Premier League

မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်တို့ရဲ့ အနောက်မြောက်ဒါဘီက အဓိကတိုက်ပွဲသော့ချက် ၅ ခု

ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးလ်တို့ဟာ ယနေ့ညနေ အိုးထရက်ဖို့ဒ်မှာ ၂၀၈ ကြိမ်မြောက် အနောက်မြောက်ဒါဘီပွဲစဉ်အဖြစ် တွေ့ဆုံ ယှဉ်ပြိုင်သွားကြတော့မှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ၃ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်ဖို့ ကြိုးပမ်းပြီး ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲထဲ ပြန်လည်ဝင်ရောက်သွားချင်နေမှာဖြစ်ပါတယ်။ အတ္တလန္တာနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၃-၂ နဲ့ ပြန်လာနိုင်ခဲ့တာက ဆိုးလ်ရှားအတွက် စိတ်သက်သာရာ ရစေခဲ့ပေမယ့် လီဗာပူးလ်နဲ့ပွဲစဉ်မှာ အနိုင်ရရှိမှသာ ၎င်းအပေါ်က ဖိအားတွေက တော်တော်လေး လျော့ကျသွားမှာဖြစ်ပါတယ်။

လီဗာပူးလ်ကလည်း ယခုရာသီမှာ အကောင်းဆုံးပုံစံ ပြသနေပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၂ နေရာမှာ ရမှတ် ၁၈ မှတ်နဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ လီဗာပူးလ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ယခုရာသီ ရှုံးပွဲမရှိသေးတဲ့ တစ်ခုတည်းသော အသင်းဖြစ်ပြီး နောက်ဆုံးတခေါက် အိုးထရက်ဖို့ဒ်ကို လာရောက်ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ ၄-၂ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ယာဂန် ကလော့ပ်ရဲ့အသင်းဟာ ၂၀၀၂ ခုနှစ် နောက်ပိုင်း အိုးထရက်ဖို့ဒ်မှာ ၂ ပွဲဆက်နိုင်ပွဲရယူပြီး သမိုင်းရေးထိုးသွားဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး ဒီပွဲစဉ်ရဲ့ရလဒ်ကို ဆုံးဖြတ်ပေးနိုင်မယ့် အဓိက တိုက်ပွဲသော့ချက် ၅ ခုက ဘာတွေဖြစ်မလဲ…

၅။ ထရင့် အလက်ဇန္ဒား-အာနိုးလ်နဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်

ကမ္ဘာ့အကောင်းဆုံး နောက်ခံလူလို့ သတ်မှတ်ခံထားရတဲ့ အလက်ဇန္ဒား-အာနိုးလ်ကို ကျော်နိုင်တဲ့ကစားသမား အနည်းငယ်ပဲရှိပြီး အလွန်ကောင်းမွန်တဲ့ ဖြတ်တင်ဘောပေးပို့နိုင်တဲ့ အရည်အချင်းနဲ့ တည်ကန်ဘောအထူးကျွမ်းကျင်သူဖြစ်ပါတယ်။ အာနိုးလ်ရဲ့ ကြောက်မက်ဖွယ် ဂိုးဖန်တီးမှုနှုန်းက တိုက်စစ်ကစားသမား အများစုအတွက် အရှက်ရစရာဖြစ်ခဲ့ပေမယ့်လည်း ခံစစ်ကစားတာက ၎င်းရဲ့အားအကောင်းဆုံးအချက်မဟုတ်ပါဘူး။

အာနိုးလ်ဟာ ပြေးနှုန်းကောင်းတဲ့ တောင်ပံကစားသမားတွေနဲ့ဆို ရုန်းကန်ရပြီး အဲဒါက ဗုဒ္ဓဟူးနေ့က အက်သလက်တီကို မက်ဒရစ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပေါ်လွင်ခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်အနေနဲ့ အဲဒီအားနည်းချက်ကို ၎င်းရဲ့ပြင်းထန်တဲ့ပြေးနှုန်း၊ တိုးအားတို့နဲ့အတူ အခွင့်ကောင်းယူပြီး ကောင်းကောင်း ဒုက္ခပေးဖို့ လိုပါတယ်။

၄။ ဘရူနို ဖာနန်ဒက်စ်နဲ့ ဖာဘင်ညို

ရာသီအစကို ဟက်ထရစ်နဲ့ စတင်ခဲ့တဲ့ ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ထင်သလောက် ခြေစွမ်းမပြသနိုင်ပေမယ့်လည်း ယူနိုက်တက်ရဲ့ ကံကြမ္မာအတွက် အဓိကသော့ချက်အဖြစ် ရှိနေဆဲပါ။ အတ္တလန္တာနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပေါ်တူဂီကြယ်ပွင့်ဟာ ကြောက်မက်ဖွယ် ဖန်တီးနိုင်စွမ်းကို ပြသခဲ့ပြီး ပွဲစဉ်အတွင်း ဖန်တီးမှု ၉ ကြိမ်ပြုလုပ်ခဲ့သလို ဂိုးဖန်တီးမှု ၁ ကြိမ်လည်း ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဖာနန်ဒက်စ်ဟာ ဂိုးမသွင်းယူနိုင်တဲ့အချိန်မှာတောင် မယုံနိုင်ဖွယ် တိုက်စစ်စွမ်းရည်၊ အင်အား၊ တီထွင်မှုနဲ့ ဘောလုံးပေးပို့မှုစွမ်းရည်တွေကို ယူဆောင်ပေးနိုင်ဆဲဖြစ်ပါတယ်။

အဲဒါကြောင့် ဖာနန်ဒက်စ် ပုံမှန်ခြေစွမ်းရနေတဲ့အခါမှာ ယူနိုက်တက်ကွင်းလယ်ဟာ ယှဉ်လို့မရနိုင်လောက်အောင် ဖြစ်နေတတ်ပြီး လီဗာပူးလ်ကွင်းလယ်ခံစစ် ဖာဘင်ညိုအနေနဲ့ ပေါ်တူဂီကြယ်ပွင့်ကို စောင့်ကြည့်နေရမယ့် ခက်ခဲတဲ့တာဝန် ရှိလာမှာဖြစ်ပါတယ်။ ဘရာဇီးလ်ကွင်းလယ်ကစားသမားဟာ ၎င်းရဲ့ နေရာယူပုံ ပါးနပ်မှုနဲ့ ပြိုင်ဘက်အသင်းရဲ့ဖိကစားခြင်းကို ခုခံနိုင်တဲ့ ဖျက်ထုတ်ရာမှာ ကျွမ်းကျင်လိမ္မာမှုတို့နဲ့ ခံစစ် ၄ ဦးကို အကာအကွယ်ပေးရမှာဖြစ်ပါတယ်။ ဖာဘင်ညိုအနေနဲ့ ယူနိုက်တက်ကြယ်ပွင့်ကို လှုပ်မရအောင် ထိန်းနိုင်ရင် လီဗာပူးလ်အနေနဲ့ ကွင်းလယ်မှာ အသာစီးရယူပြီး နိုင်ပွဲရယူနိုင်ခြေရှိပါတယ်။

၃။ ဆာဒီယို မာနေးနဲ့ ဝမ် ဘစ်ဆာကာ

တစ်ယောက်ချင်း အခြေအနေဖြစ်လာတဲ့အခါမှာ ဝမ် ဘစ်ဆာကာထက် ပိုကောင်းတဲ့ခံစစ်ကစားသမား အနည်းငယ်သာ ရှိပြီး ယူနိုက်တက်နောက်ခံယူဟာ ယနေ့ညနေ လီဗာပူးလ်နဲ့ပွဲမှာ တောင်ပံတကြောကနေ အသင်းကို အကူအညီပေးဖို့ ကြိုးပမ်းသွားမှာပါ။ ဒါပေမယ့် ပြဿနာတစ်ခုဖြစ်နေတာက ဆာဒီယို မာနေးဖြစ်ပြီး ဆီနီဂေါကြယ်ပွင့်ဟာ ဝမ် ဘစ်ဆာကာရဲ့တောင်ပံဘက်ခြမ်းမှာ ကစားမှာဖြစ်တာကြောင့် ယူနိုက်တက်နောက်ခံလူအနေနဲ့ လီဗာပူးလ်ရဲ့တောင်ပံကို ဖြတ်တောက်ရမယ့်အလုပ်လည်း ရှိနေပါတယ်။

လက်ရှိမှာ ထိပ်တန်းခြေစွမ်းရရှိနေတဲ့ မာနေးဟာ လိဂ်ပွဲ ၈ ပွဲမှာ ၅ ဂိုး သွင်းယူထားပြီး မန်ယူနိုက်တက်နဲ့ကစားရမယ့် အနောက်မြောက်ဒါဘီမှာလည်း အနည်းဆုံး ၁ ဂိုးလောက်တော့ သွင်းယူနိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်တာကြောင့် ဝမ် ဘစ်ဆာကာအနေနဲ့ လီဗာပူးလ်ကြယ်ပွင့်ကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာမှာဖြစ်ပါတယ်။

၂။ ဗန်ဒိုက်နဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို

ဗန်ဒိုက်ဟာ ယခုရာသီမှာ ကောင်းမွန်တဲ့ ပုံစံနဲ့ ပြန်လာနိုင်ခဲ့ပြီး ၎င်းရဲ့ ထိပ်တန်းခြေစွမ်း ပြန်လည်ရရှိဖို့ အချိန်အနည်းငယ်သာ ယူခဲ့ရပါတယ်။ ဒါပေမယ့် ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ရင်ဆိုင်ရမှာကတော့ ဗန်ဒိုက်ရဲ့ ကြံ့ခိုင်မှုအတွက် အခက်ခဲဆုံး စာမေးပွဲတစ်ခု ဖြစ်လာဦးမှာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ ပြိုင်ပွဲစုံမှာ ၆ ဂိုးနဲ့ မန်ချက်စတာယူနိုက်တက်လူစာရင်းထဲမှာ ဂိုးသွင်းအများဆုံးကစားသမားဖြစ်နေတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုရဲ့ နောက်ဆုံးသွင်းဂိုးဖြစ်တဲ့ အတ္တလန္တာနဲ့ပွဲစဉ်က ဂိုးဟာ ပေါ်တူဂီကြယ်ပွင့်ရဲ့ ပွဲကြီးပွဲကောင်းတွေမှာ ပြသခဲ့တဲ့ အစဉ်အလာအတိုင်း နောက်ထပ်တစ်ကြိမ် လုပ်ပြနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အဲဒါက ရော်နယ်လ်ဒိုဟာ ပင်နယ်တီဧရိယာထဲမှာဆို ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲဆိုတာ သတိပေးလိုက်တာဖြစ်ပြီး ဗန်ဒိုက်အနေနဲ့ ရော်နယ်လ်ဒိုကို ဂိုးသွင်းခွင့်မရအောင် ကပ်ထားရမယ့်တာဝန်ကို ပီပီပြင်ပြင် လုပ်ဆောင်နိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

၁။ မိုဟာမက် ဆာလားနဲ့ မက်ဂွိုင်းယား

ယခုရာသီပြိုင်ပွဲစုံမှာ ၁၂ ဂိုးအထိ သွင်းထားတဲ့ ဆာလားရဲ့ တောက်လောင်နေတဲ့ ခြေစွမ်းဟာ ရပ်တန့်ဖို့ ခက်ခဲပြီး လီဗာပူးလ်အတွက် နောက်ဆုံးပါဝင်ကစားပေးခဲ့တဲ့ ၉ ပွဲစလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မန်ချက်စတာယူနိုက်တက်အနေနဲ့ ဆာလားကို အထူးဂရုစိုက်ရမှာဖြစ်ပြီး အသင်းခေါင်းဆောင် မက်ဂွိုင်းယားကတော့ အီဂျစ်ကြယ်ပွင့်နဲ့ တိုက်ရိုက် ဖြေရှင်းရမယ့်သူဖြစ်လာမှာဖြစ်ပါတယ်။

အင်္ဂလန်နောက်ခံကစားသမားဟာ ၎င်းရဲ့ ပြီးခဲ့တဲ့ပွဲစဉ်က အလွဲတွေကြောင့် ပြင်းပြင်းထန်ထန် လှောင်ပြောင်ခံခဲ့ရသူဖြစ်ပြီး လူမှုကွန်ရက်ပေါ်မှာ အဓိကထားလှောင်ပြောင်ခံရတဲ့ သရော်စရာဖြစ်လာခဲ့တာဖြစ်ပါတယ်။ မက်ဂွိုင်းယားအနေနဲ့ အရင်ပွဲကလို အမှားတွေ ထပ်လုပ်မိမယ်ဆိုရင် ထိပ်တန်းခြေစွမ်း ရရှိနေတဲ့ ဆာလားရဲ့ အပြစ်ပေးခြင်းကို ခံရမှာဖြစ်တာကြောင့် ပေါင်သန်း ၈၀ တန်နောက်ခံကစားသမားအနေနဲ့ လီဗာပူးလ်ကြယ်ပွင့်ကို တားဆီးနိုင်ဖို့ အရိုးကြေကြေ အရေခမ်းခမ်း ကြိုးပမ်းသွားရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ပရီးမီးယားလိဂ္ထိပ္သီးအသင္းႀကီးေတြျဖစ္တဲ့ မန္ခ်က္စတာယူနိုက္တက္နဲ႔ လီဗာပူးလ္တို႔ဟာ ယေန႔ညေန အိုးထရက္ဖို႔ဒ္မွာ ၂၀၈ ႀကိမ္ေျမာက္ အေနာက္ေျမာက္ဒါဘီပြဲစဥ္အျဖစ္ ေတြ႕ဆုံ ယွဥ္ၿပိဳင္သြားၾကေတာ့မွာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ဟာ ၃ ပြဲဆက္ နိုင္ပြဲေပ်ာက္ဆုံးေနမႈကို အဆုံးသတ္ဖို႔ ႀကိဳးပမ္းၿပီး ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲထဲ ျပန္လည္ဝင္ေရာက္သြားခ်င္ေနမွာျဖစ္ပါတယ္။ အတၱလႏၲာနဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ၃-၂ နဲ႔ ျပန္လာနိုင္ခဲ့တာက ဆိုးလ္ရွားအတြက္ စိတ္သက္သာရာ ရေစခဲ့ေပမယ့္ လီဗာပူးလ္နဲ႔ပြဲစဥ္မွာ အနိုင္ရရွိမွသာ ၎အေပၚက ဖိအားေတြက ေတာ္ေတာ္ေလး ေလ်ာ့က်သြားမွာျဖစ္ပါတယ္။

လီဗာပူးလ္ကလည္း ယခုရာသီမွာ အေကာင္းဆုံးပုံစံ ျပသေနၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္ ၂ ေနရာမွာ ရမွတ္ ၁၈ မွတ္နဲ႔ ရပ္တည္ေနတာျဖစ္ပါတယ္။ လီဗာပူးလ္ဟာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ယခုရာသီ ရႈံးပြဲမရွိေသးတဲ့ တစ္ခုတည္းေသာ အသင္းျဖစ္ၿပီး ေနာက္ဆုံးတေခါက္ အိုးထရက္ဖို႔ဒ္ကို လာေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ပြဲစဥ္မွာ ၄-၂ နဲ႔ အနိုင္ရရွိခဲ့တာျဖစ္ပါတယ္။

ယာဂန္ ကေလာ့ပ္ရဲ့အသင္းဟာ ၂၀၀၂ ခုႏွစ္ ေနာက္ပိုင္း အိုးထရက္ဖို႔ဒ္မွာ ၂ ပြဲဆက္နိုင္ပြဲရယူၿပီး သမိုင္းေရးထိုးသြားဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ၿပီး ဒီပြဲစဥ္ရဲ့ရလဒ္ကို ဆုံးျဖတ္ေပးနိုင္မယ့္ အဓိက တိုက္ပြဲေသာ့ခ်က္ ၅ ခုက ဘာေတြျဖစ္မလဲ…

၅။ ထရင့္ အလက္ဇႏၵား-အာနိုးလ္နဲ႔ မားကပ္စ္ ရက္ရွ္ဖို႔ဒ္

ကမၻာ့အေကာင္းဆုံး ေနာက္ခံလူလို႔ သတ္မွတ္ခံထားရတဲ့ အလက္ဇႏၵား-အာနိုးလ္ကို ေက်ာ္နိုင္တဲ့ကစားသမား အနည္းငယ္ပဲရွိၿပီး အလြန္ေကာင္းမြန္တဲ့ ျဖတ္တင္ေဘာေပးပို႔နိုင္တဲ့ အရည္အခ်င္းနဲ႔ တည္ကန္ေဘာအထူးကၽြမ္းက်င္သူျဖစ္ပါတယ္။ အာနိုးလ္ရဲ့ ေၾကာက္မက္ဖြယ္ ဂိုးဖန္တီးမႈႏႈန္းက တိုက္စစ္ကစားသမား အမ်ားစုအတြက္ အရွက္ရစရာျဖစ္ခဲ့ေပမယ့္လည္း ခံစစ္ကစားတာက ၎ရဲ့အားအေကာင္းဆုံးအခ်က္မဟုတ္ပါဘူး။

အာနိုးလ္ဟာ ေျပးႏႈန္းေကာင္းတဲ့ ေတာင္ပံကစားသမားေတြနဲ႔ဆို ႐ုန္းကန္ရၿပီး အဲဒါက ဗုဒၶဟူးေန႔က အက္သလက္တီကို မက္ဒရစ္ကို အနိုင္ရခဲ့တဲ့ပြဲစဥ္မွာ ေပၚလြင္ခဲ့ပါတယ္။ ရက္ရွ္ဖို႔ဒ္အေနနဲ႔ အဲဒီအားနည္းခ်က္ကို ၎ရဲ့ျပင္းထန္တဲ့ေျပးႏႈန္း၊ တိုးအားတို႔နဲ႔အတူ အခြင့္ေကာင္းယူၿပီး ေကာင္းေကာင္း ဒုကၡေပးဖို႔ လိုပါတယ္။

၄။ ဘ႐ူနို ဖာနန္ဒက္စ္နဲ႔ ဖာဘင္ညိဳ

ရာသီအစကို ဟက္ထရစ္နဲ႔ စတင္ခဲ့တဲ့ ဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့ပြဲစဥ္ေတြမွာ ထင္သေလာက္ ေျခစြမ္းမျပသနိုင္ေပမယ့္လည္း ယူနိုက္တက္ရဲ့ ကံၾကမၼာအတြက္ အဓိကေသာ့ခ်က္အျဖစ္ ရွိေနဆဲပါ။ အတၱလႏၲာနဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ေပၚတူဂီၾကယ္ပြင့္ဟာ ေၾကာက္မက္ဖြယ္ ဖန္တီးနိုင္စြမ္းကို ျပသခဲ့ၿပီး ပြဲစဥ္အတြင္း ဖန္တီးမႈ ၉ ႀကိမ္ျပဳလုပ္ခဲ့သလို ဂိုးဖန္တီးမႈ ၁ ႀကိမ္လည္း ျပဳလုပ္နိုင္ခဲ့တာျဖစ္ပါတယ္။ ဖာနန္ဒက္စ္ဟာ ဂိုးမသြင္းယူနိုင္တဲ့အခ်ိန္မွာေတာင္ မယုံနိုင္ဖြယ္ တိုက္စစ္စြမ္းရည္၊ အင္အား၊ တီထြင္မႈနဲ႔ ေဘာလုံးေပးပို႔မႈစြမ္းရည္ေတြကို ယူေဆာင္ေပးနိုင္ဆဲျဖစ္ပါတယ္။

အဲဒါေၾကာင့္ ဖာနန္ဒက္စ္ ပုံမွန္ေျခစြမ္းရေနတဲ့အခါမွာ ယူနိုက္တက္ကြင္းလယ္ဟာ ယွဥ္လို႔မရနိုင္ေလာက္ေအာင္ ျဖစ္ေနတတ္ၿပီး လီဗာပူးလ္ကြင္းလယ္ခံစစ္ ဖာဘင္ညိဳအေနနဲ႔ ေပၚတူဂီၾကယ္ပြင့္ကို ေစာင့္ၾကည့္ေနရမယ့္ ခက္ခဲတဲ့တာဝန္ ရွိလာမွာျဖစ္ပါတယ္။ ဘရာဇီးလ္ကြင္းလယ္ကစားသမားဟာ ၎ရဲ့ ေနရာယူပုံ ပါးနပ္မႈနဲ႔ ၿပိဳင္ဘက္အသင္းရဲ့ဖိကစားျခင္းကို ခုခံနိုင္တဲ့ ဖ်က္ထုတ္ရာမွာ ကၽြမ္းက်င္လိမၼာမႈတို႔နဲ႔ ခံစစ္ ၄ ဦးကို အကာအကြယ္ေပးရမွာျဖစ္ပါတယ္။ ဖာဘင္ညိဳအေနနဲ႔ ယူနိုက္တက္ၾကယ္ပြင့္ကို လႈပ္မရေအာင္ ထိန္းနိုင္ရင္ လီဗာပူးလ္အေနနဲ႔ ကြင္းလယ္မွာ အသာစီးရယူၿပီး နိုင္ပြဲရယူနိုင္ေျခရွိပါတယ္။

၃။ ဆာဒီယို မာေနးနဲ႔ ဝမ္ ဘစ္ဆာကာ

တစ္ေယာက္ခ်င္း အေျခအေနျဖစ္လာတဲ့အခါမွာ ဝမ္ ဘစ္ဆာကာထက္ ပိုေကာင္းတဲ့ခံစစ္ကစားသမား အနည္းငယ္သာ ရွိၿပီး ယူနိုက္တက္ေနာက္ခံယူဟာ ယေန႔ညေန လီဗာပူးလ္နဲ႔ပြဲမွာ ေတာင္ပံတေၾကာကေန အသင္းကို အကူအညီေပးဖို႔ ႀကိဳးပမ္းသြားမွာပါ။ ဒါေပမယ့္ ျပႆနာတစ္ခုျဖစ္ေနတာက ဆာဒီယို မာေနးျဖစ္ၿပီး ဆီနီေဂါၾကယ္ပြင့္ဟာ ဝမ္ ဘစ္ဆာကာရဲ့ေတာင္ပံဘက္ျခမ္းမွာ ကစားမွာျဖစ္တာေၾကာင့္ ယူနိုက္တက္ေနာက္ခံလူအေနနဲ႔ လီဗာပူးလ္ရဲ့ေတာင္ပံကို ျဖတ္ေတာက္ရမယ့္အလုပ္လည္း ရွိေနပါတယ္။

လက္ရွိမွာ ထိပ္တန္းေျခစြမ္းရရွိေနတဲ့ မာေနးဟာ လိဂ္ပြဲ ၈ ပြဲမွာ ၅ ဂိုး သြင္းယူထားၿပီး မန္ယူနိုက္တက္နဲ႔ကစားရမယ့္ အေနာက္ေျမာက္ဒါဘီမွာလည္း အနည္းဆုံး ၁ ဂိုးေလာက္ေတာ့ သြင္းယူနိုင္ဖို႔ ႀကိဳးပမ္းသြားမွာျဖစ္တာေၾကာင့္ ဝမ္ ဘစ္ဆာကာအေနနဲ႔ လီဗာပူးလ္ၾကယ္ပြင့္ကို ဘယ္လို ကိုင္တြယ္မလဲဆိုတာ စိတ္ဝင္စားစရာ ျဖစ္လာမွာျဖစ္ပါတယ္။

၂။ ဗန္ဒိုက္နဲ႔ ခရစၥတီယာနို ေရာ္နယ္လ္ဒို

ဗန္ဒိုက္ဟာ ယခုရာသီမွာ ေကာင္းမြန္တဲ့ ပုံစံနဲ႔ ျပန္လာနိုင္ခဲ့ၿပီး ၎ရဲ့ ထိပ္တန္းေျခစြမ္း ျပန္လည္ရရွိဖို႔ အခ်ိန္အနည္းငယ္သာ ယူခဲ့ရပါတယ္။ ဒါေပမယ့္ ခရစၥတီယာနို ေရာ္နယ္လ္ဒိုနဲ႔ ရင္ဆိုင္ရမွာကေတာ့ ဗန္ဒိုက္ရဲ့ ႀကံ့ခိုင္မႈအတြက္ အခက္ခဲဆုံး စာေမးပြဲတစ္ခု ျဖစ္လာဦးမွာျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္ဟာ ၿပိဳင္ပြဲစုံမွာ ၆ ဂိုးနဲ႔ မန္ခ်က္စတာယူနိုက္တက္လူစာရင္းထဲမွာ ဂိုးသြင္းအမ်ားဆုံးကစားသမားျဖစ္ေနတာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုရဲ့ ေနာက္ဆုံးသြင္းဂိုးျဖစ္တဲ့ အတၱလႏၲာနဲ႔ပြဲစဥ္က ဂိုးဟာ ေပၚတူဂီၾကယ္ပြင့္ရဲ့ ပြဲႀကီးပြဲေကာင္းေတြမွာ ျပသခဲ့တဲ့ အစဥ္အလာအတိုင္း ေနာက္ထပ္တစ္ႀကိမ္ လုပ္ျပနိုင္ခဲ့တာလည္းျဖစ္ပါတယ္။ အဲဒါက ေရာ္နယ္လ္ဒိုဟာ ပင္နယ္တီဧရိယာထဲမွာဆို ဘယ္ေလာက္ေတာင္ ေၾကာက္ဖို႔ေကာင္းလဲဆိုတာ သတိေပးလိုက္တာျဖစ္ၿပီး ဗန္ဒိုက္အေနနဲ႔ ေရာ္နယ္လ္ဒိုကို ဂိုးသြင္းခြင့္မရေအာင္ ကပ္ထားရမယ့္တာဝန္ကို ပီပီျပင္ျပင္ လုပ္ေဆာင္နိုင္ဖို႔ လိုအပ္မွာျဖစ္ပါတယ္။

၁။ မိုဟာမက္ ဆာလားနဲ႔ မက္ဂြိဳင္းယား

ယခုရာသီၿပိဳင္ပြဲစုံမွာ ၁၂ ဂိုးအထိ သြင္းထားတဲ့ ဆာလားရဲ့ ေတာက္ေလာင္ေနတဲ့ ေျခစြမ္းဟာ ရပ္တန႔္ဖို႔ ခက္ခဲၿပီး လီဗာပူးလ္အတြက္ ေနာက္ဆုံးပါဝင္ကစားေပးခဲ့တဲ့ ၉ ပြဲစလုံးမွာ ဂိုးသြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ မန္ခ်က္စတာယူနိုက္တက္အေနနဲ႔ ဆာလားကို အထူးဂ႐ုစိုက္ရမွာျဖစ္ၿပီး အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားကေတာ့ အီဂ်စ္ၾကယ္ပြင့္နဲ႔ တိုက္ရိုက္ ေျဖရွင္းရမယ့္သူျဖစ္လာမွာျဖစ္ပါတယ္။

အဂၤလန္ေနာက္ခံကစားသမားဟာ ၎ရဲ့ ၿပီးခဲ့တဲ့ပြဲစဥ္က အလြဲေတြေၾကာင့္ ျပင္းျပင္းထန္ထန္ ေလွာင္ေျပာင္ခံခဲ့ရသူျဖစ္ၿပီး လူမႈကြန္ရက္ေပၚမွာ အဓိကထားေလွာင္ေျပာင္ခံရတဲ့ သေရာ္စရာျဖစ္လာခဲ့တာျဖစ္ပါတယ္။ မက္ဂြိဳင္းယားအေနနဲ႔ အရင္ပြဲကလို အမွားေတြ ထပ္လုပ္မိမယ္ဆိုရင္ ထိပ္တန္းေျခစြမ္း ရရွိေနတဲ့ ဆာလားရဲ့ အျပစ္ေပးျခင္းကို ခံရမွာျဖစ္တာေၾကာင့္ ေပါင္သန္း ၈၀ တန္ေနာက္ခံကစားသမားအေနနဲ႔ လီဗာပူးလ္ၾကယ္ပြင့္ကို တားဆီးနိုင္ဖို႔ အရိုးေၾကေၾက အေရခမ္းခမ္း ႀကိဳးပမ္းသြားရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.