိုးေဖာက္လာၿပီး ဧရိယာအတြင္းကို ျပန္ခ်ိဳးေပးတဲ့ ေဘာလုံးကို အန္ဆူ ဖာတီက ေနာက္ေပါက္နဲ႔ ခ်ေပးရာမွာ ညာေနာက္ခံလူ ဒက္စ္က သိပ္ေကာင္းတဲ့ အခြင့္အေရးကို ျဖဳန္းတီးပစ္ခဲ့တာေၾကာင့္ ျပဳတ္ေစာ္နံေနတဲ့ နည္းျပ ကိုးမန္း စိတ္ပ်က္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၃၂ မိနစ္မွာေတာ့ ရီးရဲလ္မက္ဒရစ္တို႔ တန္ျပန္တိုက္စစ္ကေန ထိုးေဖာက္လာခဲ့ရင္း ႐ိုဒရီဂိုကို ဘယ္ျခမ္းကို ခ်ေပးခဲ့ရာမွာ ဒီေန႔ပြဲမွာမွ ပထမဆုံး အယ္လ္ကလာစီကို,ကို ကစားဖူးတဲ့ လူသစ္ ေဒးဗစ္ အလာဘာက ဘယ္ေျခနဲ႔ ေထာင့္ျဖတ္ကန္သြင္းခဲ့ရာမွာ ဂိုးသမား တာစတီဂန္ကို အႏိုင္ယူၿပီး ဧည့္သည္ေတြ စတင္ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာေတာ့ ပီေကးရဲ႕ ေခါင္းတိုက္ခ်က္နဲ႔ အန္ဆူ ဖာတီရဲ႕ လူၾကားထဲက ကန္ခ်က္ေတြက အႏၲရာယ္ေပးႏိုင္႐ုံအဆင့္ထက္ မပိုခဲ့ဘဲ ဂိုးေပါက္နဲ႔ လြဲေခ်ာ္ခဲ့တာေၾကာင့္ ဘာစီလိုနာတို႔ ေခ်ပဂိုး ျပန္လည္သြင္းယူႏိုင္ျခင္းမရွိဘဲ ရီးရဲလ္မက္ဒရစ္တို႔က တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္အစမွာေတာ့ ဘာစီလိုနာဘက္က မင္ဂြယ္ဇာအစား ေကာ္တင္ညိဳဝင္ကစားၿပီး တိုက္စစ္ျမႇင့္ခဲ့သလို အန္ဆူ ဖာတီရဲ႕ ကန္ခ်က္ကို ရီးရဲလ္ဂိုးသမား ကူတြာ ကာကြယ္သြားႏိုင္ခဲ့ခ်ိန္မွာ ဘန္ဇီးမားရဲ႕ Volley ကန္ခ်က္ကိုလည္း ဘာဆာဂိုးသမား တာစတီဂန္ ကာကြယ္ႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ ဖာတီအစား ေကာ္တင္ညိဳ လူစားဝင္ကစားလာခဲ့ပါတယ္။

ဘာစီလိုနာတို႔ ဆက္တိုက္ဆိုသလို ဖိကစားေနခဲ့ခ်ိန္မွာ ရီးရဲလ္မက္ဒရစ္တို႔ ခံစစ္နဲ႔ တန္ျပန္တိုက္စစ္ကို ကစားခဲ့ရၿပီး နာက်င္အခ်ိန္ပို ၇ မိနစ္အထိ သတ္မွတ္ေပးခဲ့တဲ့ပြဲမွာ အိမ္ရွင္ေတြရဲ႕ ကစားပုံနဲ႔ နည္းျပ ကိုးမန္းရဲ႕ တစ္လမ္းသြားလုပ္ေနၿပီး စိတ္ဝင္စားစရာမရွိတဲ့ နည္းဗ်ဴဟာေတြက အန္ဆယ္ေလာ့တီကို ႏွပ္ပစ္ႏိုင္ဖို႔ေတာ့ ခက္ခဲခဲ့တာပါ။

နာက်င္အခ်ိန္ပို ၃ မိနစ္မွာေတာ့ ဘာစီလိုနာတို႔ တက္ဖိၿပီး ရီးရဲလ္ဂိုးဧရိယာထဲ ပီေကးလဲက်ခဲ့ခ်ိန္မွာ ဒိုင္လူႀကီးကေတာ့ ဆက္ကစားဖို႔ အခ်က္ျပခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန လူစားဝင္ကစားသမား မာကို အဆန္စီယိုက ဘယ္ျခမ္းကေန အနိမ့္ေဘာကန္သြင္းခဲ့ရာမွာ ဂိုးသမား တာစတီဂန္ ပုတ္ထုတ္ႏိုင္ခဲ့ေပမယ့္ ေနာက္က ပါလာတဲ့ လူးကပ္စ္ ဗက္ဇ္ကက္ဇ္က ယွဥ္ဖ်က္တဲ့ အဲရစ္ ဂါစီယာထက္ဦးေအာင္ ပိတ္သြင္းႏိုင္ခဲ့လို႔ ရီးရဲလ္တို႔ ဒုတိယေျမာက္ ဦးေဆာင္ဂိုးရရွိခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဘာစီလိုနာတို႔ ဂုဏ္သိကၡာအတြက္ ထပ္မံႀကိဳးစားခဲ့ၿပီး နာက်င္အခ်ိန္ပို ၇ မိနစ္မွာေတာ့ ညာျခမ္းကေန ေနာက္ခံလူ ဒက္စ္ရဲ႕ ျဖတ္တင္ေဘာကို ရီးရဲလ္ခံစစ္က အလာဘာ ေျခေခ်ာ္ၿပီး မဖ်က္ႏိုင္ဘဲ လြတ္သြားခဲ့တာကို အေဂြ႐ိုက အနီးကပ္ Volley ကန္သြင္းၿပီး သူ႔ရဲ႕ ကာတာလန္ကစားသမားဘဝ ပထမဆုံးဂိုးနဲ႔ တစ္ဂိုး ျပန္လည္ေခ်ပႏိုင္ခဲ့လို႔ ပြဲအၿပီးမွာ ႏွစ္ဂိုး-တစ္ဂိုးရလဒ္ ထြက္ေပၚခဲ့တာပါ။

ဒီပြဲအၿပီးမွာေတာ့ အႏိုင္ရရွိခဲ့တဲ့ ရီးရဲလ္မက္ဒရစ္တို႔ အဖိုးတန္သုံးမွတ္ကို ဆုပ္ကိုင္ၿပီး လာလီဂါအမွတ္ေပးဇယားမွာ ဦးေဆာင္သူ ဆိုစီဒက္ထက္ တစ္ပြဲေလွ်ာ့ကစားၿပီး တစ္မွတ္အကြာကေန အမွတ္ေပးဇယားရဲ႕ ဒုတိယေနရာကို ျပန္လည္ေရာက္ရွိလာႏိုင္ခဲ့သလို ဘာစီလိုနာကေတာ့ အဆင့္ ၉ ေနရာကို ဆင္းေပးလိုက္ရၿပီး ပရိသတ္ေတြအတြက္ စိတ္ပ်က္စရာပဲျဖစ္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.